iMyanmarHouse.com - Best Property Website for Myanmar
×
ထီး
Credit:Marry
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
# Unicode Version ဖြင့် ဖတ်ပါ #
အဓိကကတော့ သူ မသိဖို့ပါပဲနော်
စုံတွဲလေးတို့ အတွဲလေးက ရင်ခုန်သံချင်း နီးပေမယ့် လူချင်းဝေးနေရတဲ့ စုံတွဲလေးတွေလား၊ Long Distance Relationship စုံတွဲလေးတို့က တစ်ကြိမ်တစ်ခါ တွေ့ရဖို့တောင် အထပ်ထပ် အခါခါ နှစ်ယောက်စလုံး အဆင်ပြေမယ့်ရက်တွေ ညှိပြီး ချိန်းရတာမလားနော်။ စုံတွဲလေးတို့ တစ်ယောက်နဲ့ တစ်ယောက် နေရာဒေသ မတူဘဲ နေနေရတယ်ဆိုရင်တော့ လက်ဆောင်ပေးဖို့နဲ့ Surprise လုပ်ဖို့နည်းလမ်းတွေကို စဉ်းစားရမှာပါ။ ဒီတစ်ခါမှာတေ့ာ Marry က အဝေးရောက်နေတဲ့ ချစ်သူလေးကို ဘယ်လို ပစ္စည်းလေးတွေနဲ့ Surprise လုပ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
ဘယ်လိုလက်ဆောင်လေးတွေ ပေးမလဲ
အဝေးရောက် ချစ်သူတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အနားမှာ အမြဲရှိနေသလိုမျိုး ဖြစ်နေစေမယ့် လက်ဆောင်လေးတွေ ပေးဖို့ လိုပါတယ်နော်။ ကိုယ်နဲ့မကွာ အတူ ရှိနေမယ့် ပစ္စည်းလေးတွေ ဖြစ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းပါတယ်နော်။
ပြက္ခဒိန်ပါတဲ့ စာအုပ်
ခုနောက်ပိုင်း ပြက္ခဒိန်က ဖုန်းထဲမှာ ကြည့်လို့ရပေမယ့် ချစ်သူနဲ့ အတူတွေ့ရမယ့် ရက်လေးတွေကို အမှတ်အသားလေးတွေလုပ်ပြီး ကြည့်ရမယ်ဆိုရင် ပိုပြီး အမှတ်တရ ရှိနေမှာပါ။ အကြီးကြီး မဟုတ်ဘဲ အလွယ်တကူ သယ်သွားလို့ ရမယ့် ပြက္ခဒိန်ပါတဲ့ စာအုပ်လေးပေးပါ။
ထီး
LDRS စုံတွဲလေးတို့ဆိုတာ အနားမှာ အမြဲ စောင့်ရှောက်ပေးလို့ မရလေတော့ ဖုန်းအဆက်အသွယ်၊ အွန်လိုင်းအဆက်အသွယ်တွေနဲ့ပဲ ဆက်သွယ်ရတာမို့ ကိုယ့်ချစ်သူလေးရဲ့ အနားမှာ နေပူပူ မိုးရွာရွာ စောင့်ရှောက်ပေးနိုင်တဲ့ ပစ္စည်းလေးတွေတော့ လိုတာပေါ့နော်။ ကိုယ်နဲ့မကွာ အမြဲ သယ်ဆောင်သွားလို့ ရမယ့် ပစ္စည်းလေး ဖြစ်တဲ့ ထီးလေးလည်း ပေးလို့ ရပါတယ်။
သူလိုချင်တယ်ပြောဖူးတဲ့ ပစ္စည်းလေးတွေ
စုံတွဲလေးတို့ရေ နှစ်ယောက်ကြားမှာ ဘာလေးလိုချင်တယ်လို့ ပြောဖူးတာမျိုး ရှိကို ရှိကြမှာပါ။ အဲဒီလို ပစ္စည်းလေးတွေ ရှိရင်လည်း ဝယ်ပေးပါ။ ဓါတ်ပုံထည့်တဲ့ ပစ္စည်းလေးတွေ၊ နှင်းဆီပန်းနဲ့ ချောကလက်၊ အရုပ်တွေလည်း ဝယ်ပေးလို့ ရပါသေးတယ်နော်။
ဘယ်လိုပုံစံ Surprise လုပ်မလဲ
ဝေးနေတဲ့သူတွေဆိုတော့ သူ့ဆီ ဘယ်လို Surprise လုပ်မလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ သူ့ရဲ့ အလုပ်နေရာမှာပဲ လုပ်မလား၊ အိမ်မှာပဲ လုပ်မလားဆိုတာ အရင်ဆုံး ရွေးချယ်ပါ။ စုံတွဲလေးတို့ စာလေးတွေ ပုံလေးတွေဆိုရင်တော့ စာတိုက်ကနေ ပို့လို့ ရပါတယ်။ ခုနောက်ပိုင်းမှာ စာတိုက်က စာလာတယ်ဆိုတာက ကိုယ့်ချစ်သူအတွက် အရမ်းကို အံံ့သြစေမှာပါ။ Deliver အပ်ပြီး ပို့ခိုင်းတာမျိုးလည်း ရပါတယ်။ အဓိကက ကိုယ်အဲဒီလို စီစဉ်နေတယ်ဆိုတာ သူ မသိဖို့ပါပဲ။ မသိဘူးဆိုရင် ဘယ်လို ပစ္စည်းပေးပေး အံသြစေမှာသေချာပါတယ်။
အဝေးရောက်နေတဲ့ ချစ်သူလေးကို ပေးမယ့် ပစ္စည်းလေးတွေ သေချာလေး စာရင်းလုပ်နော်။ အဓိကကတော့ သူ မသိဖို့ပါပဲနော်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top