iMyanmarHouse.com - Best Property Website for Myanmar
×


ပိႏၷဲသီးဆို အရမ္းၾကိဳက္သူေတြရွိလား။ အသီးတင္မကဘူး၊ အသီးေျခာက္ေတြကိုပါ နုိင္ငံျခားကကို တကူးတက မွာယူၾကတဲ့ သူေတြရွိပါတယ္။ ကိုယ္ေတြအိမ္မွာေတာ့ ပိႏၷဲသီးခြဲျပီဆို စားျပီးတဲ့အေစ့ေတြ အေမက အကုန္ျပန္သိမ္းေတာ့တာပဲ။

ပိႏၷဲေစ့ကို ေဆးေၾကာ၊ ျပန္ျပဳတ္ျပီး ပုဇြန္ေျခာက္ငံျပာရည္ခ်က္ေလးနဲ႔ စားရတာ ထမင္းျမိန္ေစတဲ့ အတြဲအဖက္ပါ။ ပိႏၷဲေစ့ျပဳတ္ကို ဒီတိုင္းအခြံေလးခြာစားတာလည္း သေရစာတစ္မ်ိဳးပဲ။ ငယ္ငယ္တည္းက လူၾကီးေတြစားသလို လိုက္စားခဲ့တယ္၊ စားလို႔ေကာင္းလို႔ ၾကိဳက္တယ္ ဒီေလာက္ပဲေလ။

ဒီေလာက္ က်န္းမာေရးအက်ိဳးေက်းဇူးရွိလိမ့္မယ္လို႔ မထင္ခဲ့မိပါဘူး။ ပိႏၷဲေစ့ကေန ဘယ္လို က်န္းမာေရးအက်ိဳးေက်းဇူးေတြရနိုင္လဲ

(၁) ေသြးအားေကာင္းေစတယ္

ပိႏၷဲေစ့မွာ ေဟမိုဂလိုဘင္ရဲ႕အဓိကပါဝင္ပစၥည္းျဖစ္တဲ့ သံဓာတ္ပါဝင္မႈမ်ားပါတယ္။ သံဓာတ္ပမာဏအလံုအေလာက္ရရွိနုိင္ရင္ ေသြးအားနည္းေရာဂါကိုကုသနိုင္ျပီး ေသြးနဲ႔ပတ္သက္တဲ့ေရာဂါေဝဒနာအေတာ္မ်ားမ်ားကို ကာကြယ္နိုင္ပါတယ္။ သံဓာတ္က ေသြးနီဥဆဲလ္ေတြ ထုတ္လုပ္မႈကိုတိုးျမင့္ေစလို႔ ကိုယ္ခံအားကိုတက္ေစပါတယ္။

(၂) အစာေျခစနစ္ကို က်န္းမာေစတယ္

တိုင္းရင္းေဆးပညာေတြအရဆိုရင္ ဝမ္းခ်ဳပ္ျခင္းနဲ႔ တျခားအစာေျခစနစ္ျပႆနာေတြကို ကုသဖို႔ ပိႏၷဲေစ့ကိုၾကိတ္ထားတဲ့အမႈန္႔ကို သံုးခဲ့ၾကတာျဖစ္ပါတယ္။ ပိႏၷဲေစ့ မွာ  အစာေျခစနစ္က်န္းမာေရးအတြက္ သိပ္ကိုအက်ိဳးျပဳတဲ့ အမွ်င္ဓာတ္ၾကြယ္ဝေနတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဝမ္းပ်က္ဝမ္းေလွ်ာတဲ့အခါလည္း သူ႔ကို သံုးလို႔ရတယ္လို႔ ဆိုၾကပါတယ္။ပမာဏအမ်ားၾကီးမဟုတ္ဘဲ ေတာ္သင့္သေလာက္စားတာက ေဆးဖက္ဝင္နုိင္ပါတယ္။

(၃) မ်က္စိအားေကာင္းေစတယ္

ပိႏၷဲေစ့မွာ အျမင္အာရံုအတြက္ အာဟာရဓာတ္ျဖစ္တဲ့ ဗီတာမင္ေအ ပါဝင္ပါတယ္။ မ်က္စိကိုအားေကာင္းေစတဲ့ ပိႏၷဲေစ့ က မ်က္စိအတြင္းတိမ္နဲ႔ အသက္အရြယ္ေၾကာင့္မ်က္စိမႈန္ျခင္းတို႔ကို ကာကြယ္ေပးနုိင္ပါတယ္။

(၄) ေသြးခဲပိတ္ဆို႔မႈအႏၱရာယ္ေလ်ာ့နည္းေစတယ္

သုေတသနထပ္လုပ္ေဆာင္ဖို႔လိုေသးတယ္ဆိုေပမယ့္ ပိႏၷဲေစ့ မွာပါတဲ့ မဂၢနိစ္က ေသြးခဲပိတ္ဆို႔ျခင္းကို ထိန္းညွိေပးနုိင္တယ္လို႕ သိရပါတယ္။

(၅) ၾကြက္သားျဖစ္ေပၚမႈကို အားေပးတယ္

ပိႏၷဲေစ့မွာပါတဲ့ ပရိုတင္းေတြက ၾကြက္သားျဖစ္ေပၚမႈမွာ အေထာက္အကူေပးပါတယ္။ အမ်ားၾကီးမစားျဖစ္ဘူးဆိုေပမယ့္ အနည္းအက်ဥ္းတြဲစားတာေလာက္နဲ႔ အဆင္ေျပနုိင္ပါတယ္။

(၆) အသားအေရဝင္းေစတယ္

ဒီတစ္ခါေတာ့ စားဖို႔မဟုတ္ဘူး။ ပိႏၷဲေစ့ေတြကို ႏြားနိုု႔၊ပ်ားရည္နဲ႔စိမ္ႏွပ္ထားေပးပါ။ျပီးရင္ အကုန္ေရာၾကိတ္ပါ။ ရလာတဲ့အႏွစ္ကို မ်က္ႏွာ္မွာ လိမ္းေပးပါ။ ျပီးရင္ေျခာက္တဲ့အထိထားျပီး ေရေႏြးေႏြးေလးနဲ႔မ်က္ႏွာသစ္လိုက္ပါ။ မ်က္ႏွာေလးျဖဴဝင္းလာပါလိမ့္မယ္။

(၇) ဆံပင္သန္ေစတယ္

ဗီတာမင္ေအေၾကာင့္ပါပဲ။  ဗီတာမင္ေအက ဆံသားၾကြပ္ဆတ္ျပီး က်ိဳးျပတ္လြယ္ျခင္းကို ကာကြယ္ေပးပါတယ္။ ပိႏၷဲေစ့မွာၾကြယ္ဝတဲ့ ပရိုတင္းဓာတ္ေတြကလည္း ဆံသားက်န္းမာေရးကို အားျဖည့္ေပးနုိင္ပါတယ္။

သံဓာတ္ပါဝင္မႈေၾကာင့္လည္းဦးေရျပားမွာ ေသြးလည္ပတ္မႈပိုေကာင္းေစျပီး ဆံပင္အတြက္ အက်ိဳးျပဳတာက ေနာက္တစ္ခ်က္ပါ။ ပိုစိတ္ဝင္စားဖို႔ေကာင္းတာက ပိႏၷဲေစ့က စိတ္ဖိစီးမႈကို ေလ်ာ့ပါးသက္သာေစနုိင္စြမ္းရွိေနတာပါ။

သူ႔မွာပါတဲ့ ပရိုတင္းနဲ႔တျခားအာဟာရဓာတ္ေတြရဲ႕အာနိသင္ျဖစ္ပါတယ္။ စိတ္ဖိစီးမႈဆိုတာ ဆံပင္ကြ်တ္ျခင္း၊ ဆံပင္ပါးလာျခင္းရဲ႕အေၾကာင္းရင္းခံတစ္ခုျဖစ္ေနတာေၾကာင့္ ဒီနည္းနဲ႔ ဆံပင္ကြ်တ္သက္သာေစတာပဲျဖစ္ပါတယ္။

အသီးေတြခ်ည္း ဝယ္စားမေနၾကနဲ႔ဦးေနာ္။ အေစ့ေတြလႊင့္မပစ္ဘဲ စားၾကည့္လိုက္ပါ။ အစာလည္းေဆး၊ ေဆးလည္းအစာ ျဖစ္ေနတာမို႔ ၾကံုတဲ့အခါ စားၾကည့္ေနာ္။ ဒီအက်ိဳးေက်းဇူးေတြရနိုင္ပါလိမ့္မယ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ပိန္နဲသီးဆို အရမ်းကြိုက်သူတွေရှိလား။ အသီးတင်မကဘူး၊ အသီးခြောက်တွေကိုပါ နိုင်ငံခြားကကို တကူးတက မှာယူကြတဲ့ သူတွေရှိပါတယ်။ ကိုယ်တွေအိမ်မှာတော့ ပိန္နဲသီးခွဲပြီဆို စားပြီးတဲ့အစေ့တွေ အမေက အကုန်ပြန်သိမ်းတော့တာပဲ။

ပိန္နဲစေ့ကို ဆေးကြော၊ ပြန်ပြုတ်ပြီး ပုဇွန်ခြောက်ငံပြာရည်ချက်လေးနဲ့ စားရတာ ထမင်းမြိန်စေတဲ့ အတွဲအဖက်ပါ။ ပိန္နဲစေ့ပြုတ်ကို ဒီတိုင်းအခွံလေးခွာစားတာလည်း သရေစာတစ်မျိုးပဲ။ ငယ်ငယ်တည်းက လူကြီးတွေစားသလို လိုက်စားခဲ့တယ်၊ စားလို့ကောင်းလို့ ကြိုက်တယ် ဒီလောက်ပဲလေ။

ဒီလောက် ကျန်းမာရေးအကျိုးကျေးဇူးရှိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ပိန္နဲစေ့ကနေ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ

(၁) သွေးအားကောင်းစေတယ်

ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓာတ်ပါဝင်မှုများပါတယ်။ သံဓာတ်ပမာဏအလုံအလောက်ရရှိနိုင်ရင် သွေးအားနည်းရောဂါကိုကုသနိုင်ပြီး သွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓာတ်က သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။

(၂) အစာခြေစနစ်ကို ကျန်းမာစေတယ်

တိုင်းရင်းဆေးပညာတွေအရဆိုရင် ဝမ်းချုပ်ခြင်းနဲ့ တခြားအစာခြေစနစ်ပြဿနာတွေကို ကုသဖို့ ပိန္နဲစေ့ကိုကြိတ်ထားတဲ့အမှုန့်ကို သုံးခဲ့ကြတာဖြစ်ပါတယ်။ ပိန္နဲစေ့ မှာ  အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအကျိုးပြုတဲ့ အမျှင်ဓာတ်ကြွယ်ဝနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဝမ်းပျက်ဝမ်းလျှောတဲ့အခါလည်း သူ့ကို သုံးလို့ရတယ်လို့ ဆိုကြပါတယ်။ပမာဏအများကြီးမဟုတ်ဘဲ တော်သင့်သလောက်စားတာက ဆေးဖက်ဝင်နိုင်ပါတယ်။

(၃) မျက်စိအားကောင်းစေတယ်

ပိန္နဲစေ့မှာ အမြင်အာရုံအတွက် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ မျက်စိကိုအားကောင်းစေတဲ့ ပိန္နဲစေ့ က မျက်စိအတွင်းတိမ်နဲ့ အသက်အရွယ်ကြောင့်မျက်စိမှုန်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်

သုတေသနထပ်လုပ်ဆောင်ဖို့လိုသေးတယ်ဆိုပေမယ့် ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်က သွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

(၅) ကြွက်သားဖြစ်ပေါ်မှုကို အားပေးတယ်

ပိန္နဲစေ့မှာပါတဲ့ ပရိုတင်းတွေက ကြွက်သားဖြစ်ပေါ်မှုမှာ အထောက်အကူပေးပါတယ်။ အများကြီးမစားဖြစ်ဘူးဆိုပေမယ့် အနည်းအကျဉ်းတွဲစားတာလောက်နဲ့ အဆင်ပြေနိုင်ပါတယ်။

(၆) အသားအရေဝင်းစေတယ်

ဒီတစ်ခါတော့ စားဖို့မဟုတ်ဘူး။ ပိန္နဲစေ့တွေကို နွားနို့၊ပျားရည်နဲ့စိမ်နှပ်ထားပေးပါ။ပြီးရင် အကုန်ရောကြိတ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာ်မှာ လိမ်းပေးပါ။ ပြီးရင်ခြောက်တဲ့အထိထားပြီး ရေနွေးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။ မျက်နှာလေးဖြူဝင်းလာပါလိမ့်မယ်။

(၇) ဆံပင်သန်စေတယ်

ဗီတာမင်အေကြောင့်ပါပဲ။  ဗီတာမင်အေက ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပိန္နဲစေ့မှာကြွယ်ဝတဲ့ ပရိုတင်းဓာတ်တွေကလည်း ဆံသားကျန်းမာရေးကို အားဖြည့်ပေးနိုင်ပါတယ်။

သံဓာတ်ပါဝင်မှုကြောင့်လည်းဦးရေပြားမှာ သွေးလည်ပတ်မှုပိုကောင်းစေပြီး ဆံပင်အတွက် အကျိုးပြုတာက နောက်တစ်ချက်ပါ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ပိန္နဲစေ့က စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်စွမ်းရှိနေတာပါ။

သူ့မှာပါတဲ့ ပရိုတင်းနဲ့တခြားအာဟာရဓာတ်တွေရဲ့အာနိသင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းရဲ့အကြောင်းရင်းခံတစ်ခုဖြစ်နေတာကြောင့် ဒီနည်းနဲ့ ဆံပင်ကျွတ်သက်သာစေတာပဲဖြစ်ပါတယ်။

အသီးတွေချည်း ဝယ်စားမနေကြနဲ့ဦးနော်။ အစေ့တွေလွှင့်မပစ်ဘဲ စားကြည့်လိုက်ပါ။ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်နေတာမို့ ကြုံတဲ့အခါ စားကြည့်နော်။ ဒီအကျိုးကျေးဇူးတွေရနိုင်ပါလိမ့်မယ်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top