iMyanmarHouse.com - Best Property Website for Myanmar
×

ယခု က်င္းပခဲ့ေသာ ၃ ႀကိမ္ေျမာက္ေအာင္ဘာေလ သိန္းထီဖြင့္ပြဲတြင္ ပုသိမ္ၿမိဳ႕ တက္ဆိပ္ရပ္ကြက္ မွ မတ္ ႏွင့္ မရီးေတာ္စပ္သူ ကိုေအာင္ကိုဦး ႏွင့္ မေဝေဝႏိုင္တို႔က က်ပ္သိန္ေပါင္း တစ္

ေသာင္းငါးေထာင္ဆုကို ရရွိခဲ့သည္ ၊ ၎တို႔သည္ အိမ္နံမည္မ်ား ျဖစ္သည့္ ေမာင္ခိုင္ ႏွင့္ မိုးမိုး အမည္ကိုေပါင္းစပ္ ၍ ခိုင္မိုးအမည္ျဖင့္ မိုးယံ ေရႊလမင္း ႏွင့္ ျမတ္ဆုကုေ႗ ဆိုင္၏ ထီအေရာင္းကိုယ္စားလွယ္ ကိုသန္းထိုက္ေအာင္ ထံမွ လေပးျဖင့္

ဆယ္ေစာင္တြဲ သုံးကပ္ ထိုးခဲ့ရာမွ ကံထူးစြာ ေပါက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္ ၊ ၎ ေမာင္ခိုင္ ႏွင့္ မိုးမိုးသည္ ခိုင္မိုး အမည္ျဖင့္ ထီကိုယ္စားလွယ္ ကိုသန္းထိုက္ေအာင္ ထံတြင္ လကုန္ေပးျဖင့္ ေအာင္ဘာေလ ထီထိုးခဲ့သည္မွာ ၃ ႏွစ္ရွိၿပီျဖစ္ေၾကာင္းကိုသန္းထိုက္ေအာင္ မွ ေျပာသည္ ၊ ေမာင္ခိုင္ ႏွင့္ မမိုးမိုးသည္

မတ္ ႏွင့္ မရီး ေတာ္စပ္ၾကၿပီး မိဘမ်ားႏွင့္ အတူတကြ ေနထိုင္လ်ွက္ ေၾကာင္းသိရသည္ ၊ ယခု ကံထူးရွင္မ်ားသည္ ၎တို႔ေနထိုင္ေသာ အိမ္ေရွ႕လမ္းအား ကြန္ဂရိခင္းေပးမည္ျဖစ္ပီး၎တို႔ကိုးကြယ္ေသာ ကြၽန္းေတာကုန္း ဘုန္ေတာ္ႀကီးေက်ာင္းအား ျပန္လည္ျပဳျပင္ေပးမည္ ျဖစ္ေၾကာင္း ၎တို႔၏ ဖခင္တပ္မေတာ္အၿငိိမ္းစား ေဆးမႈူး ဦးၾကည္ဝင္း မွေျပာသည္ ၊

မိုးယံ ေရႊလမင္း ႏွင့္ ျမတ္ဆုကုေ႗ ထီဆိုင္ ပုသိမ္ ပင္ရင္း( ၇၉ ) မွ ကိုသန္းထိုက္ေအာင္ ( ၀၂၃၇၉ ) က ထီကိုယ္စားလွယ္ အျဖစ္ ယူေရာင္းခဲရာ ၎ ထံတြင္ လစဥ္ ထီဆုမ်ားပါရွိလ်ွက္ ရွိၿပီး ယခု ၃ ႀကိမ္ေျမာက္တြင္ ( ၅ ) ေသာင္းဆု( ၁၂ ) ဆု ၊ ( ၁ ) သိန္းဆု ( ၂ ) ဆု နွင့္ယခု က်ပ္သိန္း တစ္ေသာင္းငါးေထာင္ ဆုႀကီး ပါ ေပါက္ခဲ့ျခင္း ျဖစ္ေၾကာင္း ထီကိုယ္စားလွယ္ ကိုသန္းထိုက္ေအာင္ မွ ေျပာသည္ ။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:luckymyanmar

#Unicode Version#

ယခု ကျင်းပခဲ့သော ၃ ကြိမ်မြောက်အောင်ဘာလေ သိန်းထီဖွင့်ပွဲတွင် ပုသိမ်မြို့ တက်ဆိပ်ရပ်ကွက် မှ မတ် နှင့် မရီးတော်စပ်သူ ကိုအောင်ကိုဦး နှင့် မဝေဝေနိုင်တို့က ကျပ်သိန်ပေါင်း တစ်

သောင်းငါးထောင်ဆုကို ရရှိခဲ့သည် ၊ ၎င်းတို့သည် အိမ်နံမည်များ ဖြစ်သည့် မောင်ခိုင် နှင့် မိုးမိုး အမည်ကိုပေါင်းစပ် ၍ ခိုင်မိုးအမည်ဖြင့် မိုးယံ ရွှေလမင်း နှင့် မြတ်ဆုကုဋ္ဋေ ဆိုင်၏ ထီအရောင်းကိုယ်စားလှယ် ကိုသန်းထိုက်အောင် ထံမှ လပေးဖြင့်

ဆယ်စောင်တွဲ သုံးကပ် ထိုးခဲ့ရာမှ ကံထူးစွာ ပေါက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ၊ ၎င်း မောင်ခိုင် နှင့် မိုးမိုးသည် ခိုင်မိုး အမည်ဖြင့် ထီကိုယ်စားလှယ် ကိုသန်းထိုက်အောင် ထံတွင် လကုန်ပေးဖြင့် အောင်ဘာလေ ထီထိုးခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်းကိုသန်းထိုက်အောင် မှ ပြောသည် ၊ မောင်ခိုင် နှင့် မမိုးမိုးသည်

မတ် နှင့် မရီး တော်စပ်ကြပြီး မိဘများနှင့် အတူတကွ နေထိုင်လျှက် ကြောင်းသိရသည် ၊ ယခု ကံထူးရှင်များသည် ၎င်းတို့နေထိုင်သော အိမ်ရှေ့လမ်းအား ကွန်ဂရိခင်းပေးမည်ဖြစ်ပီး၎င်းတို့ကိုးကွယ်သော ကျွန်းတောကုန်း ဘုန်တော်ကြီးကျောင်းအား ပြန်လည်ပြုပြင်ပေးမည် ဖြစ်ကြောင်း ၎င်းတို့၏ ဖခင်တပ်မတော်အငြိမ်းစား ဆေးမှုူး ဦးကြည်ဝင်း မှပြောသည် ၊

မိုးယံ ရွှေလမင်း နှင့် မြတ်ဆုကုဋ္ဋေ ထီဆိုင် ပုသိမ် ပင်ရင်း( ၇၉ ) မှ ကိုသန်းထိုက်အောင် ( ၀၂၃၇၉ ) က ထီကိုယ်စားလှယ် အဖြစ် ယူရောင်းခဲရာ ၎င်း ထံတွင် လစဉ် ထီဆုများပါရှိလျှက် ရှိပြီး ယခု ၃ ကြိမ်မြောက်တွင် ( ၅ ) သောင်းဆု( ၁၂ ) ဆု ၊ ( ၁ ) သိန်းဆု ( ၂ ) ဆု နှင့်ယခု ကျပ်သိန်း တစ်သောင်းငါးထောင် ဆုကြီး ပါ ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ထီကိုယ်စားလှယ် ကိုသန်းထိုက်အောင် မှ ပြောသည် ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:luckymyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top