iMyanmarHouse.com - Best Property Website for Myanmar
×










လူတစ်ယောက်အတွက် ဆံပင်ပုံစံဟာ အလွန်ကို အရေးပါပါတယ်။ အမျိုးသမီးတွေအတွက်ဆို ဒီအချက်က ပိုလို့တောင် အလေးထားသင့်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆံပင်ပုံစံကြောင့် ပိုချစ်စရာကောင်းသွားတတ်သလို အကြည့်ရဆိုးသွားတဲ့အထိလည်း ဖြစ်တတ်လို့ပါ။

၁။သင့်ရဲ့မျက်နှာကျပုံစံက ဘယ်လိုမျိုးလဲဆိုတာ သိအောင်လုပ်ပါ။

ကိုယ့်မျက်နှာဟာ ဘဲဥပုံစံလား၊ အသည်းပုံစံလား၊ အ၀ိုင်းလား၊ လေးထောင့်လားဆိုတာ ပထမဆုံး သိအောင်လုပ်ဖို့ လိုအပ်ပါတယ်။  ဒါမှသာ ဘယ်လိုဆံပင်ပုံစံနဲ့ ကိုယ့်မျက်နှာကြည့်ကောင်းမယ်ဆိုတာ သိနိုင်မှာပါ။ တကယ်လို့ ကိုယ့်မျက်နှာအနေအထားနဲ့ လိုက်ဖက်မယ့် ဆံပင်ပုံစံကို မသိဘူးဆိုရင်လည်း ဆံပင်ညှပ်ဆရာကို အကူအညီတောင်းကြည့်လိုက်ပါ။ တကယ်လို့ သင့်မျက်နှာကျဟာ ဘဲဥပုံစံဆိုရင်တော့ ဆံပင်ပုံစံတော်တော်များများနဲ့ လိုက်ဖက်မှုရှိပါတယ်။

၂။သင့်ဆံပင်သားဟာ ဘယ်လိုဆံပင်သားမျိုးလဲဆိုတာ သိအောင်လုပ်ပါ။

သင့်ဆံပင်ဟာ ဆံနွယ်ပုံစံမျိုးလား၊ အဖြောင့်လား၊ ဒါမှမဟုတ် သေးလွန်းတဲ့ဆံသားကို ပိုင်ဆိုင်ထားတာလား စတာကိုလည်း သိထားအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဆံပင်အဖြာင့်နဲ့သာ ကြည့်ကောင်းမယ့် ဆံပင်ပုံစံမျိုး ညှပ်ပြီးလို့ အိမ်ရောက်တဲ့အခါ ခေါင်းတစ်ခါလျှော်ပြီးမှ သင့်ဆံသားက နွယ်လိုလိမ်ကောက်သွားမယ်ဆိုရင် ဆံပင်ပုံစံနဲ့ ဘယ်လိုမှ လိုက်ဖက်ပြီးကြည့်ကောင်းမှာ မဟုတ်တော့ပါဘူး။  ဒါ့အပြင် ဆံပင်က ပါးပြီးဆံလုံးသေးမယ်ဆိုရင် Beyonce လို လှိုင်းတွန့်အလိပ်ကြီးတွေ ဘယ်တော့မှ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

၃။လက်တွေ့ကို ထည့်စဉ်းစားသုံးသပ်ပါ။

ကိုယ်လိုချင်တာက ကိုယ်သဘောကျနှစ်ခြိုက်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဆံပင်ပုံစံဖြစ်နေတယ်ဆိုရင် အပြင်မှာ အဲ့ဒီလို ညှပ်ပြီးအချိန်တိုင်း ပုံသွင်းနေဖို့ အဆင်မပြေဘူးဆိုတာ သိထားရပါမယ်။ သူတို့က ဆံပင်ပညာရှင်တွေနဲ့ နာရီပေါင်းများစွာ အချိန်ကုန်ခံပြင်ထားကြတာပါ။ ဒီပုံစံမှ လိုချင်တယ်ဆိုပြီး ဆံပင်ညှပ်ဆရာကို သွားပြောလို့တော့ ဘယ်လိုမှ အဆင်မပြေပါဘူး။

၎။ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ထည့်သွင်းစဉ်းစားပါ။

ဆံပင်ညှပ်တော့မယ်ဆို ကိုယ်က ဘာလုပ်ရတယ်၊ နေ့စဉ်ဘယ်လိုအချိန်ကုန်ဆုံးရတာ ဆိုတာတွေကို ထည့်စဉ်းစားပြီးမှ ဒါတွေနဲ့ သင့်တော်မယ့် ဆံပင်ပုံစံကို ညှပ်ဖို့ လိုပါတယ်။

၅။ဆံပင်တကယ်ညှပ်ဖို့ သေချာပြီးလားဆိုတာ စဉ်းစားပါ။

သင့်ဆံပင်က တိရမှာလား၊ အနောက်လေး နည်းနည်းတိုရုံလား၊ ဒါမှမဟုတ် ဘယ်လောက်ထိ ညှပ်ပစ်ဖို့ စဉ်းစားထားသလဲ၊ တကယ်ရော ညှပ်မှဖြစ်တော့မှာလား ဆိုတာတွေကို သေချာစဉ်းစားပြီး ဆုံးဖြတ်ပါ။ ဒါ့အပြင် ဆံပင်အရှည်ကြီးကနေ Bob ကေ အတိုလေး ညှပ်ပစ်တော့မယ်ဆိုရင် အနည်းဆုံး အချိန် တစ်လလောက်ယူပြီး စဉ်းစားဖို့ လိုပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top