iMyanmarHouse.com - Best Property Website for Myanmar
×


လူၾကီးေတြ ေတာ္ေတာ္မ်ားမ်ား ထမင္းစားျပီးတဲ့အခ်ိန္ဆိုရင္ ငါးၾကီးဆီေဆးလံုးေလးေတြ ေသာက္တာ ျမင္ဖူးၾကမွာပါ။ ငါးၾကီးဆီဆိုတာ ဦးေႏွာက္ဉာဏ္ရည္အတြက္သာမက အျမင္အာရံုနဲ႔ ႏွလံုးက်န္းမာေရးကိုလည္း ေကာင္းမြန္ေစႏိုင္တယ္။ က်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြ၊ ဆရာဝန္ေတြကိုယ္တိုင္ကပါ ငါးၾကီးဆီေဆးလံုးေတြကို အသက္အရြယ္မေရြး ေသာက္သင့္တယ္လို႔ ညႊန္ေပးၾကပါတယ္။

ငါးၾကီးဆီက ေပးႏိုင္တဲ့ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြ

၁။ အိုမီဂါ – ၃ အဆီအႏွစ္ေတြပါလို႔ ႏွလံုးကို က်န္းမာေစတယ္။ ကိုယ္ခႏၶာက ထုတ္လုပ္ေပးႏိုင္ျခင္း မရွိတဲ့အတြက္ ေန႔စဥ္စားေနတဲ့ အစာအာဟာရနဲ႔ ျဖည့္စြက္စာအားေဆးေတြမွာ အိုမီဂါ – ၃ အဆီအႏွစ္ မျဖစ္မေန ပါဝင္ဖို႔ လိုပါတယ္။

၂။ ကိုယ္ခႏၶာအတြက္ ဓာတ္တိုးဆန္႔က်င္ပစၥည္း အျဖစ္ ဗီတာမင္ ေအ ပါဝင္လို႔ မ်က္စိအျမင္အာရံု ေကာင္းေစတယ္။ မ်က္စိအားနည္းတဲ့သူေတြ၊ မ်က္စိမႈန္သူေတြ၊ ကြန္ပ်ဴတာေရွ႕မွာ တစ္ေနကုန္ထိုင္ျပီး အလုပ္လုပ္ေနရတဲ့သူေတြအတြက္ မ်ားစြာ အက်ိဳးရွိေစပါတယ္။

၃။ အရိုးက်န္းမာေရးနဲ႔ ကိုယ္ခံအားစနစ္ ေကာင္းမြန္ေစတဲ့ ဗီတာမင္ ဒီ ဓာတ္ေတြ ၾကြယ္ဝလို႔ အရိုးအဆစ္ေတြ သန္စြမ္းေစတယ္။ အသက္ၾကီးလာတဲ့အခါမွာ ျဖစ္တတ္တဲ့ အရိုးပါးေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္။ ေရာဂါေတြ အလြယ္တကူျဖစ္မလာေစဖို႔ ကူညီတိုက္ထုတ္ေပးႏိုင္ပါတယ္။

၄။ ဦးေႏွာက္ဖြံ႔ျဖိဳးေစျပီး ဉာဏ္ရည္ထက္ျမက္ေစတဲ့ EPA နဲ႔ DHA ပါဝင္လို႔ ေက်ာင္းေနအရြယ္ေတြ၊ လူငယ္ လူၾကီးမေရြး ေသာက္သံုးေပးသင့္ပါတယ္။ ဒါ့အျပင္ မွတ္ဉာဏ္ေကာင္းေစျပီး မၾကာခဏ သတိမေမ့ေစဖို႔ ကူညီေပးႏိုင္ပါတယ္။

ငါးၾကီးဆီကို တစ္ေန႔ ဘယ္ႏွစ္လံုး ေသာက္သင့္လဲ။

လူတစ္ေယာက္အတြက္ တစ္ေန႔လွ်င္ EPA နဲ႔ DHA ပမာဏ 250-500 mg လိုအပ္ပါတယ္။ ဒါေၾကာင့္ ေဆးမဝယ္ခင္မွာ ပါဝင္ပစၥည္းနဲ႔ အညႊန္းကို ေသခ်ာဖတ္ၾကည့္ပါ။ 1000 mg အား ပါဝင္တဲ့ ငါးၾကီးဆီ ေဆးလံုးတစ္လံုးမွာ EPA နဲ႔ DHA ေပါင္းစပ္ပါဝင္မႈဟာ 300 mg ပါရွိပါတယ္။ ေဆးအညႊန္း တိတိက်က် မရွိေပမဲ့ တစ္ေန႔ကို ငါးၾကီးဆီ ေဆးလံုးတစ္လံုး ထမင္းစားျပီးရင္ ေသာက္ေပးတာ အေကာင္းဆံုးပါပဲ။

အကယ္လို႔ ကိုယ္က ငါးေတြ၊ ပင္လယ္စာေတြ မစားဘူးဆိုရင္ေတာ့ ပမာဏ မ်ားမ်ား ေသာက္ေပးဖို႔ လိုပါတယ္။ အေကာင္းဆံုးကေတာ့ ကိုယ္ျပသေနက် ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ျပီး ကိုယ့္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ေဆးဘယ္ေလာက္ ေသာက္ဖို႔၊ ဘယ္အာဟာရဓာတ္ေတြကို မရွိမျဖစ္လိုအပ္လဲဆိုတာ အရင္ဆံုးတိုင္ပင္သင့္ပါတယ္။

ငါးၾကီးဆီကို ဘယ္အစားအစာကေန ရႏိုင္ေသးလဲ။

က်န္းမာေရးအတြက္ အထူးေကာင္းတဲ့ အိုမီဂါ – ၃ အဆီအႏွစ္ကို အဆီမ်ားတဲ့ ငါးနဲ႔ ပင္လယ္စာေတြကေန အမ်ားဆံုး ရရွိႏိုင္ျပီး ပဲပိစပ္ဆီ၊ အခြံမာသီး၊ အေစ့အဆန္ေတြကေနလည္း ရႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔တိုင္း အဆီမ်ားတဲ့ ငါးေတြကို ေန႔တိုင္းမစားေပးႏိုင္ရင္ေတာင္ တစ္ပတ္ကို ၂ၾကိမ္ေလာက္ စားေပးဖို႔ အေရးၾကီးပါတယ္။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ေရာ ဘယ္လိုေကာင္းက်ိဳးေတြရွိလဲ။

ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ ဗိုက္ထဲက သေႏၶသားရဲ႕ ဦးေႏွာက္ဉာဏ္ရည္ဖြံ႔ျဖိဳးမႈနဲ႔ က်န္းမာေရးအတြက္ EPA နဲ႔ DHA ဓာတ္ေတြ လိုအပ္ပါတယ္။ ကိုယ္ဝန္ေဆာင္ေနစဥ္ ငါးၾကီးဆီကို ျပည့္ဝစြာ စားသံုးေပးျခင္းက မီးဖြားျပီးေနာက္ပိုင္း ကေလးအတြက္လည္း အက်ိဳးေက်းဇူးမ်ားစြာ ရွိေစပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ တစ္ေန႔ကို EPA နဲ႔ DHA ေပါင္းစပ္ပမာဏ 300 mg ခန္႔ စားေပးဖို႔ လိုအပ္တယ္ေနာ္။

ျဖည့္စြက္အားေဆးေတြထဲမွာ လူေတြရဲ႕ က်န္းမာေရးအတြက္ မရွိမျဖစ္ ငါးၾကီးဆီကို တစ္ေန႔ တစ္လံုးခန္႔ ပံုမွန္ေသာက္ေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။ သူ႔မွာ ကိုယ္ခႏၶာနဲ႔ က်န္းမာေရးအတြက္သာမက ဦးေႏွာက္ဉာဏ္ရည္ကိုလည္း ထက္ျမက္ေစႏိုင္တဲ့ ဓာတ္ေတြ အမ်ားအျပား ပါဝင္လို႔ အသက္အရြယ္မေရြး ေသာက္ေပးသင့္တဲ့ အားေဆးလို႔ ဆိုႏိုင္ပါတယ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လူကြီးတွေ တော်တော်များများ ထမင်းစားပြီးတဲ့အချိန်ဆိုရင် ငါးကြီးဆီဆေးလုံးလေးတွေ သောက်တာ မြင်ဖူးကြမှာပါ။ ငါးကြီးဆီဆိုတာ ဦးနှောက်ဉာဏ်ရည်အတွက်သာမက အမြင်အာရုံနဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်တယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေကိုယ်တိုင်ကပါ ငါးကြီးဆီဆေးလုံးတွေကို အသက်အရွယ်မရွေး သောက်သင့်တယ်လို့ ညွှန်ပေးကြပါတယ်။

ငါးကြီးဆီက ပေးနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ

၁။ အိုမီဂါ – ၃ အဆီအနှစ်တွေပါလို့ နှလုံးကို ကျန်းမာစေတယ်။ ကိုယ်ခန္ဓာက ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့အတွက် နေ့စဉ်စားနေတဲ့ အစာအာဟာရနဲ့ ဖြည့်စွက်စာအားဆေးတွေမှာ အိုမီဂါ – ၃ အဆီအနှစ် မဖြစ်မနေ ပါဝင်ဖို့ လိုပါတယ်။

၂။ ကိုယ်ခန္ဓာအတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် ဗီတာမင် အေ ပါဝင်လို့ မျက်စိအမြင်အာရုံ ကောင်းစေတယ်။ မျက်စိအားနည်းတဲ့သူတွေ၊ မျက်စိမှုန်သူတွေ၊ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် များစွာ အကျိုးရှိစေပါတယ်။

၃။ အရိုးကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်စေတဲ့ ဗီတာမင် ဒီ ဓာတ်တွေ ကြွယ်ဝလို့ အရိုးအဆစ်တွေ သန်စွမ်းစေတယ်။ အသက်ကြီးလာတဲ့အခါမှာ ဖြစ်တတ်တဲ့ အရိုးပါးရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ ရောဂါတွေ အလွယ်တကူဖြစ်မလာစေဖို့ ကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။

၄။ ဦးနှောက်ဖွံ့ဖြိုးစေပြီး ဉာဏ်ရည်ထက်မြက်စေတဲ့ EPA နဲ့ DHA ပါဝင်လို့ ကျောင်းနေအရွယ်တွေ၊ လူငယ် လူကြီးမရွေး သောက်သုံးပေးသင့်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကောင်းစေပြီး မကြာခဏ သတိမမေ့စေဖို့ ကူညီပေးနိုင်ပါတယ်။

ငါးကြီးဆီကို တစ်နေ့ ဘယ်နှစ်လုံး သောက်သင့်လဲ။

လူတစ်ယောက်အတွက် တစ်နေ့လျှင် EPA နဲ့ DHA ပမာဏ 250-500 mg လိုအပ်ပါတယ်။ ဒါကြောင့် ဆေးမဝယ်ခင်မှာ ပါဝင်ပစ္စည်းနဲ့ အညွှန်းကို သေချာဖတ်ကြည့်ပါ။ 1000 mg အား ပါဝင်တဲ့ ငါးကြီးဆီ ဆေးလုံးတစ်လုံးမှာ EPA နဲ့ DHA ပေါင်းစပ်ပါဝင်မှုဟာ 300 mg ပါရှိပါတယ်။ ဆေးအညွှန်း တိတိကျကျ မရှိပေမဲ့ တစ်နေ့ကို ငါးကြီးဆီ ဆေးလုံးတစ်လုံး ထမင်းစားပြီးရင် သောက်ပေးတာ အကောင်းဆုံးပါပဲ။

အကယ်လို့ ကိုယ်က ငါးတွေ၊ ပင်လယ်စာတွေ မစားဘူးဆိုရင်တော့ ပမာဏ များများ သောက်ပေးဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးဘယ်လောက် သောက်ဖို့၊ ဘယ်အာဟာရဓာတ်တွေကို မရှိမဖြစ်လိုအပ်လဲဆိုတာ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။

ငါးကြီးဆီကို ဘယ်အစားအစာကနေ ရနိုင်သေးလဲ။

ကျန်းမာရေးအတွက် အထူးကောင်းတဲ့ အိုမီဂါ – ၃ အဆီအနှစ်ကို အဆီများတဲ့ ငါးနဲ့ ပင်လယ်စာတွေကနေ အများဆုံး ရရှိနိုင်ပြီး ပဲပိစပ်ဆီ၊ အခွံမာသီး၊ အစေ့အဆန်တွေကနေလည်း ရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း အဆီများတဲ့ ငါးတွေကို နေ့တိုင်းမစားပေးနိုင်ရင်တောင် တစ်ပတ်ကို ၂ကြိမ်လောက် စားပေးဖို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်ရော ဘယ်လိုကောင်းကျိုးတွေရှိလဲ။

ကိုယ်ဝန်ဆောင်မိခင်နှင့် ဗိုက်ထဲက သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် EPA နဲ့ DHA ဓာတ်တွေ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ငါးကြီးဆီကို ပြည့်ဝစွာ စားသုံးပေးခြင်းက မီးဖွားပြီးနောက်ပိုင်း ကလေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို EPA နဲ့ DHA ပေါင်းစပ်ပမာဏ 300 mg ခန့် စားပေးဖို့ လိုအပ်တယ်နော်။

ဖြည့်စွက်အားဆေးတွေထဲမှာ လူတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် ငါးကြီးဆီကို တစ်နေ့ တစ်လုံးခန့် ပုံမှန်သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ သူ့မှာ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက်သာမက ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်တဲ့ ဓာတ်တွေ အများအပြား ပါဝင်လို့ အသက်အရွယ်မရွေး သောက်ပေးသင့်တဲ့ အားဆေးလို့ ဆိုနိုင်ပါတယ်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top