iMyanmarHouse.com - Best Property Website for Myanmar
×


ပခံုးေဖာ္၀တ္စံု ရိုးရိုးေလးတစ္စံု ၀တ္ထားသူတစ္ေယာက္ဟာ ေလးလက္မအျမင့္ ေဒါက္ဖိနပ္စီးလိုက္ရံုနဲ႔ နဂိုထက္ ဆယ္ဆေလာက္ ဆြဲေဆာင္မႈရွိသြားတယ္ဆိုတာ ဘယ္သူကမွ ျငင္းဆန္လိမ့္မယ္ မထင္ပါဘူး။ ေဒါက္ျမင့္ဖိနပ္စီးျခင္းဟာ အမ်ိဳးသမီးေတြၾကား အျငင္းအပြားရဆံုး အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးေလ့ရွိသူ အမ်ိဳးသမီးေတြကိုယ္တိုင္က ဒီဖိနပ္ေတြစီးထားစဥ္မွာ အလြန္နာက်င္ရေပမယ့္ ဒီနာက်င္မႈကို ေက်ေက်နပ္နပ္လက္ခံႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ဒီေတာ့ ေဒါက္ျမင့္ဖိနပ္စီးျခင္းအားျဖင့္ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳး ၅ခုကို ဒီေဆာင္းပါးမွာ ေျပာျပေပးသြားမွာျဖစ္ပါတယ္။

ေက်ာရိုးမၾကီး

ကၽြႏ္ုပ္တို႔ရဲ႕ ခႏၶာကိုယ္က ေက်ာရိုးမၾကီးမွာ လမ္းေလွ်ာက္တဲ့အခါ၊ ေျပးတဲ့အခါ ျဖစ္လာတဲ့တုန္ခါမႈေတြကို ထိန္းေပးမယ့္ အေကြး ၄ေနရာရွိပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးလိုက္တဲ့အခါ ခႏၶာကိုယ္ဟာ ပံုမွန္ထက္ ေရွ႕ကိုယိုင္သြားျပီး ေနာက္ေက်ာကို ပိုျပီးကိုင္းသြားေစပါတယ္။ ဒီကိုယ္ေနဟန္ထားေၾကာင့္ ခါးေအာက္ပိုင္းေက်ာရိုးမွာရွိတဲ့ အဂၤလိပ္အကၡရာ S ပံုသ႑ာန္အေကြးေပၚ တင္းအားအမ်ားၾကီး သက္ေရာက္ေစပါတယ္။ ဒါေၾကာင့္ တေနကုန္ေဒါက္ျမင့္ဖိနပ္စီးသူ အမ်ိဳးသမီး အေတာ္မ်ားမ်ားဟာ ခါးနာ၊ ခါးေတာင့္တဲ့ ေ၀ဒနာကို ခံစားၾကရတာျဖစ္ပါတယ္။

ဒူး

လူ႔ခႏၶာကိုယ္တည္ေဆာက္ပံုအရ ကၽြႏ္ုပ္တို႔ လမ္းေလွ်ာက္တဲ့အခါတိုင္း ကၽြႏု္ပ္တို႔ရဲ႕ကုိယ္အေလးခ်ိန္ကို ေျခမအရင္းပိုင္းက ခပ္ေဖာင္းေဖာင္း ေျခဖ၀ါးေနရာနဲ႔ ေျခဖေနာင့္ေပၚ ညီညီမွ်မွ် သက္ေရာက္ေစမွာျဖစ္ပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးျခင္းအားျဖင့္ ခႏၶာကိုယ္တစ္ခုလံုးရဲ႕ အေလးခ်ိန္ကို ေျခမအရင္းပိုင္းေနရာက စုထမ္းလိုက္ရျပီး မတ္မတ္ရပ္ႏိုင္ဖို႔ ဒူးကိုပါ ေရွ႕တြန္းလိုက္သလို ျဖစ္ေစပါတယ္။ ဒီကိုယ္ေနဟန္ထားဟာ ခႏၶာကိုယ္ရဲ႕ မူလေျဖာင့္တန္းမႈကို ကေမာက္ကမျဖစ္ေစျပီး ေနာက္ပိုင္းမွာ ဒူးဆစ္ကိုပါ ဒုကၡေပးႏိုင္ပါတယ္။ မ်ားစြာေသာ ေလ့လာေတြ႔ရွိခ်က္ေတြအရ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ဒူးဆစ္ေရာင္ရမ္းတဲ့ျပႆနာ ပိုျဖစ္ႏိုင္ေခ်ရွိျပီး ဒီျပႆနာျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြထဲမွာ ေဒါက္ဖိနပ္စီးျခင္းက တစ္ခုအပါအ၀င္ျဖစ္တယ္လို႔ ဆိုထားပါတယ္။

တင္ပါးဆံု

ေဒါက္ျမင့္ဖိနပ္စီးျခင္းေၾကာင့္ သင့္ဒူးေခါင္း အေနအထားပ်က္တဲ့အခါ တင္ပါးဆံုကပါလိုက္ျပီး အေနအထားပ်က္မွာ ျဖစ္ပါတယ္။ ေဒါက္ျမင့္ဖိနပ္က သင့္ကို တင္ေကာ့ရင္ေကာ့ ညိွဳ႕ငင္ဆြဲေဆာင္ႏိုင္တဲ့ ကိုယ္ေနဟန္ထားမ်ိဳး ရေစေပမယ့္ ေနာက္ပိုင္းမွာ လည္ပင္း ဆိုးဆိုးရြားရြားနာက်င္တာကို ခံစားရတတ္ပါတယ္။

ခါး

ေဒါက္ဖိနပ္စီးေနစဥ္ ေျခမအရင္းပိုင္းက ထမ္းထားရတဲ့ ကိုယ္အေလးခ်ိန္ကို မွ်ယူဖို႔အတြက္ သင့္ခါးေအာက္ပိုင္းက အေနာက္ဘက္ကို ေကာ့ေပးရပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ ေဒါက္ျမင့္ဖိနပ္စီးသူေတြရဲ႕ တင္ပါးဟာ အျခားသူေတြထက္ ပိုျပည့္ျပီး လံုး၀ိုင္းရျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခါေလာက္ ေဒါက္ျမင့္ဖိနပ္စီးျပီး တစ္ေနကုန္အျပင္ထြက္မိျပီဆိုရင္ေတာ့ ဘယ္သူမဆို ခါးနာတဲ့ေ၀ဒနာကို ေျပးမလြတ္ေအာင္ ခံစားရမွာျဖစ္ပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးျခင္းဟာ သင့္ကို အမွန္တကယ္ ၾကည့္ေကာင္းေစမွာ ျဖစ္တဲ့အတြက္ တစ္ရက္တစ္ေလ စီးတာက မေျပာပေလာက္ေပမယ့္ ေန႔စဥ္ရက္ဆက္ မခၽြတ္တမ္းစီးမယ္ဆိုရင္ေတာ့ အၾကီးအက်ယ္ ဒုကၡေရာက္ႏိုင္ပါတယ္။

ေျခဖ၀ါးမ်ား

သင့္ေျခဖ၀ါးေတြက သင္လမ္းေလွ်ာက္တဲ့အခါ။ ေျပးတဲ့အခါ၊ သီခ်င္းနားေထာင္ရင္း ေျခေဆာင့္တဲ့အခါ ျဖစ္လာတဲ့တုန္ခါမႈေတြကို ကူရွင္တစ္ခုသဖြယ္ ထိန္းေပးပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးတဲ့အခါ ေျခမအရင္းပိုင္းမွာရွိတဲ့ ခပ္ေဖာင္းေဖာင္း ေျခဖ၀ါးေနရာနဲ႔ ေျခေခ်ာင္းရိုးေလးေတြက ခႏၶာကိုယ္ၾကီးတစ္ခုလံုးရဲ႕ ဖိအားဒဏ္ကို အဓိကခံၾကရပါတယ္။

ခႏၶာကိုယ္ရဲ႕ အျခားအစိတ္အပိုင္းေတြလိုပဲ ခါး၊ ေျခဖ၀ါး၊ တင္ပါးဆံု၊ ဒူးေခါင္းနဲ႔ ေက်ာရိုးတို႔ဟာလည္း အနားယူဖို႔ လုိအပ္ပါတယ္။ ဒါေၾကာင့္ သင့္မွာရွိတဲ့ ေဒါက္ျမင့္ဖိနပ္ေတြကို အေရးၾကီးတဲ့ ပြဲသြားပြဲလာေန႔ေတြအတြက္ သိမ္းထားျပီး သာမန္ထသြားထလာနဲ႔ ရံုးသြားရံုးျပန္ကို ေပါ့ေပါ့ပါးပါး သက္ေသာင့္သက္သာျဖစ္မယ့္ ဖိနပ္ေတြစီးေပးတာက အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ပခုံးဖော်ဝတ်စုံ ရိုးရိုးလေးတစ်စုံ ဝတ်ထားသူတစ်ယောက်ဟာ လေးလက်မအမြင့် ဒေါက်ဖိနပ်စီးလိုက်ရုံနဲ့ နဂိုထက် ဆယ်ဆလောက် ဆွဲဆောင်မှုရှိသွားတယ်ဆိုတာ ဘယ်သူကမှ ငြင်းဆန်လိမ့်မယ် မထင်ပါဘူး။ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ အမျိုးသမီးတွေကြား အငြင်းအပွားရဆုံး အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးလေ့ရှိသူ အမျိုးသမီးတွေကိုယ်တိုင်က ဒီဖိနပ်တွေစီးထားစဉ်မှာ အလွန်နာကျင်ရပေမယ့် ဒီနာကျင်မှုကို ကျေကျေနပ်နပ်လက်ခံနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ဒေါက်မြင့်ဖိနပ်စီးခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး ၅ခုကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကျောရိုးမကြီး

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က ကျောရိုးမကြီးမှာ လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါ ဖြစ်လာတဲ့တုန်ခါမှုတွေကို ထိန်းပေးမယ့် အကွေး ၄နေရာရှိပါတယ်။ ဒေါက်မြင့်ဖိနပ်စီးလိုက်တဲ့အခါ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် ရှေ့ကိုယိုင်သွားပြီး နောက်ကျောကို ပိုပြီးကိုင်းသွားစေပါတယ်။ ဒီကိုယ်နေဟန်ထားကြောင့် ခါးအောက်ပိုင်းကျောရိုးမှာရှိတဲ့ အင်္ဂလိပ်အက္ခရာ S ပုံသဏ္ဍာန်အကွေးပေါ် တင်းအားအများကြီး သက်ရောက်စေပါတယ်။ ဒါကြောင့် တနေကုန်ဒေါက်မြင့်ဖိနပ်စီးသူ အမျိုးသမီး အတော်များများဟာ ခါးနာ၊ ခါးတောင့်တဲ့ ဝေဒနာကို ခံစားကြရတာဖြစ်ပါတယ်။

ဒူး

လူ့ခန္ဓာကိုယ်တည်ဆောက်ပုံအရ ကျွန်ုပ်တို့ လမ်းလျှောက်တဲ့အခါတိုင်း ကျွနု်ပ်တို့ရဲ့ကိုယ်အလေးချိန်ကို ခြေမအရင်းပိုင်းက ခပ်ဖောင်းဖောင်း ခြေဖဝါးနေရာနဲ့ ခြေဖနောင့်ပေါ် ညီညီမျှမျှ သက်ရောက်စေမှာဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ခြေမအရင်းပိုင်းနေရာက စုထမ်းလိုက်ရပြီး မတ်မတ်ရပ်နိုင်ဖို့ ဒူးကိုပါ ရှေ့တွန်းလိုက်သလို ဖြစ်စေပါတယ်။ ဒီကိုယ်နေဟန်ထားဟာ ခန္ဓာကိုယ်ရဲ့ မူလဖြောင့်တန်းမှုကို ကမောက်ကမဖြစ်စေပြီး နောက်ပိုင်းမှာ ဒူးဆစ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ များစွာသော လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒူးဆစ်ရောင်ရမ်းတဲ့ပြဿနာ ပိုဖြစ်နိုင်ချေရှိပြီး ဒီပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ဒေါက်ဖိနပ်စီးခြင်းက တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆိုထားပါတယ်။

တင်ပါးဆုံ

ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် သင့်ဒူးခေါင်း အနေအထားပျက်တဲ့အခါ တင်ပါးဆုံကပါလိုက်ပြီး အနေအထားပျက်မှာ ဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်က သင့်ကို တင်ကော့ရင်ကော့ ညှို့ငင်ဆွဲဆောင်နိုင်တဲ့ ကိုယ်နေဟန်ထားမျိုး ရစေပေမယ့် နောက်ပိုင်းမှာ လည်ပင်း ဆိုးဆိုးရွားရွားနာကျင်တာကို ခံစားရတတ်ပါတယ်။

ခါး

ဒေါက်ဖိနပ်စီးနေစဉ် ခြေမအရင်းပိုင်းက ထမ်းထားရတဲ့ ကိုယ်အလေးချိန်ကို မျှယူဖို့အတွက် သင့်ခါးအောက်ပိုင်းက အနောက်ဘက်ကို ကော့ပေးရပါတယ်။ ဒီအချက်ကြောင့်ပဲ ဒေါက်မြင့်ဖိနပ်စီးသူတွေရဲ့ တင်ပါးဟာ အခြားသူတွေထက် ပိုပြည့်ပြီး လုံးဝိုင်းရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါလောက် ဒေါက်မြင့်ဖိနပ်စီးပြီး တစ်နေကုန်အပြင်ထွက်မိပြီဆိုရင်တော့ ဘယ်သူမဆို ခါးနာတဲ့ဝေဒနာကို ပြေးမလွတ်အောင် ခံစားရမှာဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ သင့်ကို အမှန်တကယ် ကြည့်ကောင်းစေမှာ ဖြစ်တဲ့အတွက် တစ်ရက်တစ်လေ စီးတာက မပြောပလောက်ပေမယ့် နေ့စဉ်ရက်ဆက် မချွတ်တမ်းစီးမယ်ဆိုရင်တော့ အကြီးအကျယ် ဒုက္ခရောက်နိုင်ပါတယ်။

ခြေဖဝါးများ

သင့်ခြေဖဝါးတွေက သင်လမ်းလျှောက်တဲ့အခါ။ ပြေးတဲ့အခါ၊ သီချင်းနားထောင်ရင်း ခြေဆောင့်တဲ့အခါ ဖြစ်လာတဲ့တုန်ခါမှုတွေကို ကူရှင်တစ်ခုသဖွယ် ထိန်းပေးပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခြေမအရင်းပိုင်းမှာရှိတဲ့ ခပ်ဖောင်းဖောင်း ခြေဖဝါးနေရာနဲ့ ခြေချောင်းရိုးလေးတွေက ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ ဖိအားဒဏ်ကို အဓိကခံကြရပါတယ်။

ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပဲ ခါး၊ ခြေဖဝါး၊ တင်ပါးဆုံ၊ ဒူးခေါင်းနဲ့ ကျောရိုးတို့ဟာလည်း အနားယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်မှာရှိတဲ့ ဒေါက်မြင့်ဖိနပ်တွေကို အရေးကြီးတဲ့ ပွဲသွားပွဲလာနေ့တွေအတွက် သိမ်းထားပြီး သာမန်ထသွားထလာနဲ့ ရုံးသွားရုံးပြန်ကို ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာဖြစ်မယ့် ဖိနပ်တွေစီးပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top