iMyanmarHouse.com - Best Property Website for Myanmar
×

မ်ိဳးစႏၵီေက်ာ္ဟာအနုပညာနယ္ပယ္ထဲမွာ ဟိုးအရင္တည္းက ေအာင္ျမင္တဲ့မင္းသမီးတစ္လက္ျဖစ္ျပီး ပရိသတ္အားေပးမႈအျပည့္အဝရရွိထားတဲ့ ႏုိင္ငံေက်ာ္ သရုပ္ေဆာင္မင္းသမီးတစ္ဦးလည္းျဖစ္ပါတယ္။ မ်ိဳးစႏၵီေက်ာ္ဟာ သိပ္မၾကာေသးခင္ကမွ အိမ္ေထာင္ေရးျပိဳကြဲခဲ့ၿပီး သမီးေလးနဲ႔အတူ ဘဝကိုသတၱိရွိစြာျဖတ္သန္းေနတဲ့Single mother အျဖစ္နဲ႔ ရပ္တည္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။ က်ရာဇာတ္ရုပ္ေတြကိုပီျပင္စြာ သရုပ္ေဆာင္တတ္ၿပီးပြင့္လင္းေနတတ္တဲ႔ မင္းသမီးတစ္ဦးလည္းျဖစ္ပါတယ္။

မ်ိဳးစႏၵီေက်ာ္က ဘဝတူျဖစ္တဲ႔ single mother ဘဝတူေတြကိုအားေပးျဖစ္တယ္လို႔ေျပာျပခဲ့ပါတယ္။ သူတို႔ကုိအားေပးရင္းနဲ႔ကုိယ္လည္းအားျဖစ္တယ္လိို႔လည္းေျပာျပခဲ့ပါတယ္။ ” ကိုယ္နဲ႔ဘဝတူေတြျဖစ္တဲ့အတြက္ပုိျပီးေတာ့ ေတြ႕ဆံုျပီးစကားေျပာခ်င္တယ္။ အားေပးခ်င္တယ္ အ့ဲလိုစိတ္ကပိုျဖစ္တယ္။ အခ်ိဳ႕ကေျပာတယ္။ အစ္မနဲ႔အရမ္းတူတာပဲေပါ့။ပံုစံတူတယ္ေပါ့ေနာ္။ လာရင္ဖြင့္ၾကတယ္။ သူတို႔ကေတာ့ ဘယ္လိုလည္းဆိုေတာ့ အစ္မလိုမျပတ္သားဘူးေပ့ါေနာ္။ အစ္မကက်ေတာ့ သည္းခံတဲ့အတိုင္းအတာလြန္သြားတာ။ သည္းခံတယ္ဆိုတာအတိုင္းအတာရွိတယ္။ အဲဒီအတိုင္းအတာထက္ကုိလြန္ျပီးေတာ့အစ္မက သည္းခံထားတာ။ အဲ့ေတာ့ စိတ္ထဲမွာဘာမွမရွိေတာ့ဘူး။ ျပတ္သားရဲသြားတာေပါ့ေနာ္”လုိ႔ ေျပာျပခဲ့ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားက ကေလးအေဖနဲ႔ျပန္ေပါင္းပါလားလို႕ လာေျပာၾကတဲ့အခါ ” ကိုယ္စိတ္ေအးေအးေဆးေဆးျဖစ္ေနရင္ေတာ့ မဟုတ္ဘူး ဘာေၾကာင့္ဆိုျပီး ျပန္ရွင္းျပတာေပါ့။ကိုယ့္ကို တစ္ေန႔ထဲမွာ ေလးငါးေယာက္္ေလာက္က လာလာေျပာေနရင္ေတာ့ နည္းနည္းေပါက္လာတယ္။ အဲ့ေတာ့ဘာေျပာလုိက္လဲဆိုေတာ့ တစ္ခုပဲေျပာလိုက္တယ္။အဲ့တစ္ေယာက္ကုိလို႔ တစ္လေလာက္သြားေပါင္းၾကည့္ပါလားလို႔ အဲဒါပဲေျပာလိုက္တယ္။စိတ္တိုလာလို႔ေလ။ဘယ္သူကေတာ့ ကြဲခ်င္မွာလဲ ကုိယ့္အိမ္ေထာင္ကုိ ကုိယ္နဲ႔ၾကိဳက္လို႔ကုိယ္ခ်စ္လို႔ ကုိယ္နဲ႔လည္းေရရွည္အဆင္္ေျပမယ္ထင္လို႔ ယူခဲ့တယ္။ ကုိယ္ကအနုပညာရွင္ဆိုေတာ့တစ္ခုခုဆို လူသိရွင္ၾကား။ ဘာမွလုပ္လို႔မရဘူး။ မိဘေတြေတာင္ဆန္႔က်င္ျပီးယူခဲ့တဲ့ အိမ္္ေထာင္တစ္ခုကိုကုိယ္ကပုိေတာင္အဖ်က္မခံခ်င္ေသးတယ္။”ဆိုၿပီး သူမခံစားခ်က္ကိုေျပာျပခဲ့ပါတယ္။ပရိသတ္ႀကီးေရာ Single mother အျဖစ္နဲ႔ ရပ္တည္ေနတဲ႔ မ်ိဳးစႏီၵက်ာ္ကိုအားေပးစကားေလးေျပာသြားပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

မျိုးစန္ဒီကျော်ဟာအနုပညာနယ်ပယ်ထဲမှာ ဟိုးအရင်တည်းက အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရရှိထားတဲ့ နိုင်ငံကျော် သရုပ်ဆောင်မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ဟာ သိပ်မကြာသေးခင်ကမှ အိမ်ထောင်ရေးပြိုကွဲခဲ့ပြီး သမီးလေးနဲ့အတူ ဘဝကိုသတ္တိရှိစွာဖြတ်သန်းနေတဲ့Single mother အဖြစ်နဲ့ ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေကိုပီပြင်စွာ သရုပ်ဆောင်တတ်ပြီးပွင့်လင်းနေတတ်တဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။

မျိုးစန္ဒီကျော်က ဘဝတူဖြစ်တဲ့ single mother ဘဝတူတွေကိုအားပေးဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ သူတို့ကိုအားပေးရင်းနဲ့ကိုယ်လည်းအားဖြစ်တယ်လို့လည်းပြောပြခဲ့ပါတယ်။ ” ကိုယ်နဲ့ဘဝတူတွေဖြစ်တဲ့အတွက်ပိုပြီးတော့ တွေ့ဆုံပြီးစကားပြောချင်တယ်။ အားပေးချင်တယ် အဲ့လိုစိတ်ကပိုဖြစ်တယ်။ အချို့ကပြောတယ်။ အစ်မနဲ့အရမ်းတူတာပဲပေါ့။ပုံစံတူတယ်ပေါ့နော်။ လာရင်ဖွင့်ကြတယ်။ သူတို့ကတော့ ဘယ်လိုလည်းဆိုတော့ အစ်မလိုမပြတ်သားဘူးပေ့ါနော်။ အစ်မကကျတော့ သည်းခံတဲ့အတိုင်းအတာလွန်သွားတာ။ သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်။ အဲဒီအတိုင်းအတာထက်ကိုလွန်ပြီးတော့အစ်မက သည်းခံထားတာ။ အဲ့တော့ စိတ်ထဲမှာဘာမှမရှိတော့ဘူး။ ပြတ်သားရဲသွားတာပေါ့နော်”လို့ ပြောပြခဲ့ပါတယ်။

လူတော်တော်များများက ကလေးအဖေနဲ့ပြန်ပေါင်းပါလားလို့ လာပြောကြတဲ့အခါ ” ကိုယ်စိတ်အေးအေးဆေးဆေးဖြစ်နေရင်တော့ မဟုတ်ဘူး ဘာကြောင့်ဆိုပြီး ပြန်ရှင်းပြတာပေါ့။ကိုယ့်ကို တစ်နေ့ထဲမှာ လေးငါးယောက်လောက်က လာလာပြောနေရင်တော့ နည်းနည်းပေါက်လာတယ်။ အဲ့တော့ဘာပြောလိုက်လဲဆိုတော့ တစ်ခုပဲပြောလိုက်တယ်။အဲ့တစ်ယောက်ကိုလို့ တစ်လလောက်သွားပေါင်းကြည့်ပါလားလို့ အဲဒါပဲပြောလိုက်တယ်။စိတ်တိုလာလို့လေ။ဘယ်သူကတော့ ကွဲချင်မှာလဲ ကိုယ့်အိမ်ထောင်ကို ကိုယ်နဲ့ကြိုက်လို့ကိုယ်ချစ်လို့ ကိုယ်နဲ့လည်းရေရှည်အဆင်ပြေမယ်ထင်လို့ ယူခဲ့တယ်။ ကိုယ်ကအနုပညာရှင်ဆိုတော့တစ်ခုခုဆို လူသိရှင်ကြား။ ဘာမှလုပ်လို့မရဘူး။ မိဘတွေတောင်ဆန့်ကျင်ပြီးယူခဲ့တဲ့ အိမ်ထောင်တစ်ခုကိုကိုယ်ကပိုတောင်အဖျက်မခံချင်သေးတယ်။”ဆိုပြီး သူမခံစားချက်ကိုပြောပြခဲ့ပါတယ်။ပရိသတ်ကြီးရော Single mother အဖြစ်နဲ့ ရပ်တည်နေတဲ့ မျိုးစန္ဒီကျာ်ကိုအားပေးစကားလေးပြောသွားပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top