iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ျပန္ေရာက္တာနဲ႔ ပင္ပန္းလို႔ဆိုၿပီး မိတ္ကပ္ကို မဖ်က္လိုက္ဘဲ အိပ္ေပ်ာ္သြားမိတာမ်ိဳး ျဖစ္ဖူးလား။ ေနာက္ၿပီး မိတ္ကပ္ကို ေထြေထြထူးထူး လိမ္းထားတာမဟုတ္ပါဘူးေလ ဆိုၿပီး ေပါ့ေပါ့ဆဆနဲ႔ မိတ္ကပ္ကို စင္ၾကယ္ေအာင္မဖ်က္ဘဲ မ်က္ႏွာသစ္လိုက္ရံုနဲ႔ ညအိပ္ရာဝင္ခဲ့ဖူးလား။  မ်က္နာသစ္လိုက္တယ္ဆုိေပမယ့္လည္း အသားထဲစိမ့္ဝင္ေနတဲ့ မိတ္ကပ္ေတြက မိတ္ကပ္ဖ်က္ေဆး၊ တိုနာေတြနဲ႔ ဖ်က္မွလံုးဝကင္းစင္သြားတတ္တာပါ။ မ်က္ႏွာသစ္ဆပ္ျပာနဲ႔ပဲ သစ္လိုက္ရံုနဲ႔ မပ်က္ႏုိင္ပါဘူး။ ဒါ့ေၾကာင့္ ညဘက္အိပ္ရာဝင္ရင္ မိတ္ကပ္မဖ်က္ဘဲအိပ္မိတဲ့အခါ သင့္ရဲ႕ အသားအေရ ပ်က္စီးမႈဘယ္ေလာက္ မ်ားသြားလဲဆိုတာကို ဆင္ျခင္ႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေခၽြးေပါက္မ်ားပိတ္ဆို႔သြားတတ္ပါတယ္

ညဘက္အိပ္တဲ့အခါမွာ မ်က္ႏွာကအဆီျပန္တာက သဘာဝပါ။ ဒီအဆီေတြက မ်က္ႏွာေပၚမွာကပ္ၿငိေနတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားေပးတဲ့သေဘာပါပဲ။ ဒါ့ေၾကာင့္ မိတ္ကပ္မဖ်က္ဘဲ အိပ္လိုက္မယ္ဆိုရင္ ေခၽြးေပါက္ေတြပိတ္ဆို႔သြားၿပီး အညစ္အေၾကးမ်ားက မထြက္ႏိုင္ေတာ့တာေၾကာင့္ မ်က္ႏွာကၾကည္လင္ဝင္းပမႈမရွိေတာ့ဘဲ ျဖစ္သြားရပါတယ္။ ဒီလိုမျဖစ္ရေလေအာင္ ညအိပ္တဲ့အခါမွာ တိုနာရည္ကိုအသံုးျပဳၿပီး မိတ္ကပ္ဖ်က္ဖို႔ လိုပါတယ္ေနာ္။

(၂) ဝက္ျခံ၊ ဆားဝက္ၿခံမ်ားကိုဖိတ္ေခၚလိုက္သလိုပါပဲ

အေရျပားကိုျဖည့္တင္းေပးမယ့္ ေရ၊ ပရိုတိန္းဓာတ္နဲ႔ အျခားေသာအာဟာရဓာတ္ေတြ ပံုမွန္လည္ပတ္မႈ ရွိေနမွ အသားအေရလွပႏိုင္မွာပါ။ ဒီလိုအာဟာရဓာတ္ေတြ ေရဓာတ္ေတြပံုမွန္လည္ပတ္ေနမွ မ်က္ႏွာျပင္ေပၚက ဆဲလ္ေသမ်ားကိုဖယ္ရွားေပးႏိုင္မွာ ျဖစ္တာေၾကာင့္ အသားအေရကက်န္းမာေနဖုိ႔ လိုပါတယ္။ မိတ္ကပ္ကအသားအေရပ်က္စီးေစတဲ့ ဓာတုပစၥည္းမ်ား ပါဝင္တာေၾကာင့္ ေသခ်ာမဖ်က္ဘူးဆိုရင္ အသားအေရကအာဟာရလည္ပတ္မႈ မေကာင္းေတာ့ပါဘူး။ ဒီလိုနဲ႔ပဲ ဝက္ၿခံ၊ တင္းတိတ္၊ အမည္းစက္ေတြ ထြက္ေပၚလာပါေတာ့တယ္။ ဒါ့ေၾကာင့္ တစ္ေနကုန္လိမ္းထားတဲ့ မိတ္ကပ္ကို သာမာန္မ်က္ႏွာသစ္ဆပ္ျပာေလးနဲ႔ပဲ ေဆးခ်လိုက္တာမ်ိဳး မျပဳလုပ္ပါနဲ႔ေတာ့။

(၃) အေရျပားေျခာက္ေသြ႔လာမယ္

ေခၽြးေပါက္မ်ားပိတ္ဆို႔သြားၿပီး အေရျပာဆဲလ္မ်ားေကာင္းမြန္စြာ အလုပ္မလုပ္ေတာ့တာေၾကာင့္ မ်က္ႏွာက ဝင္းမြတ္ေတာက္ပမႈမရွိေတာ့ပါဘူး။ အေရျပားမြဲေျခာက္ျဖစ္လာၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် အေရျပားမ်ားတြန္႔ၿပီး အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈေတြ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ မိတ္ကပ္မဖ်က္ဘဲ အိပ္လိုက္တာက အသားအေရပ်က္စီးေစတဲ့ အမူအက်င့္တစ္ခုပါပဲေနာ္။

(၄) ဆဲလ္ေသမ်ား ပြားမ်ားလာပါေတာ့တယ္

မိတ္ကပ္မဖ်က္ဘဲ အိပ္လိုက္တဲ့အခါမွာ သင့္အလွအပကို သင္ကိုယ္တုိင္ဖ်က္စီးေနတဲ့ လုပ္ရပ္တစ္ခုပါပဲေနာ္။ ဒီမိတ္ကပ္ေတြက မ်က္ႏွာေပၚမွာ ၾကာရွည္စြာကပ္ၿငိေနတာဟာ အေရးျပားဆဲလ္မ်ားကို ေသေစႏိုင္ပါတယ္။ ဒီအေရျပားဆဲလ္ေတြက သင့္အသားအေရက်န္းမာလွပဖုိ႔ အေထာက္အကူျပဳေနတာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အေရးျပားဆဲလ္မ်ားက ေကာင္းမြန္စြာ အလုပ္မလုပ္ေတာ့ဘူးဆိုရင္ အသားအေရက မြဲေျခာက္ေျခာက္ျဖစ္ၿပီး ၾကည္လင္ဝင္းပမႈ မရွိႏိုင္ေတာ့ပါဘူး။

Credit:myanmaplatform
က်န္းမာေရး ၊ အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းလို့ဆိုပြီး မိတ်ကပ်ကို မဖျက်လိုက်ဘဲ အိပ်ပျော်သွားမိတာမျိုး ဖြစ်ဖူးလား။ နောက်ပြီး မိတ်ကပ်ကို ထွေထွေထူးထူး လိမ်းထားတာမဟုတ်ပါဘူးလေ ဆိုပြီး ပေါ့ပေါ့ဆဆနဲ့ မိတ်ကပ်ကို စင်ကြယ်အောင်မဖျက်ဘဲ မျက်နှာသစ်လိုက်ရုံနဲ့ ညအိပ်ရာဝင်ခဲ့ဖူးလား။  မျက်နာသစ်လိုက်တယ်ဆိုပေမယ့်လည်း အသားထဲစိမ့်ဝင်နေတဲ့ မိတ်ကပ်တွေက မိတ်ကပ်ဖျက်ဆေး၊ တိုနာတွေနဲ့ ဖျက်မှလုံးဝကင်းစင်သွားတတ်တာပါ။ မျက်နှာသစ်ဆပ်ပြာနဲ့ပဲ သစ်လိုက်ရုံနဲ့ မပျက်နိုင်ပါဘူး။ ဒါ့ကြောင့် ညဘက်အိပ်ရာဝင်ရင် မိတ်ကပ်မဖျက်ဘဲအိပ်မိတဲ့အခါ သင့်ရဲ့ အသားအရေ ပျက်စီးမှုဘယ်လောက် များသွားလဲဆိုတာကို ဆင်ခြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ချွေးပေါက်များပိတ်ဆို့သွားတတ်ပါတယ်

ညဘက်အိပ်တဲ့အခါမှာ မျက်နှာကအဆီပြန်တာက သဘာဝပါ။ ဒီအဆီတွေက မျက်နှာပေါ်မှာကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့သဘောပါပဲ။ ဒါ့ကြောင့် မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်မယ်ဆိုရင် ချွေးပေါက်တွေပိတ်ဆို့သွားပြီး အညစ်အကြေးများက မထွက်နိုင်တော့တာကြောင့် မျက်နှာကကြည်လင်ဝင်းပမှုမရှိတော့ဘဲ ဖြစ်သွားရပါတယ်။ ဒီလိုမဖြစ်ရလေအောင် ညအိပ်တဲ့အခါမှာ တိုနာရည်ကိုအသုံးပြုပြီး မိတ်ကပ်ဖျက်ဖို့ လိုပါတယ်နော်။

(၂) ဝက်ခြံ၊ ဆားဝက်ခြံများကိုဖိတ်ခေါ်လိုက်သလိုပါပဲ

အရေပြားကိုဖြည့်တင်းပေးမယ့် ရေ၊ ပရိုတိန်းဓာတ်နဲ့ အခြားသောအာဟာရဓာတ်တွေ ပုံမှန်လည်ပတ်မှု ရှိနေမှ အသားအရေလှပနိုင်မှာပါ။ ဒီလိုအာဟာရဓာတ်တွေ ရေဓာတ်တွေပုံမှန်လည်ပတ်နေမှ မျက်နှာပြင်ပေါ်က ဆဲလ်သေများကိုဖယ်ရှားပေးနိုင်မှာ ဖြစ်တာကြောင့် အသားအရေကကျန်းမာနေဖို့ လိုပါတယ်။ မိတ်ကပ်ကအသားအရေပျက်စီးစေတဲ့ ဓာတုပစ္စည်းများ ပါဝင်တာကြောင့် သေချာမဖျက်ဘူးဆိုရင် အသားအရေကအာဟာရလည်ပတ်မှု မကောင်းတော့ပါဘူး။ ဒီလိုနဲ့ပဲ ဝက်ခြံ၊ တင်းတိတ်၊ အမည်းစက်တွေ ထွက်ပေါ်လာပါတော့တယ်။ ဒါ့ကြောင့် တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်ကို သာမာန်မျက်နှာသစ်ဆပ်ပြာလေးနဲ့ပဲ ဆေးချလိုက်တာမျိုး မပြုလုပ်ပါနဲ့တော့။

(၃) အရေပြားခြောက်သွေ့လာမယ်

ချွေးပေါက်များပိတ်ဆို့သွားပြီး အရေပြာဆဲလ်များကောင်းမွန်စွာ အလုပ်မလုပ်တော့တာကြောင့် မျက်နှာက ဝင်းမွတ်တောက်ပမှုမရှိတော့ပါဘူး။ အရေပြားမွဲခြောက်ဖြစ်လာပြီး အချိန်ကြာလာတာနဲ့အမျှ အရေပြားများတွန့်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေ ဖြစ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်တာက အသားအရေပျက်စီးစေတဲ့ အမူအကျင့်တစ်ခုပါပဲနော်။

(၄) ဆဲလ်သေများ ပွားများလာပါတော့တယ်

မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်တဲ့အခါမှာ သင့်အလှအပကို သင်ကိုယ်တိုင်ဖျက်စီးနေတဲ့ လုပ်ရပ်တစ်ခုပါပဲနော်။ ဒီမိတ်ကပ်တွေက မျက်နှာပေါ်မှာ ကြာရှည်စွာကပ်ငြိနေတာဟာ အရေးပြားဆဲလ်များကို သေစေနိုင်ပါတယ်။ ဒီအရေပြားဆဲလ်တွေက သင့်အသားအရေကျန်းမာလှပဖို့ အထောက်အကူပြုနေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးပြားဆဲလ်များက ကောင်းမွန်စွာ အလုပ်မလုပ်တော့ဘူးဆိုရင် အသားအရေက မွဲခြောက်ခြောက်ဖြစ်ပြီး ကြည်လင်ဝင်းပမှု မရှိနိုင်တော့ပါဘူး။

Credit:myanmaplatform
ကျန်းမာရေး ၊ အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top