iMyanmarHouse.com - Best Property Website for Myanmar
×


မ်က္ႏွာေပါင္းတင္တဲ့ အလွကုန္ပစၥည္းေတြ၊ အိမ္မွာ အလြယ္တကူ လုပ္လို႔ရတဲ့ မ်က္ႏွာေပါင္း တင္ပစၥည္းေတြမွာ ၾကက္ဥအကာကို ေတာ္ေတာ္ေလး အသံုးမ်ားလာၾကပါတယ္။ မတူညီတဲ့ အသားအေရတိုင္းအတြက္ သံုးေပးလို႔ ရတဲ့အျပင္ အေရျပားအတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြ ျဖည့္ေပးလို႔ သံုးျပီးတာနဲ႔ မ်က္ႏွာအသားေလး ႏူး အိျပီး စိုေျပသြားတဲ့အရသာကို ခံစားရမွာပါ။

ၾကက္ဥမွာ အသားအေရကို တင္းရင္းေစတဲ့ အာနိသင္ပါ၀င္လို႔ အသက္အရြယ္ၾကီး သူေတြ၊ အရြယ္မတိုင္ခင္ မ်က္ႏွာေပၚမွာ အေရးအေၾကာင္း ထင္ေနတဲ့သူေတြအ တြက္ သံုးလို႔ အဆင္ေျပေစပါတယ္။ ေႏြ၊ မိုး၊ ေဆာင္း ရာသီ မေရြး အသံုးျပဳႏိုင္တဲ့ အျပင္ အသားအေရကို ေနေရာင္ျခည္ဒဏ္မွ ကာကြယ္ေပးျပီး ျဖဴစင္း၀င္းမြတ္ လာေစႏိုင္ပါတယ္။

ဒါဆိုရင္ ေႏြရာသီမွာ ေခၽြးေတြ ထြက္ျပီး မ်က္ႏွာအဆီအျမဲျပန္ေနလို႔ စိတ္ညစ္ေန တဲ့ ပ်ိဳေမေတြနဲ႔ အလွအပကို စိတ္၀င္စားတဲ့ သူေတြအတြက္ ၾကက္ဥအကာကို အသံုးျပဳျပီး အလြယ္တကူ မ်က္ႏွာေပါင္းတင္လို႔ ရမယ့္ နည္းလမ္းေတြကို ေျပာျပေပးမယ္ေနာ္။

၁။ မ်က္ႏွာ အဆီျပန္တဲ့သူေတြအတြက္

အရင္ဆံုး ၾကက္ဥအကာတစ္လံုးနဲ႔ သံပရာသီးတစ္ျခမ္းကို အရည္ညွစ္ျပီး ေသ ခ်ာေခါက္ေမႊပါ။ မ်က္ႏွာသုတ္ တစ္သွ်ဴး သို႔မဟုတ္ ဂြမ္းစေပၚမွာ ၾကက္ဥအႏွစ္ကို ပါးပါးေလး ယူျပီး မ်က္ႏွာေနရာအႏွံ႔ကို သုတ္လိမ္းေပးပါ။ ၁၀မိနစ္ေလာက္ ၾကာေအာင္ ထားျပီးရင္ ေရေႏြးေႏြးေလးနဲ႔ ေျပာင္စင္ေအာင္ ေဆးေပးပါ။

မ်က္ႏွာေပၚက အဆီေတြနဲ႔ ေခၽြးေပါက္ထဲမွာ ပိတ္မိေနတဲ့ ဖုန္မႈန္႔၊ အညစ္ အေၾကးေတြကို ဖယ္ရွားေပးႏိုင္တယ္။ ဘက္တီးရီးယားပိုးေတြကို ေသေစႏိုင္တဲ့ အာနိသင္ေၾကာင့္ ၀က္ျခံ၊ အဖုအပိမ့္ေတြ မထြက္လာေစဖို႔လည္း ကာကြယ္ ေပးႏိုင္ပါ တယ္။ တစ္ပတ္ကို ၃ၾကိမ္ထိ အသံုးျပဳေပးရံုနဲ႔ သိသာထင္ရွားတဲ့ ရလဒ္ ကို ပိုင္ဆိုင္ႏိုင္မွာပါ။

၂။ ေခၽြးေပါက္က်ယ္တဲ့သူေတြအတြက္

အဆီျပန္တဲ့သူေတြသာမက အသားအေရေျခာက္တဲ့သူေတြ အသံုးျပဳလုိ႔ ရပါတယ္။ အသားအေရကို အာဟာရဓာတ္ျဖည့္တင္းေပးျပီး ေခၽြးေပါက္က်ယ္တဲ့ ျပႆနာကိုလည္း ေျဖရွင္းေပးႏိုင္ပါတယ္။

ျပဳလုပ္ပံုကေတာ့ အရင္ဆံုး ၾကက္ဥအကာကို အျမွဳပ္ထတဲ့အထိ ေခါက္ေမႊေပးပါ။ ျပီးသြားရင္ သံပရာရည္ တစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းနဲ႔ ေရာေမႊေပးပါ။ ရလာတဲ့အႏွစ္ ကို ဂြမ္းစျဖင့္ မ်က္ႏွာေပၚ ျဖည္းျဖည္းခ်င္း ပြတ္ေပးပါ။ ၁၅မိနစ္ခန္႔ ထားထားျပီးရင္ ေရေႏြးေလးနဲ႔ ေျပာင္စင္ေအာင္ ေဆးေပးလိုက္ရံုပါပဲ။

ပ်ားရည္နဲ႔ ဓာတ္မတည့္တဲ့ သူေတြ၊ သံပရာရည္ပါ၀င္မႈေၾကာင့္ အသံုးျပဳျပီး မ်က္ႏွာစပ္ဖ်ဥ္းဖ်ဥ္း ခံစားေနရျပီဆိုရင္ မ်က္ႏွာကို အျမန္ဆံုး ေဆးေၾကာသင့္ပါ တယ္။

၃။ အသားအေရကို ေရဓာတ္ျဖည့္တင္းေပးရန္အတြက္

ေနပူဒဏ္ေၾကာင့္ အသားအေရ ေျခာက္ျပီး အေရာင္မွိန္လာတာ၊ မ်က္ႏွာအသား အေရ ၾကမ္းတမ္းျပီး မည္းညစ္လာတဲ့ ျပႆနာကို ေျဖရွင္းေပးႏိုင္တဲ့ မ်က္ႏွာေပါင္း တင္နည္း ျဖစ္ပါတယ္။

ၾကက္ဥအႏွစ္တစ္လံုးကို စပ်စ္သီး ၇လံုးခန္႔ ေရာေမႊျပီး ၾကိတ္စက္ျဖင့္ ေသ ခ်ာၾကိတ္ေပးရပါမယ္။ သမေအာင္ ၾကိတ္ျပီးသြားျပီဆိုရင္ မ်က္ႏွာသုတ္ ဂြမ္းစျဖင့္ အနည္းငယ္ဆီယူျပီး အေပၚဘက္သုိ႔ မ်က္ႏွာမူျပီး ပြတ္လိမ္းေပးရမွာပါ။ ၁၅ မိနစ္ ခန္႔ ထားျပီးသြားရင္ ေရေႏြးျဖင့္ ေသခ်ာေျပာင္စင္ေအာင္ ေဆးေၾကာေပးရပါမယ္။

ဒီနည္းလမ္းကို ပံုမွန္လုပ္ေပးျခင္းျဖင့္ ေႏြရာသီမွာ အသားအေရ ေရဓာတ္ ခမ္းေျခာက္မႈကို ကာကြယ္ေပးႏိုင္တဲ့အျပင္ သဘာ၀အတိုင္း ျဖဴစင္၀င္းပေစႏိုင္ ပါတယ္။ ပိုေကာင္းတဲ့ အာနိသင္ရရန္အတြက္ မ်က္ႏွာေပါင္းတင္ျပီးတိုင္း အစို ဓာတ္ထိန္းခရင္မ္ (moisturizer) သံုးေပးႏိုင္ရင္ ပိုေကာင္းပါတယ္။ၾကက္ဥ အ ကာရဲ႕ အသားအေရအတြက္ ေကာင္းက်ိဳးေတြက ဘာေတြလဲ။


 
 ေခၽြးေပါက္ေတြကို က်ဥ္းေစတယ္။
    အေရးအေၾကာင္းေတြကို ေျပေလ်ာ့ေစတယ္။
    မ်က္ႏွာေပၚက အဆီနဲ႔ ဖုန္မႈန္႔ေတြကို ဖယ္ရွားေပးႏိုင္တယ္။
    အေရျပားအတြင္းထဲထိ သန္႔စင္ေပးျပီး အစိုဓာတ္ထိန္းေပးႏိုင္တယ္။
    မ်က္ႏွာေပၚက အမည္းစက္ေတြကို ဖယ္ရွားေပးႏိုင္တယ္။
    ၀က္ျခံ၊ အဆီဖု၊ အဖုအပိမ့္ေတြကို ေပ်ာက္ကင္းသက္သာေစတယ္။
    ေႏြ၊ မိုး၊ ေဆာင္း ရာသီမေရြး အသံုးျပဳလို႔ ရတယ္။

မ်က္ႏွာေပါင္းတင္ျခင္း မျပဳလုပ္ခင္ ဘာေတြျပင္ဆင္ထားဖို႔ လိုမလဲ။

မ်က္ႏွာကို ကိုယ္သံုးေနက် မ်က္ႏွာသန္႔စင္ေဆးရည္ (သို႔မဟုတ္) ဆပ္ျပာျဖင့္ ေသခ်ာေဆးေၾကာထားပါ။ လက္ကိုလည္း ဆပ္ျပာျဖင့္ ေဆးေၾကာေပးထားဖို႔ လိုပါတယ္။
   
မ်က္ႏွာေပါင္းတင္ရန္ အႏွစ္ကို အေပၚဘက္သို႔ မ်က္ႏွာမူျပီး သုတ္လိမ္းေပးပါ။ ၁၀ မိနစ္မွ ၁၅မိနစ္ထိသာ မ်က္ႏွာေပၚမွာ ထားျပီး ေရျဖင့္ ေျပာင္စင္ေအာင္ ျပန္ေဆး ရပါမယ္။
   
ကေလးငယ္ေတြ၊ ၾကက္သား၊ ၾကက္ဥနဲ႔ ဓာတ္မတည့္တဲ့သူေတြ မ်က္ႏွာေပၚ မပြတ္ လိမ္းခင္မွာ လက္အေရျပားေပၚ အရင္တင္ျပီး ဓာတ္တည့္၊ မတည့္ စမ္းသပ္ၾကည့္ ပါ။

ယားယံျခင္း၊ နီရဲလာျခင္း၊ အဖုအပိမ့္မ်ား၊ အနီကြက္မ်ား ထလာျခင္း၊ မ်က္ႏွာေဖာေရာင္လာျခင္း အစရွိတဲ့ လကၡဏာေတြ ျဖစ္လာျပီဆိုရင္ ဆက္ျပီး အသံုးမျပဳသင့္ပါဘူး။
  
 ႏႈတ္ခမ္းတစ္၀ိုက္ကို တတ္ႏိုင္ရင္ ၾကက္ဥအကာ မသုတ္လိမ္းပါနဲ႔။ ၾကက္ဥအကာ ကို ပါးစပ္ထဲ လံုး၀မ၀င္သြားေစဖို႔ ဂရုစိုက္ပါ။ မ်က္ႏွာမွာ ပြန္းပဲ့ထိခိုက္ထားတဲ့ ဒဏ္ရာေတြရွိရင္ အသံုးမျပဳပါနဲ႔။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မျက်နှာပေါင်းတင်တဲ့ အလှကုန်ပစ္စည်းတွေ၊ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ မျက်နှာပေါင်း တင်ပစ္စည်းတွေမှာ ကြက်ဥအကာကို တော်တော်လေး အသုံးများလာကြပါတယ်။ မတူညီတဲ့ အသားအရေတိုင်းအတွက် သုံးပေးလို့ ရတဲ့အပြင် အရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးလို့ သုံးပြီးတာနဲ့ မျက်နှာအသားလေး နူး အိပြီး စိုပြေသွားတဲ့အရသာကို ခံစားရမှာပါ။

ကြက်ဥမှာ အသားအရေကို တင်းရင်းစေတဲ့ အာနိသင်ပါဝင်လို့ အသက်အရွယ်ကြီး သူတွေ၊ အရွယ်မတိုင်ခင် မျက်နှာပေါ်မှာ အရေးအကြောင်း ထင်နေတဲ့သူတွေအ တွက် သုံးလို့ အဆင်ပြေစေပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီ မရွေး အသုံးပြုနိုင်တဲ့ အပြင် အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး ဖြူစင်းဝင်းမွတ် လာစေနိုင်ပါတယ်။

ဒါဆိုရင် နွေရာသီမှာ ချွေးတွေ ထွက်ပြီး မျက်နှာအဆီအမြဲပြန်နေလို့ စိတ်ညစ်နေ တဲ့ ပျိုမေတွေနဲ့ အလှအပကို စိတ်ဝင်စားတဲ့ သူတွေအတွက် ကြက်ဥအကာကို အသုံးပြုပြီး အလွယ်တကူ မျက်နှာပေါင်းတင်လို့ ရမယ့် နည်းလမ်းတွေကို ပြောပြပေးမယ်နော်။

၁။ မျက်နှာ အဆီပြန်တဲ့သူတွေအတွက်

အရင်ဆုံး ကြက်ဥအကာတစ်လုံးနဲ့ သံပရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး သေ ချာခေါက်မွှေပါ။ မျက်နှာသုတ် တစ်သျှူး သို့မဟုတ် ဂွမ်းစပေါ်မှာ ကြက်ဥအနှစ်ကို ပါးပါးလေး ယူပြီး မျက်နှာနေရာအနှံ့ကို သုတ်လိမ်းပေးပါ။ ၁၀မိနစ်လောက် ကြာအောင် ထားပြီးရင် ရေနွေးနွေးလေးနဲ့ ပြောင်စင်အောင် ဆေးပေးပါ။

မျက်နှာပေါ်က အဆီတွေနဲ့ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ ဖုန်မှုန့်၊ အညစ် အကြေးတွေကို ဖယ်ရှားပေးနိုင်တယ်။ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အာနိသင်ကြောင့် ဝက်ခြံ၊ အဖုအပိမ့်တွေ မထွက်လာစေဖို့လည်း ကာကွယ် ပေးနိုင်ပါ တယ်။ တစ်ပတ်ကို ၃ကြိမ်ထိ အသုံးပြုပေးရုံနဲ့ သိသာထင်ရှားတဲ့ ရလဒ် ကို ပိုင်ဆိုင်နိုင်မှာပါ။

၂။ ချွေးပေါက်ကျယ်တဲ့သူတွေအတွက်

အဆီပြန်တဲ့သူတွေသာမက အသားအရေခြောက်တဲ့သူတွေ အသုံးပြုလို့ ရပါတယ်။ အသားအရေကို အာဟာရဓာတ်ဖြည့်တင်းပေးပြီး ချွေးပေါက်ကျယ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

ပြုလုပ်ပုံကတော့ အရင်ဆုံး ကြက်ဥအကာကို အမြှုပ်ထတဲ့အထိ ခေါက်မွှေပေးပါ။ ပြီးသွားရင် သံပရာရည် တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ရောမွှေပေးပါ။ ရလာတဲ့အနှစ် ကို ဂွမ်းစဖြင့် မျက်နှာပေါ် ဖြည်းဖြည်းချင်း ပွတ်ပေးပါ။ ၁၅မိနစ်ခန့် ထားထားပြီးရင် ရေနွေးလေးနဲ့ ပြောင်စင်အောင် ဆေးပေးလိုက်ရုံပါပဲ။

ပျားရည်နဲ့ ဓာတ်မတည့်တဲ့ သူတွေ၊ သံပရာရည်ပါဝင်မှုကြောင့် အသုံးပြုပြီး မျက်နှာစပ်ဖျဉ်းဖျဉ်း ခံစားနေရပြီဆိုရင် မျက်နှာကို အမြန်ဆုံး ဆေးကြောသင့်ပါ တယ်။

၃။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးရန်အတွက်

နေပူဒဏ်ကြောင့် အသားအရေ ခြောက်ပြီး အရောင်မှိန်လာတာ၊ မျက်နှာအသား အရေ ကြမ်းတမ်းပြီး မည်းညစ်လာတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ မျက်နှာပေါင်း တင်နည်း ဖြစ်ပါတယ်။

ကြက်ဥအနှစ်တစ်လုံးကို စပျစ်သီး ၇လုံးခန့် ရောမွှေပြီး ကြိတ်စက်ဖြင့် သေ ချာကြိတ်ပေးရပါမယ်။ သမအောင် ကြိတ်ပြီးသွားပြီဆိုရင် မျက်နှာသုတ် ဂွမ်းစဖြင့် အနည်းငယ်ဆီယူပြီး အပေါ်ဘက်သို့ မျက်နှာမူပြီး ပွတ်လိမ်းပေးရမှာပါ။ ၁၅ မိနစ် ခန့် ထားပြီးသွားရင် ရေနွေးဖြင့် သေချာပြောင်စင်အောင် ဆေးကြောပေးရပါမယ်။

ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် နွေရာသီမှာ အသားအရေ ရေဓာတ် ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်တဲ့အပြင် သဘာဝအတိုင်း ဖြူစင်ဝင်းပစေနိုင် ပါတယ်။ ပိုကောင်းတဲ့ အာနိသင်ရရန်အတွက် မျက်နှာပေါင်းတင်ပြီးတိုင်း အစို ဓာတ်ထိန်းခရင်မ် (moisturizer) သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။ကြက်ဥ အ ကာရဲ့ အသားအရေအတွက် ကောင်းကျိုးတွေက ဘာတွေလဲ။

    ချွေးပေါက်တွေကို ကျဉ်းစေတယ်။
    အရေးအကြောင်းတွေကို ပြေလျော့စေတယ်။
    မျက်နှာပေါ်က အဆီနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးနိုင်တယ်။
    အရေပြားအတွင်းထဲထိ သန့်စင်ပေးပြီး အစိုဓာတ်ထိန်းပေးနိုင်တယ်။
    မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားပေးနိုင်တယ်။
    ဝက်ခြံ၊ အဆီဖု၊ အဖုအပိမ့်တွေကို ပျောက်ကင်းသက်သာစေတယ်။
    နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အသုံးပြုလို့ ရတယ်။

မျက်နှာပေါင်းတင်ခြင်း မပြုလုပ်ခင် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။

မျက်နှာကို ကိုယ်သုံးနေကျ မျက်နှာသန့်စင်ဆေးရည် (သို့မဟုတ်) ဆပ်ပြာဖြင့် သေချာဆေးကြောထားပါ။ လက်ကိုလည်း ဆပ်ပြာဖြင့် ဆေးကြောပေးထားဖို့ လိုပါတယ်။
   
မျက်နှာပေါင်းတင်ရန် အနှစ်ကို အပေါ်ဘက်သို့ မျက်နှာမူပြီး သုတ်လိမ်းပေးပါ။ ၁၀ မိနစ်မှ ၁၅မိနစ်ထိသာ မျက်နှာပေါ်မှာ ထားပြီး ရေဖြင့် ပြောင်စင်အောင် ပြန်ဆေး ရပါမယ်။
   
ကလေးငယ်တွေ၊ ကြက်သား၊ ကြက်ဥနဲ့ ဓာတ်မတည့်တဲ့သူတွေ မျက်နှာပေါ် မပွတ် လိမ်းခင်မှာ လက်အရေပြားပေါ် အရင်တင်ပြီး ဓာတ်တည့်၊ မတည့် စမ်းသပ်ကြည့် ပါ။

ယားယံခြင်း၊ နီရဲလာခြင်း၊ အဖုအပိမ့်များ၊ အနီကွက်များ ထလာခြင်း၊ မျက်နှာဖောရောင်လာခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် ဆက်ပြီး အသုံးမပြုသင့်ပါဘူး။
  
 နှုတ်ခမ်းတစ်ဝိုက်ကို တတ်နိုင်ရင် ကြက်ဥအကာ မသုတ်လိမ်းပါနဲ့။ ကြက်ဥအကာ ကို ပါးစပ်ထဲ လုံးဝမ၀င်သွားစေဖို့ ဂရုစိုက်ပါ။ မျက်နှာမှာ ပွန်းပဲ့ထိခိုက်ထားတဲ့ ဒဏ်ရာတွေရှိရင် အသုံးမပြုပါနဲ့။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top