iMyanmarHouse.com - Best Property Website for Myanmar
×


သြားနဲ႔ခံတြင္းက်န္းမာမွ ခႏၶာကိုယ္က်န္းမာမွာပါ

သြားနဲ႔ခံတြင္းက်န္းမာေရးကိုဂရုစိုက္လိုက္ရံုနဲ႔ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခနည္းသြားႏိုင္ သလို ဦးေႏွာက္ကိုပါ ကာကြယ္ျပီးသားျဖစ္သြားတယ္ဆိုတာ သိရဲ႕လား။ မၾကာေသးခင္က လုပ္ခဲ့တဲ့ေလ့လာမႈတစ္ရပ္အရ ျပင္းထန္တဲ့ သြားဖံုးေရာဂါခံစား ရသူေတြက  အျခားသူေတြထက္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈ ခံစားရႏိုင္ေျခပိုမ်ားတယ္၊လို႔ သိရွိခဲ့ရပါတယ္။ 

ခႏၶာကိုယ္ကို အာဟာရျဖည့္တင္းဖို႔အတြက္အေရးပါတဲ့ အစိတ္အပိုင္းျဖစ္တဲ့ သြားနဲ႔ခံတြင္းကို ဂရုစိုက္မႈက ကာလတိုေရာ ကာလရွည္မွာပါ ထိေရာက္တဲ့ အခ်က္တစ္ခုေပါ့။

သြားဖံုးက်န္းမာေရးကိုဂရုစိုက္ေပးတာက မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈမျဖစ္ေအာင္ကာ ကြယ္ေပးႏိုင္ပါတယ္ေနာ္။ ေလ့လာမႈအသစ္တစ္ရပ္အရ သြားဖံုးက်န္းမာေရးကို ဂရုစိုက္ေပးတာက မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္၊ လို႔ေတြ႔ရွိခဲ့ရပါတယ္။

ဒီေလ့လာမႈအတြက္ ေတာင္ကိုရီးယားနိုင္ငံ ဆိုးလ္အမ်ိဳးသား တကၠသိုလ္ကေလ့ လာသံုးသပ္သူေတြက က်န္းမာေရးေစာင့္ေရွာက္မႈေစာင့္ၾကည့္ေရး အစီအစဉ္ ကေန အခ်က္အလက္ေတြကို ရယူခဲ့ပါတယ္။

နာတာရွည္ သြားဖံုးေရာဂါခံစားေနရသူေတြက သြားဖံုးေရာဂါမရွိသူေတြထက္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈခံစားရႏိုင္ေျခပိုမ်ားေနတယ္ဆိုတာက အရင္ကလုပ္ခဲ့ တဲ့ေလ့လာမႈေတြမွာလည္း ေတြ႔ရွိခဲ့ဖူးပါတယ္။

ဒီေလ့လာမႈမွာသိရွိခဲ့တာက အရက္ေသာက္သံုးတာ၊ ေဆးလိပ္ေသာက္တာ၊ ေလ့ က်င့္ခန္းမလုပ္တာလိုမ်ိဳး ဘဝေနထိုင္မႈပံုစံေၾကာင့္ မဟုတ္ဘဲ နာတာရွည္သြား ဖံုးေရာဂါခံစားေနရသူေတြက မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈခံစားနိုင္ရေျခပိုမ်ားေနတာပါ

မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း (dementia) ဆိုတာက မွတ္ဉာဏ္စြမ္းရည္တျဖည္းျဖည္း ခ်င္းက်ဆင္းလာတာျဖစ္ျပီး အရာရာကို မွတ္မိဖို႔ခက္ခဲလာျပီး ျပင္းထန္တဲ့အေျခ အေနမ်ိဳးမွာဆိုရင္ ေန႔စဉ္ဘဝမွာပါ ထိခိုက္မႈေတြရွိလာႏိုင္ပါတယ္။

၂၀၁၂ ခုႏွစ္မွာ ကမာၻ႔က်န္းမာေရးအဖြဲ႔ၾကီးနဲ႔ အျပည္ျပည္ဆိုင္ရာ အယ္လ္ဇိုင္းမား ေရာဂါအဖြဲ႔အစည္းတို႔ရဲ႕ ပူးတြဲေၾကညာခ်က္မွာ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈက တစ္ကမာၻ လံုးအတိုင္းအတာနဲ႔ စိုးရိမ္ရတဲ့ က်န္းမာေရးအေျခအေနတစ္ခုျဖစ္လို႔လာပါျပီေနာ္။ ဒီေတာ့ အားလံုးသတိထားျပီး ကာကြယ္ႏိုင္သမွ် ကာကြယ္ဖို႔လိုအပ္လာပါျပီေနာ္။

ေလ့လာမႈေတြအရသိလာရတာက သြားဖံုးေရာင္တာက ခံတြင္းထဲမွာ ဘက္တီး ရီးယားေတြေပါက္ဖြားတာေၾကာင့္ျဖစ္ျပီး  ခံတြင္းထဲမွာ ဒီဘက္တီးရီးယားေတြ အခ်ိန္ၾကာျမင့္စြာေနရာယူထားတာက သြားေတြကိုထိခို္ကေစႏိုင္သလို အရိုးနဲ႔ ႏွလံုးအျပင္ မွတ္ဉာဏ္ကိုပါထိခိုက္ေစႏိုင္ပါတယ္ေနာ္။

ဒါေၾကာင့္သြားဖံုးေရာင္လာျပီ သြားေတြမွာ ျပႆနာရွိေနျပီဆိုရင္ ခ်က္ခ်င္းကုသ ဖို႔လိုအပ္ပါမယ္ေနာ္။ မ်ားစြာေသာေလ့လာမႈေတြအရ နာတာရွည္သြားဖံုးေရာဂါက မ်တ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို ျဖစ္ေစနိုင္တယ္လို႔ေတြ႔ရွိခဲ့ရပါတယ္။

မၾကာေသးခင္က လုပ္ခဲ့တဲ့ ေလ့လာမႈအသစ္မွာေတာ့ နာတာရွည္သြားဖံုးေရာဂါရွိ သူေတြဟာ အျခားသူေတြထက္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈေရာဂါ ခံစားရႏိုင္ေျခ ေတာ္ေတ္ာေလးျမင့္တက္ေနတာကိုေတြ႔ရွိခဲ့ရပါတယ္။ ေလ့လာမႈအသစ္ကို ၂၀၀၅ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ ၁၀ ႏွစ္ၾကာလုပ္ေဆာင္ခဲ့ျပီး ေတာင္ကိုရီးယားက အသက္ ၅၀ နဲ႔ ၅၀ အထက္ ဖိုးဖိုးဖြားဖြား ၂၆၂၃၄၉ ဦးကိုေလ့လာခဲ့ပါတယ္။

ေလ့လာမႈရလဒ္အရေတာ့ ျပင္းထန္တဲ့ သြားဖံုးေရာဂါခံစားရသူေတြက အျခား သူေတြထက္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈေဝဒနာခံစားရႏိုင္ေျခက ၆ ရာခိုင္ႏႈန္းအထိ ပိုမ်ားေနတယ္လို႔ေတြ႔ရွိခဲ့ရပါတယ္။ ဒီေတာ့ အသက္ၾကီးတဲ့အထိ မွတ္ဉာဏ္ ေကာင္းလာေနေစဖို႔ေရာ အစားေတြေကာင္းေကာင္းစားဖို႔ေရာ သြားနဲ႔ခံတြင္း ကိုေသခ်ာေလးဂရုစိုက္ဖို႔လိုပါမယ္ေနာ္။

မနက္တစ္ခါ ညအိပ္ရာမဝင္ခင္တစ္ခါသြားနဲ႔ခံတြင္းကိုသန္႔ရွင္းေရးလုပ္ေပးမယ္ ဆိုရင္ သြားေတြေရာ သြားဖံုးေတြကိုပါက်န္းမာေစျပီး မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကိုပါ ကာကြယ္နိုင္မွာပါေနာ္။

ဒါဆိုရင္ အစားေကာင္းေတြကို အသက္ၾကီးတဲ့အထိစားဖို႔နဲ႔ ေကာင္းမြန္တဲ့အမွတ္ တရေလးေတြကို မွတ္မိေနေစဖို႔ Hello ဆရာဝန္ပရိသတ္ၾကီးအေနနဲ႔ သြားနဲ႔ ခံတြင္းကို အခုကစလို႔ ဂရုစိုက္ေပးဖို႔ တိုက္တြန္းပါရေစေနာ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သွားနဲ့ခံတွင်းကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ

သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်လိုက်ရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေနည်းသွားနိုင် သလို ဦးနှောက်ကိုပါ ကာကွယ်ပြီးသားဖြစ်သွားတယ်ဆိုတာ သိရဲ့လား။ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရ ပြင်းထန်တဲ့ သွားဖုံးရောဂါခံစား ရသူတွေက  အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှု ခံစားရနိုင်ခြေပိုများတယ်၊လို့ သိရှိခဲ့ရပါတယ်။ 

ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းဖို့အတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ သွားနဲ့ခံတွင်းကို ဂရုစိုက်မှုက ကာလတိုရော ကာလရှည်မှာပါ ထိရောက်တဲ့ အချက်တစ်ခုပေါ့။

သွားဖုံးကျန်းမာရေးကိုဂရုစိုက်ပေးတာက မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာ ကွယ်ပေးနိုင်ပါတယ်နော်။ လေ့လာမှုအသစ်တစ်ရပ်အရ သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပေးတာက မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

ဒီလေ့လာမှုအတွက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသား တက္ကသိုလ်ကလေ့ လာသုံးသပ်သူတွေက ကျန်းမာရေးစောင့်ရှောက်မှုစောင့်ကြည့်ရေး အစီအစဉ် ကနေ အချက်အလက်တွေကို ရယူခဲ့ပါတယ်။

နာတာရှည် သွားဖုံးရောဂါခံစားနေရသူတွေက သွားဖုံးရောဂါမရှိသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုခံစားရနိုင်ခြေပိုများနေတယ်ဆိုတာက အရင်ကလုပ်ခဲ့ တဲ့လေ့လာမှုတွေမှာလည်း တွေ့ရှိခဲ့ဖူးပါတယ်။

ဒီလေ့လာမှုမှာသိရှိခဲ့တာက အရက်သောက်သုံးတာ၊ ဆေးလိပ်သောက်တာ၊ လေ့ ကျင့်ခန်းမလုပ်တာလိုမျိုး ဘဝနေထိုင်မှုပုံစံကြောင့် မဟုတ်ဘဲ နာတာရှည်သွား ဖုံးရောဂါခံစားနေရသူတွေက မှတ်ဉာဏ်ချို့ယွင်းမှုခံစားနိုင်ရခြေပိုများနေတာပါ

မှတ်ဉာဏ်ချို့ယွင်းခြင်း (dementia) ဆိုတာက မှတ်ဉာဏ်စွမ်းရည်တဖြည်းဖြည်း ချင်းကျဆင်းလာတာဖြစ်ပြီး အရာရာကို မှတ်မိဖို့ခက်ခဲလာပြီး ပြင်းထန်တဲ့အခြေ အနေမျိုးမှာဆိုရင် နေ့စဉ်ဘဝမှာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အပြည်ပြည်ဆိုင်ရာ အယ်လ်ဇိုင်းမား ရောဂါအဖွဲ့အစည်းတို့ရဲ့ ပူးတွဲကြေညာချက်မှာ မှတ်ဉာဏ်ချို့ယွင်းမှုက တစ်ကမ္ဘာ လုံးအတိုင်းအတာနဲ့ စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်လို့လာပါပြီနော်။ ဒီတော့ အားလုံးသတိထားပြီး ကာကွယ်နိုင်သမျှ ကာကွယ်ဖို့လိုအပ်လာပါပြီနော်။

လေ့လာမှုတွေအရသိလာရတာက သွားဖုံးရောင်တာက ခံတွင်းထဲမှာ ဘက်တီး ရီးယားတွေပေါက်ဖွားတာကြောင့်ဖြစ်ပြီး  ခံတွင်းထဲမှာ ဒီဘက်တီးရီးယားတွေ အချိန်ကြာမြင့်စွာနေရာယူထားတာက သွားတွေကိုထိခိုကစေနိုင်သလို အရိုးနဲ့ နှလုံးအပြင် မှတ်ဉာဏ်ကိုပါထိခိုက်စေနိုင်ပါတယ်နော်။

ဒါကြောင့်သွားဖုံးရောင်လာပြီ သွားတွေမှာ ပြဿနာရှိနေပြီဆိုရင် ချက်ချင်းကုသ ဖို့လိုအပ်ပါမယ်နော်။ များစွာသောလေ့လာမှုတွေအရ နာတာရှည်သွားဖုံးရောဂါက မျတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။

မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာမှုအသစ်မှာတော့ နာတာရှည်သွားဖုံးရောဂါရှိ သူတွေဟာ အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ခံစားရနိုင်ခြေ တော်တေ်ာလေးမြင့်တက်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအသစ်ကို ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်ကြာလုပ်ဆောင်ခဲ့ပြီး တောင်ကိုရီးယားက အသက် ၅၀ နဲ့ ၅၀ အထက် ဖိုးဖိုးဖွားဖွား ၂၆၂၃၄၉ ဦးကိုလေ့လာခဲ့ပါတယ်။

လေ့လာမှုရလဒ်အရတော့ ပြင်းထန်တဲ့ သွားဖုံးရောဂါခံစားရသူတွေက အခြား သူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာခံစားရနိုင်ခြေက ၆ ရာခိုင်နှုန်းအထိ ပိုများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ အသက်ကြီးတဲ့အထိ မှတ်ဉာဏ် ကောင်းလာနေစေဖို့ရော အစားတွေကောင်းကောင်းစားဖို့ရော သွားနဲ့ခံတွင်း ကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်နော်။

မနက်တစ်ခါ ညအိပ်ရာမဝင်ခင်တစ်ခါသွားနဲ့ခံတွင်းကိုသန့်ရှင်းရေးလုပ်ပေးမယ် ဆိုရင် သွားတွေရော သွားဖုံးတွေကိုပါကျန်းမာစေပြီး မှတ်ဉာဏ်ချို့ယွင်းမှုကိုပါ ကာကွယ်နိုင်မှာပါနော်။

ဒါဆိုရင် အစားကောင်းတွေကို အသက်ကြီးတဲ့အထိစားဖို့နဲ့ ကောင်းမွန်တဲ့အမှတ် တရလေးတွေကို မှတ်မိနေစေဖို့ Hello ဆရာဝန်ပရိသတ်ကြီးအနေနဲ့ သွားနဲ့ ခံတွင်းကို အခုကစလို့ ဂရုစိုက်ပေးဖို့ တိုက်တွန်းပါရစေနော်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top