iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Nanmalgyi
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေကို ရယ်မောနေအောင် အမြဲတမ်းလိုလို လုပ်ပေးနေပြီး ရရှိတဲ့ ကာရိုက်တာကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကေညီကတော့ လတ်တလောအခြေအနေမှာ ပရိသတ်တွေ စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်နေတဲ့ သယပရိသတ် အချစ်တော် မြင့်မြတ်နဲ့ အတူတူ ကထားတဲ့ Video အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မြင့်မြတ်က အရင်က Dancer အကပိုးလည်း ရှိတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
ကေညီ” အဲ့တာလေးက VeVe အခု Facebookမှာ ဟော့ဖြစ်နေတယ့် Video file ကတော့ ကျွန်တော်တို့က မထင်မှတ်ဘဲနဲ့ ပရိသတ်ကို ကြော်ငြာသဘောမျိုးလည်း ဖြစ်သွားအောင် ကျွန်တော်တို့ VeVe လှုပ်ရှားမှုလေးလည်း ပေါ်လွင်အောင်ဆိုပြီးတော့ ကျွန်တော်တို့ နှစ်ယောက် ခဏလေးပဲ တိုက်လိုက်ပြီးတော့ ကလိုက်တာက လူတွေအရမ်းကြည့်ကြတယ်။ Facebookတွေမှာ သန်းနဲ့ချီပြီး ကြည့်ကြတော့ ဝမ်းသာတယ်။ ဒါလည်း အောင်မြင်ချင်းတစ်ခုပဲလေ အဲ့တာကြောင့် ကျွန်တော်တို့နှစ်ယောက် မြင့်မြတ်နဲ့ ကျွန်တော်နဲ့ မထင်မှတ်ဘဲ လုပ်တဲ့ အရာလေးက ပရိသတ်ရင်ထဲကို ရောက်သွားတဲ့အတွက် ဝမ်းသာပါတယ်လို့။ နောက်လည်း အဲ့လိုမျိုးလေးတွေ ကြုံရင်ကြုံသလို ကျွန်တော်တို့တွေ တင်ဆက်ပေးချင်တယ်။ 
အဲ့လိုVideo File လေးတွေနဲ့ ပရိသတ်ကို ပျော်စေချင်တယ်။ ဒါက တစ်ဖက်တစ်လှမ်းကနေပေါ့။ အဲ့လိုမျိုးလေး အားပေး တဲ့အပေါ် ဝမ်းသာတယ်။အကကိုလည်း နှစ်ယောက်က သိပ်ကြည့်စရာမလိုဘူး။ တစ်ယောက်နဲ့ တစ်ယောက်က အထာသိတယ် မြင့်မြတ်နဲ့ ကျွန်တော်နဲ့က အဲ့လိုပဲ နောက်ပြောင်ပြီး ကနေကြမို့လို့။ ကျွန်တော်တို့ တစ်ခါတစ်လေ KTV ကိုအပျော်သွားရင် အဲ့လိုပဲ စရင်းနောက်ရင်း ကနေကြတာ။ ကနေရင်းနဲ့ တစ်ယောက်အကွက်တစ်ယောက် သိနေကြတယ်။
 အဲ့နေ့က ထမင်းလည်း စားနေရင်းနဲ့ ဒါကို ရိုက်ရမယ်တဲ့ ရိုက်ပြီးရင် ပြန်ရမယ်ဆိုတော့ အချိန်ကလည်း မရဘူး ဗိုလ်ကြီး ဘာလုပ်မှာလဲတဲ့ ၃ကွက်လောက် ရွေးလိုက်ဆိုတော့ ၃ကွက်လောက် ရွေးလိုက်တာ အဲ့တာကို တစ်ခေါက်နှစ်ခေါက်လောက်ပဲ တိုက်လိုက်ရတယ်။ တိုက်ပြီးတော့ ရိုက်တာ အဆင်ပြေသွားရော။မြင့်မြတ်က အရင်တုန်းက Dancerပဲသူက ဒီအလုပ်မလုပ်ခင်တုန်းက လုပ်ဖူးတယ်တဲ့ ပြောပြတယ်။ အဲ့လိုလုပ်ဖူးတယ်ဆိုတော့ သိပ်ဝေးတဲ့အထဲမှာမပါဘူး။
ဟာသမှာဆိုလည်း ကျွန်တော်တို့နှစ်ယောက်က သူက ကျတော့ အတည်နဲ့ဟောက်လိုက်တော့ ပိုရယ်ရတယ်။ ကျွန်တော်က ပြောင်တောင်တာင်နဲ့ ၂ယောက်သားက ညီသွားလို့။ မြင့်မြတ်ကလည်း အကမှာဆိုရင် ပိုးရှိတယ်။ နောက်ထပ် ကြုံကြိုက်တဲ့ အခါမျိူးကျရင်ကဖို့ ရှိပါတယ်။ ဒါက အမြဲတမ်းကြီးလည်း မကောင်းဘူးလေ အခုလိုလေးပေါ့ VeVe Tour သွားရင်းနဲ့ ပြန်ခါနီးမှာ ပရိသတ်ကို နှုတ်ဆက်တဲ့ သဘောပါပဲ။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top