iMyanmarHouse.com - Best Property Website for Myanmar
×


သင္ဟာ အမ်ဳိးသမီးျဖစ္ေစ၊ အမ်ဳိးသားျဖစ္ေစ အရြယ္ေရာက္ၿပီးတဲ့ ေနာက္ပုိင္းမွာ သင့္ခႏၶာကုိယ္ရဲ႕ ေနရာအခ်ဳိ႕၌ ဆယ္လူလုိက္ လုိ႔ေခၚတဲ့ အဆီခဲေတြ ျဖစ္လာတဲ့ အေျခအေနကုိ သတိထားမိလာပါလိမ့္မယ္။ ဒီအဆီခဲေတြဟာ ေရြ႕လ်ားတဲ့ ပုံပန္းသြင္ျပင္ ရွိၿပီးလိေမၼာ္သီးခြံရဲ႕ ခ်ိဳင့္ေနတဲ့ မ်က္ႏွာျပင္ ပြေယာင္းေယာင္း ပုံစံႏွင့္ ဒိန္ခဲအေပ်ာ႔ကဲ့သုိ႔ ပုံစံေတြ ရွိေနၾကပါတယ္။

ဒီလုိျဖစ္ျခင္းဟာ အႏၱရာယ္ရွိတဲ့ ေရာဂါလကၡဏာမ်ဳိး ျဖစ္ေနတာမဟုတ္ေပမယ့္လည္း အဆီခဲေတြဟာ သင့္ရဲ႕အေရျပားကုိ ၾကည့္ရတာရုပ္ဆုိးေစပါတယ္။ အဆီခဲေတြျဖစ္ေပၚျခင္း ေႏွးေကြးလာေအာင္ႏွင့္ အရြယ္အစားေသးသြားေအာင္ ေအာက္ေဖာ္ျပပါ အသုံးဝင္တဲ့ နည္းလမ္း ၅သြယ္ ကုိၾကဳိးစားၾကည့္ပါ။

ကုိယ္အေလးခ်ိန္ ေလွ်ာ႔ခ်ျခင္း

သင္ဟာ ကုိယ္အေလးခ်ိန္တုိးလာမယ္ဆုိရင္ သင့္ရဲ႕ အဆီဆဲလ္ေတြဟာ ပုိၿပီးႀကီးထြားလာၿပီး အဆီခဲေတြ ထပ္ျဖစ္လာႏုိင္ပါတယ္။ အထူးသျဖင့္ အဝလြန္တဲ့ သူေတြမွာ ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးျခင္းဟာ အဆီခဲေတြရဲ႕ ပုံပန္းသြင္ျပင္ကုိ ေလ်ာ့က်ေအာင္ လုပ္ေဆာင္ႏုိင္ပါတယ္။

 ေလ့က်င့္ခန္းအခ်ဳိ႕ ျပဳလုပ္ေပးျခင္း ႏွင့္က်န္းမာေရးႏွင့္ ညီညြတ္စြာ စားေသာက္ေပးျခင္းဟာ သင့္ကုိ ကုိယ္အေလးခ်ိန္ ေလ်ာ့က်လာေစႏုိင္ၿပီး ေျခေထာက္၊ေပါင္၊ တင္ပါး ႏွင့္ ဝမ္းဗုိက္မွာရွိတဲ့ ႂကြက္သားေတြကုိလည္း ပုိၿပီးသန္မာလာေစပါတယ္။

ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်လုိက္ၿပီးတဲ့ ေနာက္မွာအဆီခဲေတြဟာ သိသိသာသာ ေလ်ာ့နည္းသြားေပမယ့္လည္း လုံးဝအရွင္း ေပ်ာက္သြားတာေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္ သင္ဟာအျခားေသာ ကုထုံးေတြရဲ႕ အကူအညီလည္း လုိအပ္ႏုိ္င္ပါတယ္။

ေလဆာ သုိ႔မဟုတ္ အလင္းျဖင့္ ကုသျခင္း

ေလဆာျဖင့္ ကုသျခင္းဟာ သင့္ရဲ႕ အဆီခဲေတြ ေလ်ာ႔က်တာကုိ အံ့ဩဖြယ္ေကာင္းစြာ သက္ေသျပႏုိင္ပါတယ္။ တကယ္ ေပ်ာက္ကင္းေအာင္ ကုသေပးႏုိင္တဲ့ အာမခံခ်က္အရွိဆုံး ေဆးကုသမွဳ တစ္ခုကေတာ့ ေလဆာအသုံးျပဳၿပီး ကုသျခင္းပဲ ျဖစ္ပါတယ္။

၁၄၄၀ နန္ႏုိမီတာလွိုင္းအင္အားရွိတဲ့ ေလဆာလို႔ေခၚတဲ့ စနစ္တစ္ခုဟာ အဆီခဲေတြ ေလၽွာ့ခ်ရာမွာ အခ်ိန္အၾကာျမင့္ဆုံးႏွင့္ ေကာင္းမြန္တဲ့ ရလဒ္ေတြကုိ သိသိသာသာ ျဖစ္ေပၚေစပါတယ္။ ခဲြစိတ္မွဳခံယူ မယ္ဆုိရင္ေတာ့ အဆီခဲေတြကုိ ျဖစ္ေစတဲ့ ဖိုင္ဘာ အမွ်င္ေတြကုိ ျဖတ္ေတာက္ပစ္ဖုိ႔ရာ အေရျပားေအာက္ကုိ ေသးငယ္တဲ့အေခ်ာင္း ေလးထည့္ၿပီးျပဳလုပ္ျခင္း ျဖစ္ပါတယ္။

 ေလဆာျဖင့္ ကုသျခင္းမွာေတာ့ ေလဆာမီးဟာ အေရျပားကုိ ျဖတ္သြားၿပီး အဆီခဲေတြျဖစ္ေပၚေစတဲ့ အတြန္႔အခ်ဳိင့္ ေနရာေတြကုိ အေရျပားရဲ႕ မ်က္ႏွာျပင္ေပၚမွာ ေပၚလာေစပါတယ္။ ေလဆာမီးဟာ ဖိုင္ဘာ အမွ်င္ေတြနားေရာက္လာတာနဲ႔ တစ္ျပဳိင္နက္ ဒီေနရာကုိေထာက္ပံ့ေပးထားတဲ့ ေသြးေထာက္ ပံ့မႈကုိ ျဖတ္ေတာက္ပစ္လုိက္ၿပီး ဒီအမွ်င္ကုိ ဆက္ၿပီး မႀကီးထြားႏုိင္ေအာင္ ျပဳလုပ္ပါတယ္။ ဒါ့အျပင္ အေရျပားတင္းရင္းေစတဲ့ ေကာ္လဂ်င္ ထုတ္လုပ္မွဳ ပုိမုိၿပီးမ်ားျပားလာေအာင္ လႈံ႕ေဆာ္ပါတယ္။

အဆီစုပ္ထုတ္ပစ္ျခင္း

၎ကုိ ခႏၶာကုိယ္ ပုံသဏၭာန္ေပၚေအာင္ မလုိေသာအဆီမ်ား ဖယ္ရွားပစ္ျခင္းလို႔လည္း ေခၚပါတယ္။ ဒီလုိလုပ္ျခင္းဟာ အလွအပဆုိင္ရာ ခဲြစိတ္မႈ အမ်ဳိးအစားတစ္ခုပဲျဖစ္ပါတယ္။ ဒီလုိ အဆီေတြစုပ္ထုတ္လုိက္ျခင္းဟာ ခႏၶာကုိယ္ ပုံစံေပၚလာေအာင္ မလုိလားအပ္ေသာ က်န္ေနတဲ့အဆီေတြကုိ ဖယ္ရွားပစ္လုိက္ျခင္း ျဖစ္ၿပီး ပုံမွန္မဟုတ္တဲ့ ခႏၶာကုိယ္ ေကာက္ေၾကာင္းတစ္ခုကုိ ေခ်ာေမြ႕ ေျပျပစ္ေစပါတယ္။

ဒီလုိျပဳလုပ္တဲ့ နည္းပညာမွာဆုိရင္ ထိပ္ေခါင္းေလးေတြ အမ်ဳိးမ်ဳိးရွိတဲ့ ႁပြန္ငယ္ေလးေတြကုိ သုံးၿပီး အေရျပားႏွင့္ ကပ္လွ်က္ရွိေနတဲ့ အဆီဆဲလ္ေတြကုိ ဖယ္ရွားပစ္ဖို႔ရာ သုံးပါတယ္။ ဒါ့အျပင္ ဤကဲ့သုိ႔ ျပဳလုပ္ျခင္းဟာ အေသးစားထိခုိက္မွဳေလးေတြ ျဖစ္ႏုိင္ၿပီး အေရျပားကုိ က်ဳံ႕ေစပါတယ္။

ဒီလုိအဆီစုပ္ထုတ္ျခင္း ျပဳလုပ္မွဳဟာ လူနာအေတာ္မ်ားမ်ားမွာ အဆီခဲေတြရဲ႕ ႀကီးထြားမွဳကုိ ေလ်ာ့က်ေအာင္ ကူညီေပးႏုိင္ေပမယ့္လည္း အႏၱရာယ္ အကင္းႀကီးေတာ့မဟုတ္ပါဘူး။ အထူးသျဖင့္ သင့္ရဲ႕ ခဲြစိတ္ဆရာဝန္ဟာ ဒီနည္းပညာမွာ မကၽြမ္းက်င္ဘူးဆုိရင္ သင္ အႏၱရာယ္ကင္းမွာ မဟုတ္ပါဘူး။

လိမ္းေဆးမ်ားႏွင့္ ကုသျခင္း

ဗီတာမင္ဓာတ္မ်ား၊ သတၱဳဓာတ္မ်ား၊ သဘာဝမွရေသာ သစ္ဥသစ္ဖုမ်ားမွ ထုတ္လုပ္ထားေသာ အဆီအႏွစ္မ်ားႏွင့္ ဓာတ္တုိးဆန္႔က်င္ ပစၥည္မ်ား စတဲ့ ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့ ခရင္မ္ေတြကုိ အဆီခဲမ်ားကုသဖုိ႔ရာအတြက္ ေစ်းကြက္ထဲမွာ မ်ားေသာအားျဖင့္ ရႏုိင္ပါတယ္။ ပုံမွန္အားျဖင့္ သင့္ရဲ႕ဆရာဝန္ဟာ ကေဖးဓာတ္ႏွင့္ ရတီေနာဓာတ္ပါတဲ့ ခရင္မ္ေတြကုိ အဆီခဲေတြ ကုသရာမွာ လိမ္းေပးဖုိ႔ ညႊန္ၾကားႏုိင္ပါတယ္။

သုိ႔ေသာ္ ဒီခရင္မ္ လိမ္းေဆးေတြဟာ အဆီခဲေလ်ာ့က်ေစဖို႔ သိသိသာသာ တုိးတက္ေကာင္းမြန္ေစတယ္လုိ႔ ေလ့လာေတြ႕ရွိထားျခင္းေတာ့ မရွိေသးပါဘူး။ အခ်ဳိ႕ေသာ လူနာေတြမွာ ဒီလိမ္းေဆးေတြရဲ႕ ပါဝင္ပစၥည္းေတြေၾကာင့္ အေရျပားတြင္ ဓာတ္ျပဳမွဳမ်ားႏွင့္ အေရျပားအကြက္မ်ား ျဖစ္ေစႏုိင္ပါတယ္။

အေရျပားကုိ ေဆးထုိး၍ကုသျခင္း

ဒီလုိေဆးထုိး၍ ကုသျခင္းမွာဆုိရင္ အမုိင္ႏိုဖိုင္လင္း၊ ေဟာ္မုန္းမ်ား၊ အန္ဇုိင္းမ်ား၊ သဘာဝမွ ရေသာသစ္ဥသစ္ဖုမွ ထုတ္လုပ္ထားသည္မ်ား၊ ဗီတာမင္မ်ားႏွင့္ သတၱဳဓာတ္မ်ား စတာေတြကုိ ေရာေပါင္းၿပီး ရလာတဲ့အရည္ကုိ သင့္ရဲ႕ အေရျပားေအာက္ကုိ ထုိးထည့္ျခင္း ျဖစ္ပါတယ္။ ဒီလုိကုသမွဳဟာ အဆီေတြကုိ ျဖဳိခဲြႏုိင္ၿပီး အဆီခဲေတြရဲ႕ ပုံပန္းသြင္ျပင္ကုိ အနည္းငယ္တုိးတက္ လာေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။

သုိ႔ေသာ္ ဒီလုိကုသမွဳဟာ ဆုိးရြားတဲ့ မလုိလားအပ္ေသာ အက်ဳိးသက္ေရာက္ မွဳေတြျဖစ္ေစႏုိင္ပါတယ္။ ဆုိလုိတာကေတာ့ ပုိးဝင္ျခင္း၊ အေရျပားအကြက္ထျခင္းႏွင့္ အေရျပားတြင္ အဖုအထစ္မ်ား သုိ႔မဟုတ္ မညီညာေသာ ေကာက္ေၾကာင္းမ်ား ျဖစ္ေပၚေစႏုိင္ပါတယ္။

အခ်ဳပ္အားျဖင့္ ေျပာရမယ္ဆုိရင္ အေပၚမွာ ေဖာ္ျပခဲ့တဲ့ ကုသမွဳ ဆုိင္ရာနည္းလမ္း ၅ မ်ဳိးဟာ သင့္ရဲ႕အသားအေရေခ်ာေမြ႕ၿပီး အေရျပား မ်က္ႏွာျပင္မွာ အတြန္႔အေခါက္ေတြ၊ အခ်ဳိင့္ေတြ ျဖစ္ေပၚျခင္းကုိ ေလ်ာ့နည္းေစတဲ့ အေကာင္းဆုံး ရလဒ္ေတြကုိ ျဖစ္ေစတယ္ဆုိတာ သက္ေသျပႏုိင္ခဲ့ပါၿပီ။

သုိ႔ေသာ္ သင့္အတြက္အမွန္ကန္ဆုံး ကုသမွဳ နည္းလမ္းကုိ ဆုံးျဖတ္ရာမွာ သတိႏွင့္ ယွဥ္ၿပီး ဆုံးျဖတ္သင့္ပါတယ္။ ဒါ့အျပင္ ပုိတိက်ေကာင္းမြန္တဲ့ အၾကံဥာဏ္မ်ား ရယူဖုိ႔ရန္ ကၽြမ္းက်င္ေသာ သမားေတာ္ႏွင့္ တုိင္ပင္ပါ။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သင်ဟာ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အရွယ်ရောက်ပြီးတဲ့ နောက်ပိုင်းမှာ သင့်ခန္ဓာကိုယ်ရဲ့ နေရာအချို့၌ ဆယ်လူလိုက် လို့ခေါ်တဲ့ အဆီခဲတွေ ဖြစ်လာတဲ့ အခြေအနေကို သတိထားမိလာပါလိမ့်မယ်။ ဒီအဆီခဲတွေဟာ ရွေ့လျားတဲ့ ပုံပန်းသွင်ပြင် ရှိပြီးလိမ္မော်သီးခွံရဲ့ ချိုင့်နေတဲ့ မျက်နှာပြင် ပွယောင်းယောင်း ပုံစံနှင့် ဒိန်ခဲအပျော့ကဲ့သို့ ပုံစံတွေ ရှိနေကြပါတယ်။

ဒီလိုဖြစ်ခြင်းဟာ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာမျိုး ဖြစ်နေတာမဟုတ်ပေမယ့်လည်း အဆီခဲတွေဟာ သင့်ရဲ့အရေပြားကို ကြည့်ရတာရုပ်ဆိုးစေပါတယ်။ အဆီခဲတွေဖြစ်ပေါ်ခြင်း နှေးကွေးလာအောင်နှင့် အရွယ်အစားသေးသွားအောင် အောက်ဖော်ပြပါ အသုံးဝင်တဲ့ နည်းလမ်း ၅သွယ် ကိုကြိုးစားကြည့်ပါ။

ကိုယ်အလေးချိန် လျှော့ချခြင်း

သင်ဟာ ကိုယ်အလေးချိန်တိုးလာမယ်ဆိုရင် သင့်ရဲ့ အဆီဆဲလ်တွေဟာ ပိုပြီးကြီးထွားလာပြီး အဆီခဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့ သူတွေမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်းဟာ အဆီခဲတွေရဲ့ ပုံပန်းသွင်ပြင်ကို လျော့ကျအောင် လုပ်ဆောင်နိုင်ပါတယ်။

 လေ့ကျင့်ခန်းအချို့ ပြုလုပ်ပေးခြင်း နှင့်ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပေးခြင်းဟာ သင့်ကို ကိုယ်အလေးချိန် လျော့ကျလာစေနိုင်ပြီး ခြေထောက်၊ပေါင်၊ တင်ပါး နှင့် ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားတွေကိုလည်း ပိုပြီးသန်မာလာစေပါတယ်။

ကိုယ်အလေးချိန် လျှော့ချလိုက်ပြီးတဲ့ နောက်မှာအဆီခဲတွေဟာ သိသိသာသာ လျော့နည်းသွားပေမယ့်လည်း လုံးဝအရှင်း ပျောက်သွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သင်ဟာအခြားသော ကုထုံးတွေရဲ့ အကူအညီလည်း လိုအပ်နိုင်ပါတယ်။

လေဆာ သို့မဟုတ် အလင်းဖြင့် ကုသခြင်း

လေဆာဖြင့် ကုသခြင်းဟာ သင့်ရဲ့ အဆီခဲတွေ လျော့ကျတာကို အံ့ဩဖွယ်ကောင်းစွာ သက်သေပြနိုင်ပါတယ်။ တကယ် ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ အာမခံချက်အရှိဆုံး ဆေးကုသမှု တစ်ခုကတော့ လေဆာအသုံးပြုပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။

၁၄၄၀ နန်နိုမီတာလှိုင်းအင်အားရှိတဲ့ လေဆာလို့ခေါ်တဲ့ စနစ်တစ်ခုဟာ အဆီခဲတွေ လျှော့ချရာမှာ အချိန်အကြာမြင့်ဆုံးနှင့် ကောင်းမွန်တဲ့ ရလဒ်တွေကို သိသိသာသာ ဖြစ်ပေါ်စေပါတယ်။ ခွဲစိတ်မှုခံယူ မယ်ဆိုရင်တော့ အဆီခဲတွေကို ဖြစ်စေတဲ့ ဖိုင်ဘာ အမျှင်တွေကို ဖြတ်တောက်ပစ်ဖို့ရာ အရေပြားအောက်ကို သေးငယ်တဲ့အချောင်း လေးထည့်ပြီးပြုလုပ်ခြင်း ဖြစ်ပါတယ်။

 လေဆာဖြင့် ကုသခြင်းမှာတော့ လေဆာမီးဟာ အရေပြားကို ဖြတ်သွားပြီး အဆီခဲတွေဖြစ်ပေါ်စေတဲ့ အတွန့်အချိုင့် နေရာတွေကို အရေပြားရဲ့ မျက်နှာပြင်ပေါ်မှာ ပေါ်လာစေပါတယ်။ လေဆာမီးဟာ ဖိုင်ဘာ အမျှင်တွေနားရောက်လာတာနဲ့ တစ်ပြိုင်နက် ဒီနေရာကိုထောက်ပံ့ပေးထားတဲ့ သွေးထောက် ပံ့မှုကို ဖြတ်တောက်ပစ်လိုက်ပြီး ဒီအမျှင်ကို ဆက်ပြီး မကြီးထွားနိုင်အောင် ပြုလုပ်ပါတယ်။ ဒါ့အပြင် အရေပြားတင်းရင်းစေတဲ့ ကော်လဂျင် ထုတ်လုပ်မှု ပိုမိုပြီးများပြားလာအောင် လှုံ့ဆော်ပါတယ်။

အဆီစုပ်ထုတ်ပစ်ခြင်း

၎င်းကို ခန္ဓာကိုယ် ပုံသဏ္ဌာန်ပေါ်အောင် မလိုသောအဆီများ ဖယ်ရှားပစ်ခြင်းလို့လည်း ခေါ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အလှအပဆိုင်ရာ ခွဲစိတ်မှု အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဒီလို အဆီတွေစုပ်ထုတ်လိုက်ခြင်းဟာ ခန္ဓာကိုယ် ပုံစံပေါ်လာအောင် မလိုလားအပ်သော ကျန်နေတဲ့အဆီတွေကို ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတစ်ခုကို ချောမွေ့ ပြေပြစ်စေပါတယ်။

ဒီလိုပြုလုပ်တဲ့ နည်းပညာမှာဆိုရင် ထိပ်ခေါင်းလေးတွေ အမျိုးမျိုးရှိတဲ့ ပြွန်ငယ်လေးတွေကို သုံးပြီး အရေပြားနှင့် ကပ်လျှက်ရှိနေတဲ့ အဆီဆဲလ်တွေကို ဖယ်ရှားပစ်ဖို့ရာ သုံးပါတယ်။ ဒါ့အပြင် ဤကဲ့သို့ ပြုလုပ်ခြင်းဟာ အသေးစားထိခိုက်မှုလေးတွေ ဖြစ်နိုင်ပြီး အရေပြားကို ကျုံ့စေပါတယ်။

ဒီလိုအဆီစုပ်ထုတ်ခြင်း ပြုလုပ်မှုဟာ လူနာအတော်များများမှာ အဆီခဲတွေရဲ့ ကြီးထွားမှုကို လျော့ကျအောင် ကူညီပေးနိုင်ပေမယ့်လည်း အန္တရာယ် အကင်းကြီးတော့မဟုတ်ပါဘူး။ အထူးသဖြင့် သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ ဒီနည်းပညာမှာ မကျွမ်းကျင်ဘူးဆိုရင် သင် အန္တရာယ်ကင်းမှာ မဟုတ်ပါဘူး။

လိမ်းဆေးများနှင့် ကုသခြင်း

ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များ၊ သဘာဝမှရသော သစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော အဆီအနှစ်များနှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်များ စတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခရင်မ်တွေကို အဆီခဲများကုသဖို့ရာအတွက် ဈေးကွက်ထဲမှာ များသောအားဖြင့် ရနိုင်ပါတယ်။ ပုံမှန်အားဖြင့် သင့်ရဲ့ဆရာဝန်ဟာ ကဖေးဓာတ်နှင့် ရတီနောဓာတ်ပါတဲ့ ခရင်မ်တွေကို အဆီခဲတွေ ကုသရာမှာ လိမ်းပေးဖို့ ညွှန်ကြားနိုင်ပါတယ်။

သို့သော် ဒီခရင်မ် လိမ်းဆေးတွေဟာ အဆီခဲလျော့ကျစေဖို့ သိသိသာသာ တိုးတက်ကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိထားခြင်းတော့ မရှိသေးပါဘူး။ အချို့သော လူနာတွေမှာ ဒီလိမ်းဆေးတွေရဲ့ ပါဝင်ပစ္စည်းတွေကြောင့် အရေပြားတွင် ဓာတ်ပြုမှုများနှင့် အရေပြားအကွက်များ ဖြစ်စေနိုင်ပါတယ်။

အရေပြားကို ဆေးထိုး၍ကုသခြင်း

ဒီလိုဆေးထိုး၍ ကုသခြင်းမှာဆိုရင် အမိုင်နိုဖိုင်လင်း၊ ဟော်မုန်းများ၊ အန်ဇိုင်းများ၊ သဘာဝမှ ရသောသစ်ဥသစ်ဖုမှ ထုတ်လုပ်ထားသည်များ၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ စတာတွေကို ရောပေါင်းပြီး ရလာတဲ့အရည်ကို သင့်ရဲ့ အရေပြားအောက်ကို ထိုးထည့်ခြင်း ဖြစ်ပါတယ်။ ဒီလိုကုသမှုဟာ အဆီတွေကို ဖြိုခွဲနိုင်ပြီး အဆီခဲတွေရဲ့ ပုံပန်းသွင်ပြင်ကို အနည်းငယ်တိုးတက် လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

သို့သော် ဒီလိုကုသမှုဟာ ဆိုးရွားတဲ့ မလိုလားအပ်သော အကျိုးသက်ရောက် မှုတွေဖြစ်စေနိုင်ပါတယ်။ ဆိုလိုတာကတော့ ပိုးဝင်ခြင်း၊ အရေပြားအကွက်ထခြင်းနှင့် အရေပြားတွင် အဖုအထစ်များ သို့မဟုတ် မညီညာသော ကောက်ကြောင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ ကုသမှု ဆိုင်ရာနည်းလမ်း ၅ မျိုးဟာ သင့်ရဲ့အသားအရေချောမွေ့ပြီး အရေပြား မျက်နှာပြင်မှာ အတွန့်အခေါက်တွေ၊ အချိုင့်တွေ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့ အကောင်းဆုံး ရလဒ်တွေကို ဖြစ်စေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ။

သို့သော် သင့်အတွက်အမှန်ကန်ဆုံး ကုသမှု နည်းလမ်းကို ဆုံးဖြတ်ရာမှာ သတိနှင့် ယှဉ်ပြီး ဆုံးဖြတ်သင့်ပါတယ်။ ဒါ့အပြင် ပိုတိကျကောင်းမွန်တဲ့ အကြံဉာဏ်များ ရယူဖို့ရန် ကျွမ်းကျင်သော သမားတော်နှင့် တိုင်ပင်ပါ။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top