iMyanmarHouse.com - Best Property Website for Myanmar
×











မကြိုက်ခင်တုန်းကတော့ သူ့အကြောင်းကိုပဲ စဉ်းစားပြီး ရွစိရွစိဖြစ်ခဲ့မှာ အမှန်ပါ။အဖြေပေးပြီးသွားရင်တော့ အခြေအနေကတမျိုးပြောင်းသွားမှာပါ။ဘယ်လိုပြောင်းသွားဆိုတာကတော့ အောက်မှာ ဖတ်ကြည့်နော်။

၁။ တယောက်နဲ့အပြန်အလှန် စည်းကမ်းချက်တွေထုတ်ပြီး ချုပ်ချယ်ခြင်းကြောင့်

၂။ ကိုယ်ကတော့ မနက်အိပ်ရာထရင် Msg ပို့ဖို့တာဝန်

၃။ ချိန်းတွေ့တာက တစ်ပတ်ကို ၁ ခါဆိုတော်ပြီ။ ကောင်လေးကတော့ နေ့တိုင်းရုံးဆင်းရင် လာကြိုမယ်ဆိုတာချည်းပဲ။

၎။ အလုပ်ချိန်အတွင်း အလိုက်မသိ ဖုန်းတွေ ခဏခဏဆက်တာကို စိတ်ရှုပ်တယ်။
၅။ အလုပ်ပိတ်ရက်မှာ ၁ ရက်လုံး အေးအေးဆေးဆေး နားချင်တယ်။တယောက်နဲ့တယောက်နားလည်မူရှိဖို့အထူးလိုအပ်ပါတယ်။စည်းကမ်းတွေထက် ယုံကြည်မူကစကားပြောပါလိမ့်မယ်။

၆။ သူအကြိုက်လိုက်နေတော့ ကြာရင်စိတ်ပင်ပန်းမှာပါ။သူ့ကိုကြိုက်တာဟာ ချောလို့ ဒါမှမဟုတ် ပိုက်ဆံရှိလို့စသည်ဖြင့်တကယ်တော့တကယ်မချစ်ပဲသူမှာပါတဲ့အရာဝတ္တုတွေကိုအလေးထားပြီး
သူလိုလျင်တဲ့ပုံစံအတိုင်းနေပေးနေရရင်တော့ ရေရှည်မှာတော့ မကောင်းပါ။သူ့အကြိုက် ဟင်းတွေကိုမကြိုက်ပင်မဲ့လည်းကြိတ်စားမတွေ့ချင်တဲ့သူတွေနဲ့လည်းသည်းခံပြီးတွေ့တနေ့ပြီးတနေ့
စိတ်ထဲမှာခံစားလာရမှာပါ။ဒီလိုအခြေအနေမျိုးမဖြစ်ခင်မှာ ကိုယ့်ကိုကိုယ်ပြန်လည်ပြီး သုံးသပ်ကြည့်ပါ။

၇။ တဖြည်းဖြည်းနဲ့ ကိုယ်မဟုတ်တော့သလိုပဲ။သူ့နဲ့အတူတူရတာကြာလာတဲ့အခါ သူပြောသလို သူတွေးသလို သူလုပ်ခိုင်းသလိုကို လက်ခံနေတာကြာတော့ ကိုယ့်ကိုကိုယ် လိမ်နေသလိုဖြစ်လာနိုင်ပါတယ်။အဲဒီအချိန်မှာပေါက်ကွဲတာထက်မပေါက်ကွဲခင်မှာကြိုတင်ကာကွယ်ရန်
အတွက်သူနားလည်အောင်ရှင်းပြဖို့လိုပါတယ်။ကိုယ်ရဲ့အားသာချက်၊အားနည်းချက် အကုန်လုံးကို လက်ခံပေးနိုင်အောင်အချိန်ပေးပြီး အပေးအယူလုပ်သွားရမယ်ဆိုတာကို မမေ့ပါနဲ့။အချစ်ဆိုတာလဲ အပေးအယူရှိမှ အဆင်ပြေမယ်မဟုတ်လား။

Credit : Chelmo

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့
သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top