iMyanmarHouse.com - Best Property Website for Myanmar
×





#Unicode Version#
အခုတလော ပရိသတ်တွေစိတ်ဝင်စားနေတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ အဲ့ဒီသတင်းလေးကတော့ စံရတီမိုးမြင့် နဲ့မိုးယံဇွန်နဲ့ရည်းစားတွေဖြစ်နေကြတယ်ဆိုတဲ့သတင်းလေးဖြစ်ပါတယ်။ အဆိုပါသတင်းမဟုတ်မှန်ကြောင်းကိုစံရတီမိုးမြင့်ကလည်း အင်တာဗျူးတစ်ခုမှာဖြေရှင်ထားပါတယ်။ အခုလည်းမိုးယံဇွန်က Myanmar Celebrityနဲ့အင်တာဗျူးမှာအဆိုပါကိစ္စနဲ့ပတ်သက်ပြီးပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကိုမိတ်ဆွေတွေမသိရမရှိလေအောင်ပြောပြလိုက်ပါတယ်။

မိုးယံဇွန် က “ ဒီလိုဒီလိုဖြစ်မယ်ဆိုတာအစောကြီးကတည်းက ကျနော်သိတယ်ပေါ့နော်။ သဲသဲ(စံရတီမိုးမြင့်)ကတော့တော်တော်ခေါင်းကြီးနေတယ်။ အဲ့ဒီလိုတော်တော်ပြောခံနေရတယ်ဆိုတော့ သဲသဲနဲ့ကတော့ပြောစရာမရှိပါဘူး ။သူနဲ့ခင်လာတဲ့နှစ်က ကျနော် မော်ဒယ်စလုပ်ပြီး အနုပညာလောကထဲကို ကျနော်စကူးတဲ့ စပ်ကူးမတ်ကူးကာလကတည်းခင်လာတာဆိုတော့ ၁၀နှစ်လောက်တော့ရှိပြီ။ တော်တော်လည်းရင်းနီးတယ်။ တကယ့်မောင်နှမတွေလို ပြောမနာဆိုမနာ တွေဖြစ်နေတာပါ။ အခုကတော့တစ်ချိန်လုံးပွားနေတာ အစ်ကိုရေလုပ်ဦး ဒီလိုဒီလိုတွေတော့ရှိတယ်။ သမီးတော့ခေါင်းကြီးတယ်နော် သူများတွေကပြောနေကြပြီဆိုတော့ ကျနော်ကတော့ ရယ်ပဲရယ်နေတာပေါ့။ ကြားထဲမှာလည်းကျနော် ဇာတ်လမ်းတွဲလေးတွေရိုက်နေတာဆိုတော့ ပွဲတွေလည်းသိပ်မတက်ဖြစ်တော့ဘူး ။မီဒီယာတွေနဲ့လည်း သိပ်မတွေ့ဖြစ်တော့ကြောင့်ပြောမပြဖြစ်တာပါ ။ သေချာတာတစ်ခုကတော့ သူမဟုတ်ပါဘူး။

သူနဲ့ကိုယ်ကလည်း Facebookမှာပေါ်တင်ကြီးမဟုတ်ဘူး လေ ။ မပေါ်ရုံပဲတမယ်ပဲတင်ထားတာဆိုတော့ ထင်ယောင်ထင်မှားတွေဖြစ်စေတာပေါ့ ။ကျနော်ကဘာလို့အဲ့ဒီလိုလုပ်ထားတော့ ကျနော်ကိုတချို့လူတွေကလာပြောတယ် ပြလိုက်ပြီးရောဘာဖြစ်လို့အဲ့ဒီလုပ်ဘာလို့လုပ်ထားတာလည်းလို့ပြောကြတယ်။ ကျနော့်အနေအထားကလည်း အနုပညာရှင်တစ်ယောက်ဖြစ်နေတော့ တစ်ဖက်က ကျနော့်ကောင်မလေးကိုလည်းငဲ့တာပါတယ်။ ကျနော်လည်းတခြားသူတွေလိုမျိုးသူလိုကိုယ်လိုပဲ ပျော်ပျော်ပါးပါးပဲ ရိုတဲ့ပုံလေးတွေတင်ချင်ပါတယ်။ ဒါပေမယ့် ကျနော့်အတွက် အနေအထားအရအဆင်မပြေလို့ အနုပညာသမားဖြစ်တဲ့အတွက်လူတွေအကုန်လုံးက ဝိုင်းကြည့်ကြတာကြောင့် အဆင်ပြေနေရင်တော့တစ်မျိုးပေါ့နော် အဆင်မပြေရင်တော့ ကျနော်ကယောက်ျားလေးဆိုတော့ဘာမှမဖြစ်ဘူး ။ကျနော့်ကောင်မလေးကို မထိခိုက်စေချင်ဘူး ။ အဲ့ဒါကြောင့် စိတ်ကူးလေးနဲ့ Roပြီးတော့ ပုံလေးတွေတင်မှာပါ။နောက်လည်းဒီလိုပဲ တင်ဖြစ်မှာပါ။ သေချာတာတစ်ခုကတော့ ကျနော့်ကောင်မလေးက အနုပညာလောကထဲက မဟုတ်ပါဘူး ။”ဆိုပြီးပြောပြသွားပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:ပြောချင်လွန်းလို့
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top