iMyanmarHouse.com - Best Property Website for Myanmar
×


ဝက္ျခံအတြက္ အသားအေရထိန္းသိမ္းျခင္းကလည္း ဒီျဖစ္ရပ္ႀကီးထပ္ၿပီးျဖစ္မလာေအာင္ ကာကြယ္ႏုိင္ဖို႔ အေရးႀကီးပါတယ္။ အိမ္မွာ ကိုယ့္ကိုကိုယ္ဂရုစိုက္ျခင္းဟာ ကုသမႈေတြကို ပိုၿပီးထိေရာက္ေစႏုိင္ပါတယ္။

သင့္အရည္ျပားကိုသန္႔ရွင္းေနပါေစ။ ဒါေပမဲ့ ဝက္ျခံေပါက္ေနတဲ့ေနရာေတြကို တစ္ရက္ ၂ႀကိမ္ထက္ပိုၿပီးေတာ့ မသန္႔စင္ပါနဲ႔။ ဒါဟာ အေရျပားကိုထိခိုက္ေစႏိုင္ၿပီး ဝက္ျခံေတြကိုလည္း ပိုဆိုးေစပါတယ္။

အေပ်ာ့စားဆပ္ျပာနဲ႔ ေရသန္႔ကိုသံုးၿပီး အေရျပားကိုသန္႔စင္ပါ။ ေရဟာ ပူလြန္းေအးလြန္းတာမ်ိဳးမျဖစ္ရဘဲ ၾကက္သီးေႏြးေရက အေကာင္းဆံုးပါ။

ဝက္ျခံေတြကို မေဖာက္ပါနဲ႔။ ဒီလိုလုပ္ျခင္းက ဝက္ျခံေတြကို ပိုးဝင္ေစၿပီးအမာရြတ္ႀကီးႀကီးထင္က်န္ေစပါတယ္။

ျဖစ္ႏိုင္မယ္ဆိုရင္ အေရျပားျပႆနာျဖစ္ေနတဲ့အခ်ိန္မွာ မိတ္ကပ္မသံုးပါနဲ႔။ မိတ္ကပ္ပစၥည္းေတြဟာ ေခၽြးေပါက္ေတြကို ပိတ္ေစႏုိင္ပါတယ္။ တကယ္လို႔မ်ား မိတ္ကပ္ကို မျဖစ္မေနသံုးစြဲရမယ္ဆိုရင္ ေရကိုအေျခခံထားတဲ့ ဒါမွမဟုတ္ comedogenic မပါဝင္တဲ့ ပစၥည္းကိုသာသံုးစြဲပါ။ ဒါေတြဟာ သင့္အေျခအေနအတြက္ ပိုေကာင္းေစပါတယ္။ ၿပီးေတာ့ တတ္ႏိုင္သမွ် အျမန္ဆံုး မိတ္ကပ္ကိုဖ်က္ပစ္ဖို႔မေမ့ပါနဲ႔။ မိတ္ကပ္ဖ်က္ဖို႔ သီးသန္႔ထုတ္ထားတဲ့ ပစၥည္းကိုသာ သံုးစြဲပါ။

ေလ့က်င့္ခန္းလုပ္ျခင္းနဲ႔ အစားစားေသာက္မႈပံုစံကလည္း အကူအညီျဖစ္ေစပါတယ္။ ဒါေတြက သင့္ရဲ႕ အလံုးစံုေသာ က်န္းမာေရးအေျခအေနေတြကို တိုးတက္ေကာင္းမြန္ေစပါတယ။္ အေရျပားေပၚမွာ ေခၽြးေတြထြက္ေနတာမ်ိဳး မျဖစ္ပါေစနဲ႔။ ဒါေတြက သင့္ဝက္ျခံအတြက္ မေကာင္းပါဘူး

ေခါင္းေလွ်ာ္ဖို႔မေမ့ပါနဲ႔။ ဆံပင္က ပိုးမႊားေတြ၊ အညစ္အေၾကးေတြဟာ အေရျပားကို ကူးစက္ျပန္႔ႏွံ႕ႏိုင္ပါတယ္။

ေခါင္းမာတဲ့ ဝက္ျခံေတြ(Stubborn acne)ေတြဟာ ထိန္းခ်ဳပ္ရခက္ခဲပါတယ္။ တကယ္လို႔ သင္ကဝက္ျခံေတြေပါက္ေနၿပီး ၄ပတ္မွ ၈ပတ္ေလာက္ၾကာတဲ့ထိ မေပ်ာက္ကင္းဘူးဆိုရင္ အေရျပားဆရာဝန္နဲ႔ ျပသင့္ပါတယ္။ အထူးကုသမႈေတြက သင့္ရဲ႕ ေပ်ာက္ကင္းဖို႔ခက္တဲ့ ဝက္ျခံအေျခအေနေတြကို ထိန္းသိမ္းေစႏိုင္ပါလိမ့္မယ္။

Credit: Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဝက်ခြံအတွက် အသားအရေထိန်းသိမ်းခြင်းကလည်း ဒီဖြစ်ရပ်ကြီးထပ်ပြီးဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ အိမ်မှာ ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းဟာ ကုသမှုတွေကို ပိုပြီးထိရောက်စေနိုင်ပါတယ်။

သင့်အရည်ပြားကိုသန့်ရှင်းနေပါစေ။ ဒါပေမဲ့ ဝက်ခြံပေါက်နေတဲ့နေရာတွေကို တစ်ရက် ၂ကြိမ်ထက်ပိုပြီးတော့ မသန့်စင်ပါနဲ့။ ဒါဟာ အရေပြားကိုထိခိုက်စေနိုင်ပြီး ဝက်ခြံတွေကိုလည်း ပိုဆိုးစေပါတယ်။

အပျော့စားဆပ်ပြာနဲ့ ရေသန့်ကိုသုံးပြီး အရေပြားကိုသန့်စင်ပါ။ ရေဟာ ပူလွန်းအေးလွန်းတာမျိုးမဖြစ်ရဘဲ ကြက်သီးနွေးရေက အကောင်းဆုံးပါ။

ဝက်ခြံတွေကို မဖောက်ပါနဲ့။ ဒီလိုလုပ်ခြင်းက ဝက်ခြံတွေကို ပိုးဝင်စေပြီးအမာရွတ်ကြီးကြီးထင်ကျန်စေပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် အရေပြားပြဿနာဖြစ်နေတဲ့အချိန်မှာ မိတ်ကပ်မသုံးပါနဲ့။ မိတ်ကပ်ပစ္စည်းတွေဟာ ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ်။ တကယ်လို့များ မိတ်ကပ်ကို မဖြစ်မနေသုံးစွဲရမယ်ဆိုရင် ရေကိုအခြေခံထားတဲ့ ဒါမှမဟုတ် comedogenic မပါဝင်တဲ့ ပစ္စည်းကိုသာသုံးစွဲပါ။ ဒါတွေဟာ သင့်အခြေအနေအတွက် ပိုကောင်းစေပါတယ်။ ပြီးတော့ တတ်နိုင်သမျှ အမြန်ဆုံး မိတ်ကပ်ကိုဖျက်ပစ်ဖို့မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုသာ သုံးစွဲပါ။

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစားစားသောက်မှုပုံစံကလည်း အကူအညီဖြစ်စေပါတယ်။ ဒါတွေက သင့်ရဲ့ အလုံးစုံသော ကျန်းမာရေးအခြေအနေတွေကို တိုးတက်ကောင်းမွန်စေပါတယ။် အရေပြားပေါ်မှာ ချွေးတွေထွက်နေတာမျိုး မဖြစ်ပါစေနဲ့။ ဒါတွေက သင့်ဝက်ခြံအတွက် မကောင်းပါဘူး

ခေါင်းလျှော်ဖို့မမေ့ပါနဲ့။ ဆံပင်က ပိုးမွှားတွေ၊ အညစ်အကြေးတွေဟာ အရေပြားကို ကူးစက်ပြန့်နှံ့နိုင်ပါတယ်။

ခေါင်းမာတဲ့ ဝက်ခြံတွေ(Stubborn acne)တွေဟာ ထိန်းချုပ်ရခက်ခဲပါတယ်။ တကယ်လို့ သင်ကဝက်ခြံတွေပေါက်နေပြီး ၄ပတ်မှ ၈ပတ်လောက်ကြာတဲ့ထိ မပျောက်ကင်းဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အထူးကုသမှုတွေက သင့်ရဲ့ ပျောက်ကင်းဖို့ခက်တဲ့ ဝက်ခြံအခြေအနေတွေကို ထိန်းသိမ်းစေနိုင်ပါလိမ့်မယ်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top