iMyanmarHouse.com - Best Property Website for Myanmar
×


သီလရွင္ ဝတ္ေနတဲ့ ေနျခည္ဦးဟာ ဒီေန႔မွာ လူျပန္ထြက္လာၿပီ ျဖစ္ပါတယ္။ ေမြးေန႔အမွတ္တရအျဖစ္ သီလရွင္ဝတ္ခဲ့တဲ့ သူမဟာ ေနာက္ပိုင္းမွာလည္း အခြင့္အေရးေပးရင္ ထပ္ဝတ္သြားဖို႔ ရွိတယ္လို႔ ဆိုပါတယ္။

သီလရွင္ ဝတ္ေနတဲ့ သ႐ုပ္ေဆာင္ ေနျခည္ဦးဟာ ဒီေန႔(ေဖေဖာ္ဝါရီ၆ရက္)မွာ လူျပန္ထြက္လို႔လာၿပီ ျဖစ္ပါတယ္။ လူျပန္ထြက္လာတဲ့ အခ်ိန္မွာ သီလရွင္ဝတ္ေနတုန္း ရလိုက္တဲ့ တန္ဖိုးမျဖတ္ႏိုင္တဲ့ တရားေတြကို ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝထားတာ ေတြ႕ရပါတယ္။ ပထမဆုံး သူေျပာျပထားတာကေတာ့ သည္းခံရမယ္ဆိုတဲ့ အခ်က္ပါ။သည္းခံႏိုင္မွာသာ ေလာဘေဒါသေမာဟၿငိမ္းမယ္ဆိုၿပီး ေျပာထားသလို တျခားအခ်က္ေလးေတြကိုလည္း ေျပာျပထားပါေသးတယ္။

“သည္းခံရမယ္၊ သည္းခံႏိုင္မွ ေလာဘေဒါသေမာဟ ၿငိမ္းမယ္။ လူကိုလူလို႔ ၾကည့္တတ္ရမယ္၊ လူရယ္လို႔ ျဖစ္လာရင္ ကိုယ္လုပ္တာဘဲ အေကာင္း သူတစ္ပါးလုပ္တာဆို မေကာင္းျမင္တာ သဘာဝဘဲ။ ဒါကို နားလည္ၿပီး လက္ခံရမယ္။ ေမတၱာရဲ႕ အံ့မခန္းဓါတ္ေတြ ကိုယ္ကိုယ္တိုင္ မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ခဲ့ရတယ္။ အထြတ္အထိတ္ေရာက္ခ်င္ရင္ ေပးဆပ္ႏိုင္ရမယ္။ သူမ်ားနဲ႔ မတူတဲ့ အရာေတြကို ေပးဆပ္ႏိုင္ေလ ကိုယ္ထိပ္ေရာက္ေလဘဲ။ ကိုယ္ဘယ္ေန႔ဘယ္အခ်ိန္ေသမလဲ မသိရတဲ့ဘဝမွာ တရားရွာရမယ့္ အ႐ြယ္အထိမေရာက္ႏိုင္ခဲ့ရင္ ဒီ ေလာကုတၱရာမွာဘဲ ေပ်ာ္ေမြ႕ရင္ အခုေသသြားရင္ ဘာကုသိုလ္ေတြပါသြားမွာလည္းစဥ္းစားၾကည့္ရေအာင္။ ကိုယ္ဘယ္ေလာက္ေပးဆပ္ႏိုင္ၿပီး သီလေစာင့္တည္ႏိုင္မလဲအေရးႀကီးတယ္။” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေဖေဖာ္ဝါရီ(၆) ရက္ေန႔ မနက္က ေရးသားထားတာေတြ႕ရပါတယ္။


ဆက္လက္ၿပီးေတာ့လည္း သီလရွင္ဝတ္ေနတဲ့ အခ်ိန္မွာ လုပ္ခဲ့တဲ့ အလုပ္ေလးေတြကိုလည္း လူထြက္ၿပီးေတာင္မွ ဆက္ၿပီး လုပ္ေဆာင္သြားမယ္လို႔ ေျပာထားပါေသးတယ္။

“မနက္တိုင္း အိမ္ကဘုရားကို ေသာက္ေတာ္ေရကပ္မယ္ ဆြမ္းကပ္မယ္ ဘုရားပန္းလဲမယ္ ပါဌာန္းအက်ဥ္းအက်ယ္႐ြတ္မယ္ ေမတၱာသုတ္႐ြတ္မယ္ အမွ်ေဝမယ္။ ဒီအက်င့္ေတြက မယ္သီလရွင္ဝတ္လိုက္မွ ရလိုက္သိလိုက္ရတာေတြျဖစ္တဲ့အတြက္ အခုလူထြက္သြားလည္း ဆက္လုပ္ေနမွာဘဲ။ ကိုယ္ဘယ္ေလာက္က်င့္ႏိုင္လဲဘဲ အေရးႀကီးတယ္။ ကိုယ့္ရင္ထဲမွာ ဘုရားေဆာက္တည္မယ္ သီလေစာင့္တည္မယ္ ေကာင္းေသာအလုပ္ ေကာင္းေသာစကားကိုဘဲေျပာမယ္။ ကိုယ့္အလုပ္မွာ ေစတနာထားမယ္ သတၱဝါေတြကို ကယ္တင္မယ့္ ပါရဟိတစိတ္ရွိမယ္။ ဒါေတြအားလုံးဟာ ကိုယ့္ရဲ႕ ေန႔စဥ္လူ႔ဘဝမွာ လုပ္လို႔ရတာႀကီးဘဲ။ဘာအရာမွာမဆို ဘာသာေရးဘဲျဖစ္ျဖစ္ စီးပြားေရး လူမႈေရးပညာေရး ယုံၾကည္မႈရွိရမယ္။ ဆရာေကာင္းသမားေကာင္းရွိရမယ္။ ယုံၾကည္မႈမရွိရင္ မေအာင္ျမင္ႏိုင္ဘူး။ ဘာလုပ္ခ်င္ခ်င္ တကယ္လုပ္ခ်င္ တကယ္ႀကိဳးစား အဟုတ္ျဖစ္ရမယ္။” လို႔ သူမက ဆိုပါတယ္။


ေနျခည္ဦးဟာ ေဖေဖာ္ဝါရီ(၁) ရက္ေန႔က လႈိင္သာယာၿမိဳ႕နယ္မွာရွိတဲ့ သစ္တံခါးဆရာေတာ္ေက်ာင္းမွာ သီလရွင္ ဝတ္ခဲ့တာ ျဖစ္ၿပီး ဆရာေလး နႏၵႆနညာဏီဘြဲ႕ကို ခံယူခဲ့တာ ျဖစ္ပါတယ္။ (၆) ရက္တိတိ သီလရွင္ဝတ္မယ့္ သူမက ဒီေန႔ (၆)ရက္ျပည့္တဲ့ေန႔မွာ လူျပန္ထြက္မွာ ျဖစ္ပါတယ္။ ေနျခည္ဦးကို Beauty Blogger အေနနဲ႔ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲ့ဒီေနာက္ သူမဟာ ပထမဦးဆုံး အေနနဲ႔ ရန္သူ ႐ုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


# Unicode Version ျဖင့္ ဖတ္ပါ #

သီလရှင် ဝတ်နေတဲ့ နေခြည်ဦးဟာ ဒီနေ့မှာ လူပြန်ထွက်လာပြီ ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအဖြစ် သီလရှင်ဝတ်ခဲ့တဲ့ သူမဟာ နောက်ပိုင်းမှာလည်း အခွင့်အရေးပေးရင် ထပ်ဝတ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

သီလရှင် ဝတ်နေတဲ့ သရုပ်ဆောင် နေခြည်ဦးဟာ ဒီနေ့(ဖေဖော်ဝါရီ၆ရက်)မှာ လူပြန်ထွက်လို့လာပြီ ဖြစ်ပါတယ်။ လူပြန်ထွက်လာတဲ့ အချိန်မှာ သီလရှင်ဝတ်နေတုန်း ရလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ တရားတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ပထမဆုံး သူပြောပြထားတာကတော့ သည်းခံရမယ်ဆိုတဲ့ အချက်ပါ။သည်းခံနိုင်မှာသာ လောဘဒေါသမောဟငြိမ်းမယ်ဆိုပြီး ပြောထားသလို တခြားအချက်လေးတွေကိုလည်း ပြောပြထားပါသေးတယ်။

“သည်းခံရမယ်၊ သည်းခံနိုင်မှ လောဘဒေါသမောဟ ငြိမ်းမယ်။ လူကိုလူလို့ ကြည့်တတ်ရမယ်၊ လူရယ်လို့ ဖြစ်လာရင် ကိုယ်လုပ်တာဘဲ အကောင်း သူတစ်ပါးလုပ်တာဆို မကောင်းမြင်တာ သဘာဝဘဲ။ ဒါကို နားလည်ပြီး လက်ခံရမယ်။ မေတ္တာရဲ့ အံ့မခန်းဓါတ်တွေ ကိုယ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ အထွတ်အထိတ်ရောက်ချင်ရင် ပေးဆပ်နိုင်ရမယ်။ သူများနဲ့ မတူတဲ့ အရာတွေကို ပေးဆပ်နိုင်လေ ကိုယ်ထိပ်ရောက်လေဘဲ။ ကိုယ်ဘယ်နေ့ဘယ်အချိန်သေမလဲ မသိရတဲ့ဘဝမှာ တရားရှာရမယ့် အရွယ်အထိမရောက်နိုင်ခဲ့ရင် ဒီ လောကုတ္တရာမှာဘဲ ပျော်မွေ့ရင် အခုသေသွားရင် ဘာကုသိုလ်တွေပါသွားမှာလည်းစဉ်းစားကြည့်ရအောင်။ ကိုယ်ဘယ်လောက်ပေးဆပ်နိုင်ပြီး သီလစောင့်တည်နိုင်မလဲအရေးကြီးတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၆) ရက်နေ့ မနက်က ရေးသားထားတာတွေ့ရပါတယ်။

ဆက်လက်ပြီးတော့လည်း သီလရှင်ဝတ်နေတဲ့ အချိန်မှာ လုပ်ခဲ့တဲ့ အလုပ်လေးတွေကိုလည်း လူထွက်ပြီးတောင်မှ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောထားပါသေးတယ်။

“မနက်တိုင်း အိမ်ကဘုရားကို သောက်တော်ရေကပ်မယ် ဆွမ်းကပ်မယ် ဘုရားပန်းလဲမယ် ပါဌာန်းအကျဉ်းအကျယ်ရွတ်မယ် မေတ္တာသုတ်ရွတ်မယ် အမျှဝေမယ်။ ဒီအကျင့်တွေက မယ်သီလရှင်ဝတ်လိုက်မှ ရလိုက်သိလိုက်ရတာတွေဖြစ်တဲ့အတွက် အခုလူထွက်သွားလည်း ဆက်လုပ်နေမှာဘဲ။ ကိုယ်ဘယ်လောက်ကျင့်နိုင်လဲဘဲ အရေးကြီးတယ်။ ကိုယ့်ရင်ထဲမှာ ဘုရားဆောက်တည်မယ် သီလစောင့်တည်မယ် ကောင်းသောအလုပ် ကောင်းသောစကားကိုဘဲပြောမယ်။ ကိုယ့်အလုပ်မှာ စေတနာထားမယ် သတ္တဝါတွေကို ကယ်တင်မယ့် ပါရဟိတစိတ်ရှိမယ်။ ဒါတွေအားလုံးဟာ ကိုယ့်ရဲ့ နေ့စဉ်လူ့ဘဝမှာ လုပ်လို့ရတာကြီးဘဲ။ဘာအရာမှာမဆို ဘာသာရေးဘဲဖြစ်ဖြစ် စီးပွားရေး လူမှုရေးပညာရေး ယုံကြည်မှုရှိရမယ်။ ဆရာကောင်းသမားကောင်းရှိရမယ်။ ယုံကြည်မှုမရှိရင် မအောင်မြင်နိုင်ဘူး။ ဘာလုပ်ချင်ချင် တကယ်လုပ်ချင် တကယ်ကြိုးစား အဟုတ်ဖြစ်ရမယ်။” လို့ သူမက ဆိုပါတယ်။

နေခြည်ဦးဟာ ဖေဖော်ဝါရီ(၁) ရက်နေ့က လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးဆရာတော်ကျောင်းမှာ သီလရှင် ဝတ်ခဲ့တာ ဖြစ်ပြီး ဆရာလေး နန္ဒဿနညာဏီဘွဲ့ကို ခံယူခဲ့တာ ဖြစ်ပါတယ်။ (၆) ရက်တိတိ သီလရှင်ဝတ်မယ့် သူမက ဒီနေ့ (၆)ရက်ပြည့်တဲ့နေ့မှာ လူပြန်ထွက်မှာ ဖြစ်ပါတယ်။ နေခြည်ဦးကို Beauty Blogger အနေနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲ့ဒီနောက် သူမဟာ ပထမဦးဆုံး အနေနဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top