iMyanmarHouse.com - Best Property Website for Myanmar
×


အိမ္ေထာင္တစ္ခု တည္ေဆာက္မယ္လို႔ ေတြးထားတဲ့ စံုတြဲေလးတို႔ေရ ေရရွည္ တည္ျမဲတဲ့ ခရီးလမ္းတစ္ခု ျဖစ္ဖုိ႔အတြက္ အေရးႀကီးတဲ့ အခ်က္ေလးေတြကို သိဖို႔လိုပါတယ္။

အိမ္ေထာင္တစ္ခု တည္ေဆာက္ဖို႔အတြက္ လုိအပ္တဲ့ အခ်က္ေတြကေတာ့ မ်ားပါ တယ္။ စံုတြဲေလးတို႔ ႏွစ္ေယာက္စလံုး လိုက္နာႏိုင္ရင္ေတာ့ တည္ျမဲတဲ့ အိမ္ ေထာင္ေရး ျဖစ္မွာ ေသခ်ာပါတယ္။ ဒီလိုဆိုရင္ စံုတြဲေလးတို႔ ေပ်ာ္ရႊင္စရာေကာင္း ၿပီး ခိုင္ျမဲတဲ့သံေယာဇဥ္ေတြရွိဖုိ႔ အေရးႀကီးတဲ့ အခ်က္ေလးေတြ ေျပာျပမယ္ေနာ္။

ခ်စ္ဖို႔

တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ဖုိ႔ လိုပါတယ္။ ခ်စ္ရင္ အျပစ္မျမင္ဘူးမလားေနာ္။ ခ်စ္ေနရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုၿပီးခြင့္လႊတ္ႏိုင္ၾကတယ္ေလ။ အိမ္ေထာင္ ေရးမွာ အဆင္မေျပတာေတြ အနာအဆာေတြ ရွိလာခဲ့ရင္ အခ်စ္ကို အေျခခံၿပီး နားလည္ခြင့္လႊတ္ေပးႏိုင္မွာမို႔ ခ်စ္ဖို႔က အေရးႀကီးတဲ့အခ်က္တစ္ခ်က္ပါပဲ။

နားလည္မႈ

အိမ္ေထာင္တစ္ခု တည္ေဆာက္ဖို႔ဆိုရင္ နားလည္မႈက အရမ္းကို အေရးပါပါ တယ္။ အိမ္ေထာင္သည္ဘဝဟာ ခ်စ္သူဘဝထက္ ပိုၿပီး ေလးနက္သလို ႀကံဳရမယ့္ ကိစၥေတြလည္း မ်ားပါတယ္။ ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈ အျပည့္အဝ ထားေပးဖို႔ လုိပါတယ္။ နားလည္မႈေတြနဲ႔ တည္ေဆာက္ၿပီး ႏွစ္ေပါင္း မ်ားစြာ ေက်ာ္ျဖတ္ရမွာပါ။

ေငြေၾကး

အိမ္ေထာင္တစ္ခု တည္ေဆာက္ေတာ့မယ္ဆိုရင္ ေငြေၾကးကလည္း အေရးႀကီးတဲ့ အခ်က္တစ္ခ်က္အျဖစ္ ပါဝင္ပါတယ္။ လင္မယားႏွစ္ေယာက္စလံုးရဲ႕ ဝင္ေငြ ထြက္ ေငြ စနစ္တက် ရွိမွ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရး တစ္ခု ျဖစ္လာမွာေလေနာ္။ ေန႔စဥ္ဘဝရပ္တည္ဖို႔အတြက္ ေငြေၾကး မျဖစ္မေန လိုအပ္တာမို႔ ႀကိဳတင္စုေဆာင္း ျပင္ဆင္တာေတြ ရွိထားရပါမယ္။

မိသားစု Plan

အိမ္ေထာင္တစ္ခု တည္ေဆာက္ၿပီး တည္ျမဲဖို႔ဆိုရင္ မိသားစုနဲ႔ ပတ္သက္တဲ႔ Plan ေကာင္းေကာင္းေတြ ရွိဖို႔ လိုပါတယ္။ အိမ္ေထာင္ေရးမွာ ကေလး ဘယ္အခ်ိန္ ယူမယ္ကစလုိ႔ ဘယ္ႏွစ္ေယာက္ ယူမယ္ဆုိတာမ်ိဳးအထိ အစီအစဥ္ေကာင္းေတြ ျပင္ဆင္ထားဖို႔ အရမ္း အေရးႀကီးပါတယ္။ ဒါမွသာ ေရရွည္တည္ျမဲေကာင္းမြန္တဲ့ အိမ္ေထာင္တစ္ခု ရွိပါတယ္။

မာနေတြ

အိမ္ေထာင္တစ္ခုမွာ မာနေတြ ထားမယ္ဆိုရင္ ႏွလံုးသားေတြ ေဝးေနမွာ ေသခ်ာ ပါတယ္။  တခ်ိဳ႔စံုတြဲေလးေတြဆိုရင္ မာနေတြ ထားရင္း ေဝးကြာသြားတာမ်ိဳး ျဖစ္ၾက တာပါ။ ဒါေၾကာင့္ အိမ္ေထာင္တစ္ခု တည္ေဆာက္ဖုိ႔အတြက္ မာနေတြ အတၱေတြ ကင္းဖို႔ အရမ္းအေရးႀကီးပါတယ္။



ေလးစားဖို႔

အိမ္ေထာင္ေရး တစ္ခု တည္ေဆာက္ဖုိ႔ဆိုတာ တစ္ေယာက္ကို တစ္ေယာက္ ေလး စားရမယ့္ အခ်က္ေတြ ရွိဖို႔ လိုပါတယ္။ ဒါကလည္း စံုတြဲေလးေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီႏိုင္ပါဘူး။ ကိုယ္ေလးစားရမယ့္ အခ်က္ရွိတဲ့သူကိုပဲ ေတာ္ ေတာ္မ်ားမ်ားက လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ၾကတာပဲေလေနာ္။ ဒီေတာ့ ေလးစား မႈထားပါ။

အိမ္ေထာင္တစ္ခု တည္ေဆာက္မယ္လို႔ ေတြးထားတဲ့ စံုတြဲေလးတို႔ေရ ေရရွည္ တည္ျမဲတဲ့ ခရီးလမ္းတစ္ခု ျဖစ္ဖုိ႔အတြက္ အေရးႀကီးတဲ့ အခ်က္ေလးေတြကို သိရၿပီဆိုေတာ့ ျပင္ဆင္ထားရင္ အဆင္ေျပမွာပါ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အိမ်ထောင်တစ်ခု တည်ဆောက်မယ်လို့ တွေးထားတဲ့ စုံတွဲလေးတို့ရေ ရေရှည် တည်မြဲတဲ့ ခရီးလမ်းတစ်ခု ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်လေးတွေကို သိဖို့လိုပါတယ်။

အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အချက်တွေကတော့ များပါ တယ်။ စုံတွဲလေးတို့ နှစ်ယောက်စလုံး လိုက်နာနိုင်ရင်တော့ တည်မြဲတဲ့ အိမ် ထောင်ရေး ဖြစ်မှာ သေချာပါတယ်။ ဒီလိုဆိုရင် စုံတွဲလေးတို့ ပျော်ရွှင်စရာကောင်း ပြီး ခိုင်မြဲတဲ့သံယောဇဉ်တွေရှိဖို့ အရေးကြီးတဲ့ အချက်လေးတွေ ပြောပြမယ်နော်။

ချစ်ဖို့

တစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုပါတယ်။ ချစ်ရင် အပြစ်မမြင်ဘူးမလားနော်။ ချစ်နေရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးခွင့်လွှတ်နိုင်ကြတယ်လေ။ အိမ်ထောင် ရေးမှာ အဆင်မပြေတာတွေ အနာအဆာတွေ ရှိလာခဲ့ရင် အချစ်ကို အခြေခံပြီး နားလည်ခွင့်လွှတ်ပေးနိုင်မှာမို့ ချစ်ဖို့က အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။

နားလည်မှု

အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ဆိုရင် နားလည်မှုက အရမ်းကို အရေးပါပါ တယ်။ အိမ်ထောင်သည်ဘဝဟာ ချစ်သူဘဝထက် ပိုပြီး လေးနက်သလို ကြုံရမယ့် ကိစ္စတွေလည်း များပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အပြည့်အဝ ထားပေးဖို့ လိုပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ပြီး နှစ်ပေါင်း များစွာ ကျော်ဖြတ်ရမှာပါ။

ငွေကြေး

အိမ်ထောင်တစ်ခု တည်ဆောက်တော့မယ်ဆိုရင် ငွေကြေးကလည်း အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ် ပါဝင်ပါတယ်။ လင်မယားနှစ်ယောက်စလုံးရဲ့ ဝင်ငွေ ထွက် ငွေ စနစ်တကျ ရှိမှ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်လာမှာလေနော်။ နေ့စဉ်ဘဝရပ်တည်ဖို့အတွက် ငွေကြေး မဖြစ်မနေ လိုအပ်တာမို့ ကြိုတင်စုဆောင်း ပြင်ဆင်တာတွေ ရှိထားရပါမယ်။

မိသားစု Plan

အိမ်ထောင်တစ်ခု တည်ဆောက်ပြီး တည်မြဲဖို့ဆိုရင် မိသားစုနဲ့ ပတ်သက်တဲ့ Plan ကောင်းကောင်းတွေ ရှိဖို့ လိုပါတယ်။ အိမ်ထောင်ရေးမှာ ကလေး ဘယ်အချိန် ယူမယ်ကစလို့ ဘယ်နှစ်ယောက် ယူမယ်ဆိုတာမျိုးအထိ အစီအစဉ်ကောင်းတွေ ပြင်ဆင်ထားဖို့ အရမ်း အရေးကြီးပါတယ်။ ဒါမှသာ ရေရှည်တည်မြဲကောင်းမွန်တဲ့ အိမ်ထောင်တစ်ခု ရှိပါတယ်။

မာနတွေ

အိမ်ထောင်တစ်ခုမှာ မာနတွေ ထားမယ်ဆိုရင် နှလုံးသားတွေ ဝေးနေမှာ သေချာ ပါတယ်။  တချို့စုံတွဲလေးတွေဆိုရင် မာနတွေ ထားရင်း ဝေးကွာသွားတာမျိုး ဖြစ်ကြ တာပါ။ ဒါကြောင့် အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် မာနတွေ အတ္တတွေ ကင်းဖို့ အရမ်းအရေးကြီးပါတယ်။

လေးစားဖို့

အိမ်ထောင်ရေး တစ်ခု တည်ဆောက်ဖို့ဆိုတာ တစ်ယောက်ကို တစ်ယောက် လေး စားရမယ့် အချက်တွေ ရှိဖို့ လိုပါတယ်။ ဒါကလည်း စုံတွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။ ကိုယ်လေးစားရမယ့် အချက်ရှိတဲ့သူကိုပဲ တော် တော်များများက လက်တွဲဖော်အဖြစ် ရွေးချယ်ကြတာပဲလေနော်။ ဒီတော့ လေးစား မှုထားပါ။

အိမ်ထောင်တစ်ခု တည်ဆောက်မယ်လို့ တွေးထားတဲ့ စုံတွဲလေးတို့ရေ ရေရှည် တည်မြဲတဲ့ ခရီးလမ်းတစ်ခု ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်လေးတွေကို သိရပြီဆိုတော့ ပြင်ဆင်ထားရင် အဆင်ပြေမှာပါ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top