iMyanmarHouse.com - Best Property Website for Myanmar
×

ၾသစေတးလ်ႏိုင္ငံက သြားဆရာဝန္ႀကီးေတြက သြားတိုက္ေဆးေတြမွာ ဖလို႐ိုက္ပါဝင္ၿပီး သြားေတြကို ခိုင္မာေစၿပီး သြားေဆြးေျမ့တာကို ကာကြယ္ေပးပါတယ္တဲ့။

ဒါေပမဲ့ ဖလို႐ိုက္ အလြန္အကြၽံသံုးတဲ့အခါ ဘာျဖစ္တတ္သလဲ?

ဖလို႐ိုက္ အလြန္အကြၽံသံုးတဲ့အခါ သြားထဲက သတၱဳဓာတ္ေတြရဲ႕ အခ်ိဳးအစားေတြ ေျပာင္းလဲလာၿပီး အစြန္းေတြျဖစ္လာတဲ့အျပင္ အေရာင္ေတြ ေျပာင္းလာပါတယ္။ သြားက အရင္လို မေခ်ာေမြ႕ေတာ့ဘဲ ၾကမ္းလာပါတယ္။ ၾကမ္းလာရင္ သန္႔႐ွင္းလို႔ သိပ္မလြယ္ေတာ့တဲ့အျပင္ စၿပီးေဆြးေျမ့လာတတ္ပါတယ္။

လူႀကီးေတြမွာဆိုရင္ေတာ့ သြားတိုက္ေဆး မ်ားမ်ားသံုးတာက အဲေလာက္ျပႆနာ မေပးတတ္ပါဘူးတဲ့။ သြားေတြက ဖြံၿဖိဳးဆဲအေျခအေန မဟုတ္ေတာ့တဲ့အျပင္ ဖလို႐ိုက္ သိပ္မ်ားသြားလည္း ျပႆနာမဟုတ္ပါဘူးတဲ့။ ဒါေပမဲ့ ကေလးေတြအတြက္ေတာ့ သတိထားသင့္ပါတယ္။

● သြားတိုက္တိုင္း သြားတိုက္ေဆးကို ပဲေစ့တစ္ေစ့စာပဲထည့္ရင္ လံုေလာက္ၿပီလို႔လည္း ေျပာထားပါတယ္။

● သြားတိုက္ေဆးကို အသက္တစ္ႏွစ္ခြဲေအာက္ ကေလးေတြမွာ မသံုးသင့္ပါဘူး။

● သားသားမီးမီး သြားစတိုက္မယ္ဆိုရင္ ဆန္ေစ့ေလာက္ ပါးပါးေလးသာ ထည့္ၿပီး တိုက္မယ္ဆိုရင္ ရပါၿပီ။

● အသက္ ခုႏွစ္ႏွစ္ေက်ာ္ရင္ေတာ့ လူႀကီးလို ပဲေစ့ပမာဏထည့္ရင္ ရပါၿပီ။

● ကေလးေတြ သြားတိုက္ေဆး တစ္ဘူးလံုး စားလိုက္မိရင္ ႏြားႏို႔တိုက္လိုက္ပါတဲ့။ ပိုလ်ွံေနတဲ့ ဖလို႐ိုက္ဓာတ္ေတြ အကုန္အစင္ ထြက္သြားပါလိမ့္မယ္။

Credit:drmyanmar

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သြစတေးလျနိုင်ငံက သွားဆရာဝန်ကြီးတွေက သွားတိုက်ဆေးတွေမှာ ဖလိုရိုက်ပါဝင်ပြီး သွားတွေကို ခိုင်မာစေပြီး သွားဆွေးမြေ့တာကို ကာကွယ်ပေးပါတယ်တဲ့။

ဒါပေမဲ့ ဖလိုရိုက် အလွန်အကျွံသုံးတဲ့အခါ ဘာဖြစ်တတ်သလဲ?

ဖလိုရိုက် အလွန်အကျွံသုံးတဲ့အခါ သွားထဲက သတ္တုဓာတ်တွေရဲ့ အချိုးအစားတွေ ပြောင်းလဲလာပြီး အစွန်းတွေဖြစ်လာတဲ့အပြင် အရောင်တွေ ပြောင်းလာပါတယ်။ သွားက အရင်လို မချောမွေ့တော့ဘဲ ကြမ်းလာပါတယ်။ ကြမ်းလာရင် သန့်ရှင်းလို့ သိပ်မလွယ်တော့တဲ့အပြင် စပြီးဆွေးမြေ့လာတတ်ပါတယ်။

လူကြီးတွေမှာဆိုရင်တော့ သွားတိုက်ဆေး များများသုံးတာက အဲလောက်ပြဿနာ မပေးတတ်ပါဘူးတဲ့။ သွားတွေက ဖွံဖြိုးဆဲအခြေအနေ မဟုတ်တော့တဲ့အပြင် ဖလိုရိုက် သိပ်များသွားလည်း ပြဿနာမဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ကလေးတွေအတွက်တော့ သတိထားသင့်ပါတယ်။

● သွားတိုက်တိုင်း သွားတိုက်ဆေးကို ပဲစေ့တစ်စေ့စာပဲထည့်ရင် လုံလောက်ပြီလို့လည်း ပြောထားပါတယ်။

● သွားတိုက်ဆေးကို အသက်တစ်နှစ်ခွဲအောက် ကလေးတွေမှာ မသုံးသင့်ပါဘူး။

● သားသားမီးမီး သွားစတိုက်မယ်ဆိုရင် ဆန်စေ့လောက် ပါးပါးလေးသာ ထည့်ပြီး တိုက်မယ်ဆိုရင် ရပါပြီ။

● အသက် ခုနှစ်နှစ်ကျော်ရင်တော့ လူကြီးလို ပဲစေ့ပမာဏထည့်ရင် ရပါပြီ။

● ကလေးတွေ သွားတိုက်ဆေး တစ်ဘူးလုံး စားလိုက်မိရင် နွားနို့တိုက်လိုက်ပါတဲ့။ ပိုလျှံနေတဲ့ ဖလိုရိုက်ဓာတ်တွေ အကုန်အစင် ထွက်သွားပါလိမ့်မယ်။

Credit:drmyanmar

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top