iMyanmarHouse.com - Best Property Website for Myanmar
×







Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

ကိုယ်တိတ်တိတ်လေးခိုးပြီး ချစ်ရတဲ့ crush မှာ ရည်းစားရှိနေတာကို သိလိုက်ရရင် အရမ်းကိုစိတ်ထိခိုက်သွားမှာအသေအချာပါပဲ…..။ ကိုယ့်ဘက်က အရမ်းချစ်နေလျက်နဲ့ပဲ စွန့်လွှတ်လိုက်ရမလားဆိုတဲ့ အတွေးမျိုးဝင်မိပါလိမ့်မယ်…။ အခု အဲ့အတွေးတွေကို စွန့်ပစ်လိုက်ပါတော့…။

ချစ်သူရည်းစားဘဝ ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်ရင် သံသယများလွန်းရင်ဝေးကွာ တတ်ပါတယ်…။ crushနဲ့ သူရဲ့ရည်းစားကလဲအဲ့ဒီလို မဖြစ်ဘူးလို့မပြောနိုင်ပါဘူး..။

အရင်ဆုံး သင်စုံစမ်းရမှာက crushနဲ့သူ့ချစ်သူနှစ်ယောက်ဟာ အပျော်တွဲတဲ့ သဘောမျိုးလား အတည်ချစ်ကြတာလားဆိုတာပါပဲ…။အချစ်ဆိုတာ ပုံသေသတ်မှတ်လို့ရတဲ့အရာမဟုတ်ပါဘူး..။ တစ်ချိန်ကအရမ်းချစ်ခဲ့တဲ့ သူတွေ ကွဲပြဲသွားတာတွေကလည်း အများကြီးပါ။

နောက်တစ်ခုကတော့သူတို့ရဲ့အပြုအမူ အချင်းချင်း စကားပြောဆိုပုံတွေကို စောင့်ကြည့်ပါ…။စစချင်းမှာ အရမ်းချစ်ပြပြီး ဘယ်တော့မှမခွဲမဲ့ ပုံစံနဲ့ချစ်ပြနေရင်တော့မကြာခင်မှာ ပြတ်တော့မဲ့ လက္ခဏာပါ…။အချစ်ဆိုတာကောက်ရိုးမီးလိုပါ များများချစ်လေမီးသေမြန်လေပါ….။

လောကကြီးမှာ ဘယ်အရာမဆိုထာဝရမတည်မြဲဘူး ဆိုတဲ့ သဘောက မှန်ကန်နေတဲ့အတွက်ကြောင့် crush ကိုတကယ်ချစ်ရင် crushကကိုယ့်ကို သတိပြုမိတဲ့အထိ စောင့်ကြည့်ပါ….။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top