iMyanmarHouse.com - Best Property Website for Myanmar
×



White


Red


Yellow


Blue


Green




Credit:marry

ချစ်ရေးချစ်ရာ


# Unicode Version # ဖြင့် ဖတ်ပါ #


ဒီခေတ်မှာ Wedding Dress ကို အရောင်မျိုးစုံနဲ့ လှသထက်လှအောင် ဝတ်ဆင်နေကြပါတယ်။ ဒီဝတ်စုံလေးတွေရဲ့အရောင်က ဘာအဓိပ္ပါယ်တွေကိုဖော်ပြနေလဲ ကျွန်တော်တို့ကြည့်လိုက်ရအောင်!

White

အဖြူရောင်ဝတ်စုံဟာ ကျန်တဲ့အရောင်တွေထဲမှာအသုံးများဆုံးပါ။ ခမ်းနားကြီးကျယ်ခြင်း ၊ ဂုဏ်ကျက်သရေရှိခြင်း ၊ ပြီးပြည့်စုံခြင်း ၊ ငြိမ်းချမ်းခြင်းနဲ့ တည်ငြိမ်ခြင်းတို့ကိုဖော်ပြနေပါတယ်။

Red

အနီရောင်ကတော့ ပြင်းပြတဲ့ချစ်စိတ် ၊ စိတ်လှုပ်ရှားဖွယ် နဲ့ စွမ်းအားတွေကို ကိုယ်စားပြုပါတယ်။ အနီရောင်မင်္ဂလာဆောင်ဝတ်စုံဟာ မင်္ဂလာဆောင်မှာ တက်ကြွတဲ့အရိပ်အယောင်ကိုလဲပြပါတယ်။

Yellow

စိတ်ကြည်နူးဖွယ် ၊ ကြိုဆိုခြင်း ၊ တောက်ပခြင်းတို့နဲ့အတူ သတို့သမီးကို မင်္ဂဆောင်မှာ ထင်ပေါ်စေမှာပဲဖြစ်ပါတယ်။

Blue

အပြာရောင်ကတော့ ရှေးကျပြီးသန့်စင်တဲ့အရောင်ပါပဲ။ တည်ငြိမ်ခြင်း ၊ ကြော့ရှင်းခြင်း ၊ ရည်မွန်ခြင်းတို့ကိုကိုယ်စားပြုပါတယ်။

Green

အစိမ်းရောင် ကတော့ သဘာဝဆန်ပြီး နူးညံ့သိမ်မွေ့ပါတယ်။ သင့်ခြေလှမ်းတိုင်းကိုလဲ သိမ်မွေ့စေမှာဖြစ်ပြီး ချစ်ဖို့ကောင်းစေမှာပါ။

ဒါတွေကတော့ Wedding Dress အရောင်လေးများရဲ့အဓိပ္ပါယ်များပဲဖြစ်ပါတယ်။

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top