iMyanmarHouse.com - Best Property Website for Myanmar
×


အသြားမေတာ္တစ္လွမ္း အစားမေတာ္တစ္လုုတ္’ ဆုိတဲ့စကားပုံဟာ အစားအေသာက္ စားသံုုးရာမွာ အခန္႔မသင့္ ရင္ ဒုုကၡေရာက္တတ္တာကိုုေဖာ္ျပေနတာပဲျဖစ္ပါတယ္။ အခုုအခ်ိန္မွာ ရာသီစာျဖစ္တဲ့ ဒူရင္းသီ းဟာ အစားမတတ္ ရင္ေဘး ျဖစ္တတ္ပါတယ္။ ဒူရင္းသီးဆုိတာက အသီးတကာတိုု႕ရဲ႕ဘုုရင္ လိုု႔တင္စားရေလာက္ေအာင္ အနံ႔အရသာ ျပည့္စံုုရုုံမွ်မက အားအင္ျဖစ္ေစ ႏိုုင္ေသာ သစ္သီးတစ္မိ်ဳးလည္းျဖစ္ပါတယ္။ ဒူရင္းသီးဟာ ျမန္မာႏိုုင္ငံ တြင္သာမက ထိုုင္းႏိုုင္ငံ၊မေလးရွား ႏိုုင္ငံ တိုု႔မွေနၿပီးအမ်ားဆံုုးထြက္ရွိကာ လူႀကိဳက္မ်ားေသာ သစ္သီးလည္းျဖစ္ပါတယ္။

ဒူရင္းသီးဟာ စားတတ္ရင္အားအင္ျဖစ္ထြန္းသလိုု မစားတတ္ရင္ ေျမြထက္ေတာင္ အဆိပ္ျပင္းတဲ့ အသီးလိုု႔လည္း ေျပာလိုု႔ ရပါတယ္။ ထိုုင္းႏိုုင္ငံသိုု႔ အလည္အပတ္ သြားေရာက္ေသာ ႏိုုင္ငံျခားသားတစ္ဦး ဒူရင္းသီးအစားမတတ္တာေၾကာင့္ အသက္ ဆံုုးရွဴံးသြားရေသာ ျဖစ္ရပ္တစ္ခုုလည္းျဖစ္ပြားခဲ့ပါတယ္။

အဆိုုပါ ကမာၻလွည့္ ခရီးသည္ဟာ အသက္ ၂၉ ႏွစ္သာရွိေသးၿပီး ဒူရင္းသီးကိုုႀကိဳက္ႏွစ္သက္ တာေၾကာင့္ အမ်ားႀကီး စားသံုုးခဲ့ကာ ႏြားႏိုု႔ ႏွင့္ ေကာ္ဖီကိုုလည္း ေသာက္သံုုးခဲ့ေသာေၾကာင့္ အသက္ဆံုုးရွဳံးခဲ့ရပါတယ္။ ဘာေၾကာင့္လည္းဆိုုေတာ့ ဒူရင္းသီးႏွင့္ ႏြားႏိုု႔ေပါင္းစပ္လိုုက္ ပါကေသြးေပါင္ခ်ိန္အလြန္တက္သြားၿပီး ေရွာ့ခ္ျဖစ္ကာေသဆံုုးရျခင္းျဖစ္တယ္လိုု႔ ေဆးစစ္ ခ်က္မ်ားအရသိရပါတယ္။ ဒါေၾကာင့္ ထိုုင္းႏိုုင္ငံမွာ ဒူရင္းသီးကိုု စားသံုုးၿပီး ၈-နာရီအတြင္း ႏိုု႔ထြက္အစားအေသာက္မ်ားကိုု မစားသံုုးဖိုု႔ တိုုက္တြန္းထားပါတယ္။

ထိုု႔အျပင္ ဒူရင္းသီးႏွင့္အတူ တြဲဖက္မစားသင့္တဲ့ အစားအေသာက္မ်ားကေတာ့ အရက္၊ ကိုုကာကိုုလာ ႏွင့္ လိုုင္ခ်ီးသီးမ်ား ျဖစ္ၿပီး စားသံုုးမိပါက အသက္အႏၱရာယ္ျဖစ္ေစႏိုုင္တယ္ လုုိ႔ဆိုုပါတယ္။ ဘာေၾကာင့္ဒီလိုုျဖစ္ရတာလဲ? ဗဟုသုတ ရေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ဒူရင္းသီးႏွင့္အရက္တြဲဖက္မစားသံုုးသင့္ပါဘူး။ ဘာလိုု႔လည္းဆိုုေတာ့ ႏွစ္ခုုစလံုုး အပူစာေတြျဖစ္တာေၾကာင့္ သာမန္ လူမ်ားသာမက ေသြးတိုုးႏွင့္ ဆီးခ်ိဳရွိသူမ်ားဆိုုရင္ ဦးေႏွာက္ ေသြးေၾကာျပတ္ျခင္း၊ နွလံုုးေသြးေၾကာေပါက္ျခင္း၊ ေသြးေၾကာ မ်ား ရုုတ္တရက္ ေပါက္ျခင္း နွင့္ ေလျဖတ္ႏိုုင္ျခင္းတုုိ႔ေၾကာင့္ တြဲဖက္စားသံုုးျခင္း မျပဳဖိုု႔တိုုက္တြန္း လိုုပါတယ္။

၂။ အပူမ်ားတဲ့ခႏၶာကိုုယ္အဖြဲ႔အစည္းရွိသူမ်ား၊ လည္ေခ်ာင္းနာေခ်ာင္းဆိုုးသူမ်ား၊ ဖ်ားနာသူမ်ား၊ ေလျပြန္ေရာင္ ေရာဂါရွိ သူမ်ားအေနျဖင့္ ဒူရင္းသီးစားသံုုးပါက ေရာဂါ အေျခအေန ပိုုမိုုဆိုုးရြားတတ္တာေၾကာင့္ မစားသံုုးသင့္ပါဘူး။

၃။ ဒူရင္းသီးစားသံုုးျခင္းဟာ အပူမ်ားတတ္ျခင္းေၾကာင့္ ဒူရင္းသီးစားၿပီးပါက ပဲစိမ္းသာကူက်ဴိကိုု ၀မ္းေအးေစေရန္ ေသာက္သံုုး ေပးသင့္ပါတယ္။

၄။ ဒူရင္းသီးမွာ အပူဓာတ္ႏွင့္ သၾကားဓာတ္ႀကြယ္၀စြာပါ၀င္တာမိုု႔ အ၀လြန္ေရာဂါရွိသူမ်ား ႏွင့္ ကိုုယ္အေလးခ်ိန္မ်ားသူမ်ား စားသံုုးရန္မသင့္ပါဘူး။

၅။ ပိုုတက္စီယမ္ဓာတ္အလြန္ျမင့္မားစြာပါ၀င္တာေၾကာင့္ နာတာရွည္ ေက်ာက္ကပ္ မေကာင္းသူမ်ား ႏွင့္ ႏွလံုုးေရာဂါရွိ သူမ်ား အတြက္ မသင့္ေလ်ာ္ပါဘူး။

၆။ ဒူရင္းသီးကိုုတစ္ႀကိမ္စားတိုုင္း အမ်ားအျပားမစားသံုုးသင့္သည့္အျပင္ ဒူရင္းသီးအနံ႔မွာ အရက္န႔ံထြက္ေနၿပီဆိုုရင္လည္း စားသံုုးဖိုု႔မသင့္ေတာ့ပါဘူး။

၇။ ဒူရင္းသီးထိပ္ပြင့္ေနရင္ အၾကာႀကီးထားရန္မသင့္သည့္အျပင္ အနံ႔လည္း ေျပာင္းလဲေတာ့မွာျဖစ္တာေၾကာင့္ မ၀ယ္ယူ သင့္ပါဘူး။

၈။ ဒူရင္းသီး စားသံုုးၿပီးခ်ိန္မွာ ေရအေျမာက္အမ်ားေသာက္သံုုးေပးသင့္ပါတယ္။ ဒူရင္းသီးအတြင္း အာဟာရဓာတ္ အလြန္ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ အေျမာက္အမ်ား စားသံုုးျခင္းဟာ ခႏၶာကိုုယ္ကိုုဒုုကၡျဖစ္ေစရုုံသာမက ၀မ္းခ်ဳပ္ႏိုုင္တာေၾကာင့္ ထိန္းသိမ္း စားသံုုးသင့္ပါတယ္။ ဒူရင္းသီးအေျမာက္အမ်ားစားသံုုးမိပါက မင္းကြတ္သီးစားသံုုးေပး ျခင္းျဖင့္ အပူဓာတ္ကို ေလ်ာ့ခ်ေပးႏိုုင္ပါတယ္။

ဒါေၾကာင့္ ဒုူရင္းသီး ႀကိဳက္ႏွစ္သက္ၾကေသာ သူမ်ားအေနနဲ႔ ဆင္ျခင္စားေသာက္ႏိုုင္ဖုိ႔ အႏၱရာယ္ကင္းေစျခင္းအက်္ိဳးငွာ တင္ဆက္ ေပးလိုုက္ပါတယ္။

Credit:မူရင္းေရးသားသူ

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့် ရင် ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီ းဟာ အစားမတတ် ရင်ဘေး ဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင် လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေ နိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုင်ငံ တွင်သာမက ထိုင်းနိုင်ငံ၊မလေးရှား နိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။

ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်း ပြောလို့ ရပါတယ်။ ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက် ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီး စားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက် ပါကသွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ် ချက်များအရသိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့ တိုက်တွန်းထားပါတယ်။

ထို့အပြင် ဒူရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့် လိုင်ချီးသီးများ ဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ? ဗဟုသုတ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန် လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြော များ ရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။

၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင် ရောဂါရှိ သူများအနေဖြင့် ဒူရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။

၃။ ဒူရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကို ဝမ်းအေးစေရေန် သောက်သုံး ပေးသင့်ပါတယ်။

၄။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အဝလွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။

၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိ သူများ အတွက် မသင့်လျော်ပါဘူး။

၆။ ဒူရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။

၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူ သင့်ပါဘူး။

၈။ ဒူရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်။ ဒူရင်းသီးအတွင်း အာဟာရဓာတ် အလွန် ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ဝမ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။ ဒူရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေး ခြင်းဖြင့် အပူဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

ဒါကြောင့် ဒုူရင်းသီး ကြိုက်နှစ်သက်ကြသော သူများအနေနဲ့ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်းအကျိုးငှာ တင်ဆက် ပေးလိုက်ပါတယ်။

Credit:မူရင်းရေးသားသူ

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top