iMyanmarHouse.com - Best Property Website for Myanmar
×

 အခ်ိဳ႕ေသာ ငါးအမ်ိဳးအစားေတြက ခႏၶြာကိုယ္အတြက္ ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။ ငါးစားသုံးျခင္းဟာ ခႏၶာကိုယ္ က်န္းမာေရးကို ေကာင္းမြန္ေစၿပီး လူတိုင္းအတြက္ မရွိမျဖစ္ လိုအပ္တဲ့ အာဟာရ ဓာတ္ ေတြကို ေပးစြမ္းေစႏိုင္ပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ေသာ ငါးအမ်ိဳးအစားေတြကေတာ့ ခႏၶြာကိုယ္အတြက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာ ျဖစ္ေစႏိုင္တာ ေၾကာင့္ စားသုံးဖို႔ မသင့္ေတာ္တဲ့ ငါးအမ်ိဳးအစားေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ငါးကင္ဆိုင္ေတြမွာ အမ်ားဆုံး အသုံးျပဳၿပီး တလားဗီးယားလို႔ လူသိမ်ားၾကတဲ့ ငါးဟာ ပ႐ိုတိန္းပါဝင္မႈ နည္းပါး သလို Omega 3 Fatty Acid လည္း မပါဝင္သေလာက္ကို နည္းပါးပါတယ္။ ကင္ဆာ ျဖစ္ေစတဲ့ Dioxin Level ျမင့္မားစြာ ပါဝင္တာေၾကာင့္ မ်ားမ်ားစားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

(၂) အ႐ြယ္အစား ႀကီးႀကီးနဲ႔ ဖြံၿဖိဳးလွတဲ့ ငါးခူေတြဟာ ႀကီးထြားမႈ ႏႈန္းျမင့္ေအာင္ ေဟာ္မုန္းေတြ အေျမာက္အမ်ား ေကြၽး ၿပီး ေမြးျမဴထားတာ ျဖစ္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။ သဘာဝ ငါးခူေတြ မွာသာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျဖည့္တင္းေပးႏိုင္တဲ့ဓာတ္ေတြ ပါဝင္တာေၾကာင့္ သဘာဝ ငါးခူမ်ိဳးကိုသာ ေ႐ြးခ်ယ္စားသုံးသင့္ပါတယ္။

(၃) ငါးရွဥ့္ဟာ သူ႔သဘာဝကိုက ညစ္ပတ္တဲ့ ေနရာေတြမွာ က်က္စားတာ ျဖစ္တာေၾကာင့္ ျပဒါးဓာတ္ေတြ အမ်ားအျပား ပါဝင္ပါတယ္။ က်န္းမာေရးအတြက္ အက်ိဳးရွိေစတဲ့ အဆီဓာတ္ မပါဝင္ဘဲ ခႏၶာကိုယ္ အတြက္ အႏၲရာယ္ရွိေစတဲ့ အဆီဓာတ္သာ ပါဝင္တာေၾကာင့္ ခ်င့္ခ်ိန္စားသုံးသင့္ပါတယ္။

(၄) ဆူရွီျပဳလုပ္တဲ့အခါ အသုံးျပဳတဲ့ ေဒၚလာငါး အမ်ိဳးအစားေတြမွာ ဖေယာင္းဓာတ္ အမ်ားအျပားပါဝင္တာေၾကာင့္ အစာအိမ္ရဲ႕အစာေျခစနစ္ကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။ အစာအိမ္ ေရာဂါရွိသူေတြ စားသုံးဖို႔ မသင့္ေတာ္တဲ့ ငါးအမ်ိဳးအစားပဲျဖစ္ပါတယ္။

(၅) မ်ိဳးသုဥ္းလုနီးပါးျဖစ္ေနတဲ့ တူနာငါးေတြဟာ ဒီကေန႔ေခတ္မွာေတာ့ သဘာဝတူနာငါးမ်ိဳးကို ေတြ႕ဖို႔ခဲယဥ္းသြားပါၿပီ။ ေဟာ္မုန္းေတြ အလြန္အကြၽံတိုက္ေကြၽးထားတဲ့ တူနာငါးမ်ိဳးေတြသာ ရွိေတာ့တာေၾကာင့္ စားသုံးဖို႔ မသင့္ေတာ္ပါဘူး။

Credit: The Irrawaddy – Burmese Edition
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အချို့သော ငါးအမျိုးအစားတွေက ခန္ဓွာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ငါးစားသုံးခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပြီး လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ ဓာတ် တွေကို ပေးစွမ်းစေနိုင်ပါတယ်။

ဒါပေမယ့် အချို့သော ငါးအမျိုးအစားတွေကတော့ ခန္ဓွာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်တာ ကြောင့် စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ငါးကင်ဆိုင်တွေမှာ အများဆုံး အသုံးပြုပြီး တလားဗီးယားလို့ လူသိများကြတဲ့ ငါးဟာ ပရိုတိန်းပါဝင်မှု နည်းပါး သလို Omega 3 Fatty Acid လည်း မပါဝင်သလောက်ကို နည်းပါးပါတယ်။ ကင်ဆာ ဖြစ်စေတဲ့ Dioxin Level မြင့်မားစွာ ပါဝင်တာကြောင့် များများစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၂) အရွယ်အစား ကြီးကြီးနဲ့ ဖွံဖြိုးလှတဲ့ ငါးခူတွေဟာ ကြီးထွားမှု နှုန်းမြင့်အောင် ဟော်မုန်းတွေ အမြောက်အများ ကျွေး ပြီး မွေးမြူထားတာ ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ သဘာဝ ငါးခူတွေ မှာသာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ဓာတ်တွေ ပါဝင်တာကြောင့် သဘာဝ ငါးခူမျိုးကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။

(၃) ငါးရှဉ့်ဟာ သူ့သဘာဝကိုက ညစ်ပတ်တဲ့ နေရာတွေမှာ ကျက်စားတာ ဖြစ်တာကြောင့် ပြဒါးဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အဆီဓာတ် မပါဝင်ဘဲ ခန္ဓာကိုယ် အတွက် အန္တရာယ်ရှိစေတဲ့ အဆီဓာတ်သာ ပါဝင်တာကြောင့် ချင့်ချိန်စားသုံးသင့်ပါတယ်။

(၄) ဆူရှီပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဒေါ်လာငါး အမျိုးအစားတွေမှာ ဖယောင်းဓာတ် အများအပြားပါဝင်တာကြောင့် အစာအိမ်ရဲ့အစာခြေစနစ်ကို နှောင့်နှေးစေနိုင်ပါတယ်။ အစာအိမ် ရောဂါရှိသူတွေ စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစားပဲဖြစ်ပါတယ်။

(၅) မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ တူနာငါးတွေဟာ ဒီကနေ့ခေတ်မှာတော့ သဘာဝတူနာငါးမျိုးကို တွေ့ဖို့ခဲယဉ်းသွားပါပြီ။ ဟော်မုန်းတွေ အလွန်အကျွံတိုက်ကျွေးထားတဲ့ တူနာငါးမျိုးတွေသာ ရှိတော့တာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။

Credit: The Irrawaddy – Burmese Edition
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top