iMyanmarHouse.com - Best Property Website for Myanmar
×

လူေတာ္ေတ္ာမ်ားမ်ား ဘယ္လိုပဲ ၾကိဳးစား ၾကိဳးစားကေလးမရေသးရင္ အမိ်ဳးသမီးေတြကို အရင္ဆံုး အျပစ္ေျပးျမင္တတ္ၾကပါတယ္။ ဒီမိန္းကေလးက ျမံဳေနလို႕ ခုထိကေလးမရႏုိင္တာဆိုျပီးေပါ့။ တကယ္ေတာ့ ကေလးမရႏိုင္တဲ့ စံုတြဲတစ္တြဲမွာ မိန္းကေလးကပဲ အျပစ္အနာအဆာရွိေနတာမဟုတ္ပါဘူး။ အမ်ိဳးသားမွာလည္း ခ်ိဳ႕ယြင္းခ်က္ရွိလုိ႕ ကေလးမရတာျဖစ္ႏုိ္င္သလို အျခား အေၾကာင္းအရာေတြလည္းရွိပါေသးတယ္။ ဘယ္လိုအေၾကာင္းအရာေတြေၾကာင့္ ကေလးမရႏုိင္တာမ်ိဳး ျဖစ္သလဲဆိုတာ ၾကည့္ရေအာင္။  ။
ကေလးမရႏုိင္ေသးတဲ့ စံုတြဲေတြ ဒါေလးေတြ သိထားသင့္ပါတယ္။ ။
၁ – ကိုယ္ဝန္ရဖို႕ ၾကိဳးစားေနတာ ဘယ္ေလာက္ၾကာျပီလဲ ။ ။

တစ္ခ်ိဳ႕မလိုခ်င္တဲ့သူေတြက် တစ္ခါဆိုတစ္ခါတည္းနဲ႔ ကေလးတန္းရသြားတတ္ေပမယ့္ လိုခ်င္တဲ့သူေတြမွာက် တန္းျပီး ကေလးရသြားတာရွားပါတယ္။ ဒီေတာ့  ကိုယ္ဝန္ရဖို႕ ကိုယ္ၾကိဳးစားေနတာ ဘယ္ေလာက္ၾကာျပီလဲဆိုတာက အေရးၾကီးလာပါျပီ။ စံုတြဲအားလံုးရဲ႕ ၈၀ ရာခုိင္ႏႈန္းက ကိုယ္ဝန္ရဖို႕ ၾကိဳးစားတဲ့ ၆လ အတြင္းမွာ ကေလးရသြားတတ္ျပီး တစ္ခ်ိဳ႕ ဆို ကေလးရဖို႕ၾကိဳးစားတာ ၁ ႏွစ္ေလာက္ၾကာသြားမွ ကိုယ္ဝန္ရတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္က ၆ လၾကာတဲ့အထိၾကိဳးစားတာေတာင္ ကိုယ္ဝန္မရဘူးဆိုျပီး စိတ္ပ်က္အားမေလွ်ာ့လိုက္ပါနဲ႔။ အဓိကက ၾကိဳးစားေနဖို႔ပါပဲ။

ဆရာဝန္နဲ႕ သြြားေတြ႕ျပီး ကေလးရဖို႕ ေဆြးေႏြးသင့္တဲ့ အေၾကာင္းအရာေတြကေတာ့

    အသက္ကလည္း ၃၅ ေက်ာ္ေနျပီ ကေလးရဖို႕ ၾကိဳးစားေနတာ ၆ လေက်ာ္သြားျပီ။ ကေလးမရေသးဘူး။
    အသက္ ကေတာ ့၃၅ ႏွစ္ေအာက္ ၊ ကေလးရဖို႕ၾကိဳးစားေနတာ ၁ ႏွစ္ေက်ာ္သြားျပီ။ ကေလးမရေသးဘူးဆုိရင္ေတာ့ ဆရာဝန္ဆီသြားျပီး ေဆြးေႏြးသင့္ပါျပီ။

၂ – သားဥမေၾကြရင္လည္း ကိုယ္ဝန္ မရတတ္ပါဘူး။

ကိုယ္ဝန္ တစ္ခုျဖစ္တည္လာဖို႕ သားဥနဲ႔႕ သုက္ေကာင္နဲ႕ေတြ႔မွရမယ္ဆိုတာ အားလံုးသိပါတယ္။ ဒီေတာ့ သားဥမေၾကြခဲ့ရင္ ကိုယ္ဝန္ရဖို႕ မျဖစ္ႏိုင္ပါဘူး။ သားဥမေၾကြတဲ့ျဖစ္စဥ္ဆုိတာ အမ်ိဳးသမီးေတြျမံဳျခင္းကိုျဖစ္ေစတဲ့ အဓိက အေၾကာင္းအရင္းပါ။ သားဥေၾကြျခင္းကို ထိခုိက္ႏုိ္င္တဲ့ အေျခအေနေတြကေတာ့

    သားဥအိမ္မွာ အရည္အိတ္တည္တာ
    အမ်ိဳးသမီးက ဝလြန္း၊ ပိန္လြန္းေနတာ
    သားဥအိမ္စြမ္းေဆာင္ရည္ က်ဆင္းေနတာ
    သိုင္းရြိဳက္ေဟာ္မုန္း အတက္အက် ပံုမွန္မဟုတ္တာ
    Hyperprolactinemia လို႕ေခၚတဲ့ Prolactine ေဟာ္မုန္း မ်ားလြန္းေနတာနဲ႔
    ေလ့က်င့္ခန္း အလုပ္မ်ားတဲ့ အမ်ိဳးသမီးေတြ ( အမ်ိဳးသမီးအားကစားသမားမ်ား ) နဲ႔
    ရာသီမမွန္တဲ့ အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္ ။ ။

၃ – အမ်ိိဳးသမီးကိုပဲ အျပစ္တင္လို႔ မရပါဘူး။ ကေလးမရတာ အမ်ိဳးသားေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

ကိုယ္ဝန္မရတဲ့ ျဖစ္စဥ္မွာ အမ်ိဳးသမီးေတြမွာပဲ ခ်ိဳ႕ယြင္းခ်က္ရွိတာမဟုတ္ပါဘူး။ ကေလးမရတဲ့ စံုတြဲ ၂၀ ကေန ၃၀ ရာခိုင္ႏႈန္းေလာက္က အမ်ိဳးသားရဲ႕ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ကေလးမရတာ ျဖစ္ႏိုင္ျပီး ၄၀ ရာခိုင္ႏႈန္းေလာက္က နွစ္ဦးစလံုးမွာခ်ိဳ႕ယြင္းခ်က္ရွိလို႕ ကေလးမရႏုိင္တာျဖစ္ပါတယ္။  အမ်ိိဳးသားရဲ႔ သုက္ပိုးေကာင္ ေလးေတြ က်န္းမာမႈမရွိတာ၊ လံုေလာက္တဲ့ ပမာဏ မထြက္တာ၊ ဖ်တ္လတ္သန္စြမ္းမႈ အပိုင္းမွာ အားနည္းေနတာေတြကလည္း ကိုယ္ဝန္မရေစတဲ့ အေၾကာင္းအရင္းေတြပါ။ ဒါေၾကာင့္ ကိုယ္ဝန္မရလို႕ဆ ရာဝန္ဆီ သြားစစ္တဲ့အခါမွာ အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ ႏွစ္ဦးလံုးမွာ ခ်ိဳ႕ယြင္းခ်က္ရွိမရွိ စစ္ေဆးသင့္ပါတယ္။
၄ – အသက္အရြယ္ကလည္း ကိုယ္ဝန္ရျခင္း မရျခင္း ကိစၥမွာ စကားေျပာပါတယ္။

အမ်ိဳးသမီးက အသက္ ၃၅ ႏွစ္ေက်ာ္၊ အမ်ိဳးသားက အသက္ ၄၀ ေက်ာ္ဆိုရင္ ကိုယ္ဝန္ရဖို႕ ပိုၾကာတတ္ပါတယ္။ တစ္ခ်ိဳ႕လူေတြထင္ေနၾကတာရွိပါတယ္။ ရာသီစက္ဝန္းကမွန္ေနတယ္ဆိုရင္ ကိုယ္ဝန္ရဖို႕အတြက္က ပူစရာမလိုဘူးေပါ့။ ဒါကအသက္ငယ္တဲ့သူေတြမွာပဲ မွန္တာပါ။  အသက္ၾကီးသြားတဲ့ သူေတြမွာေတ့ာ သားဥရဲ႕ စြမ္းေဆာင္ႏုိင္မႈအေပၚေရာ သားဥေၾကြျခင္း အေပၚေရာ အသက္အရြယ္က သက္ေရာက္မႈရွိပါတယ္။
၅ – ကိုယ္ဝန္မရႏုိင္တာ အျခား ဒီအခ်က္ေတြ ေၾကာင့္လည္း ျဖစ္ႏို္င္ပါတယ္။ ။

    သားဥျပြန္ပိတ္ေနလို႕ သားဥ မဆင္းႏုိင္တာ ၊
    သားအိမ္အတြင္းနံရံထူေနတာ၊
    စိတ္ဖိစီးမႈ မ်ားေနတာ၊
    ခုခံအားတုန္႔ျပန္မႈ ျပင္းထန္ေရာဂါေတြျဖစ္တဲ့ lupus ေရာဂါ၊ SLE ေရာဂါရွိတဲ့ အမ်ိဳးသမီးေတြ နဲ႔
    လိင္မွတစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြေၾကာင့္လည္း ကေလးမရတာမ်ိဳး ျဖစ္တတ္ပါတယ္။

တစ္ခ်ိဳ႕စံုတြဲေတြမွာဆို ဘာခ်ိဳ႕ယြင္းခ်က္မွ ရွာမရဘဲနဲ႕ ကေလးမရတာမ်ိဳးေတြလည္းရွိတတ္ပါတယ္။ ကေလးရတာ မရတာဆိုတာကလည္း ကံတရားေပၚမွာလည္း မူတည္ေသးတာေၾကာင့္ နင့္ေၾကာင့္ ကေလးမရတာ၊ ငါ့ေၾကာင့္ ကေလးမရတာလို႕ ျငင္းခုန္ေနမယ့္ ဘာေၾကာင့္မရတာလဲဆိုတာကို ေသခ်ာအေျဖရွာျပီးေတာ့  ကေလးရႏုိုင္မယ့္ နည္းလမ္္းေတြျဖစ္တဲ့ ဖန္ျပြန္သေႏၶသားနည္းနဲ႕ ကိုယ္ဝန္ရေအာင္ စမ္းၾကည့္ပါလို႕ အၾကံေပးခ်င္ပါတယ္။  ။

Hello Health Group  သည္ ေဆးပညာဆိုင္ရာ အၾကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။

Credit:hellosayarwon
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတော်တေ်ာများများ ဘယ်လိုပဲ ကြိုးစား ကြိုးစားကလေးမရသေးရင် အမျိုးသမီးတွေကို အရင်ဆုံး အပြစ်ပြေးမြင်တတ်ကြပါတယ်။ ဒီမိန်းကလေးက မြုံနေလို့ ခုထိကလေးမရနိုင်တာဆိုပြီးပေါ့။ တကယ်တော့ ကလေးမရနိုင်တဲ့ စုံတွဲတစ်တွဲမှာ မိန်းကလေးကပဲ အပြစ်အနာအဆာရှိနေတာမဟုတ်ပါဘူး။ အမျိုးသားမှာလည်း ချို့ယွင်းချက်ရှိလို့ ကလေးမရတာဖြစ်နိုင်သလို အခြား အကြောင်းအရာတွေလည်းရှိပါသေးတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် ကလေးမရနိုင်တာမျိုး ဖြစ်သလဲဆိုတာ ကြည့်ရအောင်။  ။
ကလေးမရနိုင်သေးတဲ့ စုံတွဲတွေ ဒါလေးတွေ သိထားသင့်ပါတယ်။ ။
၁ – ကိုယ်ဝန်ရဖို့ ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲ ။ ။

တစ်ချို့မလိုချင်တဲ့သူတွေကျ တစ်ခါဆိုတစ်ခါတည်းနဲ့ ကလေးတန်းရသွားတတ်ပေမယ့် လိုချင်တဲ့သူတွေမှာကျ တန်းပြီး ကလေးရသွားတာရှားပါတယ်။ ဒီတော့  ကိုယ်ဝန်ရဖို့ ကိုယ်ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲဆိုတာက အရေးကြီးလာပါပြီ။ စုံတွဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့ ၆လ အတွင်းမှာ ကလေးရသွားတတ်ပြီး တစ်ချို့ ဆို ကလေးရဖို့ကြိုးစားတာ ၁ နှစ်လောက်ကြာသွားမှ ကိုယ်ဝန်ရတတ်ပါတယ်။ ဒါကြောင့် ကိုယ်က ၆ လကြာတဲ့အထိကြိုးစားတာတောင် ကိုယ်ဝန်မရဘူးဆိုပြီး စိတ်ပျက်အားမလျှော့လိုက်ပါနဲ့။ အဓိကက ကြိုးစားနေဖို့ပါပဲ။

ဆရာဝန်နဲ့ သွားတွေ့ပြီး ကလေးရဖို့ ဆွေးနွေးသင့်တဲ့ အကြောင်းအရာတွေကတော့

    အသက်ကလည်း ၃၅ ကျော်နေပြီ ကလေးရဖို့ ကြိုးစားနေတာ ၆ လကျော်သွားပြီ။ ကလေးမရသေးဘူး။
    အသက် ကတော့၃၅ နှစ်အောက် ၊ ကလေးရဖို့ကြိုးစားနေတာ ၁ နှစ်ကျော်သွားပြီ။ ကလေးမရသေးဘူးဆိုရင်တော့ ဆရာဝန်ဆီသွားပြီး ဆွေးနွေးသင့်ပါပြီ။

၂ – သားဥမကြွေရင်လည်း ကိုယ်ဝန် မရတတ်ပါဘူး။

ကိုယ်ဝန် တစ်ခုဖြစ်တည်လာဖို့ သားဥနဲ့ သုက်ကောင်နဲ့တွေ့မှရမယ်ဆိုတာ အားလုံးသိပါတယ်။ ဒီတော့ သားဥမကြွေခဲ့ရင် ကိုယ်ဝန်ရဖို့ မဖြစ်နိုင်ပါဘူး။ သားဥမကြွေတဲ့ဖြစ်စဉ်ဆိုတာ အမျိုးသမီးတွေမြုံခြင်းကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းပါ။ သားဥကြွေခြင်းကို ထိခိုက်နိုင်တဲ့ အခြေအနေတွေကတော့

    သားဥအိမ်မှာ အရည်အိတ်တည်တာ
    အမျိုးသမီးက ဝလွန်း၊ ပိန်လွန်းနေတာ
    သားဥအိမ်စွမ်းဆောင်ရည် ကျဆင်းနေတာ
    သိုင်းရွိုက်ဟော်မုန်း အတက်အကျ ပုံမှန်မဟုတ်တာ
    Hyperprolactinemia လို့ခေါ်တဲ့ Prolactine ဟော်မုန်း များလွန်းနေတာနဲ့
    လေ့ကျင့်ခန်း အလုပ်များတဲ့ အမျိုးသမီးတွေ ( အမျိုးသမီးအားကစားသမားများ ) နဲ့
    ရာသီမမှန်တဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ် ။ ။

၃ – အမျိုးသမီးကိုပဲ အပြစ်တင်လို့ မရပါဘူး။ ကလေးမရတာ အမျိုးသားကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်မရတဲ့ ဖြစ်စဉ်မှာ အမျိုးသမီးတွေမှာပဲ ချို့ယွင်းချက်ရှိတာမဟုတ်ပါဘူး။ ကလေးမရတဲ့ စုံတွဲ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်က အမျိုးသားရဲ့ ချို့ယွင်းချက်ကြောင့် ကလေးမရတာ ဖြစ်နိုင်ပြီး ၄၀ ရာခိုင်နှုန်းလောက်က နှစ်ဦးစလုံးမှာချို့ယွင်းချက်ရှိလို့ ကလေးမရနိုင်တာဖြစ်ပါတယ်။  အမျိုးသားရဲ့ သုက်ပိုးကောင် လေးတွေ ကျန်းမာမှုမရှိတာ၊ လုံလောက်တဲ့ ပမာဏ မထွက်တာ၊ ဖျတ်လတ်သန်စွမ်းမှု အပိုင်းမှာ အားနည်းနေတာတွေကလည်း ကိုယ်ဝန်မရစေတဲ့ အကြောင်းအရင်းတွေပါ။ ဒါကြောင့် ကိုယ်ဝန်မရလို့ဆ ရာဝန်ဆီ သွားစစ်တဲ့အခါမှာ အမျိုးသားရော အမျိုးသမီးရော နှစ်ဦးလုံးမှာ ချို့ယွင်းချက်ရှိမရှိ စစ်ဆေးသင့်ပါတယ်။
၄ – အသက်အရွယ်ကလည်း ကိုယ်ဝန်ရခြင်း မရခြင်း ကိစ္စမှာ စကားပြောပါတယ်။

အမျိုးသမီးက အသက် ၃၅ နှစ်ကျော်၊ အမျိုးသားက အသက် ၄၀ ကျော်ဆိုရင် ကိုယ်ဝန်ရဖို့ ပိုကြာတတ်ပါတယ်။ တစ်ချို့လူတွေထင်နေကြတာရှိပါတယ်။ ရာသီစက်ဝန်းကမှန်နေတယ်ဆိုရင် ကိုယ်ဝန်ရဖို့အတွက်က ပူစရာမလိုဘူးပေါ့။ ဒါကအသက်ငယ်တဲ့သူတွေမှာပဲ မှန်တာပါ။  အသက်ကြီးသွားတဲ့ သူတွေမှာတေ့ာ သားဥရဲ့ စွမ်းဆောင်နိုင်မှုအပေါ်ရော သားဥကြွေခြင်း အပေါ်ရော အသက်အရွယ်က သက်ရောက်မှုရှိပါတယ်။
၅ – ကိုယ်ဝန်မရနိုင်တာ အခြား ဒီအချက်တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ။

    သားဥပြွန်ပိတ်နေလို့ သားဥ မဆင်းနိုင်တာ ၊
    သားအိမ်အတွင်းနံရံထူနေတာ၊
    စိတ်ဖိစီးမှု များနေတာ၊
    ခုခံအားတုန့်ပြန်မှု ပြင်းထန်ရောဂါတွေဖြစ်တဲ့ lupus ရောဂါ၊ SLE ရောဂါရှိတဲ့ အမျိုးသမီးတွေ နဲ့
    လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကြောင့်လည်း ကလေးမရတာမျိုး ဖြစ်တတ်ပါတယ်။

တစ်ချို့စုံတွဲတွေမှာဆို ဘာချို့ယွင်းချက်မှ ရှာမရဘဲနဲ့ ကလေးမရတာမျိုးတွေလည်းရှိတတ်ပါတယ်။ ကလေးရတာ မရတာဆိုတာကလည်း ကံတရားပေါ်မှာလည်း မူတည်သေးတာကြောင့် နင့်ကြောင့် ကလေးမရတာ၊ ငါ့ကြောင့် ကလေးမရတာလို့ ငြင်းခုန်နေမယ့် ဘာကြောင့်မရတာလဲဆိုတာကို သေချာအဖြေရှာပြီးတော့  ကလေးရနိုင်မယ့် နည်းလမ်းတွေဖြစ်တဲ့ ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ရအောင် စမ်းကြည့်ပါလို့ အကြံပေးချင်ပါတယ်။  ။

Hello Health Group  သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Credit:hellosayarwon
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top