iMyanmarHouse.com - Best Property Website for Myanmar
×








Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

ရန်ဖြစ်ပြီး ပြန်ချစ်ရတဲ့ အခိုက်အတန့်လေးက တကယ်ကိုကြည်နူးစရာအကောင်းဆုံးအ ခိုက်အတန့်လေးပါပဲ

Relationship တစ်ခုမှာ ချစ်မြဲချစ်နေမယ်ဆိုရင် အနည်းငယ် တော့ ငြီးငွေ့ဖို့ကောင်းတာပေါ့နော်။ တစ်ခါ တလေ ချစ်သူနဲ့ စိတ်ဆိုးစိတ်ကောက်ကြပြီးရင် ပြန်ချော့ပြီး အဆင်ပြေသွားကြတဲ့ အခိုက် အတန့်လေး ဟာ ကမ္ဘာပေါ်မှာ ကြည်နူးစရာအကောင်း ဆုံးအချိန်လေးပါပဲ။

ဒီလိုအခိုက်အတန့် လေးကို ချစ်သူတိုင်း လိုချင်ကြမှာ အသေအချာပါပဲ။ ကောင်မလေးစိတ်ကောက်နေရင် မချော့တတ်တဲ့ ကိုကိုတွေ လုံးဝမပူပါ နဲ့နော်။ အဆင်ပြေသွား အောင် အကောင်းဆုံးနည်းလမ်းလေးတွေနဲ့ ကူညီပေးမယ်နော်။

သူမတို့ဟာ ဆဌမအာရုံလည်းကောင်းကြပါတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်ဟာ ကိုယ့်နောက်ကွယ်မှာ တစ်ခုခု မဟုတ်တာ လုပ်နေပြီဆိုရင် သူမတို့က အလိုလိုသိတတ်ကြပါတယ်။ ဒီလိုအချိန်မှာ သွားပြီး မလိမ်လိုက်ပါနဲ့ ပြဿနာပိုဆိုးသွားပါ လိမ့်မယ်။

ဒီလိုစိတ်လေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အချစ်စိတ်နဲ့ ဆက်နွယ်နေတာမို့ သိတာဖြစ်ပါတယ်။ ကိုယ့်မိန်းကလေး စိတ်ဆိုးနေရင် ကိုယ်က မနေနိုင်လောက် အောင်ကိုချော့ပါ။ ကိုယ့်ကိုအရေးပေး ဂရုစိုက်မှန်းသိသွားတဲ့အခါ သူမတို့ရဲ့ စိတ်တွေ အလိုလိုပြေသွားပါလိမ့်မယ်။

အချစ်နဲ့ ရန်ဖြစ်ပြီးရင် ပြန်ချစ်နိုင်ဖို့ဆိုတာ သိပ်ခက်ခဲတဲ့ အရာတော့ မဟုတ်ပါဘူး။ သူမတို့စိတ်ဆိုးတုန်း ပြောနေတဲ့ စကားလုံးလေး တွေကို ပြောင်းပြန် ကောက်လိုက်ရုံပါပဲ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top