iMyanmarHouse.com - Best Property Website for Myanmar
×


သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကို ကာမလိမ္လည္ရယူမႈနဲ႔ အလွမယ္ သင္းသင္းကတရားစြဲဆိုထားတာဟာ ဒီေန႔(မတ္လ၈ရက္)မွာ (၂)လတိတိျပည့္သြားခဲ့ပါၿပီ။ ဒီေန႔မွာ ျပဳလုပ္တဲ့ ၅ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္နဲ႔ အလွမယ္သင္းသင္းတို႔ လာေရာက္ခဲ့ပါတယ္။

ကာမလိမ္လည္ရယူမႈ ပုဒ္မ(၄၁၇)နဲ႔ တရားစြဲဆိုျခင္း ခံထားရတဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ဟာ ဒီေန႔(မတ္လ၈ရက္) မွာ ၅ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းသို လာေရာက္ခဲ့ၾကပါတယ္။ သင္းသင္းက ေဝဠဳေက်ာ္ကို ကာမလိမ္လည္ရယူမႈနဲ႔ တရားစြဲဆိုထားတာဟာ ဒီေန႔မွာ ၂လတိတိျပည့္သြားခဲ့ပါၿပီ။ (၂)လအတြင္းမွာ ႐ုံးခ်ိန္း (၅)ႀကိမ္ ရွိသြားခဲ့ၿပီ ျဖစ္ၿပီး လက္ရွိအမႈအေျခအေနနဲ႔ ပတ္သက္လို႔ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္က ယခုလို ေျပာျပခဲ့ပါတယ္။

“သူတို႔ဘက္က တင္ျပတာေတြကို တရား႐ုံးက မွန္မမွန္ ျပန္စစ္ေနတဲ့ အဆင့္ပဲ ရွိပါေသးတယ္ ။ကြၽန္ေတာ္ျပန္ေျဖရွင္းရမယ့္ အလွည့္မေရာက္ေသးပါဘူး။ အသံဖိုင္(၅) ဖိုင္တင္ျပထားတာပါ။”လို႔ သူက ဆိုပါတယ္။အသံဖိုင္ကိုျပန္နားေထာင္တဲ့ အခ်ိန္မွာလည္း ခံစားရတဲ့ ခံစားခ်က္ကို ယခုလို ေျပာျပခဲ့ပါေသးတယ္။


“ကြၽန္ေတာ္ကေတာ့ ဘယ္သူျဖစ္ျဖစ္ တက္ႏိုင္သမွ်ကူညီတယ္။ လူေတြကို ျဖစ္ထြန္းေစခ်င္တယ္။ ကိုယ္ႀကိဳးစားခဲ့ရတာေတြ ျဖတ္သန္းခဲ့ရတာေတြ လူေတြရဲ႕ ဆုံးျဖတ္ခ်က္ အေတြးအေခၚေပၚမွာ ဘယ္လိုသြားၾကတယ္ဆိုတာကို ေျပာတာပါ။ က်န္တာမရွိပါဘူး။ အခုခ်ိန္ထိ ဘယ္သူ႔ကိုမွ နစ္နာေစလိုတဲ့ ဆႏၵ မရွိပါဘူးး။” လို႔ မီဒီယာေတြရဲ႕ အေမးကို ေျဖဆိုေပးခဲ့ပါတယ္။

ဆက္လက္ၿပီး တရားစြဲဆိုထားတဲ့ အလွမယ္ သင္းသင္းရဲ႕ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကလည္း အမႈနဲ႔ ပတ္သက္လို႔ ယခုလို ေျပာျပခဲ့ပါေသးတယ္။“ဒီေန႔က တင္သြင္းထားတဲ့ အသံဖိုင္ေတြကိုနားေထာင္တုန္း၊ ေရးထားတဲ့ စာေတြတိုက္ၾကည့္တယ္။ ႏွစ္ဖက္ အျငင္းပြားမႈ မရွိပါဘူး။အားလုံးေအးေအးေဆးေဆးပါပဲ။ “လို႔ ဒီေန႔(မတ္လ၈ ရက္)ေန႔ ႐ုံးခ်ိန္းမွာ ေျပာခဲ့တာပါ။

တရားစြဲဆိုသူ အလွမယ္သင္းသင္းနဲ႔ စြဲဆိုျခင္းခံရတဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္တို႔ကို တရား႐ုံးက မတ္လ(၂၈) ရက္ေန႔သို႔ ထပ္မံခ်ိန္းဆိုလိုက္တယ္လို႔ သိရပါတယ္။အလွမယ္ သင္းသင္းဟာ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကို ကာမလိမ္လည္ရယူမ ပုဒ္မ(၄၁၇)နဲ႔ ဇန္နဝါရီ (၈) ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သကၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ ဦးတိုုက္ေလွ်ာက္ခဲ့တာ ျဖစ္ပါတယ္။ပထမဆုံးအႀကိမ္ ႐ုံးခ်ိန္မွာ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္အတြက္ မိဘမ်ားက သိန္း(၅၀)နဲ႔ အခ်ဳပ္လြတ္အာမခံ ရယူသြားခဲ့တာျဖစ္ပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #


သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှုနဲ့ အလှမယ် သင်းသင်းကတရားစွဲဆိုထားတာဟာ ဒီနေ့(မတ်လ၈ရက်)မှာ (၂)လတိတိပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာ ပြုလုပ်တဲ့ ၅ကြိမ်မြောက် ရုံးချိန်းကို သရုပ်ဆောင် ဝေဠုကျော်နဲ့ အလှမယ်သင်းသင်းတို့ လာရောက်ခဲ့ပါတယ်။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(မတ်လ၈ရက်) မှာ ၅ ကြိမ်မြောက် ရုံးချိန်းသို လာရောက်ခဲ့ကြပါတယ်။ သင်းသင်းက ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲဆိုထားတာဟာ ဒီနေ့မှာ ၂လတိတိပြည့်သွားခဲ့ပါပြီ။ (၂)လအတွင်းမှာ ရုံးချိန်း (၅)ကြိမ် ရှိသွားခဲ့ပြီ ဖြစ်ပြီး လက်ရှိအမှုအခြေအနေနဲ့ ပတ်သက်လို့ သရုပ်ဆောင် ဝေဠုကျော်က ယခုလို ပြောပြခဲ့ပါတယ်။


“သူတို့ဘက်က တင်ပြတာတွေကို တရားရုံးက မှန်မမှန် ပြန်စစ်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ် ။ကျွန်တော်ပြန်ဖြေရှင်းရမယ့် အလှည့်မရောက်သေးပါဘူး။ အသံဖိုင်(၅) ဖိုင်တင်ပြထားတာပါ။”လို့ သူက ဆိုပါတယ်။အသံဖိုင်ကိုပြန်နားထောင်တဲ့ အချိန်မှာလည်း ခံစားရတဲ့ ခံစားချက်ကို ယခုလို ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော်ကတော့ ဘယ်သူဖြစ်ဖြစ် တက်နိုင်သမျှကူညီတယ်။ လူတွေကို ဖြစ်ထွန်းစေချင်တယ်။ ကိုယ်ကြိုးစားခဲ့ရတာတွေ ဖြတ်သန်းခဲ့ရတာတွေ လူတွေရဲ့ ဆုံးဖြတ်ချက် အတွေးအခေါ်ပေါ်မှာ ဘယ်လိုသွားကြတယ်ဆိုတာကို ပြောတာပါ။ ကျန်တာမရှိပါဘူး။ အခုချိန်ထိ ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ ဆန္ဒ မရှိပါဘူးး။” လို့ မီဒီယာတွေရဲ့ အမေးကို ဖြေဆိုပေးခဲ့ပါတယ်။

ဆက်လက်ပြီး တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း အမှုနဲ့ ပတ်သက်လို့ ယခုလို ပြောပြခဲ့ပါသေးတယ်။“ဒီနေ့က တင်သွင်းထားတဲ့ အသံဖိုင်တွေကိုနားထောင်တုန်း၊ ရေးထားတဲ့ စာတွေတိုက်ကြည့်တယ်။ နှစ်ဖက် အငြင်းပွားမှု မရှိပါဘူး။အားလုံးအေးအေးဆေးဆေးပါပဲ။ “လို့ ဒီနေ့(မတ်လ၈ ရက်)နေ့ ရုံးချိန်းမှာ ပြောခဲ့တာပါ။

တရားစွဲဆိုသူ အလှမယ်သင်းသင်းနဲ့ စွဲဆိုခြင်းခံရတဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ကို တရားရုံးက မတ်လ(၂၈) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top