iMyanmarHouse.com - Best Property Website for Myanmar
×









Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #


အတော်လေးစဉ်းစားရခက်တဲ့ အကြောင်းအရာလေးပါပဲ

လက်ရှိမှာအရမ်းကိုခေတ်စားတဲ့အကြောင်းအရာတွေကတော့ သစ္စာဖောက်တဲ့ ဇာတ်လမ်းတွေပါပဲ။ နောက်ကျောကိုဓားနဲ့ ထိုးခံရတဲ့ နာကြင်မှုဟာ ဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ ကိုယ် အယုံကြည်ရဆုံးသူက ကိုယ့်ကိုသစ္စာဖောက်သွားတယ် ဆိုတဲ့ ခံစားချက်ဟာ ပြောမပြတတ်အောင်နာကြင်ရပါတယ်။ ဒီလို ခြံခုန်သွားတဲ့သူဟာ နောင်တတရားတွေနဲ့ ကိုယ့်ဆီအပြေး ပြန်လာခဲ့ရင် ဘာလုပ်သင့်လဲဆိုတာ ရုတ်တရက်ဝေခွဲမရဖြစ် တတ်ပါတယ်။

မလိမ္မာတစ်ခါမိုက်ဆိုတဲ့စကားလည်းရှိတာမို့ သင့်ချစ်သူရဲ့ ပထမဆုံးအကြိမ်အမှားကို သင့်ဖက်က ခွင့်လွှတ်သင့်ပါတယ်။ ခဏခဏခြံခုန်တတ်တဲ့သူမျိုးဆိုရင်တော့ သင့်အနေနဲ့သေချာ လေးလေးနက် နက်စဉ်းစားဖို့လိုပါပြီ။

ဒီလိုမဟုတ်ပဲ ခဏတာ သာယာမှုနောက်ကိုလိုက်မိရာက နောင်တရပြီး သင့်အနားကို အပြေးလေးပြန်ရောက်လာခဲ့ရင်တော့ မှတ်လောက်အောင်ပညာ ပေးပြီးတော့ ပြန်လက်ခံသင့်ပါတယ်။ ပညာပေးတဲ့နေရာမှာ လည်း ကိုယ်ခံစားခဲ့ရတဲ့နာကြင်မှုကို အနည်းငယ်ပေးသိစေ တာမျိုးအဖြစ် ပညာပေးသင့်ပါတယ်။

ဒါဟာ နောက်တစ်ယောက် နဲ့ရွဲ့ပြဖို့ပြောတာမဟုတ်ပဲ သူ့ကိုချက်ချင်းလက်မခံသေးပဲ စိတ်ထဲ ကသိကအောက်ဖြစ်အောင် ပညာပေးခိုင်းတဲ့သဘောပါ။သူ့အနေနဲ့ မှတ်လောက်ပြီလို့ သင်ထင်တဲ့အချိန်မှာတော့ သင်လိုချင်တဲ့အချက်တွေနဲ့ ကတိတွေတောင်းခံပြီး ပြန်လက်ခံ သင့်ပါတယ်။

 ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အမှား နဲ့မကင်းကြပါ ဘူး။ အမှန်ကိုသိပြီးနောင်တရတဲ့အချိန်မှာ လက်ကမ်းကာထွေးပွေ့သင့်ပါတယ်။ သင့်ကိုဆုံးရှုံးရတဲ့ နာကြင်မှုကို သူခံစားပြီးတဲ့နောက်မှာတော့ သင့်ကိုလည်း ကိုယ်ချင်းစာနာတတ်သွားပြီး နောက်ထပ် အလားတူအဖြစ်မျိုး ကျူးလွန်ဖို့ သူစဉ်းစားမိတော့မှာမဟုတ်ပါဘူး။

အမှားသိမှ အမှန် ကိုမြင်တတ် တာပါ။ ခွင့်လွှတ်လိုက်တာဟာ အအေးချမ်းဆုံးနဲ့ အဆင်ပြေဆုံးလက်စားချေနည်းပါပဲ။ သင့်ချစ်သူရဲ့ အကြီးမား ဆုံးအမှားကို သင်ကလက်ခံခွင့်လွှတ်ပေးခဲ့တာမို့ သူ့အနေနဲ့ လည်း သင့်လိုအဖိုးတန် လူတစ်ယောက်ကို နောက်တစ်ကြိမ် စွန့်ပစ်မသွားတော့ဘူးဆိုတာ လုံးဝကိုအသေအချာပါပဲ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top