iMyanmarHouse.com - Best Property Website for Myanmar
×


အေတြးအေခၚအမွား : ရာသီေသြး ဆိုတာ ပုပ္ပုပ္နံနံႀကီးပဲ။

ရာသီေသြးေတြဟာ ကိုယ္ခႏၶာကေသြးေတြလိုပဲ သန္႔သန္႔ေလးပါ။ သူ႔ဟာသူဆိုရင္ မနံတတ္ဘူး။ ဒါေပမဲ့ အမ်ိဳးသမီး လစဥ္သံုးပစၥည္းေပၚမွာ ေသြးေတြစုပံုလာေတာ့ ဘက္တီးရီးယား ေတြ ပြားလာၿပီး ငါးညႇီနံ႔လိုလို အနံ႔ဆိုးေတြ ထြက္လာတတ္တယ္။ ဒီလိုအနံ႔ဆိုးေတြ မျဖစ္လာေအာင္ လစဥ္သံုးပစၥည္းကို မွန္မွန္လဲေပးသင့္တယ္။

အေတြးအေခၚအမွား : အပ်ိဳေဖာ္ဝင္တာနဲ႔ လတိုင္းလတိုင္း၂၈ ရက္တစ္ခါ ရာသီေသြးဆင္းရမယ္။

တစ္လနဲ႔တစ္လ ရာသီလာတာ မတူႏိုင္ဘူး။ အသက္ႀကီးလာတာနဲ႔အမွ် ပိုပိုၿပီး ေျပာင္းလဲလာတတ္တယ္။ အမ်ားစုကေတာ့ ၂၈ ရက္ စက္ဝန္းရွိေပမယ့္ တခ်ိဳ႕မွာ ပိုတိုတာ၊ ပိုရွည္တာေတြ ရွိႏိုင္တယ္။

အေတြးအေခၚအမွား : ရာသီလာတဲ့ရက္ ၃ ရက္ထက္ ပိုတိုရင္ ဒါမွမဟုတ္ မမွန္ရင္ မ်ိဳးမပြားႏိုင္တာ၊ ပံုမမွန္တာမ်ိဳး ျဖစ္တတ္တယ္။

ရာသီစက္ဝန္းရက္ ၾကာခ်ိန္ေတြ၊ မွန္/မမွန္ေတြဟာ မ်ိဳးပြားႏိုင္စြမ္းနဲ႔ ဘာမွမဆိုင္ဘူး။ ရာသီလာတဲ့ရက္ ၂ ရက္ကေန ၇ ရက္၊ ရာသီစက္ဝန္းအပိုင္းအျခား ၂၁ ရက္ကေန ၄၅ ရက္ေတြဟာ ပံုမွန္ပါပဲေနာ္။ ရာသီၾကာခ်ိန္၊ စက္ဝန္း မွန္/မမွန္တာေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္တာေတြရွိရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၾကည့္ပါ။

အေတြးအေခၚအမွား : အမ်ိဳးသမီးတိုင္းဟာ ရာသီလာခ်ိန္ စိတ္တို၊ စိတ္ဆတ္၊ စိတ္အေျပာင္းအလဲ မ်ားတတ္တယ္။

ဒီလိုရာသီမလာခင္ စိတ္အေျခအေန အေျပာင္းအလဲေတြ ျဖစ္တာဟာ ေဟာ္မုန္း အေျပာင္းအလဲေၾကာင့္ပါ။ ဒါေပမဲ့ အမ်ိဳးသမီးတိုင္းေတာ့ ဒီလိုျဖစ္တာ မဟုတ္ပါဘူး။ ဒီလိုအေျပာင္းအလဲ ျဖစ္တာေတြဟာလည္း ရာသီ စလာတာနဲ႔ ေပ်ာက္သြားမွာပါပဲ။

အေတြးအေခၚအမွား : ဓမၼတာလာခ်ိန္မွာ ေလ့က်င့္ခန္း မလုပ္သင့္ဘူး။

တကယ္ေတာ့ နာတာ၊ က်င္တာဟာ နည္းနည္းပါးပါးပဲ။ ပံုမွန္လုပ္ေနက် လုပ္စရာ ကိုင္စရာေတြကိုေတာ့ မရပ္သင့္ပါဘူး။ ေလ့က်င့္ခန္းလုပ္တာက ခံစားရတာေတြကို ပိုေတာင္ သက္သာေစႏိုင္ပါေသးတယ္။

အေတြးအေခၚအမွား : ရာသီလာခ်ိန္ တခ်ိဳ႕အစားအစာေတြကို စားလို႔မရဘူး။

ပံုမွန္ေလာက္စားတာက ဘာမွမျဖစ္ပါဘူး။ ဒါေပမဲ့ တခ်ိဳ႕အစားအစာေတြက ရာသီလာခ်ိန္မွာ နည္းနည္း ကသိကေအာက္ ျဖစ္ေစတတ္လု႔ိ ရာသီလာခ်ိန္ေလးမွာ ခဏေတာ့ ေရွာင္ပါ။

အေတြးအေခၚအမွား : ရာသီလာခ်ိန္ ေရမခ်ိဳး၊ ေခါင္းမေလွ်ာ္ရဘူး။

တခ်ိဳ႕ေတြက ရာသီလာခ်ိန္ ေရေအးနဲ႔ ေရခ်ိဳး၊ ေခါင္းေလွ်ာ္တာက နာက်င္မႈေတြကို ပိုဆိုးေစတယ္လို႔ ယူဆၾကတယ္။ ဒါေပမဲ့ ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးတာက ႂကြက္သားေတြကို ေျပေလ်ာ့ေစၿပီး နာတာ၊ က်င္တာကို သက္သာေစႏိုင္တယ္။

အေတြးအေခၚအမွား : ရာသီလာခ်ိန္ မူးေဝတတ္ရင္ ေသြးေတြ အမ်ားႀကီး ဆံုး႐ႈံးသြားလု႔ိ ျဖစ္တာတဲ့။

ပ်မ္းမွ်အားျဖင့္ ရာသီလာခ်ိန္မွာ ေသြး ၈၀-၈၅ml ေလာက္ ဆံုး႐ႈံးတတ္တယ္။ ပံုမွန္က်န္းမာေနတဲ့ လူတစ္ေယာက္မွာရွိတဲ့ ေသြးပမာဏ ၂၅၀၀ml နဲ႔ ယွဥ္ၾကည့္လိုက္ရင္ ဆံုး႐ႈံးတဲ့ပမာဏက သိပ္မဆိုးဘူး။ ဒါေပမဲ့ ဗိုက္အရမ္းေအာင့္ရင္၊ နဂိုကတည္းက ေသြးအားနည္းေရာဂါရွိရင္ ရာသီလာခ်ိန္မွာ ပိုဆိုးတတ္တယ္။ အကယ္၍ ရာသီေသြးက ပံုမွန္ထက္ကို မ်ားေနရင္၊ ရာသီလာတိုင္း မူးမူးေနတတ္ရင္ ဆရာဝန္နဲ႔ျပၿပီး စစ္ေဆးၾကည့္ပါ။

အေတြးအေခၚအမွား : ရာသီေသြးဆိုတာ မေကာင္းတဲ့ေသြးေတြ ခႏၶာကိုယ္က ထြက္သြားတာမို႔လို႔ ရာသီေသြးမ်ားေလ ေကာင္းေလပဲ။

၈ ရက္ထက္ ရာသီလာေနရင္၊ ရာသီေသြး မ်ားလြန္းလို႔ ပံုမွန္လုပ္ေနက် အလုပ္ေတြေတာင္ မလုပ္ႏိုင္ရင္၊ ၄ နာရီျခား တစ္ခါေလာက္ကို လစဥ္သံုး လဲေနရရင္ ရာသီေသြး မ်ားတယ္လု႔ိ ယူဆတယ္။ ဒီလို မ်ားေနရင္ေတာ့ သားအိမ္အသားလံုးေတြ၊ သားအိမ္အတြင္းသား ေနရာမွားေနတာေတြ၊ တင္ပါးဆံု႐ိုး အတြင္းအဂၤါ ေရာင္ရမ္းတာေတြ၊ ပံုမမွန္ေသြးဆင္းေရာဂါေတြ ရွိ၊ မရွိ ရွာေဖြဖို႔ ဆရာဝန္နဲ႔ တိုင္ပင္ၾကည့္ရမယ္။

အေတြးအေခၚအမွား : ဓမၼတာလာခ်ိန္ နာက်င္ေနတာ ပံုမမွန္ဘူး။

ရာသီလာခ်ိန္မွာ သားအိမ္က အတြင္းသားေတြကို ညႇစ္ထုတ္ေပးတာေၾကာင့္ ရာသီလာခ်ိန္ နာတာပါ။ ဒီလိုနာတာကို သက္သာဖို႔ ဗိုက္ကေလးကို ပြတ္ပြတ္ေပးတာ၊ အပူအိတ္ကပ္ေပးတာ၊ ေရပူပူေလး ခ်ိဳးတာေတြ လုပ္ေပးလို႔ရတယ္။ ေလ့က်င့္ခန္း မွန္မွန္လုပ္တာကေတာ့ ရာသီလာခ်ိန္ နာက်င္တာေတြကို သက္သာေစတယ္။ ဒါေပမဲ့ အရမ္းနာလာရင္ေတာ့ ဆရာဝန္နဲ႔ ျပၾကည့္တာ အေကာင္းဆံုးပါပဲ။

Credit:Dr. Emerald (www.drmyanmar)

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အတွေးအခေါ်အမှား : ရာသီသွေး ဆိုတာ ပုပ်ပုပ်နံနံကြီးပဲ။

ရာသီသွေးတွေဟာ ကိုယ်ခန္ဓာကသွေးတွေလိုပဲ သန့်သန့်လေးပါ။ သူ့ဟာသူဆိုရင် မနံတတ်ဘူး။ ဒါပေမဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းပေါ်မှာ သွေးတွေစုပုံလာတော့ ဘက်တီးရီးယား တွေ ပွားလာပြီး ငါးညှီနံ့လိုလို အနံ့ဆိုးတွေ ထွက်လာတတ်တယ်။ ဒီလိုအနံ့ဆိုးတွေ မဖြစ်လာအောင် လစဉ်သုံးပစ္စည်းကို မှန်မှန်လဲပေးသင့်တယ်။

အတွေးအခေါ်အမှား : အပျိုဖော်ဝင်တာနဲ့ လတိုင်းလတိုင်း၂၈ ရက်တစ်ခါ ရာသီသွေးဆင်းရမယ်။

တစ်လနဲ့တစ်လ ရာသီလာတာ မတူနိုင်ဘူး။ အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီး ပြောင်းလဲလာတတ်တယ်။ အများစုကတော့ ၂၈ ရက် စက်ဝန်းရှိပေမယ့် တချို့မှာ ပိုတိုတာ၊ ပိုရှည်တာတွေ ရှိနိုင်တယ်။

အတွေးအခေါ်အမှား : ရာသီလာတဲ့ရက် ၃ ရက်ထက် ပိုတိုရင် ဒါမှမဟုတ် မမှန်ရင် မျိုးမပွားနိုင်တာ၊ ပုံမမှန်တာမျိုး ဖြစ်တတ်တယ်။

ရာသီစက်ဝန်းရက် ကြာချိန်တွေ၊ မှန်/မမှန်တွေဟာ မျိုးပွားနိုင်စွမ်းနဲ့ ဘာမှမဆိုင်ဘူး။ ရာသီလာတဲ့ရက် ၂ ရက်ကနေ ၇ ရက်၊ ရာသီစက်ဝန်းအပိုင်းအခြား ၂၁ ရက်ကနေ ၄၅ ရက်တွေဟာ ပုံမှန်ပါပဲနော်။ ရာသီကြာချိန်၊ စက်ဝန်း မှန်/မမှန်တာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တာတွေရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

အတွေးအခေါ်အမှား : အမျိုးသမီးတိုင်းဟာ ရာသီလာချိန် စိတ်တို၊ စိတ်ဆတ်၊ စိတ်အပြောင်းအလဲ များတတ်တယ်။

ဒီလိုရာသီမလာခင် စိတ်အခြေအနေ အပြောင်းအလဲတွေ ဖြစ်တာဟာ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ ဒါပေမဲ့ အမျိုးသမီးတိုင်းတော့ ဒီလိုဖြစ်တာ မဟုတ်ပါဘူး။ ဒီလိုအပြောင်းအလဲ ဖြစ်တာတွေဟာလည်း ရာသီ စလာတာနဲ့ ပျောက်သွားမှာပါပဲ။

အတွေးအခေါ်အမှား : ဓမ္မတာလာချိန်မှာ လေ့ကျင့်ခန်း မလုပ်သင့်ဘူး။

တကယ်တော့ နာတာ၊ ကျင်တာဟာ နည်းနည်းပါးပါးပဲ။ ပုံမှန်လုပ်နေကျ လုပ်စရာ ကိုင်စရာတွေကိုတော့ မရပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်တာက ခံစားရတာတွေကို ပိုတောင် သက်သာစေနိုင်ပါသေးတယ်။

အတွေးအခေါ်အမှား : ရာသီလာချိန် တချို့အစားအစာတွေကို စားလို့မရဘူး။

ပုံမှန်လောက်စားတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ တချို့အစားအစာတွေက ရာသီလာချိန်မှာ နည်းနည်း ကသိကအောက် ဖြစ်စေတတ်လု့ိ ရာသီလာချိန်လေးမှာ ခဏတော့ ရှောင်ပါ။

အတွေးအခေါ်အမှား : ရာသီလာချိန် ရေမချိုး၊ ခေါင်းမလျှော်ရဘူး။

တချို့တွေက ရာသီလာချိန် ရေအေးနဲ့ ရေချိုး၊ ခေါင်းလျှော်တာက နာကျင်မှုတွေကို ပိုဆိုးစေတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ ရေနွေးနွေးလေးနဲ့ ချိုးတာက ကြွက်သားတွေကို ပြေလျော့စေပြီး နာတာ၊ ကျင်တာကို သက်သာစေနိုင်တယ်။

အတွေးအခေါ်အမှား : ရာသီလာချိန် မူးဝေတတ်ရင် သွေးတွေ အများကြီး ဆုံးရှုံးသွားလု့ိ ဖြစ်တာတဲ့။

ပျမ်းမျှအားဖြင့် ရာသီလာချိန်မှာ သွေး ၈၀-၈၅ml လောက် ဆုံးရှုံးတတ်တယ်။ ပုံမှန်ကျန်းမာနေတဲ့ လူတစ်ယောက်မှာရှိတဲ့ သွေးပမာဏ ၂၅၀၀ml နဲ့ ယှဉ်ကြည့်လိုက်ရင် ဆုံးရှုံးတဲ့ပမာဏက သိပ်မဆိုးဘူး။ ဒါပေမဲ့ ဗိုက်အရမ်းအောင့်ရင်၊ နဂိုကတည်းက သွေးအားနည်းရောဂါရှိရင် ရာသီလာချိန်မှာ ပိုဆိုးတတ်တယ်။ အကယ်၍ ရာသီသွေးက ပုံမှန်ထက်ကို များနေရင်၊ ရာသီလာတိုင်း မူးမူးနေတတ်ရင် ဆရာဝန်နဲ့ပြပြီး စစ်ဆေးကြည့်ပါ။

အတွေးအခေါ်အမှား : ရာသီသွေးဆိုတာ မကောင်းတဲ့သွေးတွေ ခန္ဓာကိုယ်က ထွက်သွားတာမို့လို့ ရာသီသွေးများလေ ကောင်းလေပဲ။

၈ ရက်ထက် ရာသီလာနေရင်၊ ရာသီသွေး များလွန်းလို့ ပုံမှန်လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်ရင်၊ ၄ နာရီခြား တစ်ခါလောက်ကို လစဉ်သုံး လဲနေရရင် ရာသီသွေး များတယ်လု့ိ ယူဆတယ်။ ဒီလို များနေရင်တော့ သားအိမ်အသားလုံးတွေ၊ သားအိမ်အတွင်းသား နေရာမှားနေတာတွေ၊ တင်ပါးဆုံရိုး အတွင်းအင်္ဂါ ရောင်ရမ်းတာတွေ၊ ပုံမမှန်သွေးဆင်းရောဂါတွေ ရှိ၊ မရှိ ရှာဖွေဖို့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ရမယ်။

အတွေးအခေါ်အမှား : ဓမ္မတာလာချိန် နာကျင်နေတာ ပုံမမှန်ဘူး။

ရာသီလာချိန်မှာ သားအိမ်က အတွင်းသားတွေကို ညှစ်ထုတ်ပေးတာကြောင့် ရာသီလာချိန် နာတာပါ။ ဒီလိုနာတာကို သက်သာဖို့ ဗိုက်ကလေးကို ပွတ်ပွတ်ပေးတာ၊ အပူအိတ်ကပ်ပေးတာ၊ ရေပူပူလေး ချိုးတာတွေ လုပ်ပေးလို့ရတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်တာကတော့ ရာသီလာချိန် နာကျင်တာတွေကို သက်သာစေတယ်။ ဒါပေမဲ့ အရမ်းနာလာရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။

Credit:Dr. Emerald (www.drmyanmar)

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top