iMyanmarHouse.com - Best Property Website for Myanmar
×


လက္ထပ္ျခင္းကေယာက်ာ္းေလးတစ္ေယာက္ ဘဝမွာအေရးအႀကီးဆံုး အစိတ္ အပိုင္းေတြထဲက တစ္ခုျဖစ္ပါတယ္။အဲ့ဒီအခါမွာ ဘယ္အသက္အရြယ္က လက္ထပ္ဖို႔ အသင့္ေတာ္ဆံုးလဲဆိုတာက စဥ္းစားစရာျဖစ္လာျပန္ေရာ။

၄၀ရာခိုင္ႏႈန္းေသာ အမ်ိဳးသားေတြေစာစီးစြာလက္ထပ္ၿပီးေနာက္ လမ္းခြဲရျခင္းအေၾကာင္း ရင္းေတြမွာ ဒါက တစ္ခုေသာအေၾကာင္းရင္းျဖစ္ပါတယ္။ အခုကေတာ့ အသက္ ၃၀ဝန္းက်င္မွာ ဘာလို႔လက္ထပ္သင့္လဲဆိုတဲ့အေၾကာင္းရင္းကိုေျပာျပေပးမွာပါ။

(၁)သင္ဟာရင့္က်က္ေနပါၿပီ

အသက္ ၃၀ေရာက္တဲ့အခါ သင္ျဖတ္သန္းလာတဲ့ဘဝမွာ ဘာကိုလိုခ်င္တယ္ဆိုတာ အတိအ က်သိၿပီးျဖစ္ပါတယ္။မိန္းကေလးတစ္ေယာက္က သင့္အတြက္ လက္ထပ္ဖို႔သင့္ေတာ္ လားဆိုတာကို အခါ ၂၀ေလာက္အျပင္မွာေတြ႔ၿပီးအကဲခတ္ေနဖို႔မလိုေတာ့ပါဘူး။ အေကာင္း ဆံုးေရြးခ်ယ္ႏိုင္ဖို႔သင့္ကိုယ္သင္ ယံုၾကည္မႈရွိေနၿပီျဖစ္ပါတယ္။

(၂)ေပ်ာ္ရႊင္မႈေတြကိုတစ္ေယာက္တည္းခံစားၿပီးၿပီ

အသက္၂၀ေက်ာ္မွာသင္ဟာ အေပ်ာ္အပါးေတြနဲ႔ဘဝကိုေကာင္းစြာခံစားေပ်ာ္ရႊင္ခဲ့ၿပီးျဖစ္လို႔ အေတြ႔အၾကံဳေကာင္းမ်ားစြာရွိေနၿပီး ပိုေအးခ်မ္းသာယာတဲ့ ဘဝရဲ႕အစိတ္အပိုင္းေတြအတြက္ ျပင္ဆင္ႏုိင္ၿပီျဖစ္ပါတယ္။

(၃)ကေလးကိုပ်ိဳးေထာင္ဖို႔ေကာင္းစြာနားလည္ေနၿပီ

အေတြ႔အၾကံဳရွိတဲ့ အမ်ိဳးသားတစ္ေယာက္အေနနဲ႔ သင့္ကေလးဘဝကို ဘယ္လိုျမွင့္ တင္ေပးရမလဲဆိုတာေကာင္းစြာသိရွိေနမွာပါ။သင့္ရဲ႔စိတ္ပိုင္းဆိုင္ရာတိုးတက္ေရးပ်ိဳးေထာင္မႈနည္းလမ္းေတြက တကူးတကရွာေဖြေနစရာမလိုပဲ ကေလးအတြက္မွန္ကန္တဲ့ ပ်ိဳးေထာင္ မႈျဖစ္ေနမွာပါ။

(၄) ေငြေၾကးအတည္တက်ရွိေနၿပီ

အသက္ ၃၀အရြယ္အမ်ိဳးသားအမ်ားစုဟာ ေငြေၾကးအေျခအေနတည္ၿငိမ္ေနၿပီျဖစ္ပါတယ္။ မိသားစုဝင္ေငြအတြက္ အာရံုသိပ္စိုက္စရာမလိုေတာ့ပဲ ကိုယ္ပိုင္ဘဝအေပၚမွာပဲ အျပည့္အဝ အာရံုစိုက္ႏိုင္မွာျဖစ္ပါတယ္။

(၅) ၿပႆနာေတြေျဖရွင္းႏိုင္တယ္

အသက္၃၀အတြ႔အႀကံဳအရ လူေတြနဲ႔ဘယ္လိုဆက္ဆံရမယ္၊ျပႆနာေတြကို ဘယ္ လိုေျဖရွင္းရမယ္ဆိုတာေကာင္းစြာသိရွိၿပီးျဖစ္ပါတယ္။သင့္ကိုေအးေဆးတည္ၿငိမ္စြာနဲ႔ သင္နဲ႔သင့္ဇနီးအၾကားခ်စ္ျခင္းေမတၱာေတြ ပ်ိဳးေထာင္ဖို႔ ကူညီေပးမွာပါ။

အသက္ ၃၀ ဝန္းက်င္မွာ လက္ထပ္ျခင္းက သင့္ကို ကြာရွင္းဖို႔အခြင့္အလမ္းနည္းပါးေစၿပီး ေပ်ာ္ရႊင္တဲ့ဘဝကိုပိုင္ဆိုင္ေစမွာပါ။အသက္ ၃၀မွာလက္ထပ္ဖို႔ဆိုတာ လုပ္ကိုလုပ္သင့္တဲ့ သတ္မွတ္ခ်က္မဟုတ္ေပမယ့္ အသင့္ေတာ္ဆံုးအခ်ိန္လို႔ေတာ့ သတ္မွတ္ႏိုင္တာျဖစ္ပါတယ္။

အေတြ႕အႀကံုေတြနဲ႔ တျခားထင္ျမင္ယူဆခ်က္ေတြရွိရင္လည္း ေဆြးေႏြးႏိုင္ပါတယ္ေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လက်ထပ်ခြင်းကယောကျာ်းလေးတစ်ယောက် ဘဝမှာအရေးအကြီးဆုံး အစိတ် အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။အဲ့ဒီအခါမှာ ဘယ်အသက်အရွယ်က လက်ထပ်ဖို့ အသင့်တော်ဆုံးလဲဆိုတာက စဉ်းစားစရာဖြစ်လာပြန်ရော။

၄၀ရာခိုင်နှုန်းသော အမျိုးသားတွေစောစီးစွာလက်ထပ်ပြီးနောက် လမ်းခွဲရခြင်းအကြောင်း ရင်းတွေမှာ ဒါက တစ်ခုသောအကြောင်းရင်းဖြစ်ပါတယ်။ အခုကတော့ အသက် ၃၀ဝန်းကျင်မှာ ဘာလို့လက်ထပ်သင့်လဲဆိုတဲ့အကြောင်းရင်းကိုပြောပြပေးမှာပါ။

(၁)သင်ဟာရင့်ကျက်နေပါပြီ

အသက် ၃၀ရောက်တဲ့အခါ သင်ဖြတ်သန်းလာတဲ့ဘဝမှာ ဘာကိုလိုချင်တယ်ဆိုတာ အတိအ ကျသိပြီးဖြစ်ပါတယ်။မိန်းကလေးတစ်ယောက်က သင့်အတွက် လက်ထပ်ဖို့သင့်တော် လားဆိုတာကို အခါ ၂၀လောက်အပြင်မှာတွေ့ပြီးအကဲခတ်နေဖို့မလိုတော့ပါဘူး။ အကောင်း ဆုံးရွေးချယ်နိုင်ဖို့သင့်ကိုယ်သင် ယုံကြည်မှုရှိနေပြီဖြစ်ပါတယ်။

(၂)ပျော်ရွှင်မှုတွေကိုတစ်ယောက်တည်းခံစားပြီးပြီ

အသက်၂၀ကျော်မှာသင်ဟာ အပျော်အပါးတွေနဲ့ဘဝကိုကောင်းစွာခံစားပျော်ရွှင်ခဲ့ပြီးဖြစ်လို့ အတွေ့အကြုံကောင်းများစွာရှိနေပြီး ပိုအေးချမ်းသာယာတဲ့ ဘဝရဲ့အစိတ်အပိုင်းတွေအတွက် ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

(၃)ကလေးကိုပျိုးထောင်ဖို့ကောင်းစွာနားလည်နေပြီ

အတွေ့အကြုံရှိတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ သင့်ကလေးဘဝကို ဘယ်လိုမြှင့် တင်ပေးရမလဲဆိုတာကောင်းစွာသိရှိနေမှာပါ။သင့်ရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်ရေးပျိုးထောင်မှုနည်းလမ်းတွေက တကူးတကရှာဖွေနေစရာမလိုပဲ ကလေးအတွက်မှန်ကန်တဲ့ ပျိုးထောင် မှုဖြစ်နေမှာပါ။

(၄) ငွေကြေးအတည်တကျရှိနေပြီ

အသက် ၃၀အရွယ်အမျိုးသားအများစုဟာ ငွေကြေးအခြေအနေတည်ငြိမ်နေပြီဖြစ်ပါတယ်။ မိသားစုဝင်ငွေအတွက် အာရုံသိပ်စိုက်စရာမလိုတော့ပဲ ကိုယ်ပိုင်ဘဝအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

(၅) ပြဿနာတွေဖြေရှင်းနိုင်တယ်

အသက်၃၀အတွ့အကြုံအရ လူတွေနဲ့ဘယ်လိုဆက်ဆံရမယ်၊ပြဿနာတွေကို ဘယ် လိုဖြေရှင်းရမယ်ဆိုတာကောင်းစွာသိရှိပြီးဖြစ်ပါတယ်။သင့်ကိုအေးဆေးတည်ငြိမ်စွာနဲ့ သင်နဲ့သင့်ဇနီးအကြားချစ်ခြင်းမေတ္တာတွေ ပျိုးထောင်ဖို့ ကူညီပေးမှာပါ။

အသက် ၃၀ ဝန်းကျင်မှာ လက်ထပ်ခြင်းက သင့်ကို ကွာရှင်းဖို့အခွင့်အလမ်းနည်းပါးစေပြီး ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်စေမှာပါ။အသက် ၃၀မှာလက်ထပ်ဖို့ဆိုတာ လုပ်ကိုလုပ်သင့်တဲ့ သတ်မှတ်ချက်မဟုတ်ပေမယ့် အသင့်တော်ဆုံးအချိန်လို့တော့ သတ်မှတ်နိုင်တာဖြစ်ပါတယ်။

အတွေ့အကြုံတွေနဲ့ တခြားထင်မြင်ယူဆချက်တွေရှိရင်လည်း ဆွေးနွေးနိုင်ပါတယ်နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top