iMyanmarHouse.com - Best Property Website for Myanmar
×

 ေလထုညစ္ညမ္းလာတဲ့ ဒီရက္ပိုင္းေတြမွာ လူေတာ္ေတာ္မ်ားမ်ား မ်က္ႏွာမွာ ဝက္ၿခံဖုေလးေတြ ထြက္ေလ့ရွိၾကပါတယ္။ အထူးသျဖင့္ ဆယ္ေက်ာ္သက္ေလးေတြ ေဟာ္မုန္းေျပာင္းလဲတဲ့အခါ ဝက္ၿခံထြက္တာ အမ်ားဆုံးပါပဲ။ ဝက္ၿခံကေတာ့ လူတိုင္းလိုလို ထြက္ေလ့ရွိတယ္လို႔ေျပာရမွာပါပဲ နည္းနည္းထြက္တာနဲ႔ မ်ားမ်ားထြက္တာပဲကြာတာပါ။ ဒီမွာ ဝက္ၿခံ ေပါက္ေစတဲ့ အစားအေသာက္ေတြက ဘာေတြဆိုတာေျပာျပပါမယ္ေနာ္။

၁။ ကာဗိုဟိုက္ဒရိတ္ပါတဲ့ အစားအစာေတြကိုေရွာင္ပါ။

ကာဗိုဟိုက္ဒရိတ္ပါတဲ့ အစာေတြကို ပုံမွန္အားျဖင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစဖို႔ စားသုံးၾကပါတယ္။ သို႔ေပမဲ့ ကာဗိုဟိုက္ဒရိတ္ေတြမွာ ဝက္ၿခံအဆီဖုေလးေတြျဖစ္ေပၚေစတဲ့ အင္ဆူလင္ပါဝင္တာေၾကာင့္ လိုအပ္တာထက္ပိုၿပီး မစားသုံးေပးသင့္ပါဘူး။

၂။ အေစ့အဆန္မ်ား

အေစ့အဆန္ေတြမွာပါဝင္တဲ့ Zinc ဓာတ္ဟာ အဆီပါတဲ့ ေရတစ္မ်ိဳးကို ထုတ္ေပးတာေၾကာင့္ မ်ားမ်ားစားမိရင္ ဝက္ၿခံအဆီဖုေလးေတြထြက္လာပါလိမ့္မယ္။

၃။ ႏို႔ထြက္ပစၥည္းမ်ား

ဒိန္ခ်ဥ္၊ ဒိန္ခဲ၊ ႏြားႏုိ႔၊ ႏို႔ခ်ဥ္ အစရွိသည္တို႔ဟာ ဗီတာမင္ (A) ၾကြယ္ဝၿပီး အဆီပါတဲ့အစားအေသာက္ေတြျဖစ္တာေၾကာင့္ ဝက္ၿခံေပါက္ေလ့ရွိသူေတြ အဓိကထားၿပီးေရွာင္ၾကဥ္သင့္ပါတယ္။

၄။ ဗီတာမင္အီး ၾကြယ္ဝေသာငါးမ်ား

ဗီတာမင္အီးဟာ စိတ္ကစဥ္႔ကလ်ားျဖစ္သူေတြ စားသုံးရမယ့္ အစားအစာေတြျဖစ္ၿပီး ျပည္႔ဝဆီအနည္းငယ္ပါဝင္တာေၾကာင့္ ဝက္ၿခံသမားေတြ ေရွာင္ၾကဥ္သင့္တဲ့ အစားအစာျဖစ္ပါတယ္။

၅။ ၾကက္ဥ

ၾကက္ဥမွာ အိုမီဂါ-၃ ပါဝင္ၿပီး အိုမီဂါ-၃ မွာ ဖက္တီအက္ဆစ္ပါဝင္တာေၾကာင့္ ဝက္ၿခံသမားေတြ လုံးဝမစားသင့္ပါဘူး။

၆။ ဗီတာမင္စီ ၾကြယ္ဝတဲ့အသီးအႏွံမ်ား

ဗီတာမင္စီ ၾကြယ္ဝတဲ့ အသီးအႏွံေတြမွာ သၾကားဓာတ္ျပည္႔ဝတာေၾကာင့္ ဝက္ၿခံအဆီဖုေတြ ပိုမ်ားလာေစမွာပါ။ ဒါေၾကာင့္ တတ္ႏုိင္သမ်ွေရွာင္ရွားသင့္ပါတယ္။

ဒီေလာက္ဆုိ ဝက္ၿခံထြက္တတ္သူေတြ၊ ဝက္ၿခံထြက္မွ စိုးရြံ႕ေနတဲ့သူေတြ ေရွာင္ၾကဥ္ သင့္တဲ့အစားအစာေတြ သိေလာက္ၿပီထင္ပါတယ္။ မိတ္ေဆြတို႔အတြက္ အက်ိဳးရွိသြားမယ္လို႔ေမ်ွာ္လင့္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:(ပိုပိုေလး)

#Unicode Version#
  လေထုညစ်ညမ်းလာတဲ့ ဒီရက်ပိုင်းတွေမှာ လူတော်တော်များများ မျက်နှာမှာ ဝက်ခြံဖုလေးတွေ ထွက်လေ့ရှိကြပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်လေးတွေ ဟော်မုန်းပြောင်းလဲတဲ့အခါ ဝက်ခြံထွက်တာ အများဆုံးပါပဲ။ ဝက်ခြံကတော့ လူတိုင်းလိုလို ထွက်လေ့ရှိတယ်လို့ပြောရမှာပါပဲ နည်းနည်းထွက်တာနဲ့ များများထွက်တာပဲကွာတာပါ။ ဒီမှာ ဝက်ခြံ ပေါက်စေတဲ့ အစားအသောက်တွေက ဘာတွေဆိုတာပြောပြပါမယ်နော်။

၁။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကိုရှောင်ပါ။

ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာတွေကို ပုံမှန်အားဖြင့် ကိုယ်အလေးချိန် လျော့ကျစေဖို့ စားသုံးကြပါတယ်။ သို့ပေမဲ့ ကာဗိုဟိုက်ဒရိတ်တွေမှာ ဝက်ခြံအဆီဖုလေးတွေဖြစ်ပေါ်စေတဲ့ အင်ဆူလင်ပါဝင်တာကြောင့် လိုအပ်တာထက်ပိုပြီး မစားသုံးပေးသင့်ပါဘူး။

၂။ အစေ့အဆန်များ

အစေ့အဆန်တွေမှာပါဝင်တဲ့ Zinc ဓာတ်ဟာ အဆီပါတဲ့ ရေတစ်မျိုးကို ထုတ်ပေးတာကြောင့် များများစားမိရင် ဝက်ခြံအဆီဖုလေးတွေထွက်လာပါလိမ့်မယ်။

၃။ နို့ထွက်ပစ္စည်းများ

ဒိန်ချဉ်၊ ဒိန်ခဲ၊ နွားနို့၊ နို့ချဉ် အစရှိသည်တို့ဟာ ဗီတာမင် (A) ကြွယ်ဝပြီး အဆီပါတဲ့အစားအသောက်တွေဖြစ်တာကြောင့် ဝက်ခြံပေါက်လေ့ရှိသူတွေ အဓိကထားပြီးရှောင်ကြဉ်သင့်ပါတယ်။

၄။ ဗီတာမင်အီး ကြွယ်ဝသောငါးများ

ဗီတာမင်အီးဟာ စိတ်ကစဉ့်ကလျားဖြစ်သူတွေ စားသုံးရမယ့် အစားအစာတွေဖြစ်ပြီး ပြည့်ဝဆီအနည်းငယ်ပါဝင်တာကြောင့် ဝက်ခြံသမားတွေ ရှောင်ကြဉ်သင့်တဲ့ အစားအစာဖြစ်ပါတယ်။

၅။ ကြက်ဥ

ကြက်ဥမှာ အိုမီဂါ-၃ ပါဝင်ပြီး အိုမီဂါ-၃ မှာ ဖက်တီအက်ဆစ်ပါဝင်တာကြောင့် ဝက်ခြံသမားတွေ လုံးဝမစားသင့်ပါဘူး။

၆။ ဗီတာမင်စီ ကြွယ်ဝတဲ့အသီးအနှံများ

ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေမှာ သကြားဓာတ်ပြည့်ဝတာကြောင့် ဝက်ခြံအဆီဖုတွေ ပိုများလာစေမှာပါ။ ဒါကြောင့် တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။

ဒီလောက်ဆို ဝက်ခြံထွက်တတ်သူတွေ၊ ဝက်ခြံထွက်မှ စိုးရွံ့နေတဲ့သူတွေ ရှောင်ကြဉ် သင့်တဲ့အစားအစာတွေ သိလောက်ပြီထင်ပါတယ်။ မိတ်ဆွေတို့အတွက် အကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:(ပိုပိုလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top