iMyanmarHouse.com - Best Property Website for Myanmar
×







ပန်းကြဲသော မိန်းမပျို၏ နောက်တွင် မင်္ဂလာမောင်နှံက နေရာယူကြရပြီး ၄င်းတို့၏ နောက်တွင်မှ သတို့သား ၊ သတို့သမီး အရံများက နေရာယူ လျှောက်လှမ်းကြရတာ ဖြစ်ပါတယ်………






Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

လက်ထပ်ထိမ်းမြားမင်္ဂလာဆောင်ပွဲ တစ်ခုမှာ မင်္ဂလာ ဇနီးမောင်နှံရှေ့မှ ဦးဆောင်ပွဲထွက်သူကတော့ ပန်းကြဲတဲ့ မိန်းမပျိုလေးတွေပဲ ဖြစ်ပါတယ်………… ဦးစီးဦးဆောင်ပြု ပြီး သင်မသိသေးတဲ့ ဘယ်လို အချက်တွေကိုများ ပန်းကြဲသူတွေက ဆောင်ကျဉ်းပေးနေတာလဲ…

ပန်းကြဲသူအဖြစ် ပါဝင်အားဖြည့်ပေးတဲ့သူအနေနဲ့လည်း ကိုယ်က မြန်မာ့ရိုးရာ အစဉ်အလာအတိုင်းသာ ဆောင်ရွက်နေပေမဲ့ ဘယ်လို မင်္ဂလာရှိတဲ့ အဓိပ္ပါယ်တွေ ပြုလုပ်ဆောင်ရွက်နေမိလဲ….

ပန်းကြဲတာဟာ ဘယ်လို အဓိပ္ပါယ်တွေ ရှိနေသလဲ ဆိုတာ ပန်းကြဲသူ မိန်းမပျို အနေနဲ့ ပါဝင်တဲ့သူကလဲ သိချင်မှ သိပါမယ်………

အဓိပ္ပါယ်သိရှိပြီး လေးလေးနက်နက်ဆောင်ရွက်ပေးတာက မင်္ဂလာပွဲအတွက် ပိုမိုပြည့်စုံစေမှာဖြစ်ပါတယ်………

ပန်းကြဲခြင်း အစဉ်အလာက မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာတစ်ခုလို ဖြစ်နေပေမဲ့ တကယ့်တကယ်က ရှေးရောမ ခေတ်ကနေ စတင်ပျံ့နှံ့ လာခဲ့တာ ဖြစ်ပါတယ်………

ပန်းကြဲသော မိန်းမပျို၏ နောက်တွင် မင်္ဂလာမောင်နှံက နေရာယူကြရပြီး ၎င်းတို့၏ နောက်တွင်မှ သတို့သား ၊ သတို့သမီး အရံများက နေရာယူ လျှောက်လှမ်းကြရတာ ဖြစ်ပါတယ်………

ပန်းကြဲခြင်းသည် မင်္ဂလာဇနီးမောင်နှံ လျှောက်လှမ်းသော လမ်းအတွက် ပန်းခင်းသော လမ်းတွင် အပူအပင်မရှိသာသာယာယာ
လျှောက်လှမ်းနိုင်ပါစေဟူသော အတိတ် နမိတ်ကို ဆောင်ကျဉ်းပေးခြင်း ဖြစ်သလို သတိုးသမီးကို အိမ်ထောင်ရှင် မိန်းမ ဘဝ နှင့် မိခင်ဘဝသို့ ဦးဆောင်ပြီး ခေါ်သွားပေးတာလဲ ဖြစ်ပါတယ်………

တခြားသော အယူအဆများတွင်လည်း စည်းစိမ်ချမ်းသာ ကြွယ်ဝမှုရှိစေရန် ပန်းကြဲပြီး ကောင်းချီး ပေးတယ်လို့လည်း အဓိပ္ပါယ် ဖွင့်ဆိုကြပြီး သတိုးသမီးများက သူတို့၏ ကိုယ်ပွား အလှပေါ်အလှဆင့်စေရန် ရွေးချယ်လေ့ ရှိကြပါတယ်….

အဝတ်အစားများကိုလည်း သတိုးသမီးများနဲ့ ဆင်တူ ဝတ်ဆင်လေ့ရှိသလို သတိုးသား သတိုးသမီးအရံတွေနဲ့ တိုက်ဖက်မှု ရှိတဲ့ အရောင်တွေကိုလည်း ဆင်မြန်းပြီး ပါဝင်ဆင်နွှဲလေ့ရှိပါတယ်………

ပန်ကြဲသူ မိန်းမပျို များဟာ မင်္ဂလာပွဲတစ်ခုအတွက် အပြစ်ကင်းစင်စေခြင်း ကံကောင်းစေခြင်းတွေကိုလည်း ဆောင်ကျဉ်းလာစေသလို အနောက်နိုင်ငံများတွင် ပန်းကြဲသူများနေရာ၌ ချစ်စရာကောင်းတဲ့ ကလေးငယ်များကိုလည်း ပါဝင်စေခြင်းဖြင့် မိမိ မင်္ဂလာပွဲလေးကို ပိုမိုပြည့်စုံအောင် ဖန်တီးဆောင်ရွက်လာကြပါတယ်………

သင်ရော သင့်မင်္ဂလာပွဲမှာ ပန်းကြဲသူအဖြစ် ဘယ်အရွယ်ကို ပါဝင်စေပြီး ဘယ်လိုအဓိပ္ပါယ်တွေ ဆောင်ရွက်ပုံဖော်ဖို့ ခံယူမလဲဆိုတာကတော့…………

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top