iMyanmarHouse.com - Best Property Website for Myanmar
×







    သင့်အပေါ် ရိုးသားသူ။




Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #


ပျိုမေလေးတို့ရဲ့ အချစ်ကို တောင်းခံနေတဲ့ ပုရိသတွေထဲမှာ Marry အခုပြောပြထားတဲ့ အချက်တွေ အရည်အချင်းတွေ ရှိတဲ့လူမျိုး ပါရင်တော့ ပြန်ချစ်သင့်ပါတယ်နော်

ဒီလိုအရည်အချင်းတွေ ရှိရင် ပြန်ချစ်သင့်ပါတယ်

Marry ရဲ့ ပျိုမေလေးတို့အချစ်ကို လိုချင်လို့ တောင်းခံနေတဲ့ ကိုကို လူပျိုတို့ထဲမှာ Marry အခုပြောပြတဲ့ အရည်အချင်းတွေ ရှိတယ် ဆိုရင် ပျိုမေလေးတို့ အနေနဲ့ ပြန်ပြီး ချစ်သင့်ပါတယ်။ ဘယ်လို ယောကျာ်းလေးမျိုးကို  ပျိုမေတို့ အသည်းနှလုံးကို အပ်နှင်းသင့်သလဲ ဆိုတော့.

သင့်အတွက် ဆုတောင်းပေးတဲ့သူ။ ဘုရားရှိခိုးတိုင်း ကိုယ့်ကို ရည်စူးပြီး မေတ္တာပို့ပေးတဲ့ ယောကျာ်းလေးမျိုးပေါ့။
    သင့်ရဲ့ ဆံနွယ်တွေကို တယုတယ ကိုင်တွယ် ဆော့ကစားတတ်တဲ့သူ။
    သင့်အတွက် စာလေးတွေ ရေးထားလေ့ရှိတဲ့သူ။
    သင် စကားပြောတဲ့ အခါတိုင်း သင့်မျက်လုံးတွေထဲ စူးစိုက် ငေးနေတတ်သူ။
    သူ့ရဲ့ အင်္ကျီကို သင့်အတွက် ငှားပေးတတ်တဲ့သူ။
    ကလေးလေးတွေကို ချစ်တတ်သူ၊ ကလေးလေးတွေရဲ့ အချစ်ခံရသူ။
    သင့်ဆံကေသာမှာ ပန်းလေးတွေ ပန်ပေးတတ်သူ။

သင်နဲ့ အတူ လမ်းကြာကြာ လျှောက်ချင်သူ

    သင်နဲ့ အတူ လမ်းကြာကြာ လျှောက်ချင်သူ။
    ဘယ်လို အကြောင်းအရာတွေက သင့်ကို ပြုံးသွားစေသလဲ ဆိုတာ သေချာသိနေတဲ့သူ။
    သင့်အတွက် ကာကွယ်ပေးချင်တဲ့ သူ။
    သင် စကားအကြာကြီး ပြောနေလည်း မညဉ်းမညူ နားထောင်ပေးတတ်သူ။
    သင့်ကို လှတယ်လို့ မြင်သူ။
    သင့်အပေါ် ရိုးသားသူ။
    သင့်ကို စောင့်နေရရင် အချိန်ဘယ်လောက်ကြာကြာ မငြိုငြင်သူ။

သင့်ရဲ့ အပြုံးတွေကို ငေးမောနေတတ်သူ

    သင့်ရဲ့ အပြုံးတွေကို ငေးမောနေတတ်သူ။
    သင့်အတွက် ရည်ညွှန်းတဲ့ သီချင်းတွေ ဆိုပေးတတ်သူ။
    သင့်အနား ရောက်လာတဲ့ အခါတိုင်း ပြုံးနေတတ်သူ။
    ဘဝကို တန်ဖိုးထားတဲ့သူ။
    သင်နဲ့ ပတ်သက်တဲ့ အနာဂတ် အစီအစဉ်တွေ ချမှတ်ထားတဲ့သူ။

ပျိုမေလေးတို့ရဲ့ အချစ်ကို တောင်းခံနေတဲ့ ပုရိသတွေထဲမှာ Marry အခုပြောပြထားတဲ့ အချက်တွေ အရည်အချင်းတွေ ရှိတဲ့လူမျိုး ပါရင်တော့ ပြန်ချစ်သင့်ပါတယ်နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top