iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ႏွစ္ဆိုတဲ့အခ်ိန္အတိုင္းအတာတစ္ခုဟာ နည္းသေယာင္ ထင္ရေပမယ့္ ဒီအခ်ိန္အတြင္းမွာ ရင္းႏွီးခဲ့တ့ဲ စိတ္ႏွစ္ခုကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ လက္တြဲလာတာအခ်ိန္ၾကာလာတာ နဲ႔အမွ် ပိုမိုရင္းႏွီးပြင့္လင္းတဲ့ အေျခအေန တစ္ခုကိုေရာက္ရွိလာ ျပီပဲျဖစ္ပါတယ္။

ပိုပိုျပီးရင္းႏွီးလာတဲ့အခါ ဟန္ေဆာင္မႈေတြဟာ တျဖည္းျဖည္း ေပ်ာက္ကြယ္လာျပီး ကိုယ့္ရဲ႕နဂိုရွိရင္းစြဲပံုစံအမွန္ ေလးေတြဟာလည္း ေပၚလြင္လာ တတ္ပါတယ္။

ဥပမာအားျဖင့္ ခ်စ္သူစျဖစ္ျဖစ္ခ်င္းမွာ အလွအပေတြျပင္ျပီးသြားေတြ႕တတ္ ေပမယ့္ ခ်စ္သက္တမ္းၾကာ လာတဲ့အခါမွာေတာ့ သနပ္ခါးပါးပါး လူးျပီးေတြ႕တာျဖစ္ျဖစ္ ဘာမွမလိမ္းပဲ သဘာ၀အလွေလးနဲ႔ပဲ ဆံုတာျဖစ္ျဖစ္ ဒီလိုအေနအထားကိုေရာက္ရွိသြားတတ္ပါတယ္။

လက္တြဲလာတာတစ္ႏွစ္အထက္ရွိတဲ့ Relationship တစ္ခုဟာ အတိိုင္းအတာတစ္ခုထိေတာ့ ရင္းႏွီးေႏြးေထြးၾကျပီဆိုတာ အေသအခ်ာပါပဲ။ သူ႕အေၾကာင္းကိုယ့္အေၾကာင္းလည္း ေတာ္ေတာ္မ်ား မ်ား သိေနၾကျပီျဖစ္ပါတယ္။ ခ်စ္သက္တမ္း ၾကာလာတာနဲ႔အမွ် ေယာက်ာ္းေလးေတြဟာ အနည္းငယ္ ေသြးေအးသြားတတ္ပါတယ္။

 ေသြးေအးတယ္ဆိုတာ မခ်စ္ေတာ့ တာမဟုတ္ပဲ ခ်စ္စခင္စကလို အရမ္းသည္း သည္းမလႈပ္ေတာ့ တာပါ။ ေယာက်ာ္းေလးေတြက စခ်စ္ရျပီး မိန္းကေလးေတြက ဆက္ခ်စ္ရတယ္ဆိုတဲ့ စကားအတိုင္းပါပဲ။ Relationship သက္တမ္းၾကာေလေလ အမ်ိဳးသမီးေတြက ပိုပိုျပီးခ်စ္လာၾကသူ ေတြပါ။

ဒီလိုအခ်ိန္မွာ အရင္ကေလာက္ေႏြးေထြးမႈေတြမရွိ ေတာ့ရင္ သူမတို႔ရဲ႕ စိတ္ထဲမွာ အရင္လိုမခ်စ္ေတာ့ဘူး ေျပာင္းလဲ သြားျပီ စတဲ့ေခါင္းစဥ္ေတြနဲ႔ ျပႆနာေတြတက္ လာႏိုင္ပါ တယ္။ ဒါေၾကာင့္ ကိုုကိုေတြအေနနဲ႔ ကိုယ့္ခ်စ္သူကို သက္တမ္း ဘယ္ ေလာက္ပဲၾကာၾကာ အရင္ကလို ခ်စ္ျမဲတိုင္းခ်စ္ေပးပါလို႔ တိုက္တြန္းပါရေစေနာ္။

ခ်စ္သက္တမ္းတစ္ႏွစ္နဲ႔အထက္ဆိုရင္ ဒါဟာခိုင္ျမဲေတာ့မယ့္ အရိပ္လကၡဏာ ေတြျဖစ္ေပၚလာပါျပီ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်စ္မျပယ္ပဲ တစ္ႏွစ္ေလာက္ ထိလက္တြဲခဲ့တယ္ဆိုကတည္းက ေရွ႕ဆက္ျပီးလက္တြဲဖို႔လည္း အဆင္ေျပနိုင္တဲ့ အေနအထားတစ္ခုျဖစ္ေနပါျပီ။

ခ်စ္သက္တမ္း တစ္ႏွစ္ေက်ာ္ လာရင္လည္း အရင္လိုဂရုစိုက္ေပးပါ။ ခ်စ္ေပးပါ။ အေၾကာင္း ျပခ်က္ေတြနဲ႔ သူမကိုိပစ္ပယ္တာမ်ိဳး၊ ဂရုမစိုက္တာမ်ိဳးမလုပ္မိပါ ေစနဲ႔။ ဒါေတြဟာ တစ္ခါတရံေလာက္ပဲေကာင္းပါတယ္။

အျမဲလိုလိုဆက္လာရင္ေတာ့ တစ္ႏွစ္ၾကာတည္ေဆာက္ထားတဲ့ သင္တို႔ရဲ႕ Relationship ေလး ထိခိုက္လာႏိုင္ပါတယ္။ အခ်ိန္ေတြဟာတန္ဖိုးရွိပါတယ္။ ဒီအခ်ိန္ေတြကိုရင္းျပီးခ်စ္ခဲ့ရတဲ့ အခ်စ္ေတြ ဟာလည္း အဖိုးမျဖတ္ႏိုင္ပါဘူး။

ဒါေၾကာင့္ အခ်ိန္ ေတြ ႏွလံုးသားေတြ ခံစားခ်က္ေတြနဲ႕ရင္းျပီး တည္ေဆာက္ခဲ့တဲ့ Relationship တစ္ခုကို အလြယ္တကူအပ်က္ဆီးမခံလိုက္ပါနဲ႔။ သင့္ခ်စ္သူကို ပစ္ထားသလိုျဖစ္ေနမိျပီလား ဒါဆိုအျမန္ဆံုး ေခ်ာ့လိုက္ပါေတာ့ေနာ္။ ကမၻာေပၚမွာ အခ်ိဳျမိန္ဆံုးက ခ်စ္သူ႕ အျပံဳးပါပဲ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်နှစ်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုဟာ နည်းသယောင် ထင်ရပေမယ့် ဒီအချိန်အတွင်းမှာ ရင်းနှီးခဲ့တဲ့ စိတ်နှစ်ခုကတော့ တစ်ယောက်နဲ့တစ်ယောက် လက်တွဲလာတာအချိန်ကြာလာတာ နဲ့အမျှ ပိုမိုရင်းနှီးပွင့်လင်းတဲ့ အခြေအနေ တစ်ခုကိုရောက်ရှိလာ ပြီပဲဖြစ်ပါတယ်။

ပိုပိုပြီးရင်းနှီးလာတဲ့အခါ ဟန်ဆောင်မှုတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ကိုယ့်ရဲ့နဂိုရှိရင်းစွဲပုံစံအမှန် လေးတွေဟာလည်း ပေါ်လွင်လာ တတ်ပါတယ်။

ဥပမာအားဖြင့် ချစ်သူစဖြစ်ဖြစ်ချင်းမှာ အလှအပတွေပြင်ပြီးသွားတွေ့တတ် ပေမယ့် ချစ်သက်တမ်းကြာ လာတဲ့အခါမှာတော့ သနပ်ခါးပါးပါး လူးပြီးတွေ့တာဖြစ်ဖြစ် ဘာမှမလိမ်းပဲ သဘာဝအလှလေးနဲ့ပဲ ဆုံတာဖြစ်ဖြစ် ဒီလိုအနေအထားကိုရောက်ရှိသွားတတ်ပါတယ်။

လက်တွဲလာတာတစ်နှစ်အထက်ရှိတဲ့ Relationship တစ်ခုဟာ အတိုင်းအတာတစ်ခုထိတော့ ရင်းနှီးနွေးထွေးကြပြီဆိုတာ အသေအချာပါပဲ။ သူ့အကြောင်းကိုယ့်အကြောင်းလည်း တော်တော်များ များ သိနေကြပြီဖြစ်ပါတယ်။ ချစ်သက်တမ်း ကြာလာတာနဲ့အမျှ ယောကျာ်းလေးတွေဟာ အနည်းငယ် သွေးအေးသွားတတ်ပါတယ်။

 သွေးအေးတယ်ဆိုတာ မချစ်တော့ တာမဟုတ်ပဲ ချစ်စခင်စကလို အရမ်းသည်း သည်းမလှုပ်တော့ တာပါ။ ယောကျာ်းလေးတွေက စချစ်ရပြီး မိန်းကလေးတွေက ဆက်ချစ်ရတယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ Relationship သက်တမ်းကြာလေလေ အမျိုးသမီးတွေက ပိုပိုပြီးချစ်လာကြသူ တွေပါ။

ဒီလိုအချိန်မှာ အရင်ကလောက်နွေးထွေးမှုတွေမရှိ တော့ရင် သူမတို့ရဲ့ စိတ်ထဲမှာ အရင်လိုမချစ်တော့ဘူး ပြောင်းလဲ သွားပြီ စတဲ့ခေါင်းစဉ်တွေနဲ့ ပြဿနာတွေတက် လာနိုင်ပါ တယ်။ ဒါကြောင့် ကိုကိုတွေအနေနဲ့ ကိုယ့်ချစ်သူကို သက်တမ်း ဘယ် လောက်ပဲကြာကြာ အရင်ကလို ချစ်မြဲတိုင်းချစ်ပေးပါလို့ တိုက်တွန်းပါရစေနော်။

ချစ်သက်တမ်းတစ်နှစ်နဲ့အထက်ဆိုရင် ဒါဟာခိုင်မြဲတော့မယ့် အရိပ်လက္ခဏာ တွေဖြစ်ပေါ်လာပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် အချစ်မပြယ်ပဲ တစ်နှစ်လောက် ထိလက်တွဲခဲ့တယ်ဆိုကတည်းက ရှေ့ဆက်ပြီးလက်တွဲဖို့လည်း အဆင်ပြေနိုင်တဲ့ အနေအထားတစ်ခုဖြစ်နေပါပြီ။

ချစ်သက်တမ်း တစ်နှစ်ကျော် လာရင်လည်း အရင်လိုဂရုစိုက်ပေးပါ။ ချစ်ပေးပါ။ အကြောင်း ပြချက်တွေနဲ့ သူမကိုပစ်ပယ်တာမျိုး၊ ဂရုမစိုက်တာမျိုးမလုပ်မိပါ စေနဲ့။ ဒါတွေဟာ တစ်ခါတရံလောက်ပဲကောင်းပါတယ်။

အမြဲလိုလိုဆက်လာရင်တော့ တစ်နှစ်ကြာတည်ဆောက်ထားတဲ့ သင်တို့ရဲ့ Relationship လေး ထိခိုက်လာနိုင်ပါတယ်။ အချိန်တွေဟာတန်ဖိုးရှိပါတယ်။ ဒီအချိန်တွေကိုရင်းပြီးချစ်ခဲ့ရတဲ့ အချစ်တွေ ဟာလည်း အဖိုးမဖြတ်နိုင်ပါဘူး။

ဒါကြောင့် အချိန် တွေ နှလုံးသားတွေ ခံစားချက်တွေနဲ့ရင်းပြီး တည်ဆောက်ခဲ့တဲ့ Relationship တစ်ခုကို အလွယ်တကူအပျက်ဆီးမခံလိုက်ပါနဲ့။ သင့်ချစ်သူကို ပစ်ထားသလိုဖြစ်နေမိပြီလား ဒါဆိုအမြန်ဆုံး ချော့လိုက်ပါတော့နော်။ ကမ္ဘာပေါ်မှာ အချိုမြိန်ဆုံးက ချစ်သူ့ အပြုံးပါပဲ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top