iMyanmarHouse.com - Best Property Website for Myanmar
×


ဒီအေၾကာင္းအရာေလးနဲ႔ပက္သက္ျပီးေဆြးေႏြးရမယ္ဆိုရင္ေတာ့ အနည္းငယ္ အျငင္းပြားစရာကိစၥရပ္ ေလးေတြရွိပါတယ္။ ဒါကေတာ့ တစ္ခ်ိဳ႕လူေတြနဲ႔ အေတြးနဲ႔အထင္ေတြပါပဲ။ ကိုယ္အမွန္တကယ္ ခ်စ္ရင္ လူသိရွင္ၾကား ဥပမာ (Facebook / Instagram) စသျဖင့္ လူမႈကြန္ယက္ေတြမွာ ေဖာ္ျပျပီး Official တြဲရမယ္လို႔ သတ္မွတ္ ထားၾကတာပါ။ ဒီအေတြးဟာ မွန္သင့္ သေလာက္မွန္ေပမယ့္ အျပည့္အ၀ေတာ့ မမွန္ႏိုင္ပါဘူး။

ကိုယ္တကယ္ရည္ရြယ္ျပီး ခ်စ္ျမတ္ႏိုးလို႔လက္တြဲတဲ့သူ တစ္ေယာက္ကို ကိုယ့္ရဲ႕အသိမိတ္ေဆြ မိဘအသိုင္းအ၀ိုင္း ကိုယ့္အတြက္အေရးပါတဲ့သူေတြသိတယ္ဆိုရင္ ဒါဟာ လံုေလာက္တဲ့အေနအထား တစ္ခုပါ။ လူမႈကြန္ယက္ေတြမွာ ေဖာ္ျပၾကတယ္ဆိုတာဟာလည္း အနည္းနဲ႔အမ်ားေတာ့ လိုအပ္ တယ္ ဆိုေပမယ့္ မျဖစ္မေနေဖာ္ျပရမယ္ဆိုတဲ့ပံုစံမ်ိဳးေတာ့ မရွိပါဘူး။

တကယ္အေရးၾကီးတာက ႏွစ္ေယာက္သား ရင္ဆုိင္ရ မယ့္ လက္ေတြ႕ဘ၀ပါ။ လက္ေတြ႕ဘ၀ထဲကလူေတြ အသိ အမွတ္ျပဳၾကတယ္ဆိုရင္ ဒါဟာအဆင္ေျပတဲ့အေနအထား တစ္ခုပါပဲ။ လူမႈကြန္ယက္ေတြမွာ အက်ယ္တ၀င့္ေဖာ္ျပဖို႔ဟာ တကယ္ေတာ့ သိပ္မလိုအပ္တဲ့အေျခအေနတစ္ခုပါပဲ။

လက္ရွိေခတ္ေရစီးေၾကာင္းအေနအထားမွာ လူအမ်ားစုက လူမႈကြန္ယက္ကို သိပ္အေရးထားျပီး အသံုးျပဳလာၾကတာျဖစ္လို႔ တစ္ဖက္ကၾကည့္ရင္လည္း လုိအပ္တဲ့အေနအထားတစ္ခုပါပဲ။ သို႔ေပမယ့္ ဘယ္ေလာက္ခ်စ္ခ်စ္ အေၾကာင္းမတုိက္ဆိုင္လို႔ပဲ ျဖစ္ျဖစ္ စိတ္အခန္႔မသင့္လို႔ပဲျဖစ္ျဖစ္ အဆင္မေျပ ျပတ္ဆဲသြား တဲ့အခါမွာ ကိုယ့္ေရာကိုယ့္ရဲ႕ခ်စ္သူေရာ ႏွစ္ေယာက္လံုးမွာ ႏုိင္ငံနဲ႔ခ်ီျပီးအရွက္ရေစပါတယ္။ ဒါေၾကာင့္ ႏွစ္ေယာက္သား တကယ္ပဲေရႊလက္တြဲၾကေတာ့မယ့္ အေျခအေနတစ္ခုေရာက္မွပဲ Online ေပၚမွာ ထုတ္ၾကြားၾကပါလို႔ အၾကံဳျပဳေပးလိုက္ပါရေစ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဒီအကြောင်းအရာလေးနဲ့ပက်သက်ပြီးဆွေးနွေးရမယ်ဆိုရင်တော့ အနည်းငယ် အငြင်းပွားစရာကိစ္စရပ် လေးတွေရှိပါတယ်။ ဒါကတော့ တစ်ချို့လူတွေနဲ့ အတွေးနဲ့အထင်တွေပါပဲ။ ကိုယ်အမှန်တကယ် ချစ်ရင် လူသိရှင်ကြား ဥပမာ (Facebook / Instagram) စသဖြင့် လူမှုကွန်ယက်တွေမှာ ဖော်ပြပြီး Official တွဲရမယ်လို့ သတ်မှတ် ထားကြတာပါ။ ဒီအတွေးဟာ မှန်သင့် သလောက်မှန်ပေမယ့် အပြည့်အဝတော့ မမှန်နိုင်ပါဘူး။

ကိုယ်တကယ်ရည်ရွယ်ပြီး ချစ်မြတ်နိုးလို့လက်တွဲတဲ့သူ တစ်ယောက်ကို ကိုယ့်ရဲ့အသိမိတ်ဆွေ မိဘအသိုင်းအဝိုင်း ကိုယ့်အတွက်အရေးပါတဲ့သူတွေသိတယ်ဆိုရင် ဒါဟာ လုံလောက်တဲ့အနေအထား တစ်ခုပါ။ လူမှုကွန်ယက်တွေမှာ ဖော်ပြကြတယ်ဆိုတာဟာလည်း အနည်းနဲ့အများတော့ လိုအပ် တယ် ဆိုပေမယ့် မဖြစ်မနေဖော်ပြရမယ်ဆိုတဲ့ပုံစံမျိုးတော့ မရှိပါဘူး။

တကယ်အရေးကြီးတာက နှစ်ယောက်သား ရင်ဆိုင်ရ မယ့် လက်တွေ့ဘဝပါ။ လက်တွေ့ဘဝထဲကလူတွေ အသိ အမှတ်ပြုကြတယ်ဆိုရင် ဒါဟာအဆင်ပြေတဲ့အနေအထား တစ်ခုပါပဲ။ လူမှုကွန်ယက်တွေမှာ အကျယ်တဝင့်ဖော်ပြဖို့ဟာ တကယ်တော့ သိပ်မလိုအပ်တဲ့အခြေအနေတစ်ခုပါပဲ။

လက်ရှိခေတ်ရေစီးကြောင်းအနေအထားမှာ လူအများစုက လူမှုကွန်ယက်ကို သိပ်အရေးထားပြီး အသုံးပြုလာကြတာဖြစ်လို့ တစ်ဖက်ကကြည့်ရင်လည်း လိုအပ်တဲ့အနေအထားတစ်ခုပါပဲ။ သို့ပေမယ့် ဘယ်လောက်ချစ်ချစ် အကြောင်းမတိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် စိတ်အခန့်မသင့်လို့ပဲဖြစ်ဖြစ် အဆင်မပြေ ပြတ်ဆဲသွား တဲ့အခါမှာ ကိုယ့်ရောကိုယ့်ရဲ့ချစ်သူရော နှစ်ယောက်လုံးမှာ နိုင်ငံနဲ့ချီပြီးအရှက်ရစေပါတယ်။ ဒါကြောင့် နှစ်ယောက်သား တကယ်ပဲရွှေလက်တွဲကြတော့မယ့် အခြေအနေတစ်ခုရောက်မှပဲ Online ပေါ်မှာ ထုတ်ကြွားကြပါလို့ အကြုံပြုပေးလိုက်ပါရစေ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top