iMyanmarHouse.com - Best Property Website for Myanmar
×


ႏွလံုးေရာဂါဆုိတာ သင့္ကုိ အသိမေပးဘဲ ဘြ့ားကနဲ ေပၚလာတတ္မ်ိဳး မဟုတ္ ပါဘူး။ ႏွလံုးမွာ တစ္ခုခုျဖစ္ေနျပီ ဆိုတဲ့အေၾကာင္း သင့္ကို သတင္းပို႕ပို႕ေပးပါ တယ္။ ခက္တာက ႏွလံုးကေပးပို႕တဲ့ လကၡဏာေတြကို  လူေတြက သတိမမူ ေပါ့ေပါ့ဆဆေနတတ္တာပါပဲ။

 ႏွလံုးေရာဂါ လကၡဏာဆုိတာကလည္း ရုပ္ရွင္ေတြထဲကလို ရင္ဘတ္ကိုဖိျပီး လဲက်သြားသလိုမ်ိဳး မရိုးရွင္းလွတဲ့အတြက္ သူေပးပို႕တဲ့ လကၡဏာေတြကို Hello ဆရာဝန္ ပရိတ္သတ္ၾကီးဘက္က ေသခ်ာဖမ္းယူမိဖို႕ေတာ့ လိုပါလိမ့္မယ္။ ဒါဆုိ ဘယ္လို လကၡဏာေတြရွိေၾကာင္း ႏွလံုးက ျပေနရင္ မေပါ့ဆသင့္ဘူးလဲ ။  ။

Hello ဆရာဝန္ ပရိတ္သတ္ၾကီးထဲမွာ အသက္ ၅၀ ေက်ာ္တဲ့သူေတြ၊ အဝလြန္ ေနတဲ့သူေတြ၊ ေသြးတုိး၊ဆီးခ်ိဳရွိတဲ့သူေတြ၊ ေသြးတြင္း အဆီဓာတ္မ်ားေနတဲ့သူေတြ ပါေနရင္ ႏွလံုးေရာဂါအတြက္ ပိုလို႕ေတာင္စုိးရိမ္ရတဲ့အတြက္ ခုေျပာျပမယ့္ ႏွလံုးေရာဂါရဲ႕ ေရွ႕ေျပးလကၡဏာေတြကို လံုးဝ သိထားသင့္တယ္ေနာ္ ။ ။

၁ – ရင္ဘတ္ေအာင့္ျခင္း

နွလံုးေရာဂါလို႕ဆုိလိုက္တာနဲ႔ ရင့္ဘတ္ေအာင့္တာပါ တြဲေနတယ္ဆိုတာ အားလံုး သိၾကမွာပါ။ ႏွလံုးေသြးေၾကာ တစ္ေခ်ာင္းပိတ္သြားလို႕ ႏွလံုးအေရးေပၚ အေျခ အေနတစ္ခုခုျဖစ္တာနဲ႕ ႏွလံုးေအာင့္လာမယ္၊ ေမာလာမယ္၊ ရင္ဘတ္ေပၚမာ တစ္ခုခုဖိသလိုမ်ိဳး ခံစားရတတ္ပါတယ္။

ဒါမ်ိဳးက စိတ္လႈပ္ရွားသြားလို႕ျဖစ္ျဖစ္ ျပင္းထန္တဲ့ လႈပ္ရွားမႈေတြ လုပ္လုိက္မိတာပဲ ျဖစ္ျဖစ္ ေပၚလာတတ္တဲ့ ရင္ဘတ္ေအာင့္ျခင္းျဖစ္ျပီး မိနစ္ အနည္းငယ္ေလာက္ ၾကာတတ္ပါတယ္။ ဒီစာေတြကို Hello ဆရာဝန္ website မွ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

 ႏွလံုးေရာ ဂါဆုိတာကလည္း အမ်ားၾကီးရွိတာေၾကာင့္ ဘယ္လို အခ်ိန္ဆို ရင္ဘတ္ပိုေအာင့္လဲ၊ ဘယ္လိုလုပ္လိုက္ရင္ သက္သာသြားလဲ၊ ကိုယ့္မွာအျခား ဘာေရာဂါ အခံေတြ ရွိလဲဆိုတာကို ဆရာဝန္ကို ေသခ်ာရွင္းျပဖို႕ေတာ့ လိုပါတယ္။

၂ – အစာမေၾက ရင္ျပည့္သလိုျဖစ္တာၾကာေနျပီး ႏွလံုးနားက စူးစူးေအာင့္ျခင္း။

အစာမေၾက ရင္ျပည့္ရင္ကယ္ျဖစ္တာ၊ ပ်ိဳ႕အန္တာေတြဟာ အစာအိမ္တစ္ခုတည္း ေၾကာင့္ ျဖစ္တတ္တာေတြ မဟုတ္ပါဘူး။ ဒီလို အစာမေၾကတဲ့ လကၡဏာေတြ ျဖစ္ရတဲ့ အေၾကာင္းအရင္းကေတာ့ ႏွလံုးေရာဂါေၾကာင့္  အစာအိမ္ဆီကို ေသြးေတြ လံုလံုေလာက္ေလာက္ မေပးႏုိင္တာေၾကာင့္ ျဖစ္ရတာပါ။

ကိုယ္က အစာအိမ္ေရာဂါ ျဖစ္ေနတဲ့သူလည္း မဟုတ္၊ အစာမေၾကေစတဲ့ အစားအစာေတြစားထားတာလည္း မဟုတ္ဘဲနဲ႔ အစာမေၾကပ်ိဳ႕အန္တာ၊ ရင္ဘတ္ေအာင့္တာေတြျဖစ္ေနျ႔ပီဆိုရင္ Hello ဆရာဝန္ ပရိတ္သတ္ၾကီးတို႕ ႏွလံုးေရာဂါကို ခ်န္လွပ္ထားလို႕ မရပါဘူး။

၃ – ရင္ဘတ္ေအာင့္တဲ့ ေနရာက လက္ေမာင္းကိုက္ျခင္း၊ ေအာင့္ျခင္း ။ ။

ျဖစ္ေနက် နာမည္ၾကီး ေနာက္ထပ္ ႏွလံုးေရာဂါ လကၡဏာတစ္ခုကေတာ့ ႏွလံုး အျပင္ ေနာက္ထက္ ဘယ္ဘက္လက္မွာ ကိုက္ခဲျပီး ေအာင့္တာျဖစ္ပါတယ္။

Radiating pain လို႕ေခၚတဲ့ ႏွလံုးက ျဖစ္ေနတဲ ့နာက်င္တဲ့ ခံစားမႈဟာ လက္ဆီကို ပ်ံ႕သြားတာရယ္ ၊ လက္ဆီကို ေသြးေကာင္းေကာင္းမေရာက္ေတာ့တာရယ္ေၾကာင့္ ႏွလံုးေရာဂါ သမားေတြ လက္ကိုက္ရတာျဖစ္ပါတယ္။

၄ – မူးေဝျပီး ေျခလမ္းေတြ ဟန္ခ်က္မညီေတာ့ျခင္း။

အိပ္ေရးမဝလို႕၊ အားနည္းေနလို႕၊ ဗုိက္ဆာေနလုိ႔ စတဲ့ အေၾကာင္းအရင္းေပါင္း မ်ားစြာေၾကာင့္ မူးေဝတာမ်ိိဳးေတြ ျဖစ္တတ္တယ္ဆိုေပမယ့္ ႏွလံုးေရာဂါေၾကာင့္ လည္း ဒီလို မူးေဝ တာမ်ိဳး ျဖစ္တတ္ပါတယ္။ ရုတ္တရက္ၾကီးမူးေဝလာမယ္၊ ရင္ ဘတ္လည္းေအာင့္မယ္၊ အသက္ရွဴၾကပ္တာမ်ိဳးေတြ ပါရွိေနျပီဆိုရင္ေတာ့ ႏွလံုး ကေသြးေကာင္းေကာင္း မညွစ္ႏုိ္င္ေတာ့လို႔ ေသြးေပါင္က်ေနျပီလို႕  အခ်က္ျပေန တာ ျဖစ္ႏို္င္ပါတယ္။

၅ – ေမးရိုးနာျခင္း၊ လည္ေခ်ာင္းနာျခင္း ။ ။

ဖ်ားနာတာ၊ တုပ္ေကြးမိတာ၊ ထိခို္က္မိတာေတြရွိတာေၾကာင့္ လည္း ေမးရိုးနာတာ၊ လည္ေခ်ာင္းနာတာ ျဖစ္တတ္တဲ့အတြက္ ဒီလုိ ေမးရိုးနာတာ လည္ေခ်ာင္းနာတာ ရွိရံုနဲ႔ ႏွးလံုေရာဂါ ျဖစ္ေနျပီလို႕ စြပ္စြဲလို႕မရေပမယ့္ Radiating pain လို႕ေခၚတဲ့ ႏွလံုးကေန အျခားကို ပ်ံ႕တတ္တဲ့ ႏွလံုးေရာဂါထူးျခား လကၡဏာေၾကာင့္ ရင္ဘတ္ေအာင့္တာပါ တြဲရွိရင္ေတာ့ ႏွလံုးေရာဂါကို ခ်န္ခဲ့လို႕ေတာ့ မရပါဘူး။  ဒီစာေတြကို Hello ဆရာဝန္ website မွ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။။

၆ – ေမာပန္းလြယ္ေနတာ ။

ႏွလံုးေရာဂါသည္ ေတာ္ေတာ္မ်ားမ်ားကို ၾကည့္လုိက္ရင္ ေမာပန္းေနျပီး အား နည္းေနတဲ့ ပံုေပါက္ေနတတ္ပါတယ္။ အရင္တုန္းက လုပ္ႏုိ္င္ခဲ့တဲ့ ေလွကား တက္တာ၊ လမ္းအၾကာၾကီးေလွ်ာက္တာေတြကို ခုတေလာမလုပ္နုိင္ေတာ့ဘဲ အရင္လို အေမာမခံႏုိင္ဘူးဆိုရင္ ႏွလံုးကို သြားစစ္ၾကည့္ဖို႕ေတာ့ လိုေနပါျပီ ။ ။

၇ – ေဟာက္ျခင္း ။ ။

အိပ္ရင္ ေဟာက္တတ္တဲ့ အက်င့္ဟာလည္း ႏွလံုးေရာဂါ နဲ႔ ဆက္စပ္ေနျပန္ပါ တယ္။ Sleep Apnoea လို႕ေခၚတဲ့ အိပ္ေနရင္း အသက္ရွဴရပ္ရပ္သြားျပိီး ေဟာက္ တတ္တဲ့သူေတြရဲ႕ နွလံုးဟာ အျခားသူေတြထက္ ဖိအားေတြပိုခံရပါတယ္။ ဒီိလိုနဲ႔ ႏွလံုးက အလုပ္ပိုလုပ္ရလို႕ ၾကာလာရင္ အသက္ရွဴရပ္သြားတတ္ပါတယ္။

၈ – ေခၽြးေစးျပန္ျခင္း။ ။

ဘယ္မွ ပင္ပင္ပန္းပန္းလည္း လုပ္မထားဘဲနဲ႔ ေခၽြးေစးေတြျပန္လာတယ္၊ မူးေဝ လာတယ္ ၊ ရင္ဘတ္ေတြ ေအာင့္ေနတယ္ဆိုရင္ ႏွလံုးျဖစ္ႏုိင္တာေၾကာင့္ မေပါ့ဆ သင့္ပါဘူး။

၉ – မရပ္မနားေခ်ာင္းဆိုးတာ ။။

ေခ်ာင္းဆိုးတဲ့ ကိစၥဟာ အဆုတ္ေၾကာင့္ အျဖစ္မ်ားတယ္ဆိုေပမယ့္ ႏွလံုးကိုလည္း ခ်န္ထားခဲ့လို႕မရပါဘူး။ ႏွလံုးစြမ္းေဆာင္ရည္ က်ဆင္းျခင္းလုိ႕ေခၚတဲ့ Heart Failure လို ေရာဂါမ်ိဳးမွာဆို ႏွလံုးက မညွစ္ႏုိ္င္ေတာ့တာေၾကာင့္ အဆုတ္ထဲ ၊ႏွ လံုးထဲ ေသြးေတြ အို္င္ေနတတ္ျပီး ေခ်ာင္းဆိုးတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။  ဒီစာ ေတြကို Hello ဆရာဝန္ website မွ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

၁၀ – ေျခလက္ေတြေဖာေရာင္တာ ။  ။

ေျခလက္ေတြေဖာေရာင္တာဟာ ေက်ာက္ကပ္ေၾကာင့္ အမ်ားဆံုး ျဖစ္တတ္ေပမယ့္ ႏွလံုးစြမ္းေဆာင္ရည္ က်ဆင္းတဲ့ အခါမ်ိဳးမွာ ေျခလက္ရွိ ေသြးေၾကာေတြထဲက ေသြးကို အျပည့္အဝမယူႏုိင္ေတာ့လို႕ ေသြးေတြျပန္အုိင္ျပီး ေျခလာက္ေတြ ေဖာေရာင္လာတတ္ပါတယ္။

ဒါ့အျပင္ ႏွလံုးေၾကာင့္ ေက်ာက္ကပ္ထိသြားတဲ့အခါမွာလည္း ေရနဲ႔ ဆားဓာတ္ေတြ မညီမွ်ေတာ့လို႕ ေဖာေရာင္လာတတ္ပါေသးတယ္။

၁၁ – ႏွလံုးခုန္စည္းခ်က္ မမွန္ျခင္း ။ ။

ႏွလံုးနဲ႔ပက္သက္တဲ့ ကိစၥမွာဆို ႏွလံုးခုန္ စည္းခ်က္မမွန္တာမ်ိဳးေတြ ကိုခ်န္ခဲ့လို႕ မရပါဘူး။ ဒါေၾကာင့္ ကိုယ့္ႏွလံုးခုန္သံ စည္းခ်က္ မမွန္တဲ့အခါမ်ိဳးမွာ ႏွလံုးေရာဂါကို အဓိက ဦးစားေပးစဥ္းစားသင့္ပါတယ္ ။ ။

ဒါေတြကေတာ့ သင့္လံုးဝ လ်စ္လ်ဴရႈဖို႕ မသင့္တဲ့ ႏွလံုးေရာဂါနဲ႔ ပက္သက္တဲ့ လကၡဏာ ၁၁ ခ်က္ ပဲ ျဖစ္ပါတယ္။ ႏွလံုးဆိုတာ လံုးဝကို မေပါ့ဆသင့္တဲ့ ေရာဂါ တစ္ခုျဖစ္တာေၾကာင့္ သူေပးပို႕တဲ့ အခ်က္ေတြကို ေသခ်ာဖမ္းမိဖို႕ေတာ့ လိုလိမ့္မယ္ေနာ္ Hello ဆရာဝန္ ပရိတ္သတ္ၾကီးေရ ။ ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


နှလုံးရောဂါဆိုတာ သင့်ကို အသိမပေးဘဲ ဘွ့ားကနဲ ပေါ်လာတတ်မျိုး မဟုတ် ပါဘူး။ နှလုံးမှာ တစ်ခုခုဖြစ်နေပြီ ဆိုတဲ့အကြောင်း သင့်ကို သတင်းပို့ပို့ပေးပါ တယ်။ ခက်တာက နှလုံးကပေးပို့တဲ့ လက္ခဏာတွေကို  လူတွေက သတိမမူ ပေါ့ပေါ့ဆဆနေတတ်တာပါပဲ။

 နှလုံးရောဂါ လက္ခဏာဆိုတာကလည်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ကိုဖိပြီး လဲကျသွားသလိုမျိုး မရိုးရှင်းလှတဲ့အတွက် သူပေးပို့တဲ့ လက္ခဏာတွေကို Hello ဆရာဝန် ပရိတ်သတ်ကြီးဘက်က သေချာဖမ်းယူမိဖို့တော့ လိုပါလိမ့်မယ်။ ဒါဆို ဘယ်လို လက္ခဏာတွေရှိကြောင်း နှလုံးက ပြနေရင် မပေါ့ဆသင့်ဘူးလဲ ။  ။

Hello ဆရာဝန် ပရိတ်သတ်ကြီးထဲမှာ အသက် ၅၀ ကျော်တဲ့သူတွေ၊ အဝလွန် နေတဲ့သူတွေ၊ သွေးတိုး၊ဆီးချိုရှိတဲ့သူတွေ၊ သွေးတွင်း အဆီဓာတ်များနေတဲ့သူတွေ ပါနေရင် နှလုံးရောဂါအတွက် ပိုလို့တောင်စိုးရိမ်ရတဲ့အတွက် ခုပြောပြမယ့် နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကို လုံးဝ သိထားသင့်တယ်နော် ။ ။

၁ – ရင်ဘတ်အောင့်ခြင်း

နှလုံးရောဂါလို့ဆိုလိုက်တာနဲ့ ရင့်ဘတ်အောင့်တာပါ တွဲနေတယ်ဆိုတာ အားလုံး သိကြမှာပါ။ နှလုံးသွေးကြော တစ်ချောင်းပိတ်သွားလို့ နှလုံးအရေးပေါ် အခြေ အနေတစ်ခုခုဖြစ်တာနဲ့ နှလုံးအောင့်လာမယ်၊ မောလာမယ်၊ ရင်ဘတ်ပေါ်မာ တစ်ခုခုဖိသလိုမျိုး ခံစားရတတ်ပါတယ်။

ဒါမျိုးက စိတ်လှုပ်ရှားသွားလို့ဖြစ်ဖြစ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်မိတာပဲ ဖြစ်ဖြစ် ပေါ်လာတတ်တဲ့ ရင်ဘတ်အောင့်ခြင်းဖြစ်ပြီး မိနစ် အနည်းငယ်လောက် ကြာတတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

 နှလုံးရော ဂါဆိုတာကလည်း အများကြီးရှိတာကြောင့် ဘယ်လို အချိန်ဆို ရင်ဘတ်ပိုအောင့်လဲ၊ ဘယ်လိုလုပ်လိုက်ရင် သက်သာသွားလဲ၊ ကိုယ့်မှာအခြား ဘာရောဂါ အခံတွေ ရှိလဲဆိုတာကို ဆရာဝန်ကို သေချာရှင်းပြဖို့တော့ လိုပါတယ်။

၂ – အစာမကြေ ရင်ပြည့်သလိုဖြစ်တာကြာနေပြီး နှလုံးနားက စူးစူးအောင့်ခြင်း။

အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ပျို့အန်တာတွေဟာ အစာအိမ်တစ်ခုတည်း ကြောင့် ဖြစ်တတ်တာတွေ မဟုတ်ပါဘူး။ ဒီလို အစာမကြေတဲ့ လက္ခဏာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နှလုံးရောဂါကြောင့်  အစာအိမ်ဆီကို သွေးတွေ လုံလုံလောက်လောက် မပေးနိုင်တာကြောင့် ဖြစ်ရတာပါ။

ကိုယ်က အစာအိမ်ရောဂါ ဖြစ်နေတဲ့သူလည်း မဟုတ်၊ အစာမကြေစေတဲ့ အစားအစာတွေစားထားတာလည်း မဟုတ်ဘဲနဲ့ အစာမကြေပျို့အန်တာ၊ ရင်ဘတ်အောင့်တာတွေဖြစ်နြေ့ပီဆိုရင် Hello ဆရာဝန် ပရိတ်သတ်ကြီးတို့ နှလုံးရောဂါကို ချန်လှပ်ထားလို့ မရပါဘူး။

၃ – ရင်ဘတ်အောင့်တဲ့ နေရာက လက်မောင်းကိုက်ခြင်း၊ အောင့်ခြင်း ။ ။

ဖြစ်နေကျ နာမည်ကြီး နောက်ထပ် နှလုံးရောဂါ လက္ခဏာတစ်ခုကတော့ နှလုံး အပြင် နောက်ထက် ဘယ်ဘက်လက်မှာ ကိုက်ခဲပြီး အောင့်တာဖြစ်ပါတယ်။

Radiating pain လို့ခေါ်တဲ့ နှလုံးက ဖြစ်နေတဲ့နာကျင်တဲ့ ခံစားမှုဟာ လက်ဆီကို ပျံ့သွားတာရယ် ၊ လက်ဆီကို သွေးကောင်းကောင်းမရောက်တော့တာရယ်ကြောင့် နှလုံးရောဂါ သမားတွေ လက်ကိုက်ရတာဖြစ်ပါတယ်။

၄ – မူးဝေပြီး ခြေလမ်းတွေ ဟန်ချက်မညီတော့ခြင်း။

အိပ်ရေးမဝလို့၊ အားနည်းနေလို့၊ ဗိုက်ဆာနေလို့ စတဲ့ အကြောင်းအရင်းပေါင်း များစွာကြောင့် မူးဝေတာမျိုးတွေ ဖြစ်တတ်တယ်ဆိုပေမယ့် နှလုံးရောဂါကြောင့် လည်း ဒီလို မူးဝေ တာမျိုး ဖြစ်တတ်ပါတယ်။ ရုတ်တရက်ကြီးမူးဝေလာမယ်၊ ရင် ဘတ်လည်းအောင့်မယ်၊ အသက်ရှူကြပ်တာမျိုးတွေ ပါရှိနေပြီဆိုရင်တော့ နှလုံး ကသွေးကောင်းကောင်း မညှစ်နိုင်တော့လို့ သွေးပေါင်ကျနေပြီလို့  အချက်ပြနေ တာ ဖြစ်နိုင်ပါတယ်။

၅ – မေးရိုးနာခြင်း၊ လည်ချောင်းနာခြင်း ။ ။

ဖျားနာတာ၊ တုပ်ကွေးမိတာ၊ ထိခိုက်မိတာတွေရှိတာကြောင့် လည်း မေးရိုးနာတာ၊ လည်ချောင်းနာတာ ဖြစ်တတ်တဲ့အတွက် ဒီလို မေးရိုးနာတာ လည်ချောင်းနာတာ ရှိရုံနဲ့ နှးလုံရောဂါ ဖြစ်နေပြီလို့ စွပ်စွဲလို့မရပေမယ့် Radiating pain လို့ခေါ်တဲ့ နှလုံးကနေ အခြားကို ပျံ့တတ်တဲ့ နှလုံးရောဂါထူးခြား လက္ခဏာကြောင့် ရင်ဘတ်အောင့်တာပါ တွဲရှိရင်တော့ နှလုံးရောဂါကို ချန်ခဲ့လို့တော့ မရပါဘူး။  ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။။

၆ – မောပန်းလွယ်နေတာ ။

နှလုံးရောဂါသည် တော်တော်များများကို ကြည့်လိုက်ရင် မောပန်းနေပြီး အား နည်းနေတဲ့ ပုံပေါက်နေတတ်ပါတယ်။ အရင်တုန်းက လုပ်နိုင်ခဲ့တဲ့ လှေကား တက်တာ၊ လမ်းအကြာကြီးလျှောက်တာတွေကို ခုတလောမလုပ်နိုင်တော့ဘဲ အရင်လို အမောမခံနိုင်ဘူးဆိုရင် နှလုံးကို သွားစစ်ကြည့်ဖို့တော့ လိုနေပါပြီ ။ ။

၇ – ဟောက်ခြင်း ။ ။

အိပ်ရင် ဟောက်တတ်တဲ့ အကျင့်ဟာလည်း နှလုံးရောဂါ နဲ့ ဆက်စပ်နေပြန်ပါ တယ်။ Sleep Apnoea လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရှူရပ်ရပ်သွားပြီး ဟောက် တတ်တဲ့သူတွေရဲ့ နှလုံးဟာ အခြားသူတွေထက် ဖိအားတွေပိုခံရပါတယ်။ ဒီလိုနဲ့ နှလုံးက အလုပ်ပိုလုပ်ရလို့ ကြာလာရင် အသက်ရှူရပ်သွားတတ်ပါတယ်။

၈ – ချွေးစေးပြန်ခြင်း။ ။

ဘယ်မှ ပင်ပင်ပန်းပန်းလည်း လုပ်မထားဘဲနဲ့ ချွေးစေးတွေပြန်လာတယ်၊ မူးဝေ လာတယ် ၊ ရင်ဘတ်တွေ အောင့်နေတယ်ဆိုရင် နှလုံးဖြစ်နိုင်တာကြောင့် မပေါ့ဆ သင့်ပါဘူး။

၉ – မရပ်မနားချောင်းဆိုးတာ ။။

ချောင်းဆိုးတဲ့ ကိစ္စဟာ အဆုတ်ကြောင့် အဖြစ်များတယ်ဆိုပေမယ့် နှလုံးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းလို့ခေါ်တဲ့ Heart Failure လို ရောဂါမျိုးမှာဆို နှလုံးက မညှစ်နိုင်တော့တာကြောင့် အဆုတ်ထဲ ၊နှ လုံးထဲ သွေးတွေ အိုင်နေတတ်ပြီး ချောင်းဆိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။  ဒီစာ တွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

၁၀ – ခြေလက်တွေဖောရောင်တာ ။  ။

ခြေလက်တွေဖောရောင်တာဟာ ကျောက်ကပ်ကြောင့် အများဆုံး ဖြစ်တတ်ပေမယ့် နှလုံးစွမ်းဆောင်ရည် ကျဆင်းတဲ့ အခါမျိုးမှာ ခြေလက်ရှိ သွေးကြောတွေထဲက သွေးကို အပြည့်အဝမယူနိုင်တော့လို့ သွေးတွေပြန်အိုင်ပြီး ခြေလာက်တွေ ဖောရောင်လာတတ်ပါတယ်။

ဒါ့အပြင် နှလုံးကြောင့် ကျောက်ကပ်ထိသွားတဲ့အခါမှာလည်း ရေနဲ့ ဆားဓာတ်တွေ မညီမျှတော့လို့ ဖောရောင်လာတတ်ပါသေးတယ်။

၁၁ – နှလုံးခုန်စည်းချက် မမှန်ခြင်း ။ ။

နှလုံးနဲ့ပက်သက်တဲ့ ကိစ္စမှာဆို နှလုံးခုန် စည်းချက်မမှန်တာမျိုးတွေ ကိုချန်ခဲ့လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်နှလုံးခုန်သံ စည်းချက် မမှန်တဲ့အခါမျိုးမှာ နှလုံးရောဂါကို အဓိက ဦးစားပေးစဉ်းစားသင့်ပါတယ် ။ ။

ဒါတွေကတော့ သင့်လုံးဝ လျစ်လျူရှုဖို့ မသင့်တဲ့ နှလုံးရောဂါနဲ့ ပက်သက်တဲ့ လက္ခဏာ ၁၁ ချက် ပဲ ဖြစ်ပါတယ်။ နှလုံးဆိုတာ လုံးဝကို မပေါ့ဆသင့်တဲ့ ရောဂါ တစ်ခုဖြစ်တာကြောင့် သူပေးပို့တဲ့ အချက်တွေကို သေချာဖမ်းမိဖို့တော့ လိုလိမ့်မယ်နော် Hello ဆရာဝန် ပရိတ်သတ်ကြီးရေ ။ ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top