iMyanmarHouse.com - Best Property Website for Myanmar
×

ဓားရွဒဏ္ရာေတြဆိုတာ ျဖစ္ေလ့ျဖစ္ထရွိပါတယ္။ ခ်က္ျပဳတ္ေနစဥ္အတြင္းျဖစ္ေစ၊ ဥယ်ာဥ္ၿခံပ်ိဳးေနစဥ္ျဖစ္ေစ၊ အိမ္အျပင္အဆင္လုပ္ေနျခင္းျဖစ္ေစ စသျဖင့္ အလုပ္ေတြလုပ္ေနခ်ိန္မွာ ဒဏ္ရာရတတ္ပါတယ္။ ဒီလိုဒဏ္ရာမ်ိဳးေတြက သိပ္ၿပီးျပင္းထန္ေလ့မရွိဘဲ ေသြးတိတ္ရပ္ၿပီး အလိုလိုသက္သာသြားတတ္ပါတယ္။

ဒါေပမယ့္လည္း ေသခ်ာဂရုတစိုက္ရွိဖုိ႕နဲ႕ ေျပာင္စင္ေအာင္သန္႕ရွင္းေပးဖို႕ေတာ့ လိုအပ္ပါတယ္။ ဒါေႀကာင့္ မိနစ္အနည္းငယ္အတြင္းမွာ ေသြးတိတ္ရပ္ေစႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

အေျခခံနည္းလမ္း

အဆင့္ (၁)

သန္႕ရွင္းတဲ့လက္ေတြနဲ႕ ေသြးထြက္ေနတဲ့ အနာေပၚကို ၁၀ မိနစ္ခန္႕ ဖိႏွိပ္ထားေပးပါ။

အဆင့္ (၂)

ဖုန္နဲ႕အညစ္အေႀကးေတြကင္းေစဖို႕အတြက္ ေရနဲ႕သန္႕ရွင္းေရးလုပ္ေပးပါ။

အဆင့္ (၃)

ေသြးထြက္တိတ္ေစဖို႕နဲ႕ အနာပိတ္သြားဖို႕အတြက္ ေရခဲတံုးတင္လိုက္ပါ။

အကယ္၍ အထက္ေဖာ္ျပပါ အေျခခံနည္းလမ္းနဲ႕ ေသြးမတိတ္ေသးဘူးဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါ နည္းလမ္းေတြကို လုပ္ေဆာင္ႏုိင္ပါတယ္။

၁။ ေကာ္ဖီမႈန္႕မ်ား

ကိုယ္အၿမဲေသာက္သံုးေနတဲ့ ေကာ္ဖီမႈန္႕ေတြက ဒီလိုေကာင္းက်ိဳးေပးႏိုင္လိမ့္မယ္လို႕ မထင္ထားမိေလာက္ပါဘူး။

ေကာ္ဖီမႈန္႕ေတြကို အနာေပၚတင္လုိက္ၿပီး ၁၀ မိနစ္ျပည့္လွ်င္ ဖယ္ပစ္လုိက္ပါ။ ဒဏ္ရာေသးေသးေလးေတြဆိုလွ်င္ ေသြးထြက္တာ ခ်က္ခ်င္းတိတ္ေပမယ့္လည္း ေသြးဆက္ထြက္ေနပါက တေန႕လွ်င္ သံုးႀကိမ္ျပဳလုပ္ေပးပါ။

၂။ ပ်ားရည္

ပ်ားရည္ကထုတ္လုပ္ေပးတဲ့ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုဒ္က အနာကိုပိုးသတ္ေပးၿပီး အနာျမန္ျမန္က်က္ေအာင္ ကူညီေပးပါတယ္။

အနာေပၚမွာ ပ်ားရည္မ်ားမ်ား သုတ္လိမ္းေပးၿပီး ပြေနတယ္လို႕ထင္ရရင္ ပတ္တီးစီးေပးထားႏိုင္ပါတယ္။ ၁၀ မိနစ္ေစာင့္ၿပီးလွ်င္ ေရႏွင့္ေဆးေႀကာေပးပါ။ ေသြးမတိတ္ေသးဘူးဆိုလွ်င္ ပ်ားရည္ထပ္လူးေပးပါ။ ၁၅ စကၠန္႕ေလာက္အတြင္းတြင္ ေသြးတိတ္ေစႏိုင္ေပမယ့္လည္း ပိုးေသေစဖို႕အတြက္ ၁၀ မိနစ္ထားေပးပါ။

၃။ Vaseline

Vaseline က အနာေပၚမွာ အကာအေနနဲ႕ တည္ရွိေပးတဲ့အတြက္ ပိုး၀င္ျခင္းမွကာကြယ္ေပးၿပီး ေသြးထြက္တာကို ရပ္တန္႕ေစပါတယ္။

Vaseline အနည္းငယ္ကို လက္ေခ်ာင္းနဲ႕ယူလိုက္ၿပီး အနာတစ္ခုလံုးေပၚကို သုတ္လိမ္းေပးပါ။ နွစ္မိနစ္မွ သံုးမိနစ္အတြင္း ေသြးထြက္တာတိတ္သြားပါလိမ့္မယ္။

Credit:FabHow

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလုံးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဓားရှဒဏ်ရာတွေဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ချက်ပြုတ်နေစဉ်အတွင်းဖြစ်စေ၊ ဥယျာဉ်ခြံပျိုးနေစဉ်ဖြစ်စေ၊ အိမ်အပြင်အဆင်လုပ်နေခြင်းဖြစ်စေ စသဖြင့် အလုပ်တွေလုပ်နေချိန်မှာ ဒဏ်ရာရတတ်ပါတယ်။ ဒီလိုဒဏ်ရာမျိုးတွေက သိပ်ပြီးပြင်းထန်လေ့မရှိဘဲ သွေးတိတ်ရပ်ပြီး အလိုလိုသက်သာသွားတတ်ပါတယ်။

ဒါပေမယ့်လည်း သေချာဂရုတစိုက်ရှိဖို့နဲ့ ပြောင်စင်အောင်သန့်ရှင်းပေးဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် မိနစ်အနည်းငယ်အတွင်းမှာ သွေးတိတ်ရပ်စေနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အခြေခံနည်းလမ်း

အဆင့် (၁)

သန့်ရှင်းတဲ့လက်တွေနဲ့ သွေးထွက်နေတဲ့ အနာပေါ်ကို ၁၀ မိနစ်ခန့် ဖိနှိပ်ထားပေးပါ။

အဆင့် (၂)

ဖုန်နဲ့အညစ်အကြေးတွေကင်းစေဖို့အတွက် ရေနဲ့သန့်ရှင်းရေးလုပ်ပေးပါ။

အဆင့် (၃)

သွေးထွက်တိတ်စေဖို့နဲ့ အနာပိတ်သွားဖို့အတွက် ရေခဲတုံးတင်လိုက်ပါ။

အကယ်၍ အထက်ဖော်ပြပါ အခြေခံနည်းလမ်းနဲ့ သွေးမတိတ်သေးဘူးဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

၁။ ကော်ဖီမှုန့်များ

ကိုယ်အမြဲသောက်သုံးနေတဲ့ ကော်ဖီမှုန့်တွေက ဒီလိုကောင်းကျိုးပေးနိုင်လိမ့်မယ်လို့ မထင်ထားမိလောက်ပါဘူး။

ကော်ဖီမှုန့်တွေကို အနာပေါ်တင်လိုက်ပြီး ၁၀ မိနစ်ပြည့်လျှင် ဖယ်ပစ်လိုက်ပါ။ ဒဏ်ရာသေးသေးလေးတွေဆိုလျှင် သွေးထွက်တာ ချက်ချင်းတိတ်ပေမယ့်လည်း သွေးဆက်ထွက်နေပါက တနေ့လျှင် သုံးကြိမ်ပြုလုပ်ပေးပါ။

၂။ ပျားရည်

ပျားရည်ကထုတ်လုပ်ပေးတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်က အနာကိုပိုးသတ်ပေးပြီး အနာမြန်မြန်ကျက်အောင် ကူညီပေးပါတယ်။

အနာပေါ်မှာ ပျားရည်များများ သုတ်လိမ်းပေးပြီး ပွနေတယ်လို့ထင်ရရင် ပတ်တီးစီးပေးထားနိုင်ပါတယ်။ ၁၀ မိနစ်စောင့်ပြီးလျှင် ရေနှင့်ဆေးကြောပေးပါ။ သွေးမတိတ်သေးဘူးဆိုလျှင် ပျားရည်ထပ်လူးပေးပါ။ ၁၅ စက္ကန့်လောက်အတွင်းတွင် သွေးတိတ်စေနိုင်ပေမယ့်လည်း ပိုးသေစေဖို့အတွက် ၁၀ မိနစ်ထားပေးပါ။

၃။ Vaseline

Vaseline က အနာပေါ်မှာ အကာအနေနဲ့ တည်ရှိပေးတဲ့အတွက် ပိုးဝင်ခြင်းမှကာကွယ်ပေးပြီး သွေးထွက်တာကို ရပ်တန့်စေပါတယ်။

Vaseline အနည်းငယ်ကို လက်ချောင်းနဲ့ယူလိုက်ပြီး အနာတစ်ခုလုံးပေါ်ကို သုတ်လိမ်းပေးပါ။ နှစ်မိနစ်မှ သုံးမိနစ်အတွင်း သွေးထွက်တာတိတ်သွားပါလိမ့်မယ်။

Credit:FabHow

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top