သြားကိုက္သက္သာေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား
အားလံုးလိုလို ဘဝမွာ အနည္းဆံုး သြားတစ္ခါေတာ့ ကိုက္ဖူးၾကမွာပါ။ သြားကိုက္သက္သာမယ့္ အိမ္တြင္းနည္းလမ္း ေလးေတြ တင္ဆက္ေပးလိုက္ရပါတယ္။
ဆားရည္နဲ႔ ပလုတ္က်င္းေပးပါ။
ဆားရည္က နဂိုသဘာဝကိုက အလိုလိုပိုးသတ္ေပးပါတယ္။ လြယ္ကူထိေရာက္မယ့္ နည္းလမ္းပါ။ ဆားကို လက္ဖက္ဇြန္း တစ္ဇြန္း သို႔ ႏွစ္ဇြန္း ယူၿပီး ေရေႏြးေလးနဲ႔ ေဖ်ာ္၊ ပလုတ္က်င္းေပးပါရမွာပါ။
ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္
သူက နာက်င္မႈကို သက္သာေစပါတယ္။ သြားေခ်းေတြကို ဖယ္႐ွားေပးရံုတင္မက သြားဖံုးေသြးယိုရျခင္းကိုပါ ေပ်ာက္ကင္းေစတယ္။ ဆားရည္လိုပဲ ပလုတ္က်င္းေပးရမွာပါ။ မ်ိဳမခ်မိဖို႔ေတာ့ လိုပါတယ္။
ေလးညႇင္းပြင့္သို႔ ေလးညႇင္းပြင့္အဆီ
သဘာဝကိုက ပိုးသတ္ေဆးပါၿပီသားမို႔ ေခတ္တိုင္းရဲ႕ လက္စြဲပါ။ ေလးညႇင္းပြင့္အဆီ ၂စက္ကို သြားကိုက္တဲ့ေနရာမွာ ကိုက္တဲ့ဒဏ္ေပ်ာက္တဲ့အခ်ိန္အထိ လူးထားေပးပါ။
ေရခဲကပ္ျခင္း
ေရခဲကပ္တာက ဘယ္လိုနာက်င္မႈမ်ိဳးမဆို သက္သာေစပါတယ္။ ေရခဲကို ပလတ္စတစ္အိတ္ထဲထည့္ၿပီးျဖစ္ေစ၊ အဝတ္နဲ႔ထုပ္ၿပီးျဖစ္ေစ သြားကိုက္ေနတဲ့ေနရာအေပၚ ဆယ့္ငါးမိနစ္ေလာက္ တင္ထားေပးပါ။
ၾကက္သြန္ျဖဴ
ေဆးဘက္ဝင္ ၾကက္သြန္ျဖဴပါ။ ဘက္တီးရီးယား နဲ႔ နာက်င္မႈကိုသက္သာေစပါတယ္။ ၾကက္သြန္ျဖဴအႏွစ္လုပ္ၿပီး သြားေပၚတင္ထားေပးၿပီး တျဖည္းျဖည္း ဝါးစားေပးလို႔ရပါတယ္။ သြားကိုက္သက္သာတဲ့အထိ ရက္အနည္းငယ္ျပဳလုပ္ေပးလို႔ရပါတယ္။
မာလကာရြက္
ေရာင္ရမ္းမႈကိုသက္သာေစၿပီး ပိုးသတ္ေပးတဲ့ မာလကာရြက္ပါ။ သြားကိုက္သက္သာေစရံုမက ခံတြင္းနာ၊ပါးစပ္နာ၊ နဲ႔ သြားဖံုးေရာင္ေတြအထိ သက္သာေစပါတယ္။ မာလကာရြက္ကို အရည္ထြက္ေအာင္ ဝါးေပးတာက တစ္နည္း။ ေနာက္တစ္ခုက မာလကာရြက္သင့္ေတာ္သေလာက္ကို ေရေႏြးဆူထဲ ထည့္ျပဳတ္ၿပီး အနည္းငယ္ အေအးခံေပးၿပီးတာနဲ႔ ဆားနည္းနည္းျဖဴးကာ ပါးလုပ္က်င္းေပးရမွာပါ။
ဂ်ံဳရြက္
ဂ်ံဳရြက္ ကို ဝါးေပးတာလည္းေကာင္း၊ အရည္ညႇစ္ထုတ္ၿပီး ပါးလုတ္က်င္းေပးတာလည္းေကာင္း လုပ္ေပးရမွာပါ။ ပါးစပ္တြင္း ခံတြင္း အဆိပ္အေတာက္ေတြကို သတ္ေပးမွာပါ။
ၾကက္သြန္နီ
ၾကက္သြန္နီ တစ္စိတ္ကိုလွီး၊ သြားကိုက္တဲ့ ပါးေစာင္ဖက္မွာ ဝါးေပးၿပီး ထြက္လာတဲ့ အရည္က သြားကိုု္က္သက္သာေစတာျဖစ္ပါတယ္။ ဝါးမရေအာင္ သြားနာၿပီး ကိုက္လြန္းေနရင္ လက္နဲ႔အသာေလးတင္ၿပီး သြားကို ၾကက္သြန္နီစိတ္နဲ႔ ပြတ္ေပးလို႔ရပါတယ္။
Credit: Original
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version ျဖင့္ ဖတ္ပါ #
အားလုံးလိုလို ဘဝမှာ အနည်းဆုံး သွားတစ်ခါတော့ ကိုက်ဖူးကြမှာပါ။ သွားကိုက်သက်သာမယ့် အိမ်တွင်းနည်းလမ်း လေးတွေ တင်ဆက်ပေးလိုက်ရပါတယ်။
ဆားရည်နဲ့ ပလုတ်ကျင်းပေးပါ။
ဆားရည်က နဂိုသဘာဝကိုက အလိုလိုပိုးသတ်ပေးပါတယ်။ လွယ်ကူထိရောက်မယ့် နည်းလမ်းပါ။ ဆားကို လက်ဖက်ဇွန်း တစ်ဇွန်း သို့ နှစ်ဇွန်း ယူပြီး ရေနွေးလေးနဲ့ ဖျော်၊ ပလုတ်ကျင်းပေးပါရမှာပါ။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
သူက နာကျင်မှုကို သက်သာစေပါတယ်။ သွားချေးတွေကို ဖယ်ရှားပေးရုံတင်မက သွားဖုံးသွေးယိုရခြင်းကိုပါ ပျောက်ကင်းစေတယ်။ ဆားရည်လိုပဲ ပလုတ်ကျင်းပေးရမှာပါ။ မျိုမချမိဖို့တော့ လိုပါတယ်။
လေးညှင်းပွင့်သို့ လေးညှင်းပွင့်အဆီ
သဘာဝကိုက ပိုးသတ်ဆေးပါပြီသားမို့ ခေတ်တိုင်းရဲ့ လက်စွဲပါ။ လေးညှင်းပွင့်အဆီ ၂စက်ကို သွားကိုက်တဲ့နေရာမှာ ကိုက်တဲ့ဒဏ်ပျောက်တဲ့အချိန်အထိ လူးထားပေးပါ။
ရေခဲကပ်ခြင်း
ရေခဲကပ်တာက ဘယ်လိုနာကျင်မှုမျိုးမဆို သက်သာစေပါတယ်။ ရေခဲကို ပလတ်စတစ်အိတ်ထဲထည့်ပြီးဖြစ်စေ၊ အဝတ်နဲ့ထုပ်ပြီးဖြစ်စေ သွားကိုက်နေတဲ့နေရာအပေါ် ဆယ့်ငါးမိနစ်လောက် တင်ထားပေးပါ။
ကြက်သွန်ဖြူ
ဆေးဘက်ဝင် ကြက်သွန်ဖြူပါ။ ဘက်တီးရီးယား နဲ့ နာကျင်မှုကိုသက်သာစေပါတယ်။ ကြက်သွန်ဖြူအနှစ်လုပ်ပြီး သွားပေါ်တင်ထားပေးပြီး တဖြည်းဖြည်း ဝါးစားပေးလို့ရပါတယ်။ သွားကိုက်သက်သာတဲ့အထိ ရက်အနည်းငယ်ပြုလုပ်ပေးလို့ရပါတယ်။
မာလကာရွက်
ရောင်ရမ်းမှုကိုသက်သာစေပြီး ပိုးသတ်ပေးတဲ့ မာလကာရွက်ပါ။ သွားကိုက်သက်သာစေရုံမက ခံတွင်းနာ၊ပါးစပ်နာ၊ နဲ့ သွားဖုံးရောင်တွေအထိ သက်သာစေပါတယ်။ မာလကာရွက်ကို အရည်ထွက်အောင် ဝါးပေးတာက တစ်နည်း။ နောက်တစ်ခုက မာလကာရွက်သင့်တော်သလောက်ကို ရေနွေးဆူထဲ ထည့်ပြုတ်ပြီး အနည်းငယ် အအေးခံပေးပြီးတာနဲ့ ဆားနည်းနည်းဖြူးကာ ပါးလုပ်ကျင်းပေးရမှာပါ။
ဂျုံရွက်
ဂျုံရွက် ကို ဝါးပေးတာလည်းကောင်း၊ အရည်ညှစ်ထုတ်ပြီး ပါးလုတ်ကျင်းပေးတာလည်းကောင်း လုပ်ပေးရမှာပါ။ ပါးစပ်တွင်း ခံတွင်း အဆိပ်အတောက်တွေကို သတ်ပေးမှာပါ။
ကြက်သွန်နီ
ကြက်သွန်နီ တစ်စိတ်ကိုလှီး၊ သွားကိုက်တဲ့ ပါးစောင်ဖက်မှာ ဝါးပေးပြီး ထွက်လာတဲ့ အရည်က သွားကိုက်သက်သာစေတာဖြစ်ပါတယ်။ ဝါးမရအောင် သွားနာပြီး ကိုက်လွန်းနေရင် လက်နဲ့အသာလေးတင်ပြီး သွားကို ကြက်သွန်နီစိတ်နဲ့ ပွတ်ပေးလို့ရပါတယ်။