iMyanmarHouse.com - Best Property Website for Myanmar
×


အိမ္ ေထာင္ေရးမွာ လမ္းခြဲျပတ္စဲဖို႔အထိ ေတြးၿပီး အခက္အခဲေတြ ႀကံဳေနရၿပီဆိုရင္ေတာ့ Marry က ေျပာျပထားတဲ့ အခ်က္ေလးေတြ လုပ္ၾကည့္ေပးေနာ္။ ျပန္အဆင္ေျပလာႏိုင္ပါတယ္။

အိမ္ေထာင္ေရးမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ မခ်စ္ေတာ့ဘူး၊ အရမ္းစိတ္ေတြ ကုန္ေနၿပီဆိုၿပီး လမ္းခြဲခ်င္ေလာက္တဲ့ အခက္အခဲေတြ ႀကံဳတာမ်ိဳး ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္ေနာ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္သေဘာထား မတိုက္ဆိုင္တာေတြ၊ ညွိႏွိဳင္းမရတာေတြေၾကာင့္ ဒါမ်ိဳးေတြ ျဖစ္တတ္ၾကပါတယ္။

ကိုယ့္စိတ္ေတာင္ ကိုယ္မပိုင္တာေတြ ရွိတယ္မလား၊ အိမ္ေထာင္ဘက္မွာလည္း သူ႔စိတ္သူ႔သေဘာထား ရွိမွာပဲေလေနာ္။ ဒါေၾကာင့္ အခက္အခဲေတြ ႀကံဳလာၿပီဆိုရင္ လမ္းခြဲျပတ္စဲတာမ်ိဳးကို အရင္မစဥ္းစားဘဲ ေျပလည္ေအာင္ ေျဖရွင္းလို႔ ရမယ့္ နည္းလမ္းေတြ ရွာသင့္ပါတယ္။

ကိုယ္ခ်င္းစာၿပီး ေတြးေပးပါ

အိမ္ေထာင္ေရးမွာ အဆင္မေျပတာေတြ ႀကံဳလာၿပီဆိုရင္ အရင္ဆံုး သူ႔ေနရာမွာ ကိုယ္သာဆိုရင္ ဆုိၿပီး ကိုယ္ခ်င္းစာၿပီး ေတြးပါ။ ဒါမွ သူ႔ဘက္ကိုလည္း နားလည္ေပးလို႔ ရမွာပါ။ သူ႔ဘက္ကိုသာ နားလည္ေပးလိုက္ရင္ အိမ္ေထာင္ေရးမွာ မေျပလည္တာေတြ ေလ်ာ့က်သြားမွာပါ။ သူ႔ဘက္ ကိုုယ့္ဘက္ေတြးပါ။

စိတ္ေအးေအးထားပါ

အိမ္ေထာင္ေရးမွာ ျပႆနာေတြ ႀကံဳလာၿပီဆိုရင္ စိတ္ေအးေအးထားၿပီး ေဆြးေႏြးတိုင္ပင္ပါ။ လမ္းခြဲျပတ္စဲျခင္းဟာ အေကာင္းဆံုးနည္းလမ္းေကာင္း မဟုတ္ဘူးဆိုတာ သတိရေပးေနာ္။ အေလာတႀကီး ဘာကိုမွ မဆံုးျဖတ္ပါနဲ႔။ လင္မယားႏွစ္ေယာက္စလံုး ဘယ္အခ်က္ေတြေၾကာင့္ မေျပလည္သလဲဆိုတာေတြကို အေျဖရွာပါ။

ကိုယ္တစ္ေယာက္တည္းလို႔ မထင္ပါနဲ႔

အိမ္ထာင္ေရး ျပႆနာေတြကုိ ေျဖရွင္းေနရတာ ကိုယ္တစ္ေယာက္တည္းလို႔ မထင္ပါနဲ႔ေနာ္။ အိမ္ေထာင္ေရး အဆင္မေျပတာေၾကာင့္ အလုပ္ေတြ ထိခိုက္တဲ့အထိ စိတ္ညစ္တာမ်ိဳး မျဖစ္ဖုိ႔လည္း ဂရုစိုက္ပါ။ ကိုယ့္ရဲ႕ ေဆြမ်ိဳးေတြနဲ႔ သူငယ္ခ်င္းေတြဆီကေန အႀကံဥာဏ္ေတြ ေတာင္းပါ။ ဒါက ေျပလည္ေစမွာပါ။

ဂရုစိုက္တာေတြကုိ မေလွ်ာ့ပစ္လိုက္ပါနဲ႔

လင္မယားႏွစ္ေယာက္ၾကားမွာ အဆင္မေျပတာေတြ ရွိေနရင္ေတာင္ ဂရုစိုက္တာေတြကုိေတာ့ ေလွ်ာ့ခ်ပစ္တာေတြ မလုပ္ပါနဲ႔။ စိတ္ဆိုးတာေတြ ရွိလည္း စိတ္နာက်င္ေလာက္တဲ့အထိ စကားလံုး အသံုးအႏွဳန္းေတြ သံုးၿပီး မေျပာပါနဲ႔ေနာ္။ ေျဖရွင္းမွ ပိုဆိုးေနတတ္တာေၾကာင့္ပါ။ ဒါေၾကာင့္ ေျပေျပလည္လည္ပဲ ေတြးပါ။

အခ်ိန္ေပးပါ

အခ်ိန္ေပးပါဆိုတာက ကိုယ္က အျမဲ မအားမလပ္ေတြ ျဖစ္ေနလို႔ အိမ္ေထာင္ေရး အဆင္မေျပေနတာမ်ိဳးဆိုရင္လည္း ကိုယ့္ရဲ႕ အိမ္ေထာင္ဘက္ကို အခ်ိန္ေပးပါ။ ေနာက္တစ္ခုကေတာ့ ကိုယ့္အိမ္ေထာင္ဘက္ အထင္လြဲေနတာ၊ စိတ္ေတြဆိုးေနတဲ့အခ်ိန္မွာ ခဏေလာက္ေတာ့ သူတစ္ေယာက္တည္း ခဏ စိတ္ေျပေအာင္ ေနဖုိ႔ အခ်ိန္ေပးပါ။ သူ႔အတြက္ သီးျခားအခ်ိန္ေလး ခဏေပးပါ။ ဒီလိုဆိုရင္ စိတ္ေျပၿပီး ျပန္အဆင္ေျပမွာပါ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အိမ်ထောင်ရေးမှာ လမ်းခွဲပြတ်စဲဖို့အထိ တွေးပြီး အခက်အခဲတွေ ကြုံနေရပြီဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေ လုပ်ကြည့်ပေးနော်။ ပြန်အဆင်ပြေလာနိုင်ပါတယ်။

အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် မချစ်တော့ဘူး၊ အရမ်းစိတ်တွေ ကုန်နေပြီဆိုပြီး လမ်းခွဲချင်လောက်တဲ့ အခက်အခဲတွေ ကြုံတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်နော်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထား မတိုက်ဆိုင်တာတွေ၊ ညှိနှိုင်းမရတာတွေကြောင့် ဒါမျိုးတွေ ဖြစ်တတ်ကြပါတယ်။

ကိုယ့်စိတ်တောင် ကိုယ်မပိုင်တာတွေ ရှိတယ်မလား၊ အိမ်ထောင်ဘက်မှာလည်း သူ့စိတ်သူ့သဘောထား ရှိမှာပဲလေနော်။ ဒါကြောင့် အခက်အခဲတွေ ကြုံလာပြီဆိုရင် လမ်းခွဲပြတ်စဲတာမျိုးကို အရင်မစဉ်းစားဘဲ ပြေလည်အောင် ဖြေရှင်းလို့ ရမယ့် နည်းလမ်းတွေ ရှာသင့်ပါတယ်။

ကိုယ်ချင်းစာပြီး တွေးပေးပါ

အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ ကြုံလာပြီဆိုရင် အရင်ဆုံး သူ့နေရာမှာ ကိုယ်သာဆိုရင် ဆိုပြီး ကိုယ်ချင်းစာပြီး တွေးပါ။ ဒါမှ သူ့ဘက်ကိုလည်း နားလည်ပေးလို့ ရမှာပါ။ သူ့ဘက်ကိုသာ နားလည်ပေးလိုက်ရင် အိမ်ထောင်ရေးမှာ မပြေလည်တာတွေ လျော့ကျသွားမှာပါ။ သူ့ဘက် ကိုယ့်ဘက်တွေးပါ။

စိတ်အေးအေးထားပါ

အိမ်ထောင်ရေးမှာ ပြဿနာတွေ ကြုံလာပြီဆိုရင် စိတ်အေးအေးထားပြီး ဆွေးနွေးတိုင်ပင်ပါ။ လမ်းခွဲပြတ်စဲခြင်းဟာ အကောင်းဆုံးနည်းလမ်းကောင်း မဟုတ်ဘူးဆိုတာ သတိရပေးနော်။ အလောတကြီး ဘာကိုမှ မဆုံးဖြတ်ပါနဲ့။ လင်မယားနှစ်ယောက်စလုံး ဘယ်အချက်တွေကြောင့် မပြေလည်သလဲဆိုတာတွေကို အဖြေရှာပါ။

ကိုယ်တစ်ယောက်တည်းလို့ မထင်ပါနဲ့

အိမ်ထာင်ရေး ပြဿနာတွေကို ဖြေရှင်းနေရတာ ကိုယ်တစ်ယောက်တည်းလို့ မထင်ပါနဲ့နော်။ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် အလုပ်တွေ ထိခိုက်တဲ့အထိ စိတ်ညစ်တာမျိုး မဖြစ်ဖို့လည်း ဂရုစိုက်ပါ။ ကိုယ့်ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေဆီကနေ အကြံဉာဏ်တွေ တောင်းပါ။ ဒါက ပြေလည်စေမှာပါ။

ဂရုစိုက်တာတွေကို မလျှော့ပစ်လိုက်ပါနဲ့

လင်မယားနှစ်ယောက်ကြားမှာ အဆင်မပြေတာတွေ ရှိနေရင်တောင် ဂရုစိုက်တာတွေကိုတော့ လျှော့ချပစ်တာတွေ မလုပ်ပါနဲ့။ စိတ်ဆိုးတာတွေ ရှိလည်း စိတ်နာကျင်လောက်တဲ့အထိ စကားလုံး အသုံးအနှုန်းတွေ သုံးပြီး မပြောပါနဲ့နော်။ ဖြေရှင်းမှ ပိုဆိုးနေတတ်တာကြောင့်ပါ။ ဒါကြောင့် ပြေပြေလည်လည်ပဲ တွေးပါ။

အချိန်ပေးပါ

အချိန်ပေးပါဆိုတာက ကိုယ်က အမြဲ မအားမလပ်တွေ ဖြစ်နေလို့ အိမ်ထောင်ရေး အဆင်မပြေနေတာမျိုးဆိုရင်လည်း ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို အချိန်ပေးပါ။ နောက်တစ်ခုကတော့ ကိုယ့်အိမ်ထောင်ဘက် အထင်လွဲနေတာ၊ စိတ်တွေဆိုးနေတဲ့အချိန်မှာ ခဏလောက်တော့ သူတစ်ယောက်တည်း ခဏ စိတ်ပြေအောင် နေဖို့ အချိန်ပေးပါ။ သူ့အတွက် သီးခြားအချိန်လေး ခဏပေးပါ။ ဒီလိုဆိုရင် စိတ်ပြေပြီး ပြန်အဆင်ပြေမှာပါ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top