iMyanmarHouse.com - Best Property Website for Myanmar
×














ပထမအခွေမှာ ပရိသတ် အားပေးမှုထင်တာထက် ပိုမြင့်မားခဲ့ပြီး နယ်ရှိုးတွေအပြင် ရန်ကုန်ရှိုးပွဲတွေမှာပါ အတွေ့များလာခဲ့ရသူကတော့ ပိုပိုပဲဖြစ်ပါတယ်။ ခုဆိုရင် သူမဟာ ရှိုးပွဲတွေနဲ့မအားမလပ်ဖြစ်နေပြီးဒုတိယခွေအတွက် ပြင်ဆင်နေတယ်လို့သိရတာကြောင့် သွားရောက်တွေ့ဆုံး မေးမြန်းဖြစ်တဲ့ခါ “ပိုခု ဒုတိယအခွေအတွက်လည်း run ဖြစ်နေတယ်။နောက် နယ်ရှိုးတွေ ရန်ကုန်ရှိုးတွေ ဆိုဖြစ်တယ်။ သီချင်းတွေ ရေးဖြစ်နေတယ်။

ဒုတိယခွေမှာ ထူးထူးဆန်းဆန်းအနေနဲ့က ယောကျာ်းလေးအတွက် သူမအတွက်ဆိုတဲ့ သီချင်းလေးရယ်၊ အရက်သမားသီချင်းလေးရယ်၊ မင်းကို ကွာရှင်းမယ်ဆိုတဲ့ လင်မယား သီချင်း လေးရယ် ရေးထားပါတယ်။ တေးရေးတွေက ပိုပိုပဲ၊ သီချင်းကို ပိုပိုကစိတ်အရမ်းကြည်ပြီး mood လာနေတဲ့အချိန်ပဲ ရေးရတယ်။ ဒါမှမဟုတ် တစ်ခုခု ခံစားနေရတဲ့ အချိန်ပေါ့။ အဲလိုမှမဟုတ်ရင် အကြောင်းတစ်ခုခုကို အစီစဉ်တကျ တွေးထားပြီးတဲ့ချိန်မျိုးပေါ့။ စကားလုံးကတော့ ပိုပို စာအုပ်ဖတ်တယ်။ လွယ်တဲ့အချစ်သီချင်း ရိုးရိုးလေးတွေဆိုရင် ဒီတိုင်းပဲ ရေးလိုက်တယ်။ ခုခွေထဲမှာပါမယ့် လင်မယားကွာရှင်းမယ်ဆိုတဲ့ သီချင်းအတွက် စာအုပ်တွေဖတ်တယ်။ ကောက်နှုတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ မှတ်ထားပြီး ပြန်ရေးတယ်။ ဒီဒုတိယခွေကို ပေါက်ပါ့မလားဆိုတဲ့ စိုးရိမ် စိတ်မရှိဘူး။ လူကြိုက်များမယ်လို့ယုံကြည်တယ်။ ပထမခွေတုန်းကလဲ ပေါက်ပါ့မလားဆိုတာထက် ဒီသီချင်းတွေကိုငါကြိုက်တယ်။ ပရိသတ်တွေကို ချပြမယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ခဲ့တာပါ။

မပေါက်ဘူးဆိုတဲ့ စိတ်လဲမရှိဘူး။ ပေါက်မယ်ဆိုတဲ့ ယုံကြည်ချက်လဲမရှိဘူး။ ဒီသီချင်းတွေကို လူကြိုက်များမယ် ထင်ပြီးလုပ်ခဲ့တာပါ။ ခုဒုတိယခွေမှာတော့ ပရိသတ်ကြိုက်မယ်ဆိုတာ ယုံကြည်တယ်။ ဝေးမယ်ဆိုတာသိရက်နဲ့ ပါမယ်။ အွန်လိုင်းပရိသတ်တွေသိတဲ့ သူမအတွက်ပါမယ်။ ပြီးရင် ပရိသတ်ကြိုက်မဲ့သီချင်းတွေလဲ ၇ပုဒ်လောက် ထည့်ထားတယ်။

ပိုပိုကြိုက်တဲ့ သီချင်းတွေလဲ ၇ပုဒ်လောက်ထည့်ထားတယ်။ နှစ်ခုစလုံးမျှတတဲ့ အတွက် ပရိသတ်ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ title ကို လောလောဆယ် ကျွန်မချစ်သူလို့ လျာထားပေးထားပါတယ်။ ပြောင်းချင်လဲ ပြောင်းမယ်ပေါ့။ သေချာတော့ မပြောတတ်သေးဘူး။ လို့ပြောပြပေးခဲ့ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top