iMyanmarHouse.com - Best Property Website for Myanmar
×













ပူပင္ေသာကဆိုတာ လူတိုင္းမွာရိွ တတ္ပါတယ္။ ပူပင္ေသာက အနည္း အမ်ားေပၚမူတည္ျပီး လူအမ်ားစုဟာ စိတ္ညစ္တာ၊ ပင္ပန္းတာ၊ စိတ္ဓာတ္က် တာေတြ ျဖစ္တတ္ပါတယ္။ ဒီလိုစိတ္ ပိုင္းဆိုင္ရာ ထိခိုက္မႈအထိ မျဖစ္ေစဖို့ ပူပင္ေသာကတို့ ခံစားရတိုင္း ေျဖရွင္းေပးနိုင္မယ့္ နည္းေတြကို ေရးသားလိုက္ ရပါတယ္။

(၁) ၾကိုတင္ျပင္ဆင္ပါ
အရာရာကို ၾကိုတင္ျပင္ဆင္မႈ ေကာင္းေကာင္း လုပ္ထားေလေလ၊ ကိုယ့္ကိုယ္ ကိုယ္ ယံုၾကည္မႈပိုရိွေလေလ ျဖစ္ျပီး ခံစားရတဲ့ ပူပင္ေသာကေတြ နည္းေလ ေလ ျဖစ္ေနပါလိမ့္မယ္။ ဥပမာ ေျပာရရင္ စာေမးပဲြမေျဖခင္ ေကာင္း ေကာင္း ေလ့လာထား သလိုမို်းေပါ့။ စာေမးပဲြလို ရင္ဆိုင္ ရေတာ့မယ့္အရာ တစ္ခုခု မၾကံုေတြ့ခင္မွာ အိပ္ေရး၀၀ အိပ္စက္အနားယူပါ။ ဒါဆိုရင္ ဥာဏ္ရည္ ထက္ျမက္ ေနမွာျဖစ္သလို အရာရာ ကို အေကာင္းဆံုး ေျဖရွင္းနိုင္မယ္ဆိုတဲ့ သေဘာထားလည္း ရိွေနပါလိမ့္မယ္။

(၂) ပူပင္ေသာကမ်ားကို ခ်ေရးပါ
မိမိခံစားေနရတဲ့ ပူပင္ေသာက ျဖစ္စရာအေၾကာင္းအခ်က္ေတြကို ၁၀ မိနစ္ေလာက္ ခ်ေရးလိုက္တာက ပူပင္မႈေတြ ေလ်ာ့ပါးသြားျပီး စိတ္ေအးခ်မ္းမႈ ရရိွေစပါတယ္။ ပူပင္ေသာကနဲ့ ေၾကာက္ရံြ့မႈတို့ ခံစားေနရတဲ့အခိ်န္မွာ ဦးေနွာက္ထဲက ေၾကာင္းကို်းဆင္ျခင္ နိုင္စြမ္းနဲ့ ဆံုးျဖတ္ေျဖရွင္း နိုင္စြမ္းစတဲ့ လုပ္ငန္း ေဆာင္တာေတြက ရႈပ္ေထြးေနျပီး မွတ္ဥာဏ္ထိခိုက္မႈ ျဖစ္တတ္ ပါတယ္။ ဒီလိုအေျခအေနမွာ အေျဖမွန္ေရြးရတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ ေတြ အဖို့ ပိုမို အမွားအယြင္းမ်ားေစတယ္လို့ ေလ့လာ မႈေတြက ဆိုပါတယ္။

(၃) အသက္ျပင္းျပင္းရွူပါ
အံ့အားသင့္စရာ ေကာင္းတဲ့အခ်က္ က တစ္ခုခုကို ရင္ဆိုင္ ေျဖရွင္းရေတာ့ မယ့္ အေျခအေနမွာ စိတ္ဖိစီးမႈရိွတာက အဆိုးၾကီးေတာ့ မဟုတ္ပါဘူး။ စိတ္ဖိ စီးမႈရိွတာက သခၤ်ာ ေျဖဆိုရတဲ့အခါ ေက်ာင္းသား၊ ေက်ာင္းသူေတြက ပိုျပီး ယံုၾကည္မႈရိွရိွ ေျဖဆိုနိုင္တာကို ေတြ့ရ တယ္လို့ စိတ္ခံစားမႈဂ်ာနယ္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ရင္ဆိုင္ ေျဖရွင္းရမယ့္အရာတစ္ခုခုကို မၾကံုေတြ့ ခင္မွာ စိတ္ဖိစီးမႈရိွတာက ေကာင္းေပ မယ့္ ရင္ဆိုင္ေျဖရွင္းေနတဲ့အခိ်န္မွာ အဆင္ေျပပါ့မလား၊ ေအာင္ျမင္ပါ့မလား စသျဖင့္ ေတြးေတာ ပူပင္ေနတာ ကေတာ့ မေကာင္းပါဘူး။ ဒါေၾကာင့္ ဒီလိုအခိ်န္မွာ စိတ္ေအးခ်မ္း တည္ျငိမ္မႈ ရိွေစဖို့ အသက္ျပင္းျပင္း ရွူေပးသင့္ပါတယ္။ ဒါမွမဟုတ္ သင့္မ်က္လံုးကို တစ္မိနစ္ေလာက္ မွန္ထဲမွာ စိုက္ၾကည့္ျပီး ”ေအာင္ျမင္ရမယ္” ဆိုတဲ့ စိတ္ကို သြင္းေပးလိုက္ပါ။

(၄) စိတ္ခံစားခ်က္ကို ဆန္းစစ္ပါ
ရင္ဆိုင္ ေျဖရွင္းရေတာ့မယ့္ အရာ တစ္ခုအတြက္ အဆိုးဆံုး အေျခအေန ကိုလည္း ၾကိုတင္ေတြးေတာျပီး အဲဒီအေျခအေနမွာ ကိုယ့္စိတ္ ခံစားခ်က္က ဘယ္လို ရိွမလဲဆိုတာ ျပင္ဆင္ထားပါ။ အဲဒီ အေျခအေနကို ရင္ဆိုင္နိုင္ဖို့ စိတ္ကို ျပင္ဆင္ထား နိုင္တယ္ဆိုရင္ ဘယ္လို စမ္းသပ္မႈမို်းကို မဆို ေျဖရွင္းရဖို့ ေနာက္တြန့္ ေနေတာ့မွာ မဟုတ္ပါဘူး။ အေကာင္းေတြကို ေမွ်ာ္လင့္ထားျပီး အဆိုးဆံုးအတြက္ ၾကံ့ၾကံ့ခံနိုင္ေအာင္ စိတ္ကို ျပင္ဆင္ထားတာက ပူပင္ ေသာကေတြ ေလ်ာ့ပါးေစနိုင္တဲ့ အေကာင္းဆံုးနည္း တစ္နည္း ျဖစ္ပါတယ္။

Credit : Pyimyanmar Journal

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...

Unicode Version













ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်း အများပေါ်မူတည်ပြီး လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျ တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက် ရပါတယ်။


(၁) ကြိုတင်ပြင်ဆင်ပါ

အရာရာကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်း လုပ်ထားလေလေ၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုပိုရှိလေလေ ဖြစ်ပြီး ခံစားရတဲ့ ပူပင်သောကတွေ နည်းလေ လေ ဖြစ်နေပါလိမ့်မယ်။ ဥပမာ ပြောရရင် စာမေးပွဲမဖြေခင် ကောင်း ကောင်း လေ့လာထား သလိုမိုျးပေါ့။ စာမေးပွဲလို ရင်ဆိုင် ရတော့မယ့်အရာ တစ်ခုခု မကြုံတွေ့ခင်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။ ဒါဆိုရင် ဉာဏ်ရည် ထက်မြက် နေမှာဖြစ်သလို အရာရာ ကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောထားလည်း ရှိနေပါလိမ့်မယ်။


(၂) ပူပင်သောကများကို ချရေးပါ

မိမိခံစားနေရတဲ့ ပူပင်သောက ဖြစ်စရာအကြောင်းအချက်တွေကို ၁၀ မိနစ်လောက် ချရေးလိုက်တာက ပူပင်မှုတွေ လျော့ပါးသွားပြီး စိတ်အေးချမ်းမှု ရရှိစေပါတယ်။ ပူပင်သောကနဲ့ ကြောက်ရွံ့မှုတို့ ခံစားနေရတဲ့အချိန်မှာ ဦးနှောက်ထဲက ကြောင်းကိုျးဆင်ခြင် နိုင်စွမ်းနဲ့ ဆုံးဖြတ်ဖြေရှင်း နိုင်စွမ်းစတဲ့ လုပ်ငန်း ဆောင်တာတွေက ရှုပ်ထွေးနေပြီး မှတ်ဉာဏ်ထိခိုက်မှု ဖြစ်တတ် ပါတယ်။ ဒီလိုအခြေအနေမှာ အဖြေမှန်ရွေးရတဲ့ ကျောင်းသား၊ ကျောင်းသူ တွေ အဖို့ ပိုမို အမှားအယွင်းများစေတယ်လို့ လေ့လာ မှုတွေက ဆိုပါတယ်။


(၃) အသက်ပြင်းပြင်းရှူပါ

အံ့အားသင့်စရာ ကောင်းတဲ့အချက် က တစ်ခုခုကို ရင်ဆိုင် ဖြေရှင်းရတော့ မယ့် အခြေအနေမှာ စိတ်ဖိစီးမှုရှိတာက အဆိုးကြီးတော့ မဟုတ်ပါဘူး။ စိတ်ဖိ စီးမှုရှိတာက သင်္ချာ ဖြေဆိုရတဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေက ပိုပြီး ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်တာကို တွေ့ရ တယ်လို့ စိတ်ခံစားမှုဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။


ဒါပေမဲ့ ရင်ဆိုင် ဖြေရှင်းရမယ့်အရာတစ်ခုခုကို မကြုံတွေ့ ခင်မှာ စိတ်ဖိစီးမှုရှိတာက ကောင်းပေ မယ့် ရင်ဆိုင်ဖြေရှင်းနေတဲ့အချိန်မှာ အဆင်ပြေပါ့မလား၊ အောင်မြင်ပါ့မလား စသဖြင့် တွေးတော ပူပင်နေတာ ကတော့ မကောင်းပါဘူး။ ဒါကြောင့် ဒီလိုအချိန်မှာ စိတ်အေးချမ်း တည်ငြိမ်မှု ရှိစေဖို့ အသက်ပြင်းပြင်း ရှူပေးသင့်ပါတယ်။ ဒါမှမဟုတ် သင့်မျက်လုံးကို တစ်မိနစ်လောက် မှန်ထဲမှာ စိုက်ကြည့်ပြီး ”အောင်မြင်ရမယ်” ဆိုတဲ့ စိတ်ကို သွင်းပေးလိုက်ပါ။


(၄) စိတ်ခံစားချက်ကို ဆန်းစစ်ပါ

ရင်ဆိုင် ဖြေရှင်းရတော့မယ့် အရာ တစ်ခုအတွက် အဆိုးဆုံး အခြေအနေ ကိုလည်း ကြိုတင်တွေးတောပြီး အဲဒီအခြေအနေမှာ ကိုယ့်စိတ် ခံစားချက်က ဘယ်လို ရှိမလဲဆိုတာ ပြင်ဆင်ထားပါ။ အဲဒီ အခြေအနေကို ရင်ဆိုင်နိုင်ဖို့ စိတ်ကို ပြင်ဆင်ထား နိုင်တယ်ဆိုရင် ဘယ်လို စမ်းသပ်မှုမိုျးကို မဆို ဖြေရှင်းရဖို့ နောက်တွန့် နေတော့မှာ မဟုတ်ပါဘူး။ အကောင်းတွေကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ကြံ့ကြံ့ခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားတာက ပူပင် သောကတွေ လျော့ပါးစေနိုင်တဲ့ အကောင်းဆုံးနည်း တစ်နည်း ဖြစ်ပါတယ်။


Credit : Pyimyanmar Journal


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top