iMyanmarHouse.com - Best Property Website for Myanmar
×

မွဲ့နဲ့ပတ္သက္ျပီးသီအိုရီေတြေျမာက္မ်ားစြာရွိပါတယ္။မွဲ့ဟာကံဆိုးျခင္းေတြကိုပဲယူေဆာင္လာေပးတယ္လို့ အယူရွိၾကသလို ကံေကာင္းျခင္းေတြကို သယ္ေဆာင္လာေပးတယ္လို့လည္း အယူရွိၾကပါတယ္။ဒါေပမယ့္ မွဲ့တစ္ခုခ်င္းစီရဲ့ေနာက္မွာ က်ြန္မတို့ဘဝနဲ့ပတ္သက္ျပီး ပုန္းကြယ္ေနတဲ့အေၾကာင္းအရာတစ္ခုစီရွိရမယ္လို့ လက္ခံထားၾကဆဲပါ။ဒီတစ္ခါမွာေတာ့ ေရွးေလ့လာေဖာ္ထုတ္ခ်က္မ်ားအရ ေအာက္ပါဧရိယာတစ္ဝိုက္မွာရွိတဲ့မွဲ့ေတြနဲ့ပတ္သက္ျပီး ခ်မ္းသာၾကြယ္ဝမွဳလကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ။

1.နွဳတ္ခမ္းအေပၚမွာမွဲ့ပါတဲ့သူေတြဟာ အထူးကံေကာင္းၾကသူေတြပါ။အရြယ္မတိုင္ခင္ကတည္းက ေငြေၾကး၊ေအာင္ျမင္မွဳေတြနဲ့ ထိေတြ့ေနရပါျပီ။သူတို့ဟာ သဘာဝအားျဖင့္ တဇြတ္ထိုးဆန္တတ္ေပမယ့္ အဲဒီအက်င့္ေလးကပဲ ေအာင္ျမင္မွဳလမ္းေၾကာင္းကို အျမန္ဆံုးတြန္းတင္ေပးလိုက္သေယာင္ပါ။

2.နွာေခါင္းေပၚ(သို့)နွာေခါင္းေဘးဘက္မွာ မွဲ့ပါတဲ့သူေတြကေတာ့ ခ်မ္းသာၾကြယ္ဝဖို့က်ိန္းေသပါတယ္။ဒါေပမယ့္ ဒီလိုမွဲ့ပိုင္ရွင္ေတြရဲ့ ေအာင္ျမင္မွဳနဲ့ဓနကေတာ့ အသက္30(သို့)လက္ထပ္ျပီးေနာက္မွ အခ်ိန္တန္မွာပါ။ညာဘက္ပါးမွာမွဲ့ပါတဲ့သူေတြအတြက္လည္း ထိုနည္းအတိုင္းပါပဲ။လက္ထပ္ျပီးေနာက္မွ အေျခအေနထူးျခားလာမွာပါ။

3.Third eye areaလို့ေခၚတဲ့ မ်က္လံုးနွစ္လံုး မ်က္ခံုးနွစ္ဖက္ၾကားမွာ မွဲ့ပါတဲ့သူေတြကေတာ့ ခ်မ္းသာၾကြယ္ဝမွဳေတြ ဝိုင္းဝန္းေနတဲ့ အခြင့္ထူးခံလူတန္းစားေတြျဖစ္ပါတယ္။အျမဲလိုလို သူတို့ရဲ့ဘဝမွာ ေငြေၾကးေတြက လံုေလာက္တာထက္ပို လ်ွံျပီးရင္းလ်ွံပါပဲ။

4.ေျခဖဝါးမွာမွဲ့ပါတဲ့သူေတြကေတာ့ ခရီးမ်ားမ်ားထြက္ရတဲ့သူေတြျဖစ္ဖို့ က်ိန္းေသပါတယ္။ျပည္တြင္းျဖစ္ျဖစ္၊ျပည္ပပဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ ခရီးသြားျခင္းဟာ ဘဝရဲ့အဓိကအစိတ္အပိုင္းတစ္ခု ျဖစ္လာမွာပါ။ဒါေပမယ့္ ခရီးဘေလာက္သြားသြား နိုင္ငံျခားမွာအေျခခ်ဖို့ေတာ့ အလားအလာမရွိပါဘူး။

5.ညာဘက္လက္ဖဝါးမွာ မွဲ့ပါတဲ့သူေတြကေတာ့ ခ်မ္းသာၾကြယ္ဝေအာင္ျမင္မွဳေတြရရွိဖို့ေမြးဖြားလာတဲ့ အခြင့္ထူးခံလူတန္းစားေတြျဖစ္ပါတယ္။ဒါေပမယ့္ မွဲ့တည္ေနရာေပၚမူတည္ျပီး ပိုင္ဆိုင္ဖို့အခ်ိန္ေတြကကဲြျပားသြားပါတယ္။တကယ္လို့ မွဲ့ကအေပၚျခမ္းမွာရွိေနရင္ေတာ့ ငယ္ရြယ္ခ်ိန္ကတည္းက ေအာင္ျမင္နိုင္ျပီး ေအာက္ဘက္ျခမ္းမွာရွိေနရင္ေတာ့ ေအာင္ျမင္ခ်မ္းသာတဲ့ဘဝပိုင္ဆိုင္ရဖို့ အခ်ိန္အနည္းငယ္ယူရမွာပါ။

6.ရင္ဘတ္ညာဘက္ျခမ္းမွာ မွဲ့ပါတဲ့သူေတြကေတာ့ ခ်မ္းသာၾကြယ္ဝမွဳေတြနဲ့ဘဝကိုေပ်ာ္ရြွင္စြာျဖတ္သန္းနိုင္မွာပါ။

7.ေမးေစ့မွာမွဲ့ပါတဲ့သူေတြကေတာ့ ခ်မ္းသာၾကြယ္ဝမွဳနဲ့ပတ္သက္ျပီး ကံေကာင္းတတ္ၾကပါတယ္။သူတို့ဟာ လူအမ်ားနဲ့နွီးေနွာဆက္ဆံရတာထက္ တစ္ေယာက္တည္းပဲ ျဖတ္သန္းလိုၾကပါတယ္။
Credit:Nanmalgyi
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 မှဲ့နဲ့ပတ်သက်ပြီးသီအိုရီတွေမြောက်များစွာရှိပါတယ်။မှဲ့ဟာကံဆိုးခြင်းတွေကိုပဲယူဆောင်လာပေးတယ်လို့ အယူရှိကြသလို ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်လို့လည်း အယူရှိကြပါတယ်။ဒါပေမယ့် မှဲ့တစ်ခုချင်းစီရဲ့နောက်မှာ ကျွန်မတို့ဘဝနဲ့ပတ်သက်ပြီး ပုန်းကွယ်နေတဲ့အကြောင်းအရာတစ်ခုစီရှိရမယ်လို့ လက်ခံထားကြဆဲပါ။ဒီတစ်ခါမှာတော့ ရှေးလေ့လာဖော်ထုတ်ချက်များအရ အောက်ပါဧရိယာတစ်ဝိုက်မှာရှိတဲ့မှဲ့တွေနဲ့ပတ်သက်ပြီး ချမ်းသာကြွယ်ဝမှုလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ။

1.နှုတ်ခမ်းအပေါ်မှာမှဲ့ပါတဲ့သူတွေဟာ အထူးကံကောင်းကြသူတွေပါ။အရွယ်မတိုင်ခင်ကတည်းက ငွေကြေး၊အောင်မြင်မှုတွေနဲ့ ထိတွေ့နေရပါပြီ။သူတို့ဟာ သဘာဝအားဖြင့် တဇွတ်ထိုးဆန်တတ်ပေမယ့် အဲဒီအကျင့်လေးကပဲ အောင်မြင်မှုလမ်းကြောင်းကို အမြန်ဆုံးတွန်းတင်ပေးလိုက်သယောင်ပါ။

2.နှာခေါင်းပေါ်(သို့)နှာခေါင်းဘေးဘက်မှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝဖို့ကျိန်းသေပါတယ်။ဒါပေမယ့် ဒီလိုမှဲ့ပိုင်ရှင်တွေရဲ့ အောင်မြင်မှုနဲ့ဓနကတော့ အသက်30(သို့)လက်ထပ်ပြီးနောက်မှ အချိန်တန်မှာပါ။ညာဘက်ပါးမှာမှဲ့ပါတဲ့သူတွေအတွက်လည်း ထိုနည်းအတိုင်းပါပဲ။လက်ထပ်ပြီးနောက်မှ အခြေအနေထူးခြားလာမှာပါ။

3.Third eye areaလို့ခေါ်တဲ့ မျက်လုံးနှစ်လုံး မျက်ခုံးနှစ်ဖက်ကြားမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေ ဝိုင်းဝန်းနေတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။အမြဲလိုလို သူတို့ရဲ့ဘဝမှာ ငွေကြေးတွေက လုံလောက်တာထက်ပို လျှံပြီးရင်းလျှံပါပဲ။

4.ခြေဖဝါးမှာမှဲ့ပါတဲ့သူတွေကတော့ ခရီးများများထွက်ရတဲ့သူတွေဖြစ်ဖို့ ကျိန်းသေပါတယ်။ပြည်တွင်းဖြစ်ဖြစ်၊ပြည်ပပဲဖြစ်ဖြစ် သေချာတာကတော့ ခရီးသွားခြင်းဟာ ဘဝရဲ့အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ဒါပေမယ့် ခရီးဘလောက်သွားသွား နိုင်ငံခြားမှာအခြေချဖို့တော့ အလားအလာမရှိပါဘူး။

5.ညာဘက်လက်ဖဝါးမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝအောင်မြင်မှုတွေရရှိဖို့မွေးဖွားလာတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။ဒါပေမယ့် မှဲ့တည်နေရာပေါ်မူတည်ပြီး ပိုင်ဆိုင်ဖို့အချိန်တွေကကွဲပြားသွားပါတယ်။တကယ်လို့ မှဲ့ကအပေါ်ခြမ်းမှာရှိနေရင်တော့ ငယ်ရွယ်ချိန်ကတည်းက အောင်မြင်နိုင်ပြီး အောက်ဘက်ခြမ်းမှာရှိနေရင်တော့ အောင်မြင်ချမ်းသာတဲ့ဘဝပိုင်ဆိုင်ရဖို့ အချိန်အနည်းငယ်ယူရမှာပါ။

6.ရင်ဘတ်ညာဘက်ခြမ်းမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေနဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။

7.မေးစေ့မှာမှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီး ကံကောင်းတတ်ကြပါတယ်။သူတို့ဟာ လူအများနဲ့နှီးနှောဆက်ဆံရတာထက် တစ်ယောက်တည်းပဲ ဖြတ်သန်းလိုကြပါတယ်။
Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top