iMyanmarHouse.com - Best Property Website for Myanmar
×


မွန္ထဲၾကည့္လိုက္တဲ့အခါ ကိုယ့္ႏႈတ္ခမ္းမွာ မွဲ႕လည္းမဟုတ္ ေပေနတာလည္းမဟုတ္တဲ့ အမဲစက္တစ္ခု ေတြ႕လိုက္ရတဲ့အခါ ေခါင္းထဲ အေတြးမ်ားသြားမွာေတာ့ က်ိန္းေသပါတယ္။ စိုးရိမ္စရာေတြရွိလား။ ဘာ့ေၾကာင့္မ်ားျဖစ္တာလဲ ။ ။

အမ်ားအားျဖင့္ ဒီလို ႏႈတ္ခမ္းမွာေပၚတဲ့ အမဲစက္ေလးေတြက စိတ္ပူစရာေတာ့မရွိပါဘူး။ ဒါေပမယ့္ သူ႔ကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြ အေပၚမွာေတာ့ မူတည္တာေပါ့့။
ဒါဆို ႏႈတ္ခမ္းမွာ အမဲစက္ေတြ ေပၚတာ ဘာ့ေၾကာင့့္ ျဖစ္ရတာလဲ ။ ။

ဗီတာမင္ B12 ခိ်ဳ႕တဲ့ျခင္း – ေသြးအားေကာင္းေစဖုိ႕အတြက္သာမက အသားေရာင္ညီညာေစဖုိ႕အတြက္လိုအပ္တဲ့ ဗီတာမင္ B12 ခ်ိဳ႕တဲ့သြားတဲ့အခါ ႏႈတ္ခမ္းမွာအမဲစက္ေလးေတြ ျဖစ္လာမယ့္အျပင္ အသားအေရလည္း ညိဴတစ္ကြက္ ျဖဴတစ္ကြက္နဲ႔ မညီညာဘဲျဖစ္ေနတတ္ပါတယ္။

ေရဓာတ္ခမ္းေျခာက္ျခင္း – ေရမ်ားမ်ား မေသာက္တဲ့အခါ ႏႈတ္ခမ္းေျခာက္သြားတာမ်ိဳး၊ ႏႈတ္ခမ္းကြဲတာမ်ိဳးေတြ အားလံုးျဖစ္ဖူးၾကမွာပါ။ ျဖစ္သြားတဲ့အနာေလးေတြ ျပန္က်က္တဲ့အခါ အမာရြတ္က်န္တာမ်ိဳးေတြကေနလည္း ႏႈတ္ခမ္းမွာ အမဲစက္ေတြေပၚလာတတ္ပါတယ္။

သံဓာတ္မ်ားျခင္း – hemochromatosis လို႕ေခၚတဲ့ ေမြးရာပါ သံဓာတ္စုပ္ယူမႈ ျပင္းထန္တဲ့ေရာဂါ၊ ေသြးအားနည္းတတ္လို႕ဆိုျပီး သံဓာတ္ျဖည့္ေသြးအားေကာင္းေဆးေတြ ေသာက္ပါမ်ားတဲ့အခါ ၊ ေသြးခဏခဏ သြင္းရတဲ့အခါမ်ိဳးေတြဆုိ ေသြးထဲမွာ သံဓာတ္ေတြ မ်ားေနျပီး အမဲစက္ေတြ ေပၚေနတတ္ပါတယ္။

ေသာက္ေနရတဲ့ေဆးေတြ – ကိုယ္ေသာက္ေနတဲ့ ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ အသားအေရာင္ေျပာင္းတာ၊ အမဲစက္ေပၚတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
• ကင္ဆာေဆးေတြမွာသံုးထားတဲ့ cytotoxic drugs
• Chlorpromazine စိတ္ျငိမ္ေဆး
• ငွက္ဖ်ားေဆး တစ္ခုျဖစ္တဲ့ quinine sulfate
• အတက္ေရာဂါ ကုိကုသတဲ့ phenytoin နဲ႕
• ႏွလံုးတုန္ျခင္းကို ကုသတဲ့ amiodarone တုိ႕ဟာ အသားအေရာင္ေျပာင္းလဲျခင္းနဲံ႔ ႏႈတ္ခမ္းေပၚမွာ အမဲစက္ေလးေတြ ေပၚလာတာမ်ိဳးကို ျဖစ္ေစတတ္ပါတယ္။

Melasma ( အသားအေရာင္ရင့္လာျခင္း ) – ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္လာတဲ့ Melasma ေရာဂါဟာလည္း ျဖစ္တတ္တဲ့ အေရျပားျပႆနာတစ္ခုျဖစ္ပါတယ္။ Melasma ေရာဂါ ျဖစ္ေနတဲ့သူတစ္ေယာက္ဟာ ေနပူထဲ အကာအကြယ္မပါဘဲ မထြက္သင့္ပါဘူး။ ခရမ္းလြန္ေရာင္ျခည္ေတြေၾကာင့္ အသားေရာင္ပိုရင့္လာႏုိ္င္လို႔ပါ။

ဓာတ္မတည့္ျခင္း – ဆိုးလိုက္တဲ့ ႏႈတ္ခမ္းနီ၊ သြားတုိက္ေဆး၊ မိတ္ကပ္နဲ႔ အျခားအလွကုန္ပစၥည္းေတြနဲ႔ ဓာတ္မတည့္တဲ့အခါမ်ိဳးမွာ ႏႈတ္ခမ္းေပၚမွာ အစက္ေလးေတြ ေပၚတတ္ပါတယ္။

ေသြးျခည္ဥ – ႏႈတ္ခမ္းေပၚမွာ ျဖစ္တဲ့ အမဲစက္ေလးေတြဟာ ေသြးေၾကာေပါက္တာ၊ တစ္ခုခုထိခိုက္မိျပီး ေသြးျခည္ဥတာေတြ ေၾကာင့္လည္း ျဖစ္တတ္ပါေသးတယ္။

ေနေလာင္ျခင္း – ေနထဲမွာရွိတဲ ့ခရမ္းလြန္ေရာင္ျခည္နဲ႔ ထိေတြ႕ပါမ်ားတဲ့အခါ မ်က္ႏွာမွာ အစက္အေျပာက္ေလးေတြ ျဖစ္လာရံုတင္မက ႏႈတ္ခမ္းေပၚမွာလည္း အစက္အေပ်ာက္ေလးေတြ ျဖစ္လာႏို္င္ပါေသးတယ္။

သြားထိန္း – သြားညီေအာင္လုိ႔ဆိုျပီး တပ္ထားတဲ့ သြားထိန္းေတြ ပံုစံမက်တဲ့အခါ ႏႈတ္ခမ္းကို ထိခိုက္မိသလိုျဖစ္ျပီး ေသြးျခည္ဥတာ၊ အမဲစက္ေလးေတြ ေပၚတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ေဆးလိပ္ – ကိုယ္ခႏၶာအတြက္ ေကာင္းက်ိဳးတစ္ခုမွ မေပးတဲ့ ေဆးလိပ္ေၾကာင့္ ႏႈတ္ခမ္းမဲလာတတ္တယ္ဆိုတာ အားလံုးသိၾကမွာပါ။ တစ္ခ်ိဳ႕ဆိုႏႈတ္ခမ္းမဲရံုမက ႏႈတ္ခမ္းမွာ အမဲစက္ေလးေတြပါ ျဖစ္ေနတတ္ပါတယ္။

ဒါေတြကေတာ့ ႏႈတ္ခမ္းမွာ အမဲစက္ေလးေတြကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြျဖစ္ပါတယ္။ အမ်ားစုက စိတ္ပူစရာမလိုဘူးဆိုေတာ့ ဘယ္လိုအခ်ိန္ဆို ဆရာဝန္ဆီသြားျပသင့္သလဲ ။ ။ ေပၚေနတဲ့ အမဲစက္ေလးဟာ အခ်ိန္တိုတိုတြင္းမွာ ၾကီးလာတယ္၊ ေျပာင္ေျပာင္ေလးျဖစ္ေနမယ္၊ အခ်ိန္ေတာ္ေတာ္ၾကာထိ မေပ်ာက္ဘူးဆိုရင္ ဆရာဝန္ဆီသြားျပီး ဘာ့ေၾကာင့္ျဖစ္ရလဲဆိုတာကို အေျဖရွာကာ ေဆးကုသမႈ ခံယူသင့္ပါတယ္။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မှန်ထဲကြည့်လိုက်တဲ့အခါ ကိုယ့်နှုတ်ခမ်းမှာ မှဲ့လည်းမဟုတ် ပေနေတာလည်းမဟုတ်တဲ့ အမဲစက်တစ်ခု တွေ့လိုက်ရတဲ့အခါ ခေါင်းထဲ အတွေးများသွားမှာတော့ ကျိန်းသေပါတယ်။ စိုးရိမ်စရာတွေရှိလား။ ဘာ့ကြောင့်များဖြစ်တာလဲ ။ ။

အများအားဖြင့် ဒီလို နှုတ်ခမ်းမှာပေါ်တဲ့ အမဲစက်လေးတွေက စိတ်ပူစရာတော့မရှိပါဘူး။ ဒါပေမယ့် သူ့ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အပေါ်မှာတော့ မူတည်တာပေါ့။
ဒါဆို နှုတ်ခမ်းမှာ အမဲစက်တွေ ပေါ်တာ ဘာ့ကြောင့် ဖြစ်ရတာလဲ ။ ။

ဗီတာမင် B12 ချို့တဲ့ခြင်း – သွေးအားကောင်းစေဖို့အတွက်သာမက အသားရောင်ညီညာစေဖို့အတွက်လိုအပ်တဲ့ ဗီတာမင် B12 ချို့တဲ့သွားတဲ့အခါ နှုတ်ခမ်းမှာအမဲစက်လေးတွေ ဖြစ်လာမယ့်အပြင် အသားအရေလည်း ညိူတစ်ကွက် ဖြူတစ်ကွက်နဲ့ မညီညာဘဲဖြစ်နေတတ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း – ရေများများ မသောက်တဲ့အခါ နှုတ်ခမ်းခြောက်သွားတာမျိုး၊ နှုတ်ခမ်းကွဲတာမျိုးတွေ အားလုံးဖြစ်ဖူးကြမှာပါ။ ဖြစ်သွားတဲ့အနာလေးတွေ ပြန်ကျက်တဲ့အခါ အမာရွတ်ကျန်တာမျိုးတွေကနေလည်း နှုတ်ခမ်းမှာ အမဲစက်တွေပေါ်လာတတ်ပါတယ်။

သံဓာတ်များခြင်း – hemochromatosis လို့ခေါ်တဲ့ မွေးရာပါ သံဓာတ်စုပ်ယူမှု ပြင်းထန်တဲ့ရောဂါ၊ သွေးအားနည်းတတ်လို့ဆိုပြီး သံဓာတ်ဖြည့်သွေးအားကောင်းဆေးတွေ သောက်ပါများတဲ့အခါ ၊ သွေးခဏခဏ သွင်းရတဲ့အခါမျိုးတွေဆို သွေးထဲမှာ သံဓာတ်တွေ များနေပြီး အမဲစက်တွေ ပေါ်နေတတ်ပါတယ်။

သောက်နေရတဲ့ဆေးတွေ – ကိုယ်သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အသားအရောင်ပြောင်းတာ၊ အမဲစက်ပေါ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
• ကင်ဆာဆေးတွေမှာသုံးထားတဲ့ cytotoxic drugs
• Chlorpromazine စိတ်ငြိမ်ဆေး
• ငှက်ဖျားဆေး တစ်ခုဖြစ်တဲ့ quinine sulfate
• အတက်ရောဂါ ကိုကုသတဲ့ phenytoin နဲ့
• နှလုံးတုန်ခြင်းကို ကုသတဲ့ amiodarone တို့ဟာ အသားအရောင်ပြောင်းလဲခြင်းနဲံ့ နှုတ်ခမ်းပေါ်မှာ အမဲစက်လေးတွေ ပေါ်လာတာမျိုးကို ဖြစ်စေတတ်ပါတယ်။

Melasma ( အသားအရောင်ရင့်လာခြင်း ) – ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာတဲ့ Melasma ရောဂါဟာလည်း ဖြစ်တတ်တဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။ Melasma ရောဂါ ဖြစ်နေတဲ့သူတစ်ယောက်ဟာ နေပူထဲ အကာအကွယ်မပါဘဲ မထွက်သင့်ပါဘူး။ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အသားရောင်ပိုရင့်လာနိုင်လို့ပါ။

ဓာတ်မတည့်ခြင်း – ဆိုးလိုက်တဲ့ နှုတ်ခမ်းနီ၊ သွားတိုက်ဆေး၊ မိတ်ကပ်နဲ့ အခြားအလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့အခါမျိုးမှာ နှုတ်ခမ်းပေါ်မှာ အစက်လေးတွေ ပေါ်တတ်ပါတယ်။

သွေးခြည်ဥ – နှုတ်ခမ်းပေါ်မှာ ဖြစ်တဲ့ အမဲစက်လေးတွေဟာ သွေးကြောပေါက်တာ၊ တစ်ခုခုထိခိုက်မိပြီး သွေးခြည်ဥတာတွေ ကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

နေလောင်ခြင်း – နေထဲမှာရှိတဲ့ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ပါများတဲ့အခါ မျက်နှာမှာ အစက်အပြောက်လေးတွေ ဖြစ်လာရုံတင်မက နှုတ်ခမ်းပေါ်မှာလည်း အစက်အပျောက်လေးတွေ ဖြစ်လာနိုင်ပါသေးတယ်။

သွားထိန်း – သွားညီအောင်လို့ဆိုပြီး တပ်ထားတဲ့ သွားထိန်းတွေ ပုံစံမကျတဲ့အခါ နှုတ်ခမ်းကို ထိခိုက်မိသလိုဖြစ်ပြီး သွေးခြည်ဥတာ၊ အမဲစက်လေးတွေ ပေါ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဆေးလိပ် – ကိုယ်ခန္ဓာအတွက် ကောင်းကျိုးတစ်ခုမှ မပေးတဲ့ ဆေးလိပ်ကြောင့် နှုတ်ခမ်းမဲလာတတ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ တစ်ချို့ဆိုနှုတ်ခမ်းမဲရုံမက နှုတ်ခမ်းမှာ အမဲစက်လေးတွေပါ ဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ နှုတ်ခမ်းမှာ အမဲစက်လေးတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။ အများစုက စိတ်ပူစရာမလိုဘူးဆိုတော့ ဘယ်လိုအချိန်ဆို ဆရာဝန်ဆီသွားပြသင့်သလဲ ။ ။ ပေါ်နေတဲ့ အမဲစက်လေးဟာ အချိန်တိုတိုတွင်းမှာ ကြီးလာတယ်၊ ပြောင်ပြောင်လေးဖြစ်နေမယ်၊ အချိန်တော်တော်ကြာထိ မပျောက်ဘူးဆိုရင် ဆရာဝန်ဆီသွားပြီး ဘာ့ကြောင့်ဖြစ်ရလဲဆိုတာကို အဖြေရှာကာ ဆေးကုသမှု ခံယူသင့်ပါတယ်။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top