iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္စဖြယ္အသံေလးနဲ႔ ျပစ္မ်ိဳးမွဲ႔မထင္ေအာင္ နုနယ္လွပတဲ့ သဥၨာႏြယ္ဝင္းဟာဆိုရင္ အိမ္ေထာင္ျပဳျပီးေနာက္ အနုပညာေလာကက ထြက္ခြာသြားတာနွစ္နွစ္ေက်ာ္ၾကာျပီျဖစ္ပါတယ္။ ပရိသတ္ေတြက ကေလးေလးလုိအျပစ္ကင္းစင္တဲ့သဥၨာ့ကုိလြမ္းေနၾကေပမယ့္ သဥၨာက မိသားစုနဲ႔ေပ်ာ္ေနျပီဆိုတာသိရလို႔ ဝမ္းသာေနၾကသူေတြလည္းရွိပါတယ္။ မၾကာေသးမီက သဥၨာႏြယ္ဝင္းက ေပ်ာ္စရာေကာင္းတဲ့မိသားစုေလးအေၾကာင္းနဲ႔ အိမ္ေထာင္သည္ဘဝအေတြ႕အၾကံဳေလးေတြေျပာျပေပးသြားပါတယ္။

သဥၨာက အနုပညာလုပ္တုန္းကနဲ႔အခုနဲ႔ကြာျခားသြားပံုကုိ “အနုပညာအလုပ္လုပ္တုန္းကေတာ့ နာမည္အတက္အက်ေတြဘာေတြအဲ့လိုေလးေတြရွိေတာ့ စိတ္က Depression ေတြလည္းအရမ္းဝင္တယ္။အဲ့လ္ုိမ်ိဳးေပါ့ေနာ္။ အခုကေတာ့ အရမ္းတည္ျငိမ္သြားျပီေပါ့ေနာ္။ ပိုျပီးေတာ့လည္းရင့္က်က္လာတယ္လို႔ခံစားရတယ္”လို႔ ေျပာျပထားပါတယ္။

အနုပညာအလုပ္လုပ္တုန္းကအခ်ိန္ေတြကုိလြမ္းလားဆိုေတာ့ “အစကေတာ့ျဖစ္တယ္။ ကုိယ့္သားရယ္ ကုိယ့္ရဲ႕အမ်ိဳးသားကလည္း ကုိယ့္ကုိေပ်ာ္ေအာင္ထားတယ္ဆိုေတာ့ ကုိယ့္အိမ္ေထာင္နဲ႔ကုိယ္အရမ္းသာယာေနေတာ့ အဲ့လိုမ်ိဳးမျဖစ္ေတာ့ဘူးေပါ့ေနာ္။ အခုကေတာ့ ကေလးကုိပဲအခ်ိန္ေပးျပီးေတာ့ ထိန္းေပးေနတယ္။ ကေလးကုိစာျပတယ္ေပါ့ေနာ္။ သူ႔အေဖက အလုပ္ကေနျပန္လာရင္ေတာ့ ကေလးကုိၾကည့္တယ္။ သူအားရင္သူထိန္းတယ္။ကုိယ္အားရင္ကုိယ္ထိန္းတယ္။ အဲ့လိုမ်ိဳး ခြဲထားတာမ်ိဳးမရွိဘူး”လို႔ ေျဖၾကားထားပါတယ္။

သားသားေလးအေၾကာင္းကုိေတာ့ သဥၨာက “သူခ်စ္ဖုိ႔ေကာင္းတာကေတာ့အမ်ားၾကီးပဲ။ကုိယ့္သားဆိုေတာ့ အကုန္လံုးခ်စ္ဖို႔ေကာင္းတယ္။ စာျပရင္းနဲ႔ အိပ္သြားရင္လည္းခ်စ္ေနတာပဲ။ ကေလးက တစ္နွစ္နဲ႔သံုးလဆိုေတာ့ စာျပတာက အရုပ္ေတြအဓိကေပါ့ေနာ္”လို႔ ေျပာျပထားျပီး သားေလးၾကီးလာလို႔အနုပညာလုပ္ခ်င္ရင္ခြင့္ျပဳမွာလားဆိုေတာ့ “သဥၨာက အနုပညာအလုပ္မလုပ္ျဖစ္ေတာ့ဘူးဆိုေပမယ့္ တစ္ရက္ထဲရုိက္ရတဲ့ေၾကာ္ျငာေလးေတြလက္ခံရိုက္ကူေပးျဖစ္ေနပါတယ္။ ကုိုယ္ကုိယ္တိုင္ကလည္းအနုပညာဝါသနာပါလုိ႔လုပ္တာဆိုေတာ့ ကုိယ့္သားေလးအနုပညာဝါသနာပါရင္လည္းေပးလုပ္မွာပါ”လို႔ ေျဖထားပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ သဥၨာရဲ႕သားေလး Peach ေလးကုိခ်စ္ၾကလား။ Peach ေလး ၾကီးလာလုိ႔ မင္းသားလုပ္မယ္ဆိုရင္ေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Crdit:Can’t Wait To Say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ချစ်စဖွယ်အသံလေးနဲ့ ပြစ်မျိုးမှဲ့မထင်အောင် နုနယ်လှပတဲ့ သဉ္ဇာနွယ်ဝင်းဟာဆိုရင် အိမ်ထောင်ပြုပြီးနောက် အနုပညာလောကက ထွက်ခွာသွားတာနှစ်နှစ်ကျော်ကြာပြီဖြစ်ပါတယ်။ ပရိသတ်တွေက ကလေးလေးလိုအပြစ်ကင်းစင်တဲ့သဉ္ဇာ့ကိုလွမ်းနေကြပေမယ့် သဉ္ဇာက မိသားစုနဲ့ပျော်နေပြီဆိုတာသိရလို့ ဝမ်းသာနေကြသူတွေလည်းရှိပါတယ်။ မကြာသေးမီက သဉ္ဇာနွယ်ဝင်းက ပျော်စရာကောင်းတဲ့မိသားစုလေးအကြောင်းနဲ့ အိမ်ထောင်သည်ဘဝအတွေ့အကြုံလေးတွေပြောပြပေးသွားပါတယ်။

သဉ္ဇာက အနုပညာလုပ်တုန်းကနဲ့အခုနဲ့ကွာခြားသွားပုံကို “အနုပညာအလုပ်လုပ်တုန်းကတော့ နာမည်အတက်အကျတွေဘာတွေအဲ့လိုလေးတွေရှိတော့ စိတ်က Depression တွေလည်းအရမ်းဝင်တယ်။အဲ့လိုမျိုးပေါ့နော်။ အခုကတော့ အရမ်းတည်ငြိမ်သွားပြီပေါ့နော်။ ပိုပြီးတော့လည်းရင့်ကျက်လာတယ်လို့ခံစားရတယ်”လို့ ပြောပြထားပါတယ်။

အနုပညာအလုပ်လုပ်တုန်းကအချိန်တွေကိုလွမ်းလားဆိုတော့ “အစကတော့ဖြစ်တယ်။ ကိုယ့်သားရယ် ကိုယ့်ရဲ့အမျိုးသားကလည်း ကိုယ့်ကိုပျော်အောင်ထားတယ်ဆိုတော့ ကိုယ့်အိမ်ထောင်နဲ့ကိုယ်အရမ်းသာယာနေတော့ အဲ့လိုမျိုးမဖြစ်တော့ဘူးပေါ့နော်။ အခုကတော့ ကလေးကိုပဲအချိန်ပေးပြီးတော့ ထိန်းပေးနေတယ်။ ကလေးကိုစာပြတယ်ပေါ့နော်။ သူ့အဖေက အလုပ်ကနေပြန်လာရင်တော့ ကလေးကိုကြည့်တယ်။ သူအားရင်သူထိန်းတယ်။ကိုယ်အားရင်ကိုယ်ထိန်းတယ်။ အဲ့လိုမျိုး ခွဲထားတာမျိုးမရှိဘူး”လို့ ဖြေကြားထားပါတယ်။

သားသားလေးအကြောင်းကိုတော့ သဉ္ဇာက “သူချစ်ဖို့ကောင်းတာကတော့အများကြီးပဲ။ကိုယ့်သားဆိုတော့ အကုန်လုံးချစ်ဖို့ကောင်းတယ်။ စာပြရင်းနဲ့ အိပ်သွားရင်လည်းချစ်နေတာပဲ။ ကလေးက တစ်နှစ်နဲ့သုံးလဆိုတော့ စာပြတာက အရုပ်တွေအဓိကပေါ့နော်”လို့ ပြောပြထားပြီး သားလေးကြီးလာလို့အနုပညာလုပ်ချင်ရင်ခွင့်ပြုမှာလားဆိုတော့ “သဉ္ဇာက အနုပညာအလုပ်မလုပ်ဖြစ်တော့ဘူးဆိုပေမယ့် တစ်ရက်ထဲရိုက်ရတဲ့ကြော်ငြာလေးတွေလက်ခံရိုက်ကူပေးဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်းအနုပညာဝါသနာပါလို့လုပ်တာဆိုတော့ ကိုယ့်သားလေးအနုပညာဝါသနာပါရင်လည်းပေးလုပ်မှာပါ”လို့ ဖြေထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သဉ္ဇာရဲ့သားလေး Peach လေးကိုချစ်ကြလား။ Peach လေး ကြီးလာလို့ မင်းသားလုပ်မယ်ဆိုရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Crdit:Can’t Wait To Say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top