ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×


စိတ္ဓာတ္ေတြအရမ္းက်တဲ့အခ်ိန္ရွိဖူးလား။ ဒါမွမဟုတ္ အခုရွိေနလား။ အရမ္းကို ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေပါ့။ တစ္ေလာကလံုးမွာ ကိုယ္တစ္ေယာက္တည္းမ်ား ကံဆုိးမႈေတြအကုန္က်ေရာက္ေနသလား ထင္ရေလာက္တဲ့အခ်ိန္ေတြေပါ့။

တစ္ေယာက္တည္းလို႔ ခံစားရတဲ့ခံစားခ်က္နဲ႔ မငိုျဖစ္ဖို႔ အားတင္းထားရတဲ့အခ်ိန္ေတြ။ အခန္းေလးထဲမွာ ကိုယ္တစ္ေယာက္တည္းေနခ်င္တဲ့အခ်ိန္ေတြေပါ့။ တစ္ေယာက္ေယာက္ကိုေျပာျပလိုက္ခ်င္ေပမယ့္ အေရးတယူလုပ္ခံရမွာမဟုတ္မွန္းေသခ်ာတဲ့အခါ ဘယ္သူ႔ကိုမွ မေျပာျဖစ္ေတာ့ဘူး။

ဒါမွမဟုတ္ ကိုယ္တကယ္ေျပာျပဖို႔ ယံုၾကည္ရေလာက္တဲ့သူမရွိတာလည္းပါတယ္။ ဘယ္ေနရာရယ္မေသခ်ာေပမယ့္ ဒီေနရာကေန အေဝးဆံုးကိုထြက္သြားခ်င္တယ္။ ကိုယ္ဆိုတဲ့တည္ရွိမႈ မရွိေတာ့ရင္ေကာင္းမယ္။ မနက္ျဖန္ဆိုတာ မရွိေတာ့ရင္ေကာင္းမယ္လို႔ ေတြးဖူးတဲ့အခ်ိန္ေတြေပါ့။ အဲဒီအခ်ိန္ အျပန္ျပန္အလွန္လွန္ေမးမိတဲ့ေမးခြန္းက “ဘာ့ေၾကာင့္မ်ားလဲ” ဆိုတာပဲ။

ကိုယ္တစ္ေယာက္တည္းမဟုတ္ပါဘူး။

ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာကို တိတိပပ မေျပာႏုိင္ေပမယ့္ ဒီလိုေတြခံစားေနရတာ၊ ခံစားခဲ့ဖူးတာက ကိုယ္တစ္ေယာက္တည္းမဟုတ္ဘူးဆိုတာေတာ့ ေသခ်ာပါတယ္။ စိတ္ဓာတ္က်တာက ခ်မ္းသာတာ၊ ဆင္းရဲတာ၊ ပညာတတ္တာ၊ မတတ္တာေတြနဲ႔ လံုးဝမသက္ဆုိင္ဘူး။

က်ရံႈးလို႔ စိတ္ဓာတ္က်ေနတဲ့သူေတြရွိသလို ေအာင္ျမင္ေနတဲ့သူေတြမွာလည္း စိတ္ဓာတ္က်တာပါပဲ။ တကယ္တမ္းေျပာရရင္ ခ်မ္းသာတဲ့သူ၊ ပညာတတ္တဲ့သူေတြနဲ႔ ေအာင္ျမင္ေနတယ္လို႔ ထင္ရသူေတြက စိတ္ဓာတ္က်မႈကို ပိုလို႔ေတာင္ခံစားရႏုိင္ေသးတယ္ဆိုတာ ကိုယ့္ဘဝကိုယ္ႏႈတ္ယူသြားတဲ့သူေတြကိုၾကည့္ရင္ သိျမင္ႏုိင္ပါလိမ့္မယ္။

အခက္အခဲေတြၾကံဳေနရတဲ့အခ်ိန္ စိတ္ဓာတ္က်တဲ့အခ်ိန္မွာ ပိုျပင္းထန္တဲ့ရိုက္ခတ္မႈက “ငါတစ္ေယာက္တည္းပဲ” ဆိုတဲ့ခံစားခ်က္ပါ။ လူတုိင္း စိတ္ဓာတ္က်မႈကို ခံစားရႏုိင္ပါတယ္။ ေအာင္ျမင္ေနတာနဲ႔ ေပ်ာ္ရႊင္ေနတဲ့ပံုေပါက္ေနတာနဲ႔ စိတ္ပိုင္းဆိုင္ရာ ရိုက္ခတ္မႈေတြ မရွိဘူးလို႔ ေကာက္ခ်က္ခ်လို႔မရႏုိင္ပါဘူး။

 ေလာကဓံရဲ႕ သက္ေရာက္မႈက လူတုိင္းအေပၚမွာရွိေနပါတယ္။ လူတိုင္းစိတ္ဓာတ္က်ႏုိင္ပါတယ္။ ကိုယ္ဟာ ဘယ္ေတာ့မွ တစ္ေယာက္တည္းမဟုတ္ပါဘူး။ ကိုယ္ဘယ္ေနရာထိ ေရာက္ခဲ့ျပီးျပီလဲ ဆိုတာကိုၾကည့္ပါ။

ေတာင္တက္ဖူးတဲ့သူေတြဆိုပိုသိပါလိမ့္မယ္။ ေတာင္တက္တဲ့အခါ အရမ္းပင္ပန္းလြန္းလို႔ ရပ္တန္႔ပစ္လိုက္ခ်င္တယ္။ ဒါေပမယ့္ ေတာင္ေအာက္ကိုျပန္ၾကည့္ျပီး ငါ ဒီအထိေတာင္ တက္လာခဲ့ျပီးျပီပဲဆိုတဲ့စိတ္နဲ႔ ေနာက္ဆံုးမွာ ထိပ္ဆံုးထိေရာက္ရွိေစခဲ့တယ္မလား။ အခုလည္း စိတ္ဓာတ္က်တဲ့အခါ ကိုယ္စခဲ့ရတဲ့ေနရာေလးကို ျပန္ၾကည့္ပါ။

ကိုယ္ဟာ ဘယ္ေလာက္ေသးေသးသိမ္သိမ္စခဲ့ရတာလဲ။ ဘယ္ေလာက္ေသးငယ္တဲ့အ စက္အေပ်ာက္ေလးတစ္ခုကေန စခဲ့ရတာလဲ။ အခု ကိုယ္ဒီေနရာကိုေရာက္လာေအာင္ နတ္ေတြဖန္ဆင္းေပးလိုက္တာမဟုတ္ဘူး။ ကိုယ္တုိင္ၾကိဳးစားခဲ့ရတာ။

ကိုယ္တုိင္လုပ္ယူခဲ့တာ။ ကိုယ္တိုင္တည္ေဆာက္ခဲ့တာ။ ကိုယ္တိုင္ေရွ႕ကိုတျဖည္းျဖည္းခ်င္း တိုးလာခဲ့တာ။ အခုခ်ိန္က်မွ ဒီလိုအျဖစ္အပ်က္ေလးေတြက ကိုယ့္ကိုရပ္တန္႔ေစႏုိင္မွာတဲ့လား။
မေမ့ပါနဲ႔။ “အရဲရင့္ဆံုး စစ္သူၾကီးေတြဟာ တစ္ခ်ိန္တုန္းက အရမ္းကို ႏုနယ္တဲ့ ကေလးေတြျဖစ္ ခဲ့ဖူးၾကတယ္” ဆိုတာကို။

ျပႆနာတိုင္းမွာ အေျဖရွိတယ္။

ဆန္ဖရန္စၥကိုတံတားေပၚကေန ခုန္ခ်ျပီး သတ္ေသတာမွာ အသက္မေသဘဲ ကယ္တင္လို႔ရလိုက္တဲ့သူေတြကို အင္တာဗ်ဴးတစ္ခုလုပ္တာမွာ သိလုိက္ရတာတစ္ခုက သူတို႔ခုန္ခ်လုိက္တဲ့အခ်ိိန္ ေရျပင္ကုိမေရာက္ေသးတဲ့အခ်ိန္မွာ ရုတ္တရက္ေပၚလာတဲ့သိျမင္မႈက သူတို႔ဘဝမွာ လက္ရွိၾကံဳေနရတဲ့ျပႆနာမွန္သမွ်ဟာ ေျဖရွင္းလု႔ိရႏိုင္တယ္ဆိုတာပါပဲတဲ့။ သိပ္ကိုစိတ္မေကာင္းစရာေကာင္းတဲ့ျဖစ္ရပ္ပါ။

လူေတြဟာ စိတ္ဓာတ္က်တဲ့အခါ ျပႆနာေတြနဲ႔ ၾကံဳေတြ႔ရတဲ့အခါ ေျဖရွင္းလို႔မရေတာ့ဘူးလို႔ ေတြးၾကတယ္။ ဒါဟာ အဆိုးရြားဆံုးပဲလို႔ ေတြးၾကတယ္။ ဝမ္းနည္းပူေဆြးၾကတယ္။ ေနာက္ဆံုးမွာကိုယ့္အသက္ကိုယ္ႏႈတ္ယူတဲ့နည္းလမ္းကိုေတာင္ သံုးဖို႔စဥ္းစားၾကတယ္။ အမွန္တကယ္ေတာ့ ျပႆနာေတြအခက္အခဲေတြက လူေၾကာင့္ျဖစ္လာသလို ေျဖရွင္းႏုိင္တာလည္း ဒီလူပါပဲ။

အသက္ရွင္ေနသ၍ ကိုယ္ရပ္တည္ေနသမွ် ဘယ္လိုျပႆနာမ်ိဳးကိုမဆို ကိုယ္ဟာ ရင္ဆုိင္ေျဖရွင္းႏုိင္တယ္ဆိုတာကို မေမ့ပါနဲ႔။ ေျဖရွင္းလို႔မရတဲ့ ျပႆနာဆိုတာမရွိပါဘူး။ ကိုယ္ေသခ်ာကိုင္တြယ္လိုက္ရင္ အဆံုးသတ္မွာ ေျပလည္သြားၾကတာပါပဲ။
ကိုယ့္ကိုဂရုစိုက္ၾကပါတယ္။

စိတ္ဓာတ္က်တဲ့အခါ ဝမ္းနည္းေနတဲ့အခါမွာ ကိုယ့္အနီးအနားမွာ ဘယ္သူမွမရွိဘူး။ ကိုယ့္ကိုဘယ္သူမွ ဂရုမစိုက္ဘူးလို႔ ထင္တတ္ၾကတယ္။ အမွန္တကယ္ေတာ့ ကိုယ္ထင္တာထက္ ကိုယ့္အနီးအနားက လူေတြက ကိုယ့္အေပၚမွာ ဂရုတစိုက္ရွိၾကပါတယ္။ ခ်စ္ခင္ျမတ္ႏုိးၾကပါတယ္။ ကၽြန္ေတာ္တို႔ဟာ အခ်စ္ခံၾကရပါတယ္။ ကိုယ္အခ်စ္ခံရတယ္ဆိုတာကို သတိမမူမိတာပါ။

ကိုယ့္ဘက္က ဆက္သြယ္ေျပာဆိုတာမလုပ္တဲ့အခါ သူတို႔လည္း ဘယ္သိႏုိင္ပါ့မလဲ။ အၾကားအျမင္ရေနၾကတဲ့သူေတြမဟုတ္ဘူးေလ။ ကုိယ့္ဘက္က အကူအညီေတာင္းတဲ့အခါ လိႈက္လိႈက္လွဲလွဲ အကူအညီေပး ေႏြးေထြးေပးၾကမယ့္သူေတြအမ်ားၾကီးပါ။
တခ်ိဳ႕လူေတြကိုေရွာင္ပါ။

ဘဝထဲမွာရွိတဲ့တခ်ိဳ႕လူေတြကေတာ့ ကိုယ့္စိတ္ဓာတ္က်မႈေတြကို ျဖစ္ေပၚေစတဲ့သူေတြျဖစ္ေန တတ္တယ္။ အဆိပ္အေတာက္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့သူေတြျဖစ္ေနတတ္တယ္ အဲဒီလိုလူေတြ ကိုေတာ့ ေရွာင္ဖုိ႔ အၾကံေပးခ်င္တယ္။ ကိုယ့္အေပၚ ဘာေကာင္းရာေကာင္းက်ိဳးမွမေပးဘဲ စိတ္မခ်မ္းေျမ႕မႈေတြကိုပဲ ေပးေနတယ္ဆိုရင္ေတာ့ ေရွာင္လိုက္တာက အေကာင္းဆံုးျဖစ္မွာပါ။

Credit:hellosayarwon

ၾကီးပြားေရး
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


စိတ်ဓာတ်တွေအရမ်းကျတဲ့အချိန်ရှိဖူးလား။ ဒါမှမဟုတ် အခုရှိနေလား။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်ပေါ့။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းများ ကံဆိုးမှုတွေအကုန်ကျရောက်နေသလား ထင်ရလောက်တဲ့အချိန်တွေပေါ့။

တစ်ယောက်တည်းလို့ ခံစားရတဲ့ခံစားချက်နဲ့ မငိုဖြစ်ဖို့ အားတင်းထားရတဲ့အချိန်တွေ။ အခန်းလေးထဲမှာ ကိုယ်တစ်ယောက်တည်းနေချင်တဲ့အချိန်တွေပေါ့။ တစ်ယောက်ယောက်ကိုပြောပြလိုက်ချင်ပေမယ့် အရေးတယူလုပ်ခံရမှာမဟုတ်မှန်းသေချာတဲ့အခါ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး။

ဒါမှမဟုတ် ကိုယ်တကယ်ပြောပြဖို့ ယုံကြည်ရလောက်တဲ့သူမရှိတာလည်းပါတယ်။ ဘယ်နေရာရယ်မသေချာပေမယ့် ဒီနေရာကနေ အဝေးဆုံးကိုထွက်သွားချင်တယ်။ ကိုယ်ဆိုတဲ့တည်ရှိမှု မရှိတော့ရင်ကောင်းမယ်။ မနက်ဖြန်ဆိုတာ မရှိတော့ရင်ကောင်းမယ်လို့ တွေးဖူးတဲ့အချိန်တွေပေါ့။ အဲဒီအချိန် အပြန်ပြန်အလှန်လှန်မေးမိတဲ့မေးခွန်းက “ဘာ့ကြောင့်များလဲ” ဆိုတာပဲ။

ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။

ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိတိပပ မပြောနိုင်ပေမယ့် ဒီလိုတွေခံစားနေရတာ၊ ခံစားခဲ့ဖူးတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ စိတ်ဓာတ်ကျတာက ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာတတ်တာ၊ မတတ်တာတွေနဲ့ လုံးဝမသက်ဆိုင်ဘူး။

ကျရှုံးလို့ စိတ်ဓာတ်ကျနေတဲ့သူတွေရှိသလို အောင်မြင်နေတဲ့သူတွေမှာလည်း စိတ်ဓာတ်ကျတာပါပဲ။ တကယ်တမ်းပြောရရင် ချမ်းသာတဲ့သူ၊ ပညာတတ်တဲ့သူတွေနဲ့ အောင်မြင်နေတယ်လို့ ထင်ရသူတွေက စိတ်ဓာတ်ကျမှုကို ပိုလို့တောင်ခံစားရနိုင်သေးတယ်ဆိုတာ ကိုယ့်ဘဝကိုယ်နှုတ်ယူသွားတဲ့သူတွေကိုကြည့်ရင် သိမြင်နိုင်ပါလိမ့်မယ်။

အခက်အခဲတွေကြုံနေရတဲ့အချိန် စိတ်ဓာတ်ကျတဲ့အချိန်မှာ ပိုပြင်းထန်တဲ့ရိုက်ခတ်မှုက “ငါတစ်ယောက်တည်းပဲ” ဆိုတဲ့ခံစားချက်ပါ။ လူတိုင်း စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ပါတယ်။ အောင်မြင်နေတာနဲ့ ပျော်ရွှင်နေတဲ့ပုံပေါက်နေတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ မရှိဘူးလို့ ကောက်ချက်ချလို့မရနိုင်ပါဘူး။

 လောကဓံရဲ့ သက်ရောက်မှုက လူတိုင်းအပေါ်မှာရှိနေပါတယ်။ လူတိုင်းစိတ်ဓာတ်ကျနိုင်ပါတယ်။ ကိုယ်ဟာ ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်ဘယ်နေရာထိ ရောက်ခဲ့ပြီးပြီလဲ ဆိုတာကိုကြည့်ပါ။

တောင်တက်ဖူးတဲ့သူတွေဆိုပိုသိပါလိမ့်မယ်။ တောင်တက်တဲ့အခါ အရမ်းပင်ပန်းလွန်းလို့ ရပ်တန့်ပစ်လိုက်ချင်တယ်။ ဒါပေမယ့် တောင်အောက်ကိုပြန်ကြည့်ပြီး ငါ ဒီအထိတောင် တက်လာခဲ့ပြီးပြီပဲဆိုတဲ့စိတ်နဲ့ နောက်ဆုံးမှာ ထိပ်ဆုံးထိရောက်ရှိစေခဲ့တယ်မလား။ အခုလည်း စိတ်ဓာတ်ကျတဲ့အခါ ကိုယ်စခဲ့ရတဲ့နေရာလေးကို ပြန်ကြည့်ပါ။

ကိုယ်ဟာ ဘယ်လောက်သေးသေးသိမ်သိမ်စခဲ့ရတာလဲ။ ဘယ်လောက်သေးငယ်တဲ့အ စက်အပျောက်လေးတစ်ခုကနေ စခဲ့ရတာလဲ။ အခု ကိုယ်ဒီနေရာကိုရောက်လာအောင် နတ်တွေဖန်ဆင်းပေးလိုက်တာမဟုတ်ဘူး။ ကိုယ်တိုင်ကြိုးစားခဲ့ရတာ။

ကိုယ်တိုင်လုပ်ယူခဲ့တာ။ ကိုယ်တိုင်တည်ဆောက်ခဲ့တာ။ ကိုယ်တိုင်ရှေ့ကိုတဖြည်းဖြည်းချင်း တိုးလာခဲ့တာ။ အခုချိန်ကျမှ ဒီလိုအဖြစ်အပျက်လေးတွေက ကိုယ့်ကိုရပ်တန့်စေနိုင်မှာတဲ့လား။
မမေ့ပါနဲ့။ “အရဲရင့်ဆုံး စစ်သူကြီးတွေဟာ တစ်ချိန်တုန်းက အရမ်းကို နုနယ်တဲ့ ကလေးတွေဖြစ် ခဲ့ဖူးကြတယ်” ဆိုတာကို။

ပြဿနာတိုင်းမှာ အဖြေရှိတယ်။

ဆန်ဖရန်စ္စကိုတံတားပေါ်ကနေ ခုန်ချပြီး သတ်သေတာမှာ အသက်မသေဘဲ ကယ်တင်လို့ရလိုက်တဲ့သူတွေကို အင်တာဗျူးတစ်ခုလုပ်တာမှာ သိလိုက်ရတာတစ်ခုက သူတို့ခုန်ချလိုက်တဲ့အချိန် ရေပြင်ကိုမရောက်သေးတဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့သိမြင်မှုက သူတို့ဘဝမှာ လက်ရှိကြုံနေရတဲ့ပြဿနာမှန်သမျှဟာ ဖြေရှင်းလု့ိရနိုင်တယ်ဆိုတာပါပဲတဲ့။ သိပ်ကိုစိတ်မကောင်းစရာကောင်းတဲ့ဖြစ်ရပ်ပါ။

လူတွေဟာ စိတ်ဓာတ်ကျတဲ့အခါ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဖြေရှင်းလို့မရတော့ဘူးလို့ တွေးကြတယ်။ ဒါဟာ အဆိုးရွားဆုံးပဲလို့ တွေးကြတယ်။ ဝမ်းနည်းပူဆွေးကြတယ်။ နောက်ဆုံးမှာကိုယ့်အသက်ကိုယ်နှုတ်ယူတဲ့နည်းလမ်းကိုတောင် သုံးဖို့စဉ်းစားကြတယ်။ အမှန်တကယ်တော့ ပြဿနာတွေအခက်အခဲတွေက လူကြောင့်ဖြစ်လာသလို ဖြေရှင်းနိုင်တာလည်း ဒီလူပါပဲ။

အသက်ရှင်နေသ၍ ကိုယ်ရပ်တည်နေသမျှ ဘယ်လိုပြဿနာမျိုးကိုမဆို ကိုယ်ဟာ ရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာမရှိပါဘူး။ ကိုယ်သေချာကိုင်တွယ်လိုက်ရင် အဆုံးသတ်မှာ ပြေလည်သွားကြတာပါပဲ။
ကိုယ့်ကိုဂရုစိုက်ကြပါတယ်။

စိတ်ဓာတ်ကျတဲ့အခါ ဝမ်းနည်းနေတဲ့အခါမှာ ကိုယ့်အနီးအနားမှာ ဘယ်သူမှမရှိဘူး။ ကိုယ့်ကိုဘယ်သူမှ ဂရုမစိုက်ဘူးလို့ ထင်တတ်ကြတယ်။ အမှန်တကယ်တော့ ကိုယ်ထင်တာထက် ကိုယ့်အနီးအနားက လူတွေက ကိုယ့်အပေါ်မှာ ဂရုတစိုက်ရှိကြပါတယ်။ ချစ်ခင်မြတ်နိုးကြပါတယ်။ ကျွန်တော်တို့ဟာ အချစ်ခံကြရပါတယ်။ ကိုယ်အချစ်ခံရတယ်ဆိုတာကို သတိမမူမိတာပါ။

ကိုယ့်ဘက်က ဆက်သွယ်ပြောဆိုတာမလုပ်တဲ့အခါ သူတို့လည်း ဘယ်သိနိုင်ပါ့မလဲ။ အကြားအမြင်ရနေကြတဲ့သူတွေမဟုတ်ဘူးလေ။ ကိုယ့်ဘက်က အကူအညီတောင်းတဲ့အခါ လှိုက်လှိုက်လှဲလှဲ အကူအညီပေး နွေးထွေးပေးကြမယ့်သူတွေအများကြီးပါ။
တချို့လူတွေကိုရှောင်ပါ။

ဘဝထဲမှာရှိတဲ့တချို့လူတွေကတော့ ကိုယ့်စိတ်ဓာတ်ကျမှုတွေကို ဖြစ်ပေါ်စေတဲ့သူတွေဖြစ်နေ တတ်တယ်။ အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေတဲ့သူတွေဖြစ်နေတတ်တယ် အဲဒီလိုလူတွေ ကိုတော့ ရှောင်ဖို့ အကြံပေးချင်တယ်။ ကိုယ့်အပေါ် ဘာကောင်းရာကောင်းကျိုးမှမပေးဘဲ စိတ်မချမ်းမြေ့မှုတွေကိုပဲ ပေးနေတယ်ဆိုရင်တော့ ရှောင်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။

Credit:hellosayarwon

ကြီးပွားရေး
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top