UAB ၊ iGREEN ႏွင့္ iMyanmarHouse.com တို႔ ပူးေပါင္းက်င္းပမည့္ 1sqft 50,000 ေက်ာ္ျဖင့္ စတင္ေရာင္းမည့္ အတန္ဆံုးအိမ္ရာအေရာင္းျပပြဲ
×


ခ်စ္သူေတြၾကားထဲမွာ ဒီစကားေတြ ခဏခဏ ေျပာမိေနရင္ မေကာင္းပါဘူး။

သင္ဟာ အိမ္ ေထာင္သည္ တစ္ဦး၊ ဒါမွမဟုတ္ အခ်ိန္ၾကာေနၿပီျဖစ္တဲ့ ခ်စ္သူ ဘဝ ကို ပိုင္ဆိုင္ထားသူ ဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ စကား ေတြကိုမေျပာသင့္ပါဘူး။ တစ္ခ်ိဳ႕ စကားေတြဟာ မေျပာလိုက္တာက အနာဂတ္အတြက္ ပိုၿပီး ေကာင္းပါတယ္။

ဒီစကားမ်ိဳးေတြ ေျပာလိုက္ၿပီဆိုရင္ သင္တို႔ရဲ႕ အခ်စ္ဇာတ္လမ္း တခန္းရပ္သြားႏိုင္ပါတယ္။

၁။ နင္ ဘယ္ေတာ့မွ ပန္းကန္ေဆးမေပးဘူး။ အၿမဲတမ္း အဲမွာ ထိုင္ေနသိလား

ဒါဟာ ေတာ္ေတာ္ဆိုးပါတယ္။ ကိုယ့္ရဲ႕ ခ်စ္သူ၊ သို႔မဟုတ္ အိမ္ေထာင္ဖက္ကို ေျပာတဲ့အခါ “ဘယ္ေတာ့မွ” ဆိုတဲ့စကားနဲ႔ “အၿမဲတမ္း” ဆိုတဲ့ စကားကို မေျပာမိပါေစနဲ႔။ ဒါဟာ သူတစ္ခါမွ မလုပ္ဖူးဘူးဆိုတဲ့ အဓိပၸါယ္ ရပါတယ္။

၂။ နင္က နင့္အေမအတိုင္းပဲ

ဒါလည္း ဆိုးပါတယ္။ စကားမ်ား ရန္ျဖစ္တဲ့အခါ မိဘေတြကို ထည့္ေျပာလိုက္ရင္ ပိုၿပီး နာက်ည္းတတ္ၾကပါတယ္။

၃။ နင္က သိပ္တတ္ေနတယ္ေပါ့ေလ

ဒါဟာ ေစာ္ကားတာနဲ႔ အတူတူပါပဲ။ ခိုင္ၿမဲတဲ့ အခ်စ္ေရးမွာ အျပန္အလွန္ ေလးစားမႈလည္း မျဖစ္မေန ပါဝင္ရပါတယ္။ ဒီလိုေျပာတာဟာ တဖက္လူကို သာမန္စကားထက္ ႏွစ္ဆမက ပိုၿပီး နာက်င္ေစပါတယ္။

၄။ နင္က ေတာ္ေတာ္ အသုံးမက်တဲ့ ဖခင္ပဲ (ခ်စ္သူပဲ)

တစ္ဖက္လူကို မေက်နပ္တဲ့အခါ အျပစ္ေျပာတာ သိပ္ေတာ့ ဆိုး႐ြားတယ္ မဆိုႏိုင္ပါဘူး။ ဒါေပမယ့္ သူ႔အတြက္ အေရးပါသူေတြအတြက္ အသုံးမက်ဘူးလို႔ ေျပာလိုက္တဲ့အခါ ျပန္ညႇိယူလို႔မရေအာင္ ဆိုးသြားႏိုင္ပါတယ္။

၅။ ငါ့ကို မေစာင့္နဲ႔ေတာ့

တဖက္သူရဲ႕ ခံစားခ်က္ကို တိုက္႐ိုက္ထိခိုက္ေစတဲ့ စကားပါ။ အခ်ိန္မရလို႔ ဆိုရင္ေတာင္ နားလည္ေအာင္ ရွင္းျပသင့္ပါတယ္။ ငါ့ကို မေစာင့္နဲ႔ေတာ့ဆိုတဲ့ စကားမ်ိဳးကို ခဏခဏ ၾကားရတဲ့သူဟာ စိတ္ပ်က္လာတက္ပါတယ္။

Credit:lwinpyin

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ချစ်သူတွေကြားထဲမှာ ဒီစကားတွေ ခဏခဏ ပြောမိနေရင် မကောင်းပါဘူး။

သင်ဟာ အိမ်ထောင်သည် တစ်ဦး၊ ဒါမှမဟုတ် အချိန်ကြာနေပြီဖြစ်တဲ့ ချစ်သူ ဘဝ ကို ပိုင်ဆိုင်ထားသူ ဆိုရင်တော့ အခုဖော်ပြမယ့် စကား တွေကိုမပြောသင့်ပါဘူး။ တစ်ချို့ စကားတွေဟာ မပြောလိုက်တာက အနာဂတ်အတွက် ပိုပြီး ကောင်းပါတယ်။

ဒီစကားမျိုးတွေ ပြောလိုက်ပြီဆိုရင် သင်တို့ရဲ့ အချစ်ဇာတ်လမ်း တခန်းရပ်သွားနိုင်ပါတယ်။

၁။ နင် ဘယ်တော့မှ ပန်းကန်ဆေးမပေးဘူး။ အမြဲတမ်း အဲမှာ ထိုင်နေသိလား

ဒါဟာ တော်တော်ဆိုးပါတယ်။ ကိုယ့်ရဲ့ ချစ်သူ၊ သို့မဟုတ် အိမ်ထောင်ဖက်ကို ပြောတဲ့အခါ “ဘယ်တော့မှ” ဆိုတဲ့စကားနဲ့ “အမြဲတမ်း” ဆိုတဲ့ စကားကို မပြောမိပါစေနဲ့။ ဒါဟာ သူတစ်ခါမှ မလုပ်ဖူးဘူးဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

၂။ နင်က နင့်အမေအတိုင်းပဲ

ဒါလည်း ဆိုးပါတယ်။ စကားများ ရန်ဖြစ်တဲ့အခါ မိဘတွေကို ထည့်ပြောလိုက်ရင် ပိုပြီး နာကျည်းတတ်ကြပါတယ်။

၃။ နင်က သိပ်တတ်နေတယ်ပေါ့လေ

ဒါဟာ စော်ကားတာနဲ့ အတူတူပါပဲ။ ခိုင်မြဲတဲ့ အချစ်ရေးမှာ အပြန်အလှန် လေးစားမှုလည်း မဖြစ်မနေ ပါဝင်ရပါတယ်။ ဒီလိုပြောတာဟာ တဖက်လူကို သာမန်စကားထက် နှစ်ဆမက ပိုပြီး နာကျင်စေပါတယ်။

၄။ နင်က တော်တော် အသုံးမကျတဲ့ ဖခင်ပဲ (ချစ်သူပဲ)

တစ်ဖက်လူကို မကျေနပ်တဲ့အခါ အပြစ်ပြောတာ သိပ်တော့ ဆိုးရွားတယ် မဆိုနိုင်ပါဘူး။ ဒါပေမယ့် သူ့အတွက် အရေးပါသူတွေအတွက် အသုံးမကျဘူးလို့ ပြောလိုက်တဲ့အခါ ပြန်ညှိယူလို့မရအောင် ဆိုးသွားနိုင်ပါတယ်။

၅။ ငါ့ကို မစောင့်နဲ့တော့

တဖက်သူရဲ့ ခံစားချက်ကို တိုက်ရိုက်ထိခိုက်စေတဲ့ စကားပါ။ အချိန်မရလို့ ဆိုရင်တောင် နားလည်အောင် ရှင်းပြသင့်ပါတယ်။ ငါ့ကို မစောင့်နဲ့တော့ဆိုတဲ့ စကားမျိုးကို ခဏခဏ ကြားရတဲ့သူဟာ စိတ်ပျက်လာတက်ပါတယ်။

Credit:lwinpyin

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top