iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္မွာ အိပ္ေရးဝဝအိပ္ေပမယ့္လည္း မနက္ႏိုးလာတဲ့အခါ မ်က္ကြင္းညိဳေနလို႔ စိတ္ညစ္ေနပါသလား။ အေရျပားအထူးကုဆရာဝန္ေတြရဲ႕ ေျပာၾကားခ်က္အရ အသက္ႀကီးလာတာနဲ႔အမွ် အေရျပားကဆဲလ္အသစ္ျပန္လည္ထုတ္လုပ္ဖို႔အတြက္ အားနည္းသြားတဲ့အခါ မ်က္ကြင္းညိဳလာပါေတာ့တယ္။

ဒီလိုမ်က္ကြင္းညိဳတာကို မိတ္ကပ္နဲ႔ခဏတာဖံုးကြယ္ထားလို႔ရေပမယ့္ ေရရွည္အတြက္ အက်ိဳးရွိခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြက အသံုးတည့္ပါလိမ့္မယ္။

နည္းလမ္း ၁

သခြားသီးတစ္လံုး၊ အာလူးတစ္လံုး၊ ပ်ားရည္လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ရွားေစာင္းလက္ပတ္ဂ်ယ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ လိုအပ္ပါတယ္။ သခြားသီးနဲ႔ အာလူးကို ျခစ္ၿပီးသြားတဲ့အခါ ႏွစ္ခုစလံုးကိုေရာေပါင္းလိုက္ပါ။ အႏွစ္ေလးေတြရလာတဲ့အထိ အားစိုက္ညွစ္ေပးပါ။ ၿပီးရင္ ပ်ားရည္နဲ႔ ရွားေစာင္းလက္ပတ္ဂ်ယ္ကိုပါ ထပ္ေရာလိုက္ၿပီးေနာက္ ေရခဲေသတၲာထဲမွာ ၁၀ မိနစ္ ၁၅ မိနစ္ခန္႔ အေအးခံၿပီး မ်က္ကြင္းညိဳတဲ့ ေနရာကို သုတ္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ၾကာမွ ေရေဆးခ်လိုက္ပါ။ ထပ္ခါတလဲလဲအသံုးျပဳခ်င္ရင္ေတာ့ ေရခဲေသတၲာထဲမွာ သိမ္းေပးထားလို႔ရပါတယ္။ ၅ ရက္တိတိ ေရခဲေသတၲာထဲမွာ အထားခံပါတယ္။

နည္းလမ္း ၂

ခရမ္းခ်ဥ္သီးတစ္လံုးကို သစ္သီးႀကိတ္စက္ထဲထည့္ၿပီး ခရမ္းခ်ဥ္သီးအႏွစ္ရေအာင္ ျပဳလုပ္ပါ။ ခရမ္းခ်ဥ္သီးအႏွစ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ နႏြင္းမႈန္႔လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ေရာလိုက္ပါ။ ဒိန္ခ်ဥ္လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ ဆန္မႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကိုပါ ထပ္ေရာထည့္လိုက္ပါ။ မ်က္လံုးေအာက္မွာ ၁၅ မိနစ္ မိနစ္ ၂၀ ခန္႔ သုတ္လိမ္းေပးလိုက္ပါ။

နည္းလမ္း ၃

ခရမ္းခ်ဥ္သီးတစ္လံုးကို အႏွစ္ေတြရေအာင္ ျပဳလုပ္လိုက္ပါ။ နံနံပင္ကို အရြက္ေတြပဲ ေခြ်လိုက္ၿပီး ခရမ္းခ်ဥ္သီးအႏွစ္နဲ႔ သစ္သီးႀကိတ္စက္ထဲ ေရာၿပီးေနာက္မွာ ရလာတဲ့အႏွစ္ကို ပန္းကန္လံုးတစ္လံုးထဲ ထည့္ထားလိုက္ပါ။ ဝါဂြမ္းကို ပန္းကန္လံုးထဲႏွစ္လိုက္ၿပီးေနာက္ မ်က္လံုးေအာက္နားမွာ သုတ္လိမ္းလိုက္ပါ။ သုတ္လိမ္းၿပီးတဲ့ေနာက္မွာ မိနစ္ ၃၀ ခန္႔ ၾကာမွ ေရေဆးခ်လိုက္ပါ။

နည္းလမ္း ၄

လတ္ဆတ္တဲ့လိေမၼာ္သီးတစ္လံုးကို အႏွစ္ကေလးမ်ားရေအာင္ ျပဳလုပ္ၿပီး ဂလစ္စရင္းအလွွဆီ ၂ စက္ ၃ စက္ခန္႔ ေရာေပါင္းလိုက္ပါ။ ဝါဂြမ္းအသံုးျပဳၿပီး မ်က္လံုးေအာက္နားမွာ သုတ္လိမ္းၿပီးတဲ့အခါ ၂ မိနစ္ ၃ မိနစ္ခန္႔ ၾကာေအာင္ ထားလိုက္ပါ။ မိမိလိုခ်င္တဲ့ ရလဒ္မရမခ်င္း စိတ္ေက်နပ္တဲ့အထိ သုတ္လိမ္းလို႔ရပါတယ္။

Credit: mystylemyanmar

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version# ျဖင့္ဖတ္ပါ ။

ညဘက်မှာ အိပ်ရေးဝဝအိပ်ပေမယ့်လည်း မနက်နိုးလာတဲ့အခါ မျက်ကွင်းညိုနေလို့ စိတ်ညစ်နေပါသလား။ အရေပြားအထူးကုဆရာဝန်တွေရဲ့ ပြောကြားချက်အရ အသက်ကြီးလာတာနဲ့အမျှ အရေပြားကဆဲလ်အသစ်ပြန်လည်ထုတ်လုပ်ဖို့အတွက် အားနည်းသွားတဲ့အခါ မျက်ကွင်းညိုလာပါတော့တယ်။

ဒီလိုမျက်ကွင်းညိုတာကို မိတ်ကပ်နဲ့ခဏတာဖုံးကွယ်ထားလို့ရပေမယ့် ရေရှည်အတွက် အကျိုးရှိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက အသုံးတည့်ပါလိမ့်မယ်။

နည်းလမ်း ၁

သခွားသီးတစ်လုံး၊ အာလူးတစ်လုံး၊ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါတယ်။ သခွားသီးနဲ့ အာလူးကို ခြစ်ပြီးသွားတဲ့အခါ နှစ်ခုစလုံးကိုရောပေါင်းလိုက်ပါ။ အနှစ်လေးတွေရလာတဲ့အထိ အားစိုက်ညှစ်ပေးပါ။ ပြီးရင် ပျားရည်နဲ့ ရှားစောင်းလက်ပတ်ဂျယ်ကိုပါ ထပ်ရောလိုက်ပြီးနောက် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ် ၁၅ မိနစ်ခန့် အအေးခံပြီး မျက်ကွင်းညိုတဲ့ နေရာကို သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ကြာမှ ရေဆေးချလိုက်ပါ။ ထပ်ခါတလဲလဲအသုံးပြုချင်ရင်တော့ ရေခဲသေတ္တာထဲမှာ သိမ်းပေးထားလို့ရပါတယ်။ ၅ ရက်တိတိ ရေခဲသေတ္တာထဲမှာ အထားခံပါတယ်။

နည်းလမ်း ၂

ခရမ်းချဉ်သီးတစ်လုံးကို သစ်သီးကြိတ်စက်ထဲထည့်ပြီး ခရမ်းချဉ်သီးအနှစ်ရအောင် ပြုလုပ်ပါ။ ခရမ်းချဉ်သီးအနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောလိုက်ပါ။ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ဆန်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုပါ ထပ်ရောထည့်လိုက်ပါ။ မျက်လုံးအောက်မှာ ၁၅ မိနစ် မိနစ် ၂၀ ခန့် သုတ်လိမ်းပေးလိုက်ပါ။

နည်းလမ်း ၃

ခရမ်းချဉ်သီးတစ်လုံးကို အနှစ်တွေရအောင် ပြုလုပ်လိုက်ပါ။ နံနံပင်ကို အရွက်တွေပဲ ချွေလိုက်ပြီး ခရမ်းချဉ်သီးအနှစ်နဲ့ သစ်သီးကြိတ်စက်ထဲ ရောပြီးနောက်မှာ ရလာတဲ့အနှစ်ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားလိုက်ပါ။ ဝါဂွမ်းကို ပန်းကန်လုံးထဲနှစ်လိုက်ပြီးနောက် မျက်လုံးအောက်နားမှာ သုတ်လိမ်းလိုက်ပါ။ သုတ်လိမ်းပြီးတဲ့နောက်မှာ မိနစ် ၃၀ ခန့် ကြာမှ ရေဆေးချလိုက်ပါ။

နည်းလမ်း ၄

လတ်ဆတ်တဲ့လိမ္မော်သီးတစ်လုံးကို အနှစ်ကလေးများရအောင် ပြုလုပ်ပြီး ဂလစ်စရင်းအလှဆီ ၂ စက် ၃ စက်ခန့် ရောပေါင်းလိုက်ပါ။ ဝါဂွမ်းအသုံးပြုပြီး မျက်လုံးအောက်နားမှာ သုတ်လိမ်းပြီးတဲ့အခါ ၂ မိနစ် ၃ မိနစ်ခန့် ကြာအောင် ထားလိုက်ပါ။ မိမိလိုချင်တဲ့ ရလဒ်မရမချင်း စိတ်ကျေနပ်တဲ့အထိ သုတ်လိမ်းလို့ရပါတယ်။

Credit: mystylemyanmar

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top