iMyanmarHouse.com - Best Property Website for Myanmar
×



ျပီးခဲ႔တဲ႔ ရက္ပိုင္းကမွ က်င္းပ ျပီးစီးခဲ႔ျပီး ဂယက္ေတြ နဲ႔ အတူ လူစိတ္ဝင္စားခံစားခဲ႔ရတဲ႔ Star Awards ေနာက္ဆက္တြဲ ျဖစ္ရပ္ေလးရဲ႕ ေနာက္ဆက္တြဲ အေေၾကာင္းအရာေလးေတြ လာပါျပီ။ အဆိုပါ ပြဲရဲ႕ Voting စနစ္ကေန ႏႈတ္ထြက္ခဲ႔တဲ႔ အႏုပညာရွင္ေတြ မ်ားစြာ ရွိခဲ႔တဲ႔ အျပင္ ႏႈတ္ထြက္မႈေတြ အတြက္ ပြဲစီစဥ္သူေတြ ဖက္ကေန Voting စနစ္ကို ဖ်က္သိမ္းေပးခဲ႔ရပါတယ္။

အဲ႔ဒီလို ဖ်က္သိမ္းမႈေတြ၊ ႏႈတ္ထြက္မႈေတြေေနာက္မွဘာေတြ ဆက္ျဖစ္လာလဲဆိုတာကို ၾကည္႔လိုက္ရေအာင္ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးေရ။ အခုလို ႏႈတ္ထြက္ၾကတဲ႔ အေပၚကို Star Swards ရဲ႕ တာဝန္ရွိသူ တစ္ဦး ျဖစ္တဲ႔ ဦးျမတ္ခိုင္က “Star Awards ရဲ႕ဂယက္တစ္ခုကVoting စနစ္လို႔ေျပာလို႔ရလားဆိုတဲ့ေမးခြန္းကို ဦးျမတ္ခိုင္က….



“ အဲ့ဒီဟာကသပ္သပ္ဟီး႐ိုးထလုပ္ၾကတဲ့လူေတြ႐ိွတယ္။ က်ေနာ္ပြင့္ပြင့္လင္းလင္းေျပာရရင္ သူတို႔နာမည္ႀကီးေအာင္ထလုပ္ၾကတာ။ အဲ့ဒီေထာင္ေခ်ာက္ထဲကိုဝင္သြားၾကတာ ေတာ္ေတာ္မ်ားမ်ားက။ အဲ့ဒါျပန္ၾကည့္လိုက္ရင္အေျဖေပၚပါတယ္။

ေထာင္ေခ်ာက္တစ္ခုအေနနဲ႔နာမည္ႀကီးေအာင္ထလုပ္တဲ့လူေတြေနာက္ကိုပါသြားၾကတာ။က်ေနာ္တို႔က႐ိုး႐ိုးသားသားပဲ ဒီဟာကိုေပးမယ္ ၿပီးရင္ က်ေနာတို႔ကအကုန္လံုးခ်ျပလို႔မရဘူး ။ခ်ျပလို႔မရဘူးဆိုတာက က်ေနာ္တို႔မွာလည္း မျမင္ရတဲ့စိန္ေခၚမႈေတြ႐ိွတယ္။ ပြဲက်မွဘာလုပ္မယ္ညာလုပ္မယ္ က်ေနာ္တို႔မွာ Plan ေတြ႐ိွတယ္။

က်ေနာ္တို႔အခ်င္းခ်င္းေတာင္က်ေနာ္တို႔အသိေပးမထားဘူး” လို႔ အကုန္သိ မီဒီယာနဲ႔ အင္တာဗ်ဴးမွာ ဒဲ႔ၾကီး ေျပာခ်ပစ္လိုက္တာပါ။ အခု အခ်ိန္မွာေတာ႔ အဲ႔ဒီ အင္တာဗ်ဳဴးဖိုင္ကို ျပန္ဖ်က္ပစ္လိုက္ျပီလို႔လည္း ေဝဖန္မႈေတြရွိေနခဲ႔ပါတယ္။

တစ္ဖက္မွာေတာ႔ “ဟီးရိုးထလုပ္ၾကတယ္” ဆိုတဲ႔စကားအေပၚကို ပထမဆံုး နႈတ္ထြက္ခဲ႔သူ တစ္ဦးျဖစ္တဲ႔ ဇဏ္ခီက ျပန္ျပီး အခုလို တုန္႔ျပန္ေျဖရွင္းလိုက္တာပဲ ျဖစ္ပါတယ္။

“ဟီး႐ိုး ထလုပ္တယ္” ဆိုပဲ..က်ေနာ္တို႔ရဲ႕ရပ္တည္မႈကိုသိပံုမရဘူး။ SMS နဲ႔ Voting လုပ္တဲ့ကိစၥကေနထြက္တာက်ေနာ္စခဲ့တာဆိုေတာ့က်ေနာ္ရွင္းျပပါ့မယ္။ က်ေနာ္တို႔ပံုေတြျဖဳတ္ခိုင္းတဲ့မနက္က က်ေနာ္တို႔ပံုေတြနဲ႔အတူ SMS နံပါတ္ေတြေတြ႕ေတြ႕ခ်င္းစိတ္ေတာ္ေတာ္ပ်က္သြားမိတယ္။



ဘာလို႔လဲဆိုေတာ့ သီခ်င္းဆိုၿပိဳင္ပြဲေတြမွာ vote လုပ္တဲ့စနစ္ေတြနဲ႔ ဒီသ႐ုပ္ေဆာင္ေတြကို သူတို႔ရဲ႕ fan အခ်င္းခ်င္းၿပိဳင္ခိုင္းတာကို သေဘာမေတြ႕လို႔ပါ။ ေနာက္အခ်က္ေတြကေတာ့..

1. က်ေနာ္တို႔ကိုႀကိဳတင္ခြင့္ေတာင္းျခင္း အသိေပးျခင္းလံုးဝမရွိခဲ့ပါဘူး။ ခြင့္ေတာင္းရေကာင္းမွန္းမသိတာလား ခြင့္ေတာင္းစရာမလိုဘူးလို႔ေတြးတာလား ဆိုတာေတာ့ က်ေနာ္မမွန္းဆတတ္ပါဘူး။

2. ခြင့္ေတာင္းခဲ့သည္ရွိေသာ္ က်ေနာ္တို႔မွာျငင္းပိုင္ခြင့္ရွိရပါမယ္။ လူတစ္ဦးခ်င္းမွာ လြတ္လပ္စြာဆံုးျဖတ္ပိုင္ခြင့္ရွိပါတယ္။

3. ျငင္းခဲ့ရင္လည္းပဲ ျငင္းပယ္ခ်က္ကို ေလးစားမႈအျပည့္နဲ႔လက္ခံႏိုင္ရပါမယ္။ အထူးသျဖင့္ စာနယ္ဇင္းသမားတစ္ေယာက္အေနနဲ႔ ပိုၿပီးေတာ့ေတာင္ နားလည္လက္ခံႏိုင္စြမ္းရွိသင့္ပါတယ္။

အခုဒီ interview ထဲမွာေျပာသြားတဲ့ပံုကိုၾကည့္ခ်င္းအားျဖင့္ အႏုပညာသမားေတြေပၚမွာထားတဲ့စိတ္ကေတာ္ေတာ္ ေသးတိမ္လြန္းပါတယ္။ Interview ကိုနားေထာင္ၿပီး အံ့ၾသမိသလို စိတ္မေကာင္းျဖစ္ရပါတယ္။

People’s Choice Award အတြက္ထည့္သြင္းထားတဲ့အႏုပညာသမားအမ်ားစုဟာ FB account မရွိလည္း ေအာင္ျမင္ေနၿပီးသားသူေတြပါ။ အခုလိုေရးျခင္းဟာလည္း ဟီး႐ိုးထလုပ္တာမဟုတ္သလို like ေတြ follower ေတြတိုးေအာင္လုပ္ေနျခင္းမဟုတ္ပါဘူး။

SMS voting တုန္းကေနထြက္သြားတုန္းကအေၾကာင္းအရင္းအတိုင္းပါပဲ။ ကိုယ့္သိကၡာကိုယ္ကို ကာကြယ္ေစာင့္ေရွာက္ျခင္းျဖစ္ပါတယ္ ခင္ဗ်ား။
Zenn Kyi (ဇဏ္ခီ)

ဆိုျပီး ေရးသားေျဖရွင္းလိုက္တာပါ။ အခုလို သူတုန္႔ျပန္လိုက္တဲ႔ အေပၚမွာေတာ႔ ပရိသတ္ေတြကပါ ဝိုင္းဝန္း ေဝဖန္မႈေတြ ရွိေနခဲ႔ျပီ ဇဏ္ခီနဲ႔ ခရစ္စတီးနားခီရဲ႕ ဖက္မွာအားလံုး အျပည္႔အဝ ရပ္တည္လွ်က္ရွိေနၾကတာပဲ ျဖစ္ပါတယ္။



တုိက္ခိုက္မႈေတြ ၾကားထဲကေန ၾကံ႔႕ၾကံ႕ခံရင္း ယံုၾကည္ရာ အႏုပညာလမ္းခရီးကို ဆက္လက္ေလွ်ာက္လမ္းေနၾကတဲ႔ ခီေမာင္ႏွံ အတြက္ ေျပာခ်င္လြန္းလို႔ရဲက စာဖတ္သူေတြလည္း အားေပးစကားေလး ေျပာသြားခဲ႔ပါဦး။

Credit:nanmalgyi

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကျင်းပ ပြီးစီးခဲ့ပြီး ဂယက်တွေ နဲ့ အတူ လူစိတ်ဝင်စားခံစားခဲ့ရတဲ့ Star Awards နောက်ဆက်တွဲ ဖြစ်ရပ်လေးရဲ့ နောက်ဆက်တွဲ အေကြောင်းအရာလေးတွေ လာပါပြီ။ အဆိုပါ ပွဲရဲ့ Voting စနစ်ကနေ နှုတ်ထွက်ခဲ့တဲ့ အနုပညာရှင်တွေ များစွာ ရှိခဲ့တဲ့ အပြင် နှုတ်ထွက်မှုတွေ အတွက် ပွဲစီစဉ်သူတွေ ဖက်ကနေ Voting စနစ်ကို ဖျက်သိမ်းပေးခဲ့ရပါတယ်။

အဲ့ဒီလို ဖျက်သိမ်းမှုတွေ၊ နှုတ်ထွက်မှုတွေေနောက်မှဘာတွေ ဆက်ဖြစ်လာလဲဆိုတာကို ကြည့်လိုက်ရအောင် ပြောချင်လွန်းလို့ ပရိသတ်ကြီးရေ။ အခုလို နှုတ်ထွက်ကြတဲ့ အပေါ်ကို Star Swards ရဲ့ တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ဦးမြတ်ခိုင်က “Star Awards ရဲ့ဂယက်တစ်ခုကVoting စနစ်လို့ပြောလို့ရလားဆိုတဲ့မေးခွန်းကို ဦးမြတ်ခိုင်က….

“ အဲ့ဒီဟာကသပ်သပ်ဟီးရိုးထလုပ်ကြတဲ့လူတွေရှိတယ်။ ကျနော်ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့နာမည်ကြီးအောင်ထလုပ်ကြတာ။ အဲ့ဒီထောင်ချောက်ထဲကိုဝင်သွားကြတာ တော်တော်များများက။ အဲ့ဒါပြန်ကြည့်လိုက်ရင်အဖြေပေါ်ပါတယ်။

ထောင်ချောက်တစ်ခုအနေနဲ့နာမည်ကြီးအောင်ထလုပ်တဲ့လူတွေနောက်ကိုပါသွားကြတာ။ကျနော်တို့ကရိုးရိုးသားသားပဲ ဒီဟာကိုပေးမယ် ပြီးရင် ကျနောတို့ကအကုန်လုံးချပြလို့မရဘူး ။ချပြလို့မရဘူးဆိုတာက ကျနော်တို့မှာလည်း မမြင်ရတဲ့စိန်ခေါ်မှုတွေရှိတယ်။ ပွဲကျမှဘာလုပ်မယ်ညာလုပ်မယ် ကျနော်တို့မှာ Plan တွေရှိတယ်။

ကျနော်တို့အချင်းချင်းတောင်ကျနော်တို့အသိပေးမထားဘူး” လို့ အကုန်သိ မီဒီယာနဲ့ အင်တာဗျူးမှာ ဒဲ့ကြီး ပြောချပစ်လိုက်တာပါ။ အခု အချိန်မှာတော့ အဲ့ဒီ အင်တာဗျုူးဖိုင်ကို ပြန်ဖျက်ပစ်လိုက်ပြီလို့လည်း ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။

တစ်ဖက်မှာတော့ “ဟီးရိုးထလုပ်ကြတယ်” ဆိုတဲ့စကားအပေါ်ကို ပထမဆုံး နှုတ်ထွက်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဇဏ်ခီက ပြန်ပြီး အခုလို တုန့်ပြန်ဖြေရှင်းလိုက်တာပဲ ဖြစ်ပါတယ်။

“ဟီးရိုး ထလုပ်တယ်” ဆိုပဲ..ကျနော်တို့ရဲ့ရပ်တည်မှုကိုသိပုံမရဘူး။ SMS နဲ့ Voting လုပ်တဲ့ကိစ္စကနေထွက်တာကျနော်စခဲ့တာဆိုတော့ကျနော်ရှင်းပြပါ့မယ်။ ကျနော်တို့ပုံတွေဖြုတ်ခိုင်းတဲ့မနက်က ကျနော်တို့ပုံတွေနဲ့အတူ SMS နံပါတ်တွေတွေ့တွေ့ချင်းစိတ်တော်တော်ပျက်သွားမိတယ်။

ဘာလို့လဲဆိုတော့ သီချင်းဆိုပြိုင်ပွဲတွေမှာ vote လုပ်တဲ့စနစ်တွေနဲ့ ဒီသရုပ်ဆောင်တွေကို သူတို့ရဲ့ fan အချင်းချင်းပြိုင်ခိုင်းတာကို သဘောမတွေ့လို့ပါ။ နောက်အချက်တွေကတော့..

1. ကျနော်တို့ကိုကြိုတင်ခွင့်တောင်းခြင်း အသိပေးခြင်းလုံးဝမရှိခဲ့ပါဘူး။ ခွင့်တောင်းရကောင်းမှန်းမသိတာလား ခွင့်တောင်းစရာမလိုဘူးလို့တွေးတာလား ဆိုတာတော့ ကျနော်မမှန်းဆတတ်ပါဘူး။

2. ခွင့်တောင်းခဲ့သည်ရှိသော် ကျနော်တို့မှာငြင်းပိုင်ခွင့်ရှိရပါမယ်။ လူတစ်ဦးချင်းမှာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

3. ငြင်းခဲ့ရင်လည်းပဲ ငြင်းပယ်ချက်ကို လေးစားမှုအပြည့်နဲ့လက်ခံနိုင်ရပါမယ်။ အထူးသဖြင့် စာနယ်ဇင်းသမားတစ်ယောက်အနေနဲ့ ပိုပြီးတော့တောင် နားလည်လက်ခံနိုင်စွမ်းရှိသင့်ပါတယ်။

အခုဒီ interview ထဲမှာပြောသွားတဲ့ပုံကိုကြည့်ချင်းအားဖြင့် အနုပညာသမားတွေပေါ်မှာထားတဲ့စိတ်ကတော်တော် သေးတိမ်လွန်းပါတယ်။ Interview ကိုနားထောင်ပြီး အံ့သြမိသလို စိတ်မကောင်းဖြစ်ရပါတယ်။

People’s Choice Award အတွက်ထည့်သွင်းထားတဲ့အနုပညာသမားအများစုဟာ FB account မရှိလည်း အောင်မြင်နေပြီးသားသူတွေပါ။ အခုလိုရေးခြင်းဟာလည်း ဟီးရိုးထလုပ်တာမဟုတ်သလို like တွေ follower တွေတိုးအောင်လုပ်နေခြင်းမဟုတ်ပါဘူး။

SMS voting တုန်းကနေထွက်သွားတုန်းကအကြောင်းအရင်းအတိုင်းပါပဲ။ ကိုယ့်သိက္ခာကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပါတယ် ခင်ဗျား။
Zenn Kyi (ဇဏ်ခီ)

ဆိုပြီး ရေးသားဖြေရှင်းလိုက်တာပါ။ အခုလို သူတုန့်ပြန်လိုက်တဲ့ အပေါ်မှာတော့ ပရိသတ်တွေကပါ ဝိုင်းဝန်း ဝေဖန်မှုတွေ ရှိနေခဲ့ပြီ ဇဏ်ခီနဲ့ ခရစ်စတီးနားခီရဲ့ ဖက်မှာအားလုံး အပြည့်အဝ ရပ်တည်လျှက်ရှိနေကြတာပဲ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေ ကြားထဲကနေ ကြံ့ကြံ့ခံရင်း ယုံကြည်ရာ အနုပညာလမ်းခရီးကို ဆက်လက်လျှောက်လမ်းနေကြတဲ့ ခီမောင်နှံ အတွက် ပြောချင်လွန်းလို့ရဲက စာဖတ်သူတွေလည်း အားပေးစကားလေး ပြောသွားခဲ့ပါဦး။

Credit:nanmalgyi

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top