iMyanmarHouse.com - Best Property Website for Myanmar
×


မေစ့စပ္ခင္ ေယာကၡမေလာင္းေရွ႕မွာ အမွတ္ေကာင္းေကာင္း လိုခ်င္တဲ့ စံုတြဲေလး တိုင္း Marry က ေျပာျပထားတဲ့အခ်က္ေတြ ျပင္ဆင္သြားသင့္ပါတယ္ေနာ္။

စံုတြဲေလးတို႔ေရ မေစ့စပ္ခင္မွာ အရင္ဆံုးေတာ့ သူ႔မိဘေတြကို သြားေတြ႔ရမယ္မ လားေနာ္။ ႏွစ္ဖက္မိဘ ေတြ႔ဆံုတာမ်ိဳး မလုပ္ခင္ ကိုယ္နဲ႔ ေယာကၡမေလာင္းက အရင္ဆံုး ေတြ႔ဆံုရမွာဆိုေတာ့ ႀကိဳတင္ျပင္ဆင္သြားဖု႔ိ လိုပါတယ္။ ႀကိဳတင္ျပင္ ဆင္သြားမွလည္း ေယာကၡမဆီကေန အမွတ္မ်ားမ်ား ရမွာမလား။ ဘာေတြ ျပင္ဆင္သြားရမလဲ ဖတ္ၾကည့္ရေအာင္။

အဝတ္အစား

ေခတ္မီ၊ ေခတ္ဆန္တဲ့အဝတ္အစား၊ ခပ္မိုက္မိုက္ အဝတ္အစားေတြထက္ ေသ သပ္ၿပီး သပ္ရပ္တဲ့အဝတ္အစားေလးေတြ ေရြးဝတ္ပါ။ အေရာင္အရမ္းေတာက္ တာထက္ ပံုမွန္အေရာင္မ်ိဳးေလးကိုပဲ ေရြးခ်ယ္ပါ။ ဒါက လူႀကီးေတြ ၾကည့္ရတာ အဆင္ေျပေစမွာမို႔ အမွတ္ေကာင္းေကာင္းရမွာပါ။

ယံုၾကည္မႈ

ေကာင္ေလးပဲ ျဖစ္ျဖစ္ ေကာင္မေလးပဲ ျဖစ္ျဖစ္ ေယာကၡမေလာင္းရဲ႕ ယံုၾကည္မႈ ရရွိဖုိ႔ လိုပါတယ္။ ကိုယ့္ရဲ႕ ပံုစံကို အထင္ႀကီးၿပီး အဆင့္အတန္းရွိတဲ့သူတစ္ ေယာက္အျဖစ္ ယံုၾကည္ဖို႔ လိုပါတယ္။ ေနာက္ၿပီးေတာ့ သား/သမီး ရဲ႕ အားကိုး ရတဲ့ လက္တြဲေဖာ္ျဖစ္ၾကာင္း ယံုၾကည္မႈ ရွိဖို႔ လိုပါတယ္ေနာ္။ ဒီလိုမ်ိဳး ျဖစ္ေအာင္ ႀကိဳးစားရပါမယ္။

အေသးစိပ္ ဂရုစိုက္ပါ

ေယာကၡမေလာင္းနဲ႔ သြားေတြ႔ေတာ့မယ္ဆိုရင္ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို အေသးစိပ္ ဂရုစိုက္ဖို႔ လိုပါတယ္။ ေျခသည္း၊ လက္သည္း၊ သြားစတဲ့ ေနရာေတြ သန္႔ရွင္းေနဖုိ႔ ဂရုျပဳပါ။

ဆံပင္ပံုစံ

လူတစ္ေယာက္မွာ ဆံပင္က ဒုတိယ မ်က္ႏွာပဲေလေနာ္။ ဒီေတာ့ ဆံပင္ပံုစံကို လည္း အဓိက ထားၿပီး ျပင္ဆင္ရပါမယ္။ ဆံပင္ပံုစံကို ေသသပ္ၿပီး လူႀကီးလူ ေကာင္းပံုစံေလး ပံုသြင္းသြားဖို႔ လိုပါတယ္။ ေသေသသပ္သပ္နဲ႔ ေယာကၡမေလာင္း သေဘာက်ေအာင္ ျပင္ဆင္သြားရပါမယ္ေနာ္။

အေလးအနက္ ထားေၾကာင္း ေျပာပါ

ကိုယ့္ခ်စ္သူနဲ႔ မိသားစုဝင္ေတြကိုလည္း အေလးအနက္ထားေၾကာင္း ေျပာဖို႔ လိုပါ တယ္။ ဒါမွလည္း ကိုယ့္ကို ပိုခ်စ္လာႏိုင္မယ္မလားေနာ္။ ေလးေလးနက္နက္ ခ်စ္ေၾကာင္းနဲ႔ ေယာကၡမကိုလည္း မိဘေတြလိုမ်ိဳး အေလးအနက္ထားၿပီး ဆက္ ဆံေၾကာင္း ျပဳမူ ေျပာဆိုပါ။

အလိုက္သိပါ

အလိုက္သိတဲ့သူကို ပိုခ်စ္ၾကတယ္ေလေနာ္။ ေယာကၡမနဲ႔ ေတြ႔တဲ့အခါ အလုိက္တ သိေလး ဆက္ဆံေျပာဆိုပါ။ သူတို႔ မႀကိဳက္ေလာက္တဲ့ အျပဳအမူ၊ အေျပာအ ဆိုေတြ မလုပ္မိဖို႔ အရမ္းအေရးႀကီးပါတယ္။

ေယာကၡမေလာင္းေရွ႕မွာ အမွတ္ေကာင္းေကာင္း လိုခ်င္တဲ့ စံုတြဲေလးတိုင္း Marry က ေျပာျပထားတဲ့အခ်က္ေတြ ျပင္ဆင္သြားသင့္ပါတယ္ေနာ္။

Credit:marry

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မစေ့စပ်ခင် ယောက္ခမလောင်းရှေ့မှာ အမှတ်ကောင်းကောင်း လိုချင်တဲ့ စုံတွဲလေး တိုင်း Marry က ပြောပြထားတဲ့အချက်တွေ ပြင်ဆင်သွားသင့်ပါတယ်နော်။

စုံတွဲလေးတို့ရေ မစေ့စပ်ခင်မှာ အရင်ဆုံးတော့ သူ့မိဘတွေကို သွားတွေ့ရမယ်မ လားနော်။ နှစ်ဖက်မိဘ တွေ့ဆုံတာမျိုး မလုပ်ခင် ကိုယ်နဲ့ ယောက္ခမလောင်းက အရင်ဆုံး တွေ့ဆုံရမှာဆိုတော့ ကြိုတင်ပြင်ဆင်သွားဖု့ိ လိုပါတယ်။ ကြိုတင်ပြင် ဆင်သွားမှလည်း ယောက္ခမဆီကနေ အမှတ်များများ ရမှာမလား။ ဘာတွေ ပြင်ဆင်သွားရမလဲ ဖတ်ကြည့်ရအောင်။

အဝတ်အစား

ခေတ်မီ၊ ခေတ်ဆန်တဲ့အဝတ်အစား၊ ခပ်မိုက်မိုက် အဝတ်အစားတွေထက် သေ သပ်ပြီး သပ်ရပ်တဲ့အဝတ်အစားလေးတွေ ရွေးဝတ်ပါ။ အရောင်အရမ်းတောက် တာထက် ပုံမှန်အရောင်မျိုးလေးကိုပဲ ရွေးချယ်ပါ။ ဒါက လူကြီးတွေ ကြည့်ရတာ အဆင်ပြေစေမှာမို့ အမှတ်ကောင်းကောင်းရမှာပါ။

ယုံကြည်မှု

ကောင်လေးပဲ ဖြစ်ဖြစ် ကောင်မလေးပဲ ဖြစ်ဖြစ် ယောက္ခမလောင်းရဲ့ ယုံကြည်မှု ရရှိဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ပုံစံကို အထင်ကြီးပြီး အဆင့်အတန်းရှိတဲ့သူတစ် ယောက်အဖြစ် ယုံကြည်ဖို့ လိုပါတယ်။ နောက်ပြီးတော့ သား/သမီး ရဲ့ အားကိုး ရတဲ့ လက်တွဲဖော်ဖြစ်ကြာင်း ယုံကြည်မှု ရှိဖို့ လိုပါတယ်နော်။ ဒီလိုမျိုး ဖြစ်အောင် ကြိုးစားရပါမယ်။

အသေးစိပ် ဂရုစိုက်ပါ

ယောက္ခမလောင်းနဲ့ သွားတွေ့တော့မယ်ဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အသေးစိပ် ဂရုစိုက်ဖို့ လိုပါတယ်။ ခြေသည်း၊ လက်သည်း၊ သွားစတဲ့ နေရာတွေ သန့်ရှင်းနေဖို့ ဂရုပြုပါ။

ဆံပင်ပုံစံ

လူတစ်ယောက်မှာ ဆံပင်က ဒုတိယ မျက်နှာပဲလေနော်။ ဒီတော့ ဆံပင်ပုံစံကို လည်း အဓိက ထားပြီး ပြင်ဆင်ရပါမယ်။ ဆံပင်ပုံစံကို သေသပ်ပြီး လူကြီးလူ ကောင်းပုံစံလေး ပုံသွင်းသွားဖို့ လိုပါတယ်။ သေသေသပ်သပ်နဲ့ ယောက္ခမလောင်း သဘောကျအောင် ပြင်ဆင်သွားရပါမယ်နော်။

အလေးအနက် ထားကြောင်း ပြောပါ

ကိုယ့်ချစ်သူနဲ့ မိသားစုဝင်တွေကိုလည်း အလေးအနက်ထားကြောင်း ပြောဖို့ လိုပါ တယ်။ ဒါမှလည်း ကိုယ့်ကို ပိုချစ်လာနိုင်မယ်မလားနော်။ လေးလေးနက်နက် ချစ်ကြောင်းနဲ့ ယောက္ခမကိုလည်း မိဘတွေလိုမျိုး အလေးအနက်ထားပြီး ဆက် ဆံကြောင်း ပြုမူ ပြောဆိုပါ။

အလိုက်သိပါ

အလိုက်သိတဲ့သူကို ပိုချစ်ကြတယ်လေနော်။ ယောက္ခမနဲ့ တွေ့တဲ့အခါ အလိုက်တ သိလေး ဆက်ဆံပြောဆိုပါ။ သူတို့ မကြိုက်လောက်တဲ့ အပြုအမူ၊ အပြောအ ဆိုတွေ မလုပ်မိဖို့ အရမ်းအရေးကြီးပါတယ်။

ယောက္ခမလောင်းရှေ့မှာ အမှတ်ကောင်းကောင်း လိုချင်တဲ့ စုံတွဲလေးတိုင်း Marry က ပြောပြထားတဲ့အချက်တွေ ပြင်ဆင်သွားသင့်ပါတယ်နော်။

Credit:marry

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top