iMyanmarHouse.com - Best Property Website for Myanmar
×


မူးေမ့ျခင္း(Fainting Attack)
ယာယီသတိေမ့သြားျခင္းႏွင့္ မူးေမ့ၿပီး ေခြေခါက္လဲက်သြားျခင္းကို ေဆးပညာရပ္အေနျဖင့္ Syncope ဟူ၍ ေခၚပါသည္။
ေရာဂါလကၡဏာမ်ား
သတိေပးသည့္အခ်က္အလက္မရွိဘဲ မၾကာခဏမူးၿပီးေမ့လဲတတ္ပါမည္။ တစ္ခါတစ္ရံ ဦးေခါင္းတြင္ ေပါ့သြားသည့္ခံစားခ်က္ သို႔မဟုတ္ တစ္ကိုယ္လုံး ေအးစက္ျခင္းႏွင့္အတူ ေခါင္းမူးျခင္းတို႔ကို သတိလစ္ၿပီး လဲမက်မီ၌ ေတြ႕ရ
တက္ပါသည္။

ေရာဂါၾကာခ်ိန္
သာမန္ မူးၿပီးေမ့လဲျခင္းသည္ မိနစ္အနည္းငယ္သာ ၾကာတတ္ပါသည္။လူနာကို ပက္လက္အိပ္ခိုင္းထားရပါမည္။
ျဖစ္ပြားရျခင္း အေၾကာင္းရင္း
ရာသီဥတု ပူလြန္းျခင္း
ဦးေႏွာက္အတြင္း ယာယီေသြးသြားလာမႈနည္းသြားျခင္း
ေသြးမ်ားကိုျမင္ရ၍ သို႔မဟုတ္ ေၾကာက္စရာျမင္ကြင္းကိုေတြ႕ရသည့္အတြက္စိတ္ထဲမွာ ေၾကာက္လန႔္ၿပီး မူးေမ့တတ္ပါသည္။ အရမ္းေၾကာက္တတ္သည့္အခ်ိဳ႕လူမ်ားတြင္ သြားေဆးခန္း၏ စစ္ေဆးရမည့္ထိုင္ခုံေပၚတြင္ ထိုင္႐ုံမွ်ျဖင့္မူးၿပီးေမ့လဲတတ္ပါသည္။
တစ္ေနရာတည္းမွာ အၾကာႀကီးရပ္ေနရျခင္း
႐ုတ္တရက္ မတ္တတ္ရပ္ျခင္း (ဥပမာ အိပ္ရာမွ ႐ုတ္တရက္ ထလိုက္ျခင္း)အထူးသျဖင့္ ခႏၶာကိုယ္အားစိုက္ကာ ညႇစ္ထုတ္ၿပီး မတ္တတ္ရပ္လိုက္သည့္အခါ (ဥပမာ ဆီးသြားၿပီး၊ ဝမ္းသြားၿပီး၊ ေခ်ာင္းဆိုးၿပီး)
ဦးေခါင္းလွည့္ျခင္း သို႔မဟုတ္ အေပၚကိုေမာ့ၾကည့္ျခင္း (ဥပမာ ေလွ်ာ္ၿပီးသားအဝတ္ကို အျမင့္မွာလွန္းျခင္း၊ အျမင့္မွ ပစၥည္းယူျခင္း)မ်ားေၾကာင့္ လည္ပင္းေသြးေၾကာပိတ္သြားျခင္း
ႏွလုံးတိုက္ခိုက္ခံရျခင္း၊ ႏွလုံးခုန္ႏႈန္းမမွန္ျခင္း၊ ႏွလုံးအခင္ျပႆနာမ်ားေၾကာင့္ ႏွလုံးမွေသြးထြက္နည္းျခင္း
ေသြးအားနည္းျခင္း
အဖ်ားရွိျခင္း သို႔မဟုတ္ အျခားခ်ည့္နဲ႔ေစသည့္ေရာဂါမ်ားရွိျခင္း
ကိုယ္ဝန္ေဆာင္ျခင္း သို႔မဟုတ္ ဓမၼတာ အလာမ်ားျခင္း
ဗိုက္ဆာျခင္း
အခ်ိန္ၾကာၾကာ ေခ်ာင္းဆိုးျခင္း
ဝက္႐ူးျပန္ျခင္း
အိမ္၌ ျပဳစုကုသနည္း
သင့္၌ သတိေပးခ်က္မ်ားရွိေနလွ်င္ ခ်က္ခ်င္းပက္လက္အိပ္ပါ။ သတိေပးအခ်က္မ်ားကိုလ်စ္လ်ဴရႈလိုက္မိလွ်င္ ေခြေခါက္လဲက်သြားၿပီး ဒဏ္ရာရႏိုင္ပါသည္။တစ္ေယာက္ေယာက္ မူးေမ့ေနသည္ကိုျမင္လွ်င္ ထိုသူကို ပက္လက္အိပ္ခိုင္းၿပီး အက်ႌၾကယ္သီး ျဖဳတ္ေပးထားပါ။ သင့္ကိုမွီၿပီး မထိုင္ခိုင္းပါႏွင့္။ မတ္တတ္မရပ္ခိုင္းပါႏွင့္
လူနာ၏ အသက္ရွဴလမ္းေၾကာင္းကို ဖြင့္ထားပါ။ ေမးေစ့ကို ဆုပ္ကိုင္ၿပီးအေရွ႕ႏွင့္ အေပၚဘက္ကို ဆြဲထားေပးပါ။လူနာ၏မ်က္လုံးကို ၾကည့္ထားပါ။ တစ္မိနစ္၊ ႏွစ္မိနစ္အတြင္း သတိျပန္မရခဲ့လွ်င္ (မ်က္လုံးလႈပ္ရွားမႈ မရွိလွ်င္) သို႔မဟုတ္ အသက္ရွဴျခင္း ရပ္သြားလွ်င္အသက္ရွဴေအာင္ (Artificial respiration) လုပ္ေပးပါ။ ေသြးခုန္ႏႈန္းမရွိလွ်င္ႏွလုံးကို ႏႈိးဆြ (Cardiac massage) ေပးပါ။လူနာသတိျပန္ရလွ်င္ ေရအနည္းငယ္ အစက္ခ်ေပးပါ။ အရက္မတိုက္ပါႏွင့္။

ဆရာဝန္ႏွင့္ ျပသသင့္သည့္ အခ်ိန္
မည္သည့္အေၾကာင္းျပခ်က္မွ်မရွိဘဲ မူးၿပီးေမ့သြားလွ်င္မူးၿပီးေမ့လဲေနစဥ္ ဝက္႐ူးျပန္သည့္ လကၡဏာမ်ားရွိလွ်င္ေသြးထြက္လြန္ျခင္းေၾကာင့္ ေမ့လဲသြားလွ်င္မၾကာခဏ မူးၿပီး ေမ့လဲတတ္လွ်င္

ဆရာဝန္ကုသေပးႏိုင္မည့္ နည္းလမ္းမ်ား
ဆရာဝန္က မူးေမ့ျခင္းျဖစ္ႏိုင္သည့္ ပင္မေရာဂါႀကီးမ်ားအားလုံးကိုရွာေဖြေပးပါလိမ့္မည္။

ကာကြယ္နည္းမ်ား
႐ုတ္တရက္ အေနအထားေျပာင္းျခင္း၊ မတ္တတ္အၾကာႀကီးရပ္ျခင္း၊စိတ္ခံစားမႈေျပာင္းလဲျခင္းတို႔ကို ေရွာင္ပါ။ အသက္ႀကီးသူမ်ားသည္ ႐ုတ္တရက္မတ္တတ္ရပ္ျခင္း သို႔မဟုတ္ ႐ုတ္တရက္လည္ပင္းလႈပ္ရွားမႈလုပ္ျခင္းႏွင့္ မူးၿပီး
ေမ့ျခင္း ျဖစ္လြယ္တတ္ပါသည္။

ေရာဂါအေျခအေနအေျခခံေရာဂါႀကီးႀကီးမားမားမရွိလွ်င္ လုံးဝေပ်ာက္ကင္းႏိုင္ပါသည္။

Credit:ေဒါက္တာခင္မိုးမိုး
# Unicode Version # ျဖင့္ ဖတ္ပါ #

မူးမေ့ခြင်း(Fainting Attack)
ယာယီသတိမေ့သွားခြင်းနှင့် မူးမေ့ပြီး ခွေခေါက်လဲကျသွားခြင်းကို ဆေးပညာရပ်အနေဖြင့် Syncope ဟူ၍ ခေါ်ပါသည်။
ရောဂါလက္ခဏာများ
သတိပေးသည့်အချက်အလက်မရှိဘဲ မကြာခဏမူးပြီးမေ့လဲတတ်ပါမည်။ တစ်ခါတစ်ရံ ဦးခေါင်းတွင် ပေါ့သွားသည့်ခံစားချက် သို့မဟုတ် တစ်ကိုယ်လုံး အေးစက်ခြင်းနှင့်အတူ ခေါင်းမူးခြင်းတို့ကို သတိလစ်ပြီး လဲမကျမီ၌ တွေ့ရ
တက်ပါသည်။

ရောဂါကြာချိန်
သာမန် မူးပြီးမေ့လဲခြင်းသည် မိနစ်အနည်းငယ်သာ ကြာတတ်ပါသည်။လူနာကို ပက်လက်အိပ်ခိုင်းထားရပါမည်။
ဖြစ်ပွားရခြင်း အကြောင်းရင်း
ရာသီဥတု ပူလွန်းခြင်း
ဦးနှောက်အတွင်း ယာယီသွေးသွားလာမှုနည်းသွားခြင်း
သွေးများကိုမြင်ရ၍ သို့မဟုတ် ကြောက်စရာမြင်ကွင်းကိုတွေ့ရသည့်အတွက်စိတ်ထဲမှာ ကြောက်လန့်ပြီး မူးမေ့တတ်ပါသည်။ အရမ်းကြောက်တတ်သည့်အချို့လူများတွင် သွားဆေးခန်း၏ စစ်ဆေးရမည့်ထိုင်ခုံပေါ်တွင် ထိုင်ရုံမျှဖြင့်မူးပြီးမေ့လဲတတ်ပါသည်။
တစ်နေရာတည်းမှာ အကြာကြီးရပ်နေရခြင်း
ရုတ်တရက် မတ်တတ်ရပ်ခြင်း (ဥပမာ အိပ်ရာမှ ရုတ်တရက် ထလိုက်ခြင်း)အထူးသဖြင့် ခန္ဓာကိုယ်အားစိုက်ကာ ညှစ်ထုတ်ပြီး မတ်တတ်ရပ်လိုက်သည့်အခါ (ဥပမာ ဆီးသွားပြီး၊ ဝမ်းသွားပြီး၊ ချောင်းဆိုးပြီး)
ဦးခေါင်းလှည့်ခြင်း သို့မဟုတ် အပေါ်ကိုမော့ကြည့်ခြင်း (ဥပမာ လျှော်ပြီးသားအဝတ်ကို အမြင့်မှာလှန်းခြင်း၊ အမြင့်မှ ပစ္စည်းယူခြင်း)များကြောင့် လည်ပင်းသွေးကြောပိတ်သွားခြင်း
နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးအခင်ပြဿနာများကြောင့် နှလုံးမှသွေးထွက်နည်းခြင်း
သွေးအားနည်းခြင်း
အဖျားရှိခြင်း သို့မဟုတ် အခြားချည့်နဲ့စေသည့်ရောဂါများရှိခြင်း
ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် ဓမ္မတာ အလာများခြင်း
ဗိုက်ဆာခြင်း
အချိန်ကြာကြာ ချောင်းဆိုးခြင်း
ဝက်ရူးပြန်ခြင်း
အိမ်၌ ပြုစုကုသနည်း
သင့်၌ သတိပေးချက်များရှိနေလျှင် ချက်ချင်းပက်လက်အိပ်ပါ။ သတိပေးအချက်များကိုလျစ်လျူရှုလိုက်မိလျှင် ခွေခေါက်လဲကျသွားပြီး ဒဏ်ရာရနိုင်ပါသည်။တစ်ယောက်ယောက် မူးမေ့နေသည်ကိုမြင်လျှင် ထိုသူကို ပက်လက်အိပ်ခိုင်းပြီး အင်္ကျီကြယ်သီး ဖြုတ်ပေးထားပါ။ သင့်ကိုမှီပြီး မထိုင်ခိုင်းပါနှင့်။ မတ်တတ်မရပ်ခိုင်းပါနှင့်
လူနာ၏ အသက်ရှူလမ်းကြောင်းကို ဖွင့်ထားပါ။ မေးစေ့ကို ဆုပ်ကိုင်ပြီးအရှေ့နှင့် အပေါ်ဘက်ကို ဆွဲထားပေးပါ။လူနာ၏မျက်လုံးကို ကြည့်ထားပါ။ တစ်မိနစ်၊ နှစ်မိနစ်အတွင်း သတိပြန်မရခဲ့လျှင် (မျက်လုံးလှုပ်ရှားမှု မရှိလျှင်) သို့မဟုတ် အသက်ရှူခြင်း ရပ်သွားလျှင်အသက်ရှူအောင် (Artificial respiration) လုပ်ပေးပါ။ သွေးခုန်နှုန်းမရှိလျှင်နှလုံးကို နှိုးဆွ (Cardiac massage) ပေးပါ။လူနာသတိပြန်ရလျှင် ရေအနည်းငယ် အစက်ချပေးပါ။ အရက်မတိုက်ပါနှင့်။

ဆရာဝန်နှင့် ပြသသင့်သည့် အချိန်
မည်သည့်အကြောင်းပြချက်မျှမရှိဘဲ မူးပြီးမေ့သွားလျှင်မူးပြီးမေ့လဲနေစဉ် ဝက်ရူးပြန်သည့် လက္ခဏာများရှိလျှင်သွေးထွက်လွန်ခြင်းကြောင့် မေ့လဲသွားလျှင်မကြာခဏ မူးပြီး မေ့လဲတတ်လျှင်

ဆရာဝန်ကုသပေးနိုင်မည့် နည်းလမ်းများ
ဆရာဝန်က မူးမေ့ခြင်းဖြစ်နိုင်သည့် ပင်မရောဂါကြီးများအားလုံးကိုရှာဖွေပေးပါလိမ့်မည်။

ကာကွယ်နည်းများ
ရုတ်တရက် အနေအထားပြောင်းခြင်း၊ မတ်တတ်အကြာကြီးရပ်ခြင်း၊စိတ်ခံစားမှုပြောင်းလဲခြင်းတို့ကို ရှောင်ပါ။ အသက်ကြီးသူများသည် ရုတ်တရက်မတ်တတ်ရပ်ခြင်း သို့မဟုတ် ရုတ်တရက်လည်ပင်းလှုပ်ရှားမှုလုပ်ခြင်းနှင့် မူးပြီး
မေ့ခြင်း ဖြစ်လွယ်တတ်ပါသည်။

ရောဂါအခြေအနေအခြေခံရောဂါကြီးကြီးမားမားမရှိလျှင် လုံးဝပျောက်ကင်းနိုင်ပါသည်။

Credit:ဒေါက်တာခင်မိုးမိုး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top