iMyanmarHouse.com - Best Property Website for Myanmar
×

ေျခာက္ေသြ႕တဲ႔အသားအေရပိုင္ရွင္ေတြဟာ မ်က္ႏွာသစ္ေဆးအလြန္ေရြးရၿပီး ဓာတုပစၥည္းပါဝင္မႈမ်ားတဲ႔ မ်က္ႏွာသစ္ဆပ္ျပာေတြနဲ႕ မတည္႔ပါဘူး။ ဘာလို႕လဲဆိုေတာ႔ ဓာတုပစၥည္းပါဝင္မႈမ်ားတဲ႔ မ်က္ႏွာသစ္ေဆးေတြက မ်က္ႏွာအေရျပားကို ပိုမိုေျခာက္ေသြ႕ေစလို႕ပါပဲ။

ဒါေၾကာင္႕တကယ္လို႔ ခင္ဗ်ားသာေျခာက္ေသြ႕တဲ႔မ်က္ႏွာအေရျပားကို ပိုင္ဆိုင္ထားမယ္ဆိုရင္ ေအာက္မွာေဖာ္ျပထားတဲ႔ သဘာဝ မ်က္ႏွာသစ္ေဆးေလးေတြကို စမ္းသပ္ၾကည္႔သင္႔ပါတယ္။ ဘာလို႔လဲဆိုေတာ႔ ဒီသဘာဝမ်က္ႏွာသစ္ေဆးေလးေတြက အေရျပားအစိုဓာတ္ကိုထိန္းညွိေပးၿပီး အေရျပားကိုဝင္းလက္ေတာက္ပေစလို႕ပါပဲ။

၁။ Essential Oil

Essential Oil ေတြကို ေဆးပညာနဲ႔က်န္းမာေရးအတြက္ ႏွစ္ေထာင္ေပါင္းမ်ားစြာၾကာေအာင္ သံုးလာခဲ႔ၾကၿပီးျဖစ္ပါတယ္။ Essential Oil ေတြကို ရနံ႕ကုထံုး၊ အိမ္သန္႕ရွင္းေရးပစၥည္းေတြနဲ႕ အလွကုန္ပစၥည္းေတြမွာ ထည္႔သြင္းအသံုးျပဳၾကပါတယ္။ ေျခာက္ေသြ႕တဲ႔မ်က္ႏွာအေရျပားပိုင္ရွင္ေတြအတြက္ေတာ႔ Essential Oil ကိုအေကာင္းဆံုးပါပဲ။

ျပဳလုပ္နည္းကေတာ႔ ဝက္သစ္ခ်ဆီ လက္ဖက္ရည္ဇြန္း (၁) ဇြန္းရယ္၊ လာဗင္ဒါဆီ အစက္ (၂၀) ေလာက္ရယ္၊ သံလြင္ဆီဆပ္ျပာရည္ (၈) ေအာင္စေလာက္ရယ္၊ ေပါင္းခံေရတို႔ရယ္ကို ဇလံုတစ္လံုးထဲမွာ ေရာသမေမႊပါ။ ၿပီးရင္စပေရးဘူးတစ္ဘူးထဲမွာထည္႔ၿပီး ေျခာက္ေသြ႕ေနတဲ႔မ်က္ႏွာေလးကို ျဖန္းေပးပါ။ (၃) (၄) ပတ္ေလာက္ေနရင္ သိသာလာပါလိမ္႔မယ္။

၂။ ပ်ားရည္

ပ်ားရည္မွာ က်န္းမာေရးကိုအေထာက္အကူျပဳႏိုင္တဲ႔ အာဟာရဓာတ္နဲ႔ အင္ဇိုင္းဓာတ္ေတြ စံုလင္စြာပါဝင္ပါတယ္။ ဒါေၾကာင္႔လည္း ပ်ားရည္ကို ေက်းလက္ေဒသေတြမွာ စြယ္စံုသံုးလို႕ရတဲ႔ ေဆးၿမီးတိုတစ္ခု အျဖစ္ သံုးေနၾကတာျဖစ္ပါတယ္။ အစားအေသာက္အျဖစ္စားသံုးႏိုင္သလို အေရျပားအတြက္လည္း ေကာင္းက်ိဳးျပဳႏိုင္တဲ႔ ပ်ားရည္ကို မလိုင္နည္းနည္းနဲ႕ေရာလိုက္ရင္ တမူထူးျခားတဲ႔ အက်ိဳးအာနိသင္ကို ရရွိေစႏိုင္ပါတယ္။

ုျပဳလုပ္နည္းကေတာ႔ ပ်ားရည္စစ္စစ္ လက္ဖက္ရည္ဇြန္းနဲ႕ (၁)ဇြန္းကို မလိုင္ (၂) ဇြန္းနဲ႕ေရာပါ။ ၿပီးရင္ ရလာတဲ႔အႏွစ္ကို မ်က္ႏွာေပၚမွာလိမ္းေပးၿပီး ညင္သာစြာႏွိပ္နယ္ေပးရံုပါပဲ။ (၂) မိနစ္ (၃) မိနစ္ေလာက္ ႏွိပ္နယ္ေပးၿပီးရင္ေတာ႔ ေရေအးေအးေလးနဲ႔ ျပန္ေဆးခ်ေပးႏိုင္ပါၿပီ။ ၿပီးရင္တဘက္နဲ႔သုတ္ၿပီး moisturizer (အေရျပားအစုိဓာတ္ထိန္းသိမ္းေဆး) နည္းနည္းလိမ္းေပးလိုက္ပါ။ အေရျပားေျခာက္ေသြ႕ၾကမ္းတမ္းမႈက ေတာ္ေတာ္ဆိုးေနမယ္ဆိုရင္ေတာ႔ ဒီေဆးၿမီးတိုထဲမွာ သံလြင္ဆီကိုပါေရာထည္႔ေပးႏိုင္ပါတယ္

၃။ ၾကက္ဥ

ၾကက္ဥအႏွစ္မွာပါဝင္တဲ႔ အာဟာရဓာတ္ေတြဟာ ခႏၶာကိုယ္ကိုက်န္းမာသန္စြမ္းေစရံုသာမက အေရျပားကိုလည္း စိုစြတ္ေခ်ာမြတ္ေစပါတယ္။ ၾကက္ဥအႏွစ္ထဲမွာေတြ႕ရတဲ႔ ဗိုက္တာမင္ ေအ၊ ဒီ နဲ႕ အီးဟာ ခရမ္းလြန္ေရာင္ျခည္ဒဏ္မွ ကာကြယ္ေပးသလို အေရျပားအညစ္အေၾကးေတြကိုလည္း တိုက္ထုတ္ေပးႏိုင္ပါတယ္။

ျပဳလုပ္နည္းကေတာ႔ ၾကက္ဥတစ္လံုးကိုခြဲၿပီး ၾကက္ဥအႏွစ္ကိုယူထုတ္လိုက္ပါ။ ၿပီးရင္ ပ်ားရည္စစ္စစ္တစ္ဇြန္းနဲ႕ေရာလိုက္ပါ။ ၿပီးရင္ ဗာဒံေစ႔အမႈန္႕ (၇) ဇြန္းေလာက္ကိုပါ ေရာထည္႕လိုက္ၿပီး ေရာသမေမႊ ေပးလိုက္ပါ။ ရလာတဲ႔အႏွစ္ကို မ်က္ႏွာေပၚမွာလိမ္းေပးၿပီး မိနစ္အနည္းငယ္ၾကာေအာင္ ႏွိပ္နယ္ေပးလိုက္ပါ။ (၁၀) မိနစ္၊ (၁၅) မိနစ္ေလာက္ၾကာမွ ၾကက္သီးေႏြးရံုေလာက္ေရေႏြးေလးနဲ႕ ေဆးေၾကာေပးလိုက္ရင္ ႏူးညံ႕ေခ်ာမြတ္တဲ႔မ်က္ႏွာအလွေလးကိုရရွိပိုင္ဆိုင္ႏိုင္ပါၿပီ။

Credit:MM

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္..

#Unicode Version# ျဖင့္ဖတ္ပါ ။

ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဟာ မျက်နှာသစ်ဆေးအလွန်ရွေးရပြီး ဓာတုပစ္စည်းပါဝင်မှုများတဲ့ မျက်နှာသစ်ဆပ်ပြာတွေနဲ့ မတည့်ပါဘူး။ ဘာလို့လဲဆိုတော့ ဓာတုပစ္စည်းပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးတွေက မျက်နှာအရေပြားကို ပိုမိုခြောက်သွေ့စေလို့ပါပဲ။

ဒါကြောင့်တကယ်လို့ ခင်ဗျားသာခြောက်သွေ့တဲ့မျက်နှာအရေပြားကို ပိုင်ဆိုင်ထားမယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ သဘာဝ မျက်နှာသစ်ဆေးလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသဘာဝမျက်နှာသစ်ဆေးလေးတွေက အရေပြားအစိုဓာတ်ကိုထိန်းညှိပေးပြီး အရေပြားကိုဝင်းလက်တောက်ပစေလို့ပါပဲ။

၁။ Essential Oil

Essential Oil တွေကို ဆေးပညာနဲ့ကျန်းမာရေးအတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် သုံးလာခဲ့ကြပြီးဖြစ်ပါတယ်။ Essential Oil တွေကို ရနံ့ကုထုံး၊ အိမ်သန့်ရှင်းရေးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ ခြောက်သွေ့တဲ့မျက်နှာအရေပြားပိုင်ရှင်တွေအတွက်တော့ Essential Oil ကိုအကောင်းဆုံးပါပဲ။

ပြုလုပ်နည်းကတော့ ဝက်သစ်ချဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ လာဗင်ဒါဆီ အစက် (၂၀) လောက်ရယ်၊ သံလွင်ဆီဆပ်ပြာရည် (၈) အောင်စလောက်ရယ်၊ ပေါင်းခံရေတို့ရယ်ကို ဇလုံတစ်လုံးထဲမှာ ရောသမမွှေပါ။ ပြီးရင်စပရေးဘူးတစ်ဘူးထဲမှာထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာလေးကို ဖြန်းပေးပါ။ (၃) (၄) ပတ်လောက်နေရင် သိသာလာပါလိမ့်မယ်။

၂။ ပျားရည်

ပျားရည်မှာ ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်နဲ့ အင်ဇိုင်းဓာတ်တွေ စုံလင်စွာပါဝင်ပါတယ်။ ဒါကြောင့်လည်း ပျားရည်ကို ကျေးလက်ဒေသတွေမှာ စွယ်စုံသုံးလို့ရတဲ့ ဆေးမြီးတိုတစ်ခု အဖြစ် သုံးနေကြတာဖြစ်ပါတယ်။ အစားအသောက်အဖြစ်စားသုံးနိုင်သလို အရေပြားအတွက်လည်း ကောင်းကျိုးပြုနိုင်တဲ့ ပျားရည်ကို မလိုင်နည်းနည်းနဲ့ရောလိုက်ရင် တမူထူးခြားတဲ့ အကျိုးအာနိသင်ကို ရရှိစေနိုင်ပါတယ်။

ုပြုလုပ်နည်းကတော့ ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်းနဲ့ (၁)ဇွန်းကို မလိုင် (၂) ဇွန်းနဲ့ရောပါ။ ပြီးရင် ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပေးရုံပါပဲ။ (၂) မိနစ် (၃) မိနစ်လောက် နှိပ်နယ်ပေးပြီးရင်တော့ ရေအေးအေးလေးနဲ့ ပြန်ဆေးချပေးနိုင်ပါပြီ။ ပြီးရင်တဘက်နဲ့သုတ်ပြီး moisturizer (အရေပြားအစိုဓာတ်ထိန်းသိမ်းဆေး) နည်းနည်းလိမ်းပေးလိုက်ပါ။ အရေပြားခြောက်သွေ့ကြမ်းတမ်းမှုက တော်တော်ဆိုးနေမယ်ဆိုရင်တော့ ဒီဆေးမြီးတိုထဲမှာ သံလွင်ဆီကိုပါရောထည့်ပေးနိုင်ပါတယ်

၃။ ကြက်ဥ

ကြက်ဥအနှစ်မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကိုကျန်းမာသန်စွမ်းစေရုံသာမက အရေပြားကိုလည်း စိုစွတ်ချောမွတ်စေပါတယ်။ ကြက်ဥအနှစ်ထဲမှာတွေ့ရတဲ့ ဗိုက်တာမင် အေ၊ ဒီ နဲ့ အီးဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသလို အရေပြားအညစ်အကြေးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ ကြက်ဥတစ်လုံးကိုခွဲပြီး ကြက်ဥအနှစ်ကိုယူထုတ်လိုက်ပါ။ ပြီးရင် ပျားရည်စစ်စစ်တစ်ဇွန်းနဲ့ရောလိုက်ပါ။ ပြီးရင် ဗာဒံစေ့အမှုန့် (၇) ဇွန်းလောက်ကိုပါ ရောထည့်လိုက်ပြီး ရောသမမွှေ ပေးလိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလိုက်ပါ။ (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ကြာမှ ကြက်သီးနွေးရုံလောက်ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ရင် နူးညံ့ချောမွတ်တဲ့မျက်နှာအလှလေးကိုရရှိပိုင်ဆိုင်နိုင်ပါပြီ။

Credit:MM

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top