iMyanmarHouse.com - Best Property Website for Myanmar
×


လစဥ္လတိုင္း ရာသီမလာခင္မွာ အမ်ိဳးသမီးေတြဟာ စိတ္ေရာကိုယ္ေရာ ေျပာင္းလဲမႈေတြကို ခံစားရပါတယ္။

● ဝက္ၿခံ ေပါက္ျခင္း

● ရင္ျပည့္ရင္ကယ္ျဖစ္ျခင္း

● အလြန္အမင္း ပင္ပန္းႏြမ္းနယ္ျခင္း

● ခါးကိုက္ျခင္း

● ရင္သားေတြ နာက်င္ျခင္း

● ေခါင္းကိုက္ျခင္း

● ဝမ္းခ်ဳပ္ျခင္း

● ဝမ္းေလွ်ာျခင္း

● အစားအစာေတြကို စားခ်င္တပ္မက္ျခင္း

● စိတ္ဓာတ္က်ျခင္း

● စိတ္ပူပန္လႈပ္ရွားျခင္း

● စိတ္အတက္အက်ျဖစ္ျခင္း

● အာ႐ံုစူးစိုက္လို႔မရျခင္း

● စိတ္ဖိစီးမႈဓာတ္ကို မခံစားႏိုင္ျခင္း

● စိတ္တင္းၾကပ္ေနျခင္း

● အိပ္ရ ခက္ခဲျခင္း

စတာေတြကို ေတြ႕ႀကံဳခံစားရတတ္ပါတယ္။

ဒီလုိေျပာင္းလဲမႈေတြဟာ ရာသီမလာခင္ 1 ပတ္၊ 2 ပတ္ေလာက္မွာ ျဖစ္တတ္ၿပီး ရာသီလာတာနဲ႔ ေပ်ာက္သြားတတ္ပါတယ္။

>> ဘာလို႔ ဒီလို PMS ျဖစ္ရတာလဲ?

ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာ ေသခ်ာမသိရေပမယ့္ ဆရာဝန္မ်ားကေတာ့ ေဟာ္မုန္း အေျပာင္းအလဲေတြေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ရာသီလာၿပီးခ်ိန္မွာ Estrogen နဲ႔ progesterone ေဟာ္မုန္းေတြ ျမင့္တက္လာပါတယ္။ ေနာက္တစ္ႀကိမ္ ရာသီျပန္မလာခင္ 1 ပတ္ခန္႔မွာ ဒီေဟာ္မုန္းဓာတ္ေတြ ျပန္ေလ်ာ့က်သြားပါတယ္။ ဒီလိုေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

တခ်ိဳ႕မိန္းကေလးေတြမွာ PMS ျဖစ္တတ္ေပမယ့္ တခ်ိဳ႕မွာ မျဖစ္ရတာဟာလည္း ထူးဆန္းေနပါတယ္။ PMS ေဝဒနာခံစားရတဲ့ အမ်ိဳးသမီးေတြဟာ ေဟာ္မုန္းအေျပာင္းအလဲကို ပိုၿပီးခံစားရလို႔ ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕ကလည္း ရာသီမလာခင္ရက္ေတြမွာ စားတဲ့ အစားအစာေတြေပၚမွာလည္း မူတည္ေသးတယ္လို႔ ဆိုပါတယ္။

ကံေကာင္းတာကေတာ့ ဒီလို PMS ေဝဒနာ မခံစားရေလေအာင္ ႀကိဳတင္ကာကြယ္လို႔ ရနိုင္ပါတယ္။ က်န္းမာေရးနဲ႔ ညီၫြတ္စြာ အသီးအရြက္ေတြ စားေပးတာ၊ အသင့္စား အစားအေသာက္ေတြ အေၾကာ္ေတြကို ေရွာင္တာ၊ ဆားေလွ်ာ့စားတာနဲ႔ ေရမ်ားမ်ား ေသာက္တာေတြက PMS မျဖစ္ရေလေအာင္ ဟန္႔တားေပးႏိုင္မွာပါ။

ကဖိန္းဓာတ္က ရင္တုန္ၿပီး စိတ္ပူပန္ေစႏိုင္တာေၾကာင့္ မေသာက္သင့္ပါဘူး။ အိပ္ေရးဝဝအိပ္ပါ။ ကယ္လ္ဆီယမ္နဲ႔ ဗီတာမင္အားေဆးေတြ ေသာက္ေပးပါ။ ေလ့က်င့္ခန္း မွန္မွန္ျပဳလုပ္ျခင္းနဲ႔ စိတ္ၿငိမ္ေစတ့ဲ တရားထိုင္ျခင္းလိုမ်ိဳးေတြကို လုပ္သင့္ပါတယ္။

ေခါင္းကိုက္၊ ခါးကိုက္အတြက္ေတာ့ ေဆးဆိုင္ေတြမွာ အကိုက္အခဲေပ်ာက္ေဆး အလြယ္တကူ ဝယ္ေသာက္ႏိုင္ေပမယ့္ အရမ္းဆိုးတဲ့ PMS အတြက္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ ဆရာဝန္က ေဆးတစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ တားေဆးျဖစ္ေစ ေသာက္ေစပါလိမ့္မယ္။

စိတ္ဓာတ္က်ေနတာ၊ ကိုယ့္ကိုယ္ကို ထိခိုက္ေစလိုတာမ်ိဳး ရွိရင္လည္း ဆရာဝန္နဲ႔ ပြင့္ပြင့္လင္းလင္း တိုင္ပင္သင့္ပါတယ္။

Credit:Dr. Emerlad (drmyanmar)

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

လစဉ်လတိုင်း ရာသီမလာခင်မှာ အမျိုးသမီးတွေဟာ စိတ်ရောကိုယ်ရော ပြောင်းလဲမှုတွေကို ခံစားရပါတယ်။

● ဝက်ခြံပေါက်ခြင်း

● ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

● အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း

● ခါးကိုက်ခြင်း

● ရင်သားတွေ နာကျင်ခြင်း

● ခေါင်းကိုက်ခြင်း

● ဝမ်းချုပ်ခြင်း

● ဝမ်းလျှောခြင်း

● အစားအစာတွေကို စားချင်တပ်မက်ခြင်း

● စိတ်ဓာတ်ကျခြင်း

● စိတ်ပူပန်လှုပ်ရှားခြင်း

● စိတ်အတက်အကျဖြစ်ခြင်း

● အာရုံစူးစိုက်လို့မရခြင်း

● စိတ်ဖိစီးမှုဓာတ်ကို မခံစားနိုင်ခြင်း

● စိတ်တင်းကြပ်နေခြင်း

● အိပ်ရ ခက်ခဲခြင်း

စတာတွေကို တွေ့ကြုံခံစားရတတ်ပါတယ်။

ဒီလိုပြောင်းလဲမှုတွေဟာ ရာသီမလာခင် 1 ပတ်၊ 2 ပတ်လောက်မှာ ဖြစ်တတ်ပြီး ရာသီလာတာနဲ့ ပျောက်သွားတတ်ပါတယ်။

>> ဘာလို့ ဒီလို PMS ဖြစ်ရတာလဲ?

ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သေချာမသိရပေမယ့် ဆရာဝန်များကတော့ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရာသီလာပြီးချိန်မှာ Estrogen နဲ့ progesterone ဟော်မုန်းတွေ မြင့်တက်လာပါတယ်။ နောက်တစ်ကြိမ် ရာသီပြန်မလာခင် 1 ပတ်ခန့်မှာ ဒီဟော်မုန်းဓာတ်တွေ ပြန်လျော့ကျသွားပါတယ်။ ဒီလိုဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။

တချို့မိန်းကလေးတွေမှာ PMS ဖြစ်တတ်ပေမယ့် တချို့မှာ မဖြစ်ရတာဟာလည်း ထူးဆန်းနေပါတယ်။ PMS ဝေဒနာခံစားရတဲ့ အမျိုးသမီးတွေဟာ ဟော်မုန်းအပြောင်းအလဲကို ပိုပြီးခံစားရလို့ ဖြစ်နိုင်ပါတယ်။ တချို့ကလည်း ရာသီမလာခင်ရက်တွေမှာ စားတဲ့ အစားအစာတွေပေါ်မှာလည်း မူတည်သေးတယ်လို့ ဆိုပါတယ်။

ကံကောင်းတာကတော့ ဒီလို PMS ဝေဒနာ မခံစားရလေအောင် ကြိုတင်ကာကွယ်လို့ ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ အသီးအရွက်တွေ စားပေးတာ၊ အသင့်စား အစားအသောက်တွေ အကြော်တွေကို ရှောင်တာ၊ ဆားလျှော့စားတာနဲ့ ရေများများ သောက်တာတွေက PMS မဖြစ်ရလေအောင် ဟန့်တားပေးနိုင်မှာပါ။

ကဖိန်းဓာတ်က ရင်တုန်ပြီး စိတ်ပူပန်စေနိုင်တာကြောင့် မသောက်သင့်ပါဘူး။ အိပ်ရေးဝဝအိပ်ပါ။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်အားဆေးတွေ သောက်ပေးပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းနဲ့ စိတ်ငြိမ်စေတဲ့ တရားထိုင်ခြင်းလိုမျိုးတွေကို လုပ်သင့်ပါတယ်။

ခေါင်းကိုက်၊ ခါးကိုက်အတွက်တော့ ဆေးဆိုင်တွေမှာ အကိုက်အခဲပျောက်ဆေး အလွယ်တကူ ဝယ်သောက်နိုင်ပေမယ့် အရမ်းဆိုးတဲ့ PMS အတွက်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်က ဆေးတစ်မျိုးမျိုးဖြစ်စေ၊ တားဆေးဖြစ်စေ သောက်စေပါလိမ့်မယ်။

စိတ်ဓာတ်ကျနေတာ၊ ကိုယ့်ကိုယ်ကို ထိခိုက်စေလိုတာမျိုး ရှိရင်လည်း ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်ပါတယ်။

Credit:Dr. Emerlad (drmyanmar)

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top